စာရေးသူ။ ။ အက်ဂ်နက်စ်လီ(Agnes Lee)၊ စင်ကာပူ | ဘာသာပြန်သူ။ ။ ဆွေဆွေလွင်
မူရင်း အင်္ဂလိပ်ဘာသာစာမူ။ ။ Coronavirus Outbreak: In My Panic-buying, I Bagged More Than Rice

“ခုချက်ခြင်းစူပါမားကတ်သွားပြီးတော့ ဆန်အိတ်နည်းနည်းဝယ်ထားရင်ကောင်းမယ်။ ဆန်တွေ ဆိုင်မှာတောင် သိပ်မရှိတော့ဘူး။” စိတ်ပူတဲ့လေသံနဲ့ ကျွန်မခင်ပွန်းက ပြောလာပါတယ်။

အဲဒီနေ့ကတော့ စင်ကာပူရဲ့ အဓိကသတင်းဌာနများအားလုံးကတစ်ဆင့် Disease Outbreak Response System Condition – DORSCON (ကပ်ရောဂါပျံ့ပွားမှုကို တုံ့ပြန်နိုင်ရေးစနစ်၏ အခြေအနေ) အဆင့်သတ်မှတ်ချက်ကို အဝါရောင်မှ လိမ္မော်ရောင်အဆင့်သို့ တိုးမြှင့်လိုက်ကြောင်း ကြေငြာလိုက်သောနေ့ဖြစ်သည်။ ဆိုလိုသည်မှာ ယခုပျံ့နှံ့နေသော ရောဂါသည် ပြင်းထန်ပြီး အများပြည်သူတို့၏ ကျန်းမာရေးအပေါ် အလယ်အလတ်အဆင့်မှ ပြင်းထန်သောအဆင့်ထိ ကူးစက်သက်ရောက်မှုရှိုလာနိုင်သည်ကို ဖေါ်ပြလိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပတ်ခန့်မှ စတင်၍ နိုဗယ်ကိုရိုနာဗိုင်းရပ် (COVID-19) အကြောင်းကို လူအများစတင် ကြားသိလာရချိန်မှ စ၍ ကျွန်မတိုင်းပြည်တွင် နေ့စဉ်လိုလို သတင်းထုတ်ပြန်ချက်များတွေ့လာရသည်။ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာသည်နှင့်အမျှ ကျွန်မတို့လည်း ထိုဗိုင်းရပ်အန္တရာယ်မှ တတ်နိုင်သမျှ ကာကွယ်ရန်အတွက် လိုအပ်သောအရာများကို ပိုမိုဝယ်ယူမိဖြစ်လာကြသည်။

ကျွန်မတို့အားလုံး ရှင်သန်ချင်ကြသည်။ ထိုသို့ရှင်သန်နိုင်ရန်အတွက် လုံခြုံစိတ်ချမှုပေးနိုင်မည့် မည်သည့်အရာကိုမဆို မည်မျှပေးရပါစေ မရရအောင်ဝယ်ယူကြသည်။

ကျွန်မတို့အားလုံး ရှင်သန်ချင်ကြသည်။ ထိုသို့ရှင်သန်နိုင်ရန်အတွက် လုံခြုံစိတ်ချမှုပေးနိုင်မည့် မည်သည့်အရာကိုမဆို မည်မျှပေးရပါစေ မရရအောင်ဝယ်ယူကြသည်။

စင်ကာပူနိုင်ငံသားအချို့ နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရခြင်းရှိ မရှိစစ်ဆေးခြင်းခံရသော အစောပိုင်းဖြစ်စဉ်များအကြောင်း ခေါင်းကြီးပိုင်းသတင်းအဖြစ်ပါလာပြီးနောက် နိုင်ငံအနှံ့တဝှမ်းရှိ စတိုးဆိုင်များတွင် ခွဲစိတ်ခန်းသုံး တစ်ခါသုံးမျက်နှာဖုံးများ၊ ရေမလိုလက်သန့်ဆေးရေများ နှင့် ကိုယ်ပူချိန်တိုင်း ကိရိယာများ ဝယ်ယူ၍မရအောင်ပြတ်လပ်သွားခဲ့သည်။ ယခုအချိန်မှာတော့ စိုးရိမ်ပူပန်နေကြသော အများပြည်သူများ ဗိုင်းရပ်စ်အခြေအနေပိုမိုဆိုးရွားမလာခင် အလုအရက်ဝယ်ယူကြသောကြောင့် စားသောက်ကုန်များပါ ပြတ်လပ်လာပြီဖြစ်သည်။

ပြည်သူများသည် တစ်စထက်တစ်စ ကျယ်ပြန့်လာသောအခြေအနေကြောင့် မလိုအပ်ပဲပြင်ပသို့ထွက်ရန် မဝံ့မရဲဖြစ်လာကြပြီး တတ်နိုင်သလောက်ကြိုတင်စုဆောင်းထားကြသည်။ အရင်ဦးဆုံးပြတ်လပ်သွားသော စားသောက်ကုန်မှာ ဆန်ဖြစ်ပြီး ထို့နောက်တွင် အိမ်သာသုံးစက္ကူများလည်း ပြတ်လပ်သွားခဲ့သည်။ ကျွန်မတို့ တိုက်ပွဲဝင်ဖို့အတွက်ပြင်ဆင်နေကြသလို ခံစားမိလာသည်။

“တကယ်ပါ၊ ကျွန်မနိုင်ငံမှာ အခုလိုမျိုးထိတ်လန့်ဈေးဝယ်ခြင်း ဘယ်လိုဖြစ်သွားတာလဲ။ တကယ်အဲလိုမျိုး လုပ်ဖို့ရောလိုအပ်လို့လား။ အကယ်၍ ကျွန်မ့အိမ်မှာဝယ်ထားတဲ့ ဆန်တွေကုန်သွားပြီး စူပါမားကတ်တွေမှာလဲ ဆန်တွေမရှိတော့ရင်ရော ဘယ်လိုလုပ်ကြမလဲ။ ကျွန်မမိသားစုက နေ့တိုင်းထမင်းစားနေကျဖြစ်နေတာ။” အဲဒီအတွေးတွေက ကျွန်မကိုချက်ခြင်း စူပါမားကတ်သို့ အပြေးသွားရောက်စေခဲ့ပြီး ပစ္စည်းလက်ကျန်ပြတ်လုလု စင်ပေါ်မှ ဆန်အိတ်၂အိတ် ရယူနိုင်လိုက်သည်။

သို့သော်လည်း ငွေပေးချေရန်အတွက် အလွန်ရှည်သောလူတန်းကြီးကိုတွေ့ရသောအခါ စိတ်လျော့ဖို့ ဆုံးဖြတ်လိုက်ပြီး အိမ်အောက်နားတွင်ရှိသော ဈေးအနည်းငယ်များပြီး လူအများသွားလေ့မရှိသော မီနီမားကတ်သို့ ပြန်သွားလိုက်သည်။ နောက်ဆုံးတော့ ထိုမီနီမားကတ်မှ ဆန်၂အိတ် ရခဲ့လိုက်သည်။ သူ့ဆိုင်တွင်လည်း ကုန်ပစ္စည်းများ စတင်ပြတ်တောက်နေပြီဖြစ်သည်။

အမှန်အတိုင်းပြောရရင် အဲဒိဆန်(၂)အိတ်ကို အိမ်ကိုပြန်သယ်လာနိုင်ခြင်းက လာမယ့်ရက်သတ္တပတ်များအတွက် ကျွန်မမိသားစုစားသောက်ဖို့ ဖူလုံသွားပြီဆိုသော စိတ်ချခြင်းရစေခဲ့သည်။ သို့သော်လည်း အဲဒိဆန်တွေကုန်သွားရင် ကျွန်မထပ်ဖြည့်ဖို့လိုလာဦးမှာပါလား။ အကယ်၍ အဲဒိအချိန်ရောက်လာရင် အခြေအနေတွေကကောင်းမလာဘဲ ဆိုင်တွေမှာ ဆန်ဝယ်လို့မရတော့တဲ့အထိဖြစ်လာခဲ့ရင် ဒါမှမဟုတ် အခြေအနေတွေအရမ်းဆိုးလာပြီး အိမ်ပြင်တောင်ထွက်လို့မရတော့တဲ့အထိ ဖြစ်လာခဲ့ရင်ရော…။

သေချာတာတစ်ခုကတော့ ကျွန်မတို့အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ရှေ့ဆက်ဖို့အတွက် ခွဲစိတ်ခန်းသုံး တစ်ခါသုံးမျက်နှာဖုံးများ သို့မဟုတ် ဆန်အပြင် တစ်စုံတစ်ခု လိုအပ်နေပါသည်။ အမှန်တကယ်ကတော့ ကျွန်မတို့ ခန္ဓာရှင်သန်ရန်အတွက်လိုအပ်တာမှန်သမျှကို ဝယ်ယူသိုလှောင်ထားနိုင်သော်လည်း နောက်ဆုံးတွင် စိတ်ပူပန်သောကများနှင့်သာ ပြည့်နှက်နေကြသည်။

အမှန်တကယ်ကတော့ ကျွန်မတို့ ခန္ဓာရှင်သန်ရန်အတွက်လိုအပ်တာမှန်သမျှကို ဝယ်ယူသိုလှောင်ထားနိုင်သော်လည်း နောက်ဆုံးတွင် စိတ်ပူပန်သောကများနှင့်သာ ပြည့်နှက်နေကြသည်။

ကျွန်မတို့လိုအပ်နေသည်မှာ ဘုရားသခင်သည် ပုလ္လင်ပေါ်တွင် ရှိနေပြီး ကျွန်မတို့အသက်တာ ကောင်းစားဖို့အတွက် စီရင်နေလျက်ရှိသည်ဟူသည့် ဘုရားသခင်ထံမှလာသော ငြိမ်သက်ခြင်းနှင့် စိတ်ချရခြင်းဖြစ်သည်။ ယခုအချိန်ကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ခြင်းက ကိုရိုနာဗိုင်းရပ်စ်ထက် ပိုမိုကူးစက်ပျံ့နှံ့လွယ်သော အခြေအနေတွင် ကျွန်မတို့သတိရရန်လိုသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း (ဟေရှာယအနာဂတ္တိကျမ်း ၂၆:၃ဖိလိပ္ပိဩဝါဒစာ ၄:၇)နှင့် သူ့အရိပ်အောက်တွင် အနားယူရှင်သန်နေခြင်း (ဆာလံကျမ်း ၉၁:၁ -၂) သာလျင် စစ်မှန်သောငြိမ်သက်ခြင်းကို တွေ့နိုင်ကြောင်းပင်ဖြစ်သည်။

ကျွန်မတို့၏စိတ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်မဟုတ်ဘဲ ပတ်ဝန်းကျင်တွင် ဖြစ်နေသော ဖရိုဖရဲအခြေအနေများ၏ လွှမ်းမိုးခြင်းခံလိုက်ရပါက မည်သည့်အခါမှ ငြိမ်သက်ခြင်းရနိုင်မည်မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဝိညာဥ်တော်နှင့်သော်လည်းကောင်း၊ အသက်နှင့်သော်လည်းကောင်း ပြည့်ဝတော်မူသည် (ရှင်ယောဟန်ခရစ်ဝင် ၆:၆၃)၊ ရှင်းလင်းပြီး မျှော်လင့်ချက်အပြည့်ရှိသည် (ရောမသြဝါဒစာ ၁၅:၁၃)၊ ထို့အပြင် ကျွန်မတို့၏လမ်းခရီးကို လင်းစေသောမီးအိမ် (ဆာလံကျမ်း ၁၁၉:၁၀၅) ဖြစ်သည်။ ဘုရားသခင်၏ မှန်ကန်သောကတိတော်များအားဖြင့် ကျွန်မတို့စိတ်နှလုံးကို အသစ်ပြုပြင်ခြင်းအားဖြင့်သာလျင် စစ်မှန်ခိုင်ခံ့သော ငြိမ်သက်ခြင်းကို ရရှိနိုင်မည်ဖြစ်သည်။

ကျွန်မဆန်ဝယ်ခြင်းအတွေ့အကြုံသည် မိမိ၏စိတ်ဝိဉာဉ်ကို ကောင်းစွာပြန်လည်ဆန်းစစ်စေခဲ့သည်။ ဘုရားသခင်ပေးသော ငြိမ်သက်ခြင်းအပေါ်ယုံကြည်ခြင်းထက် ကျွန်မကိုယ်တိုင်နှင့်မိသားစုကိုယ်တိုင် လုပ်နိုင်စွမ်းသည် ဟူသော ယုံကြည်ချက်ကို ပိုရှေ့တန်းတင်မိနေပြီလား….။ မည်သည့်အရာမှ မတည်မြဲသော ဤယာယီလောကတွင် ကျွန်မ၏တန်ဖိုးကြီးမားသော ပိုင်ဆိုင်ခြင်းများကို သိမ်းဆည်းထားမိနေပါသလား…။ (ရှင်မဿဲခရစ်ဝင် ၁၉:၂၁)

ရှင်မဿဲခရစ်ဝင် ၂၄:၃၆ အရ မထင်မှတ်သောအချိန်တွင် သခင်ယေရှုပြန်လည်ကြွလာပြီး ကျွန်မတို့ကို ပြန်လည်ရွေးနုတ်မည်ဟု ဖေါ်ပြထားသည်။ တနည်းဆိုပါက ကျွန်မတို့၏လက်ရှိအခြေအနေနှင့် ပြိုင်တူဖြစ်နေသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားသလို ပြင်ဆင်ထားခြင်းမရှိသောသူများစွာက အထိတ်တလန့်နှင့် စားသောက်ကုန်များကို အလုအယက်ဝယ်ယူခြင်းဖြစ်ခဲ့သည်။ မမျှော်လင့်သောအချိန်တွင် ဘုရားသခင်ပြန်လည်ကြွရောက်လာပါက ယခုကဲ့သို့ ကျွန်မအဆင်သင့်မဖြစ်ဘဲ ရှိနေမည်လား…။ ကျွန်မချစ်သောသူများကရော….။

အခုအချိန်မှာ ကျွန်မမိသားစုအတွက် ဆန်အလုံအလောက်ရှိနေပြီဖြစ်သော်လည်း ဤသည်မှာ ဘုရားသခင်အမှန်တကယ် ပြန်လာကြွလာမည့်အနာဂတ်ကာလနှင့် နှိုင်းယှဉ်ပါက သေးငယ်သော အကြောင်းအရာတစ်ခုသာ ဖြစ်သွားပါသည်။ ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများသည် အရေးကြီးသကဲ့သို့ အချိန်ပြည့် သတိနဲ့ရှင်သန်နေထိုင်ခြင်းက ကျွန်မအတွက် ပိုအရေးကြီးနေပါသည်။ ကျွန်မ၏နေ့စဉ် အသက်တာသည် သခင်ခရစ်တော်ကို ရောင်ပြန်ဟပ်စေခဲ့ပါသလား..။ အခုလိုမျိုး မရေရာ မသေချာသော ကပ်ရောဂါအခြေအနေတွင် ဘုရားသခင်၏ငြိမ်သက်ခြင်းကို ကယ်တင်ခြင်းမခံရသေးသော ချစ်သောသူများနှင့် စိုးရိမ်ကြောက်ရွံ့ခြင်းများနှင့် ရှင်သန်နေသောသူများအား မျှဝေပေးပါရဲ့လား…။

အခုလိုမျိုး မရေရာ မသေချာသော ကပ်ရောဂါအခြေအနေတွင် ဘုရားသခင်၏ငြိမ်သက်ခြင်းကို ကယ်တင်ခြင်းမခံရသေးသော ချစ်သောသူများနှင့် စိုးရိမ်ကြောက်ရွံ့ခြင်းများနှင့် ရှင်သန်နေသောသူများအား မျှဝေပေးပါရဲ့လား…။

ထိတ်လန့်ဈေးဝယ်သူများတွင် တစ်ယောက်အပါအဝင်ဖြစ်ခဲ့ခြင်းကို ကျွန်မကိုယ်ကျွန်မ ဂုဏ်မယူနိုင်ကြောင်း ဝန်ခံပါတယ်။ သို့သော်လည်း ထိုအတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်၏ငြိမ်သက်ခြင်းကို ကျွန်မချစ်သောသူများ၊ အထူးသဖြင့် စိုးရိမ်ကြောက်ရွံ့ခြင်းများနှင့် ရှင်သန်နေသောသူများအား အခွင့်ကြုံလာတိုင်း မျှဝေပေးသွားရန် စိတ်ပိုင်းဖြတ်လိုက်ပါသည်။

စာရေးသူအကြောင်း သိကောင်းစရာ …

ကျောင်းတက်တုန်းက အက်ဂ်နက်စ် အင်္ဂလိပ်စာဘာသာကို အမှတ် “D”(အောင်ရံုအမှတ်) နှင့် အောင်ခဲ့ဖူးသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကို စာပေရေးသားလာနိုင်လိမ့်မည်ဟု မထင်ခဲ့။ ဘဝ၌ မမျှော်လင့်သောနှောင့်ယှက်မှုတစ်ခု ကြံုရချိန်တွင် ဘုရားသခင်၏ ရွေးနှုတ်ကယ်တင်နိုင်စွမ်းကို သူမကိုယ်တိုင်လက်တွေ့ခံစားလိုက်ရချိန်မှစ၍ ဘုရားသခင်၏ကောင်းမြတ်တော်မူခြင်းအကြောင်း ရေးသားဝေမျှရန်နှင့် သူမနားရှိသူများထံ နှစ်သိမ့်ခြင်း၊ မျှော်လင့်ခြင်းကို ဆောင်ကြဉ်းပေးရန် စိတ်လှုံ့ဆော်မှု ဖြစ်ခဲ့သည်။ ဘုရားသခင်၏တန်ခိုးတော်ကသာ ယုံကြည်လောက်ဖွယ် အနှစ်သာရကို ပေးနိုင်သည်ဟု ယံုကြည်ခြင်းဖြင့် လွယ်လွယ်ကူကူနားလည်နိုင်သော စကားလံုးများဖြင့် စာပေများရေးသားခဲ့သည်။ အချိန်တော်တော်များများ၌ စိတ်ငြိမ်စွာတစ်ကိုယ်တည်းနေတတ်သူဖြစ်ပြီး စာဖတ်ခြင်း၊ လမ်းရှည်ရှည်လျှောက်ခြင်းများကို နှစ်သက်သူဖြစ်သည်။ သို့သော်လည်း တခါတလေတော့ သူမ၏တည်ကြည်နေမှုကို အိုက်စ်ခရင်းမ်၊ ကိတ်မုန့်၊ ကွတ်ကီးမုန့်စသည့် အချိုထည်များနှင့် စံုစမ်းနှောင့်ယှက်နိုင်ပါသည်။

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။