စာရေးသူ

အားလုံးမြင်နိုင်ရန်
Adam R. Holz

အေဒမ် အာရ် ဟို့

ဆရာ အေဒမ် အာရ် ဟို့ (Adam R. Holz) သည် Focus on the Family's မီဒီယာ၏ ပြန်လည်သုံးသပ်ခြင်း ဝက်ဘ်ဆိုဒ် ဖြစ်သော Plugged In ဝက်ဘ်ဆိုဒ်၏ ဒါရိုက်တာလူကြီး ဖြစ်သည်။ Discipleship Journal တွင်လည်း တွဲဖက်စာတည်းအဖြစ် ဆောင်ရွက်သေးသည်။ သူသည် NavPress မှ ရိုက်နှိပ်ထုတ်ဝေသည့် သမ္မာကျမ်းစာလေ့လာခြင်းစာစဉ် Beating Busyness ကိုလည်း ရေးသားပြုစုသူဖြစ်သည်။ သူ့ဇနီးမှာ ဂျဲနီဖာ (Jennifer)ဖြစ်သည်။ သူတို့၌ ရေကူးခြင်း၊ ကျွမ်းဘားအားကစားခြင်း၊ ရုပ်ရှင်ဇတ်လမ်းကြည့်ခြင်း နှင့် စန္ဒရားတီးခတ်ခြင်း ကိုနှစ်သက်ပြီး ထမင်းစားပြီးလျှင် ဘာအချိုတည်းရမည်နည်းဟု အဖေဖြစ်သူကို မေးတတ်သည့် ကလေး (၃) ဦး ရှိသည်။ ဆရာသည် သူ၏အားလပ်ချိန်များတွင် လျှပ်စစ်ဂီတာတီးခြင်းဖြင့် အချိန်ကုန်နေတတ်သည်။

စာမူ/ အကြောင်းအရာ များ အေဒမ် အာရ် ဟို့