srw map

လတ်တလောတွင် ကျွန်ုပ်တို့သည် ရိုးရှင်းစွာ ဆောက်လုပ်ထားသည့် အသံသွင်းသည့်အခန်းလေးမှ မြန်မာ “နေ့စဉ်ခွန်အား” အသံဖိုင်ကို ထုတ်လွှင့်နိုင်အောင် လုပ်ဆောင်နေပါသည်။ မြန်မာနိုင်ငံတွင် ထိုအသံဖိုင်ကို ရလိုကြောင်း တောင်းဆိုမှုက မြင့်မားသည်။ လူများစွာတို့သည် myanmar-odb.org ဝက်ဘ်ဆိုက်မှ အသံဖိုင်များကို ဒေါင်းလုတ် ရယူပြီး ဖေ့စ်ဘွတ်မှတစ်ဆင့် ၎င်းတို့၏မိတ်ဆွေသူငယ်ချင်းများ ထံသို့ မျှဝေကြသည်။ ထောက်ပံ့ငွေလုံလောက်ပါက ပို၍ကောင်းမွန်သော အသံသွင်းခန်းကို ကျွန်ုပ်တို့ ပြင်ဆင်တည်ဆောက်လိုပါသည်။ သို့မှသာ ကရင်ဘာသာ “နေ့စဉ်ခွန်အား”၊ “လေ့လာမှတ်သားဖွယ် စာစဉ်” (Discovery Series) စသည့် အခြားသောအထောက်အကူပြုစာအုပ်စာစောင်များကို အသံလွှင့်နိုင်ရေး လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အထူးသဖြင့် ကျေးလက်တောအရပ်နှင့် သက်ကြီးပိုင်းတို့တွင် သက်ကြီးစကားသက်ငယ်ကြား နှုတ်မြွက်ပြောကြားခြင်း၊ နှုတ်တိုက်သွန်သင်ခြင်းစသည့် ဓလေ့ များက အခိုင်အမာရှိနေဆဲဖြစ်သည်။ ထိုအသံဖိုင်များက စာအုပ်များနှင့်မရင်းနှီးသည့်၊ စာဖတ်သည့် အလေ့မရှိသည့်နေရာများသို့ ထိုးဖောက်ရောက်ရှိနိုင်ပါသည်။

လက်ရှိအသံသွင်းခန်း၏ ဓါတ်ပုံများ

မြန်မာနိုင်ငံရှိ ကြီးငယ်မဟူ လူအပေါင်းတို့ထံ ဆက်သွယ်အရောက်လှမ်းသွားမည့် အမှုတော်ခရီးတွင် သင်လည်း ကျွန်ုပ်တို့နှင့်အတူပါဝင်ပူးပေါင်းမည်ဆိုပါက အတိုင်းထက်အလွန်ကျေးဇူးတင်ပါသည်။ မိတ်ဆွေ၏ထောက်ပံ့ပေးလှူမှုကို ကျွန်ုပ်တို့ဝမ်းမြောက်စွာ ကြိုဆိုပါသည်။



ပေးလှူနိုင်သည့်နည်းလမ်း


ဆက်သွယ်ရန်