စာရေးသူ

အားလုံးမြင်နိုင်ရန်
Adam Holz

Adam R. Holz

ဆရာ Adam Holz သည် Focus on the Family's မီဒီယာ - Plugged In ၀က်ဆိုက်စာအုပ်၏ အကြီးတန်း လက်ထောက်စာတည်း ဖြစ်သည်။ Discipleship Journal တွင်လည်း တွဲဖက်စာတည်းအဖြစ် ဆောင်ရွက်သေးသည်။ သူသည် NavPress မှ ရိုက်နှိပ်ထုတ်ဝေသည့် သမ္မာကျမ်းစာလေ့လာခြင်းစာစဉ်ကိုလည်း ရေးသားပြုစုသူဖြစ်သည်။ ဆရာသည် ပရက်ဘီတေးရီးယန်း လက်တင်ဆရာတော်တစ်ပါးဖြစ်ပြီး သူ့ဇနီးမှာ ဂျဲနီဖာဖြစ်သည်။ သူတို့၌ ကလေး ၃ ဦး ရှိပြီး ရေကူးနှင့် ကျွမ်းဘားအားကစားကို နှစ်သက်သည်။ ပြဇာတ်၊ စန္ဒရားတီးခတ်ခြင်းကို ၀ါသနာထုံသည်။ ထမင်းစားပြီးလျှင် ဘာအချိုတည်းရမည်နည်းဟု အဖေဖြစ်သူကို မေးတတ်သည်။ ဆရာသည် သူ၏အားလပ်ချိန်များတွင် လျှပ်စစ်ဂီတာတီးခြင်းဖြင့် အချိန်ကုန်နေတတ်သည်။

စာမူ/ အကြောင်းအရာ များ Adam R. Holz

မိုးသက်မုန်တိုင်းကြား၌

လေက တစ်ဝုန်းဝုန်း၊ လျှပ်စီးများလည်း ဖျတ်ခနဲ ဖျတ်ခနဲ လက်ကာ၊ လှိုင်းတံပိုးများလည်း ရိုက်ခတ်နေကြသည်။ ငါသေရတော့မယ်ဟု ကျွန်တော်တွေးလိုက်မိသည်။ အဘိုးအဘွား
တို့နှင့်အတူ ရေအိုင်ကြီးထဲ ငါးမျှားထွက်ရင်း အချိန်နှောင်းသွားပြီး နေဝင်သွားချိန်၌ ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပါတော့သည်။ လှေမမှောက်အောင် အဘိုးက ကျွန်တော့်ကို လှေဦးပိုင်း၌ သွားထိုင်ခိုင်းသည်။ ကျွန်တော့် စိတ်ထဲ ကြောက်စိတ်များ စိုးမိုးသွားသည်။ သို့သော် ကျွန်တော် စတင်ဆုတောင်းလိုက်သည်။ ထိုစဉ်က ကျွန်တော်သည်
ဆယ့်လေးနှစ်သားအရွယ် ဖြစ်သည်။

ဘုရားရှင်ထံမှ စိတ်ချမှုနှင့် ကွယ်ကာမှုကို ကျွန်တော် တောင်းခံရင်း မုန်တိုင်းက အားလျော့မသွားသော်လည်း လှေကို ကမ်းသို့ကပ်နိုင်ခဲ့သည်။ ယနေ့ထိတိုင် ထိုမုန်တိုင်းနှင့် ရင်ဆိုင်ရသောညက ခံစားခဲ့ရသည့် ဘုရားသခင်၏ တည်ရှိ တော်မူခြင်း မျက်မှောက်တော်ထက် သာ၍လေးနက်သော အခြားအရာ ရှိမည်မဟုတ်ပါ။

သခင်ယေရှုသည်လည်း မုန်တိုင်းများနှင့် မစိမ်းပါ။ မာကု ၄း၃၅-၄၁ တွင်…

ဘုရားသခင်က ကျွန်ုပ်တို့ကို ဖြည့်ဆည်းပေးသောအခါ

“ငါဘာလုပ်ခဲ့မိတာလဲ” ဟုမေးမိချိန်သည် ဘဝ၏စိတ်အလှုပ်ရှားရဆုံးသောအချိန် ဖြစ်သင့်သည်။ သို့သော် ထိုသို့မဟုတ်ဘဲ ကျွန်ုပ်အတွက် အထီးကျန်ခြင်းကိုသာ ဖြစ်စေ ခဲ့သည်။ အဖြစ်က ဤသို့ဖြစ်သည်။ တက္ကသိုလ်အောင်ပြီးနောက် ပထမဦးဆုံးသော အလုပ်တစ်ခုကို ကျွန်ုပ်ကြီးပြင်းလာသောဇာတိမြို့နှင့် မိုင်ပေါင်းရာချီဝေးသော မြို့ကြီး တစ်မြို့တွင် ရရှိခဲ့သည်။ မကြာမီပင် ထိုစိတ်လှုပ်ရှားမှုကြီး   ပျောက်ကွယ်သွားသည်။ ပရိဘောဂများမရှိသည့် တိုက်ခန်း သေးသေးလေးတွင်နေရပြီး ထိုမြို့ကိုလည်းမကျွမ်း၊ ထိုမြို့မှလူတစ်ဦးတစ်ယောက်ကိုမျှလည်း မသိ။ အလုပ်က စိတ်ဝင်စားစရာကောင်းသော်လည်း အထီးကျန်မှုက ကျွန်ုပ်စိတ်ကို ကြေမွစေသည်။

တစ်ညတွင် နံရံကိုမှီ၍ထိုင်ကာ ကျမ်းစာအုပ်ကို ဖွင့်လျှက် လှန်လှော်၍ကြည့်စဉ်၊ ဆာ ၁၆ ငယ် ၁၁ မှ ဘုရားသခင်၏ကတိတော်က ကျွန်ုပ်၏စိတ်နှလုံးကို ဖြည့်ဆည်းပေးသည်။ “အိုအဘ၊ ကျွန်ုပ်ကို ပေးထားသော အလုပ်သည် ကျွန်ုပ်နှင့်ကိုက်ညီသောအလုပ် ဖြစ်ပါသည်။ သို့သော် ကျွန်ုပ်အလွန် ငြီးငွေ့ ပါ၏။ ကိုယ်တော် ကျွန်ုပ်နှင့်နီးကပ်စွာရှိနေကြောင်းကို ကျွန်ုပ်အား…

ပင့်ကူများနှင့် ဘုရားသခင်၏အနီးတွင်ရှိခြင်း

အဆိပ်ရှိပင့်ကူများကို သဘောကျနှစ်သက်သည့်ကလေးကို ကျွန်တော် မတွေ့ဖူးပါ။ အထူးသဖြင့် အိပ်ယာဝင်ချိန်တွင်ဖြစ်သည်။ ကျွန်တော့်သမီးသည် အိပ်ယာဝင်ကာနီးတွင် သူ၏အိပ်ယာနား၌ ပင့်ကူတစ်ကောင်ကို တွေ့ပြီး ‘‘အဖေ ... ပင့်ကူကြီး’’ ဟု သူအော်ဟစ် တော့သည်။ ကျွန်တော်ရှာဖွေသော်လည်း ခြေရှစ်ချောင်းနှင့် ကျူးကျော်သူ ပင့်ကူကို မတွေ့ပါ။ ‘‘သမီးကို အန္တရာယ်မပြုပါဘူး’’ ဟု သူ့ကို အသေအချာ ပြောသော်လည်း သူလက်မခံပါ။ သူ့အိပ်ယာ နားတွင်နေပြီး စောင့်ကြည့်ပေးမည်ဟု ပြောမှ အိပ်ယာဝင်ရန် သူသဘောတူခဲ့သည်။

သမီးလေး ငြိမ်သွားသောအခါ သူ့လက်ကို ဆုပ်ကိုင် ထားရင်း ‘‘အဖေ သမီးကို ချစ်တယ်။ သမီးနားမှာ အဖေ ရှိတယ်။ ဒါပေမဲ့ သမီးသိလား၊ ဘုရားသခင်က သမီးကို အဖေနဲ့ အမေထက် ပိုချစ်တယ်။ ဘုရားသခင် သမီးရဲ့အနားမှာ ရှိနေ တယ်။ သမီးကြောက်လန့်တဲ့အခါတိုင်း ဘုရားသခင်ဆီ ဆုတောင်းနိုင်တယ်’’…

အခွင့်အရေးများသို့ ခြေလှမ်းခြင်း

အခြားသူများနည်းတူ ကျွန်တော်လည်း လေ့ကျင့်ခန်းလုပ်ရန်အရေး အတော် ကြိုးစားရသည်။ ထို့ကြောင့် မကြာမီက မိမိကိုတွန်းအားပေးမည့် ခြေလှမ်းရေတွက်စက်ကို ၀ယ်ယူခဲ့သည်။ ၎င်းသည် ရိုးရှင်းသောစက်လေးပင်။ သို့သော်လည်း ထိုစက်လေး၏တွန်းအားပေးနိုင်မှုက အံ့မခန်းဖြစ်သည်။ လှဲလျောင်းနေရာမှ ထရပ်ရမည့်အရေးကို ညည်းတွားနေမည့်အစား ခြေလှမ်းအရေအတွက်ကို အနည်းငယ်တိုးစေမည့် အခွင့်အရေးအဖြစ် မြင်စေသည်။ သားသမီးများကို ရေထခပ်ပေးခြင်း ကဲ့သို့သော သာမန်အလုပ်များသည် ကျွန်တော် ရည်မှန်းထား သည့် ခြေလှမ်း အရေအတွက်ကို တိုးစေသည့်  အခွင့်အရေးများ ဖြစ်လာသည်။ ဤစက်လေးက ကျွန်တော့်အမြင်နှင့် တွန်းအားပေးမှုများကို ပြောင်းလဲစေခဲ့သည်။ ယခုတွင် မည်သည့်အချိန်မဆို အပို ခြေလှမ်းများ ရနိုင်မည့်အခွင့်ကိုသာ ရှာဖွေမိတော့သည်။

ခရစ်ယာန်အသက်တာသည် ထိုသဘောအတိုင်း ဖြစ်သင့်သည်မဟုတ်ပါလားဟု ကျွန်တော်တွေးမိသည်။ ကော ၄း၅ တွင် ရှင်ပေါလု တိုက်တွန်းထားသကဲ့သို့ နေ့ရက်တိုင်းတွင် လူတို့ကို ချစ်ရန်၊ အစေခံရန်နှင့် ပေါင်းသင်းဆက်ဆံရန် အခွင့်အရေးများစွာရှိသည်။ သို့ငြားလည်း…

ကတိများ

ကျွန်တော့်သမီးထွေးလေးနှင့်ကျွန်တော်တို့ ရံဖန်ရံခါ ဆွဲဆိတ်တမ်းကစားကြသည်။ သူ့အပေါ်ထပ်တက်လျှင် ကျွန်တော်က နောက်မှလိုက်ပြီး သူ့ကို ဆွဲဆိတ်သည်။ စည်းကမ်းမှာ သူ့ကို ဖြည်းဖြည်းလေးသာ ဆိတ်ရပါသည်။ ထို့ပြင် သူလှေကားထစ်ပေါ်၌ ရှိနေချိန် တွင်သာ ဆွဲဆိတ်နိုင်သည်။ အပေါ်ထပ်သို့ရောက်သွားလျှင် ဆိတ်၍မရတော့ပါ။ တစ်ခါတစ်ရံ သူက ကစားလိုစိတ်မရှိဖြစ်ပြီး ကျွန်တော် နောက်မှပါလာလျှင် လေသံမာမာဖြင့် ‘‘မဆိတ်ကြေးနော်’’ ဟု ပြောတတ်သည်။ ထိုအခါမျိုးတွင် ‘‘မဆိတ်ပါဘူး။ ... ဖေဖေ ကတိပေးပါတယ်’’ ဟု ကျွန်တော်ပြန်ဖြေရသည်။

ကတိဆိုသည့်အရာက ဘာမှ မဟုတ်၊ အရေးမပါဟု ထင်ရသည်။ သို့သော် ကျွန်တော်ပြောသည့်အတိုင်း ကတိတည် သောအခါ သမီးက ကျွန်တော့်သဘောထားကို နားလည် သိမြင်လာသည်။ အပြောနှင့်အလုပ်ညီသည်ဟု သူခံစားရ သည်။ ကျွန်တော့်စကားကို သူယုံကြည်နိုင်ကြောင်း သူသိ လာသည်။ ထိုသို့ ကတိတည်ခြင်းက အသေးအမွှားကိစ္စ ဖြစ်သော်လည်း ကတိပေးခြင်း၊ ကတိတည်ခြင်းသည် ကျွန်တော့်အမြင်ဖြင့်ပြောရလျှင် လူမှုပေါင်းသင်းဆက်ဆံရေး…

အစေခံနှလုံးသားကို ကြီးထွားစေခြင်း

ယနေ့ အလုပ်တွင် အလွန်ပင်ပန်းသောနေ့ဖြစ်သည်။ သို့သော် အိမ်ရောက်သည်နှင့် ဖခင်ကောင်းတစ်ဦးအဖြစ် အခြားအလုပ်များကို ကျွန်တော်စတင်လုပ်ဆောင်ရပါ တော့သည်။ မကြာပါ။ ဇနီးသည်နှင့် ကလေးများထံမှ  ကြားရသောစကားက ‘‘အဖေ ညနေစာ ဘာစားရမလဲ’’ ‘‘အဖေ ရေလေးခပ်ပေးပါအုံး’’ ‘‘အဖေ ဘောလုံးအတူကစား ရအောင်’’ စသည့်  စကားများဖြစ်သည်။

ကျွန်တော် ထိုင်သာထိုင်ချလိုက်ချင်တော့သည်။ ကျွန်တော့်အတွင်းစိတ်၌ ဖခင်ကောင်းဖြစ်ချင်ပါသော်လည်း၊ မိသားစုလိုအင်ကို ဖြည့်ဆည်းပေးလျက် ကျွေးမွေးပြုစုနေရ သည်ဟု မခံစားရပါ။ ထိုအချိန်တွင် အသင်းတော်ရှိ လူတစ်ဦးကဇနီးသည်ကိုပေးသည့် ‘‘ကျေးဇူးတင်’’ကတ်လေးကို ကျွန်တော်မြင်လိုက်ရသည်။ ကတ်ထဲ၌ ရေခွက်တစ်ခွက်၊ တဘက် တစ်ထည်နှင့် ညစ်ပေနေသော ကြိုးသိုင်းဖိနပ်တစ်ရံ စသည့်ပုံများပါရှိသည်။ အောက်ခြေ နားတွင် လု ၂၂း၂၇ မှ ‘‘ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ ဖြစ်၏’’ ဟူသော စာသားလေးရေးထားသည်။

‘‘လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာ သတည်း’’…