စာရေးသူ။ ။ ဂျိုအန်းနာဟော(Joanna Hor)၊ စင်ကာပူ | ဘာသာပြန်သူ။ ။ ငြိမ်းသော်ထူး
မူရင်း အင်္ဂလိပ်ဘာသာစာမူ။ ။ Coronavirus Outbreak: Would You Be Selfish or Selfless?

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေသည့်သတင်းများကို တောက်လျှောက် စောင့်ကြည့်နားစွင့်နေသည်ဆိုပါက ဒေါက်တာ Li Wen Liang (လီဝမ်လျန်) ဆိုသည့် နာမည်နှင့် သင် ရင်းနှီးနေနိုင်ပါသည်။

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ပထမဆုံး သတိပေးသူများထဲမှာ တစ်ယောက်ဖြစ်သည့် တရုတ်နိုင်ငံမှ ဒေါက်တာ Li Wen Liang သည် ၂၀၂၀၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး သေဆုံးခဲ့ပါသည်။

သူ၏သေဆုံးမှုနှင့်ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းက ဝမ်းနည်းပူဆွေး ကြောင်းထုတ်ဖော် ပြောကြားခဲ့ကြသလို ဗိုင်းရပ်စ်ဖြစ်ပွားမှုအကြောင်း တရားမဝင်၊ မမှန်မကန်သတင်းဖြန့်ချိမှုနဲ့ ဒေါက်တာလီ သတိပေး အရေးယူခံခဲ့ရပြီး ဆက်လက်ထုတ်ဖော် မပြောကြားရန် ဖိအားပေးခံခဲ့ရသည့် အဖြစ်အပျက်အပေါ်လည်း လူထုက တရုတ်အာဏာပိုင်များကို အမျက်ဒေါသထွက်ခဲ့ကြသည်။

ဒေါက်တာ လီသည် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးခဲ့သည် လူထောင်ပေါင်းများစွာထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် များတွင် အမှန်တရားကို ထုတ်ဖော်ပြောဆိုပြီး ဗိုင်းရပ်စ်အကြောင်းသတိပေးခဲ့သည့် မာတုရတစ်ဦးဖြင့် ဒေါက်တာလီကို လူထုက ဂုဏ်ပြုကြွေးကြော်ခဲ့ကြသည်။

ဒေါက်တာလီအားဂုဏ်ပြုသည့်အနေဖြင့် ဟောင်ကောင်အပါအဝင် တရုတ်နိုင်ငံတစ်ဝန်း တွင် အထိမ်းအမှတ်ပွဲများပြုလုပ်ပေးကြပြီး တရုတ်နိုင်ငံတွင် မြစ်ကမ်းနဖူးပေါ်ရှိ နှင်းထုအပေါ်တွင် ရေးသားပုံဖော်ထားသော “Li Wen Liang အား နှုတ်ဆက်ခြင်း” ဆိုသည့် ရုပ်ပုံသည် လူထုအကြားတွင် ပျံ့နှံ့သွားခဲ့ပါသည်။

ရောဂါစတင်ဖြစ်ပွားရာနေရာနှင့် ၃၄၀၀ ကီလိုမီတာကွာဝေးသော ကျွန်မ၏နိုင်ငံ စင်ကာပူ၌ပင် ဒေါက်တာလီ၏ ပေးဆပ်မှုနှင့် သေဆုံးမှုသတင်းသည် ဆိုရှယ်မီဒီယာနှင့် သတင်းမီဒီယာအားလုံးတွင် ပျံ့နှံ့သွားခဲ့သည်။

ရောဂါစတင်ဖြစ်ပွားရာနေရာနှင့် ၃၄၀၀ ကီလိုမီတာကွာဝေးသော ကျွန်မ၏နိုင်ငံ စင်ကာပူ၌ပင် ဒေါက်တာလီ၏ ပေးဆပ်မှုနှင့် သေဆုံးမှုသတင်းသည် ဆိုရှယ်မီဒီယာနှင့် သတင်းမီဒီယာအားလုံးတွင် ပျံ့နှံ့သွားခဲ့သည်။

ပူဆွေးဝမ်းနည်းမှုများနှင့်အတူ ဒေါက်တာလီ၏နာမည်ကို လူထုက မကြာခဏ ထုတ်ဖာ်ပြောကြားနေကြသည်ကို ကြားခဲ့ရပါသည်။ တရုတ်နိုင်ငံ၏အခြေအနေနှင့် ပတ်သက်ပြီး ကျွန်မသူငယ်ချင်းတစ်ယောက်၏ မှတ်ချက်က လူထု၏ စိတ်ခံစားချက် အခြေအနေကို အကောင်းဆုံးထင်ဟပ်နေပါသည်။ “ဒေါက်တာလီ အသက်ဆက်ရှင်ဖို့ ငါ တကယ်ဆန္ဒပြု မျှော်လင့်ခဲ့တာပါ။ သူသေဆုံးသွားတာ တကယ့်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။” ကျွန်မသူငယ်ချင်းက ပြောသည်။

ဒေါက်တာလီနှင့်ပတ်သက်ပြီး သတင်းမီဒီယာများတွင် ဖော်ပြနေသည့် အကြောင်းအရာ များအထဲတွင် ဇန်နဝါရီ (၃၁)ရက် နှင့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ Times သုတေသီတယောက်နှင့် အင်တာဗျူးထားသည့် အကြောင်းက ကျွန်မအတွက် စိတ်ဝင်စားစရာဖြစ်ခဲ့သည်။ သူပြန်လည်သက်သာလာမည်ဟု မျှော်လင့်ဆဲဖြစ်ကြောင်း၊ ဤရောဂါအား တိုက်ဖျက် ရန်အတွက် ကျန်းမာရေးဝန်ထမ်းများနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုကဲ့သို့ လုပ်ဆောင်ရန်မှာ သူ့တာဝန်ပင်ဖြစ်ကြောင်း ဒေါက်တာလီက ထိုအင်တာဗျူးများတွင် ပြောကြားခဲ့ပါသည်။

မိမိအသက်အန္တရာယ်ကိုပင်အမှုမထားဘဲ သူတပါးအား အစေခံရန် ဒေါက်တာလီ၏ ရဲစွမ်းသတ္တိ၊ ဆုံဖြတ်ချက်ခိုင်မာမှုနှင့် ဆန့်ကျင်ဖက်သတင်းတစ်ခုမှာ ကျွန်မတို့အစိုးရက ရောဂါဖြစ်ပွားမှုအန္တရာယ်အဆင့်ကို ဒုတိယအမြင့်ဆုံးအဆင့် (လိမ္မော်ရောင်အဆင့်)အထိ တိုးမြှင့်လိုက်သည့်နောက်တွင် စတိုးဆိုင်များတွင် လူများသည် ကြောက်ရွံ့စိုးရိမ်မှုကြောင့် အလုအယက်ဈေးပြေးဝယ်ကြသည့် သတင်းဖြစ်သည်။ (လိမ္မော်ရောင်အဆင့်ဆိုသည်မှာ ထိုရောဂါသည် ပြင်းထန်ပြီး အလွယ်တကူ ကူးစက်နိုင်သော်လည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခြင်းမရှိသေးဘဲ ထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိကြောင်းကို ဆိုလိုသည်။)

အစိုးရက ဝူဟန်မြို့ကဲ့သို့ တိုင်းပြည်ကို လုံးဝပိတ်ချလိုက်မည်ကို စိုးရိမ်သည့်အတွက် ကျွန်မတို့ နိုင်ငံသားများသည် ဆန်၊ ခေါက်ဆွဲနှင့် အိမ်သာသုံးစက္ကူကဲ့သို့ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်များကို စူပါမားကက်များတွင် ပြောင်သလင်းခါသည့်အထိ လူများ အပြေး အလွှားဝယ်ယူကြသည်မှာ ရယ်စရာကောင်းသလို စိတ်ပျက်စရာလည်းကောင်းသည်။

ကျွန်မကိုယ်တိုင်ပင် ပြည်တွင်း၌ ရောဂါကူးစက်ပျံ့နှံ့မှုရှိနေပြီဟုသည့်သတင်းကြောင့် အနည်းငယ်စိုးရိမ်မိပြီး ကြိုတင်ကာကွယ်သည့်အနေဖြင့် လက်ကို မကြာခဏဆေးခြင်း၊ ချိန်းဆိုထားသည့်အစီအစဉ်များကို ဖျက်ခြင်းနှင့် လူထူထပ်သည့်နေရာများကို ရှောင်ခြင်း စသည်တို့ကိုလုပ်ဆောင်သော်လည်း စိုးရိမ်ကြောက်ရွံ့မှုကြောင့် ပစ္စည်းများကို အလုအယက်ဝယ်ယူခြင်းမှာ သိပ်မလိုအပ်သည့် ကိစ္စဟု ထင်မြင်မိသည်။

ကလေးအနှီးနှင့် အိမ်သာသုံးစက္ကူများကို အမှန်တကယ် လိုအပ်နေသော်လည်း သူတို့အိမ်နားရှိ စူပါမားကက်များတွင် အဆိုပါပစ္စည်းများ ပြတ်လပ်သွားသောကြောင့် စိတ်ပျက်နေသော ကျွန်မ၏ သူငယ်ချင်းအချို့လည်း ရှိပါသည်။ ပစ္စည်းများကို သူတို့၏ ဈေးခြင်းတောင်းထဲတွင် အပြည့်အနှက် ဝယ်ယူဖြည့်တင်းပြီးသူများသည်လည်း ဈေးဝယ်ရန်တန်းစီနေသည့် လူတန်းရှည်ကြီးကို တွေ့လိုက်ရပြီးနောက် သူတို့၏ ပစ္စည်းများကို ထားလျက် ထွက်ခွာသွားကြသည်ဆိုသည့် သတင်းများကိုလည်း ဖတ်လိုက်ရပါသည်။

ယခုလိုအချိန်ခါမျိုးတွင် ထိုကဲ့သို့အပြုအမူများအတွက် သူတပါးအား လက်ညှိုးထိုးအပြစ်တင်ရန် လွယ်ကူပါသည်။ ထို့ကြောင့် ယခုကဲ့သို့ အကြပ်အတည်း ကြုံရသည့် အခြေအနေမျိုးတွင် ဒေါက်တာလီကဲ့သို့ သူတပါးအကျိုးကို ဦးစားပေးဆောင် ရွက်မည်လား သို့မဟုတ်၊ အလုအယက်ဈေးဝယ်သူများကဲ့သို့ မိမိတို့လိုအပ်ချက်ကိုပဲ ဦးစားပေးလုပ်ဆောင်မည်လား ဆိုသည်ကို စဉ်းစားရမည့်အချိန်ဖြစ်ပါသည်။

ယခုလိုအချိန်အခါမသင့် အကြောင်းမလှသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးဖြစ်ပွား နေသည့် အခြေအနေတွင် ယုံကြည်သူများအနေဖြင့် ကိုယ်ကျိုးစွန့်ရမည် ဆိုလျှင်တောင် ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတော်ကို ဝေမျှရန် အကောင်းဆုံးအချိန်ဖြစ် ပါသည်။

ယခုလိုအချိန်အခါမသင့် အကြောင်းမလှသည့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးဖြစ်ပွား နေသည့် အခြေအနေတွင် ယုံကြည်သူများအနေဖြင့် ကိုယ်ကျိုးစွန့်ရမည် ဆိုလျှင်တောင် ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတော်ကို ဝေမျှရန် အကောင်းဆုံးအချိန်ဖြစ် ပါသည်။

ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် နည်းလမ်းသုံးခုရှိပါသည်။

၁။ ပစ္စည်းများကို အလုအယက်ဝယ်ယူနေသူများကို အပြစ်တင်မည့်အစား လိုအပ်နေသည့်သူများအား ကျွန်မတို့၌ရှိသည့်အရာများကို ဝေမျှကြပါစို့

သူငယ်ချင်းတစ်ဦးက Facebook ပေါ်တွင် ကလေးအနှီးကုန်ခါနီးပြီဟု တင်ထားသည်ကို တွေ့ပြီး ကျွန်မနှင့် Facbook သူငယ်ချင်းဖြစ်သူတစ်ဦးက ချက်ချင်းအကူအညီပေးသည့် အကြောင်းအရာကိုတွေ့လိုက်ရသည့်အခါ ကျွန်မခံစားခဲ့ရပါသည်။

၂။ အခြေအနေကို ရင်ဆိုင်ပြီး ထိန်းချုပ်နိုင်ရန်အတွက် ရှေ့တန်းတွင် တိုက်ပွဲဝင်နေ သူများကို အပြစ်တင်ဝေဖန်မည့်အစား ဘုရားသခင်ထံမှ ဉာဏ်ပညာနှင့် ကျေဇူးတော်ကို သူတို့ရရှိခံစားနိုင်ဖို့ ထိုသူတို့အတွက် ဆုတောင်းပေးကြပါစို့

သူ့အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်တွင် ကျန်းမာရေးကဏ္ဍ၌ လုပ်ကိုင် နေသော အသင်းသူ အသင်းသားများအတွက် လက်တင်ဆုတောင်းပေးနေသည့် ဓာတ်ပုံကို ကျွန်မသူငယ်ချင်းတစ်ဦးက ကျွန်မထံ ပို့ပေးခဲ့ပါသည်။

၃။ လူမျိုးရေးခွဲခြားအမုန်းပွားစေသည့် ခံစားချက်များကို မီးမွှေးပေးသကဲ့ ဖြစ်စေမည့် သတင်းအချက် အလက်များကို ဖြန့်ဝေမည့်အစား ကျွန်မတို့ဖြန့်ဝေမည့် သတင်းစကားများ သည် မှန်ကန် အကျိုးရှိပြီး ကျွန်မတို့အနီးအနားတွင် ရှိနေသူများအတွက် ခွန်အား ဖြစ်စေရန် အရေးကြီးပါသည်။

အခုလို ကပ်ဆိုးကျရောက်သည့်ကာလတွင် တစ်ဦးနှင့်တစ်ဦး ကျေးဇူးတင်ရန်၊ သနားကြင်နာရန်၊ ကိုယ်ချင်းစာနာစိတ်ရှိရန် တိုက်တွန်းနှိုးဆော်သည့် သတင်းစကားများက ပြီးခဲ့သည့် ရက်များတစ်လျှောက် ကျွန်မကို ခွန်အား ဖြစ်စေခဲ့ ပါသည်။

ဤအခြေအနေအား ထိန်းချုပ်ရန် ဘုရားသခင်ထံ ဆုတောင်းခြင်းသည် မမှားပါ။ သို့ရာတွင် ဤနေရာတွင်ရပ်မနေဘဲ ယခုကဲ့သို့ ရှုပ်ထွေးပြီး ကစင့်ကလျားဖြစ်နေသည့် အချိန်အခါမျိုးတွင် ကျွန်မတို့၏ ပြုမူဆောင်ရွက်ချက်များအားဖြင့် လောကသားများ အလယ်တွင် ခရစ်တော်၏ဘုန်းတော် ထင်ရှားခြင်းရှိမည့်အကြောင်း (ကောရိန္သု​ဩဝါဒစာ​ပဌမစောင် ၁၀:၃၁) ဆုတောင်းကြပါစို့။

စာရေးသူအကြောင်း သိကောင်းစရာ …

ရေရှည်အစီအစဉ်များချမှတ်ရန်အတွက်ကား ဘဝက တိုတောင်းလွန်းသည်ဟု ဂျိုအန်းနာက ခိုင်မာစွာ ယုံကြည်ထားပါသည်။ ဤလောကရှိအရာများကို တင်းတင်း ကြပ်ကြပ်ဖက်တွယ်မထားရန် သူမသင်ယူလျက်ရှိပြီး သခင်ဘုရားနှင့် တွေ့ဆုံရမည် နေ့ရက်ကို မျှော်လင့်နေသူလည်းဖြစ်သည်။ သူ့အနီးအနားတွင် ရှိနေသူများသည်လည်း တစ်နေ့တွင် သခင်ဘုရားအား သိကျွမ်းလာမည်ဟုမျှော်လင့်လျက် သူမအား ဘုရားသခင်ပေးထားသည့် ရင်းနှီးကျွမ်းဝင်မှု ပေါင်းသင်းဆံရေးများကို အလေးထားပြီး ဘဝကို အကောင်းဆုံးရှင်သန် နေထိုင်နိုင်ရန် ကြိုးစားနေသူလည်း ဖြစ်သည်။ သူမ ကြိက်နှစ်သက်သည့်အရာများ၊ မကြိုက်သည့်အရာများမှာ ဖြတ်သန်းခဲ့သည့် နှစ်ကာလများတစ်လျှောက် ပြောင်းလဲမှုများ ရှိခဲ့သော်လည်း အာလူး(မည်သို့ပုံစံဖြင့် ချက်ပြုတ်စားသောက်သည့်ဖြစ်စေ) အားကြိုက်နှစ် သက်မူကား ပြောင်းလဲခြင်းမရှိခဲ့ပါ။

စာမူအားလုံးဖတ်ရန် ဤနေရာတွင်နှိပ်ပါ။