စာရေးသူ

အားလုံးမြင်နိုင်ရန်
Alyson Kieda

အယ်လီဆန်ကီဒါ

အယ်လီဆန်ကီဒါ (Alyson Kieda) သည် စာတည်းဖြတ်ခြင်း အတွေ့အကြုံ လုပ်သက် ၃၅ နှစ်ထက် မနည်းရှိပြီး ODBM အတွက် စာတည်းအဖြစ် ပါဝင်လုပ်ဆောင်ပေးသည်မှာ ၁၀ နှစ်ကျော်ရှိခဲ့ပြီ။ သူသည် ငယ်စဉ်ကပင် စာရေးသားခြင်းကို မြတ်နိုးပြီး ODB စာမူများ ရေးသားရခြင်းကို အလွန်ကျေနပ်ဝမ်းမြောက်သူဖြစ်သည်။ သူသည် အိမ်ထောင်ရှင် မိခင်တစ်ဦးဖြစ်ပြီး၊ မိသားစု၌ အရွယ်ရောက် သားသမီး ၃ ဦးနှင့် မြေးများ တစ်ယောက်ပြီးတစ်ယောက် တိုးလာပါသည်။ စာဖတ်ခြင်း၊ တောတောင်ထဲ လမ်းလျှောက်ထွက်ခြင်း၊ မိသားစုနှင့် အတူရှိနေခြင်းများကို နှစ်သက်သူဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အခြားသော ဝတ်ပြုကိုးကွယ်ခြင်း စာစောင်တစ်ခုတွင် စာမူများရေးသားခဲ့သည့်မိခင်၏ စံနမူနာအတိုင်း `အမေ့ခြေရာနင်းရခြင်းကို မင်္ဂလာတစ်ပါး' ဟု သူဂုဏ်ယူ သည်။ ပီတိဖြစ်သည်။

စာမူ/ အကြောင်းအရာ များ အယ်လီဆန်ကီဒါ

ဘုရားသခင်နှင့် နပန်းလုံးခြင်း

ကျွန်မခင်ပွန်း ကွယ်လွန်သွားပြီးနောက် နှစ်ပေါင်းများစွာ ခင်မင်သော မိတ်ဆွေက စာတစ်စောင် ပေးပို့ခဲ့သည်။ “အယ်လန်သည် ဘုရားနှင့် နပန်းလုံးခဲ့သူ၊ တကယ့် ယာကုပ် တစ်ဦးဖြစ်ခဲ့ပြီး၊ သူသည် ယနေ့ ကျွန်ုပ် ခရစ်ယာန်ဖြစ်လာခဲ့ခြင်း၏ ခိုင်လုံသော အကြောင်းရင်းဖြစ်သည်” ဟု ဆိုသည်။ အယ်လန်၏ရုန်းကန်ခဲ့ရမှုများကို ဘိုးဘေး ယာကုပ်နှင့် နှိုင်းယှဉ်ရန် ကျွန်မ မစဉ်းစားခဲ့ဖူးသော်လည်း အံကိုက်ဖြစ်နေသည်။ သူ့ဘဝတစ်လျှောက်လုံး၌ သူရုန်းကန်ခဲ့ရပြီး၊ အဖြေရဖို့ ဘုရားရှင်နှင့် နပန်းလုံးခဲ့ရသည်။ ဘုရားကို သူချစ်သော်လည်း၊ ဘုရားရှင် သူ့ကိုချစ်ပြီး ခွင့်လွှတ်ကြောင်း၊ သူ့ဆုတောင်းသံကို နားညောင်းကြောင်း အမှန်တရားများကို သူအမြဲနားမလည်နိုင်ခဲ့ပါ။ သို့သော် သူ့ဘဝ၌ ကောင်းချီးများရှိခဲ့ပြီး၊ လူများအပေါ် ကောင်းကျိုးပြုသော လွှမ်းမိုးမှုရှိခဲ့သည်။

ယာကုပ်၏ဘဝကိုဖော်ပြရလျှင် ရုန်းကန်မှုများနှင့်ပြည့်သော ဘဝဟု ဆိုနိုင် သည်။ သူ့အစ်ကိုဧသော၏ သားဦးအရိုက်အရာကို လှည့်စားရယူခဲ့သည်။ အိမ်မှထွက်ပြေးခဲ့ရပြီး သူ၏ဆွေမျိုး၊ ယောက္ခမ လာဗန်ထံ၌…

ဖခင်များနေ့အထူးစာမူ

ဖေဖေများထံသို့

ပြန်လည်ဆုံတွေ့ရချိန်တွင်

ဖတ်ရန်-   ဗျာဒိတ်ကျမ်း ၂၁:၁-၇

ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ ဗျာ ၂၁:၃

စစ်မှုထမ်းသွားနေသည့် ဖေဖေ့ထံမှ လက်ဆောင်ဘူးကို သူငယ်လေးက ဖွင့်လိုက်သည်။ ဖေဖေသည် သူ့မွေးနေ့အမီပြန်မရောက်နိုင်ဟု သူသိထားသည်။ ဘူးထဲ၌ နောက်ထပ် ထုတ်ပိုးထားသည့်လက်ဆောင်ကို သူထပ်ဖြည်ကြည့်ပြန်ရာ “အံ့ဩသွားလား” ဟူသည့် စာရွက်ကိုတွေ့ရ၍…

စွန့်ကြဲခြင်း၌ ပျော်ရွှင်ခြင်း

ကယ်ရီ၏သားငယ်သည် ကြွက်သားကြုံလှီ နာတာရှည်ရောဂါကြောင့် နောက်တစ်ကြိမ် ထပ်မံ၍ ခွဲစိတ်ရသောအခါ သူမသည် အခြားသူတစ်ဦးအတွက် တစ်ခုခုကို လုပ်ဆောင်ပေးရင်း သူမ၏မိသားစုအခြေအနေမှ စိတ်အာရုံလွှဲလိုခဲ့သည်။ ထို့ကြောင့် သူမသည် သူမ၏သားနှင့် မတော်တော့သော်လည်း အကောင်းနီးပါးရှိသည့်ဖိနပ်များကို စုဆောင်း၍ အဖွဲ့အစည်းတစ်ခုသို့ လှူခဲ့သည်။ သူမ၏အလှူကြောင့် မိတ်ဆွေများ၊ မိသားစုဝင်များသာမက အိမ်နီးချင်းများကပါ ပါဝင်လာခဲ့ကြပြီး အချိန်တိုအတွင်းတွင် ဖိနပ်အရံ ၂၀၀ ကျော်ကို လှူဒါန်းဖြစ်ခဲ့ကြသည်။

ဖိနပ်လှူဒါန်းခြင်းမှာ အခြားသူများကောင်းချီးဖြစ်စေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း သူမ၏မိသားစုတွင် ပို၍‌ကောင်းချီးဖြစ်ခဲ့သည်ဟု ကယ်ရီ ခံစားခဲ့ရသည်။ “ဒီအတွေ့အကြုံကြောင့် ကျွန်မတို့စိတ်အားတတ်ကြွလာခဲ့ပြီး ကျွန်မတို့က အပြင်ဘက်ကို အာရုံစိုက်တတ်လာခဲ့တယ်” ဟု သူမက ဆိုသည်။

သခင်ယေရှုနောက်လိုက်များအနေဖြင့် ရက်ရောစွာ စွန့်ကြဲခြင်းသည် မည်မျှအရေးပါကြောင်းကို ရှင်ပေါလု နားလည်ခဲ့သည်။ သူသည် ယေရုရှလင်မြို့သို့ အသွားတွင် ဧဖက်မြို့၌ တစ်ထောက်နားခဲ့သည်။ ထိုမြို့ရှိ သူတည်ထောင်ခဲ့သော အသင်းတော်မှလူများနှင့် ယခုတွေ့ဆုံခြင်းသည် နောက်ဆုံးဖြစ်နိုင်ကြောင်း သူသိခဲ့သည်။…

သခင်ယေရှု၌ အတူတကွ တွေ့ဆုံခြင်း

ကျွန်မဘဝ၏ ခက်ခဲကြမ်းတမ်းသော အခြေအနေများကြောင့် စိတ်ထိခိုက်မှုများ၊ ဝိညာဉ်ပိုင်းဆိုင်ရာ နာကျင်မှုများကို ဖြတ်သန်းရချိန်တွင် အသင်းတော်နှင့် အဆက်အသွယ် ဖြတ်ရန်မှာ ကျွန်မအတွက် အလွန်လွယ်ကူနေမည်။ (ဘာလို့ အာရုံအနှောင့်ခံရမှာလဲဟု တစ်ခါတစ်ရံ ကျွန်မတွေးမိသည်။) သို့သော် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတက်ရန်ကိုမူကား စိတ်၌ နှိုးဆော်မှုဖြစ်သည်ဟု ကျွန်မခံစားမိသည်။

ကျွန်မ၏အခြေအနေများက ထူး၍မလာဘဲ နှစ်ပေါင်းများစွာ စိတ်ဖိစီးမှုကို ခံစားနေရသော်လည်း ဘုရားကျောင်း၌ပြုလုပ်သော ဝတ်ပြုစည်းဝေးများ၊ ဆုတောင်းခြင်းအစီအစဉ်များ၊ ကျမ်းစာသင်တန်းများ၌ အခြားယုံကြည်သူများနှင့် အတူတကွ ဘုရားရှိခိုးရခြင်း၊ မိတ်သဟာယပြုရခြင်းက ကျွန်မအား သည်းခံစိတ်ရှည်ခြင်း၊ မျှော်လင့်ခြင်း စသည်တို့ ပိုမိုခိုင်မြဲစေရန် ခွန်အားပေးခဲ့သည်။ ကျွန်မသည် ထိုစိတ်ဓါတ်မြှင့်တင်စေသည့် တိုက်တွန်းချက်များ၊ သွန်သင်ချက်များကို ကြားနာရသည်သာမက ကျွန်မအမှန်တကယ်လိုအပ်နေသော နှစ်သိမ့်မှုများ၊ နားထောင်ပေးသောနားများ၊ နွေးထွေးသောပွေ့ဖက်မှု များကိုပါ အခြားသူများထံမှ လက်ခံရရှိပါသည်။

ဟေဗြဲသြဝါဒစာ ရေးသားသူက “လူအချို့တို့၏ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့” (၁၀:၂၅)…

ခရစ်တော်၏ ပြင်းပြသောဆန္ဒ

‘The Passion of the Christ’ (ခရစ်တော်၏ ပြင်းပြသောဆန္ဒ) ရုပ်ရှင်ကားတွင် သခင်ယေရှုအဖြစ် Jim Caviezel (ဂျင်း(မ်)ခါဗီဇဲလ်) သရုပ်မဆောင်မီ၊ ဒါရိုက်တာ Mel Gibson (မဲလ်ဂစ်(ပ်)ဆင်)က ဤဇာတ်ကောင်နေရာသည် အလွန်ခက်ခဲလိမ့်မည်ဖြစ်ပြီး ဟောလီးဝုဒ်တွင် ခါဗီဇဲလ်၏သရုပ်ဆောင်အဖြစ် အသက်မွေးမှုအပေါ် အပျက်သဘောလွှမ်းမိုးမှု ရှိနိုင်သည်ဟု သတိပေးသည်။ မည်သို့ပင်ဖြစ်စေ ခါဗီဇဲလ်သည် ထိုဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး “ဒီအရာဟာ အတော်ခက်ပေမဲ့ ကျွန်တော်တို့ လုပ်ရမယ်လို့ ကျွန်တော်ထင်တယ်”ဟုပြောခဲ့သည်။

ရုပ်ရှင်ရိုက်နေစဥ်အတွင်း ခါဗီဇဲလ် မိုးကြိုးပစ်ခံခဲ့ရသည်။ အလေးချိန် (၄၅) ပေါင် ကျသွားသည်။ ကြာပွတ်ရိုက်ခံရခန်းကို သရုပ်ဆောင်နေစဥ် မတော်တဆ ကြာပွတ်ရိုက်ခံရသည်။ “လူတွေ ကျွန်တော့်ကို မမြင်ဘဲ သခင်ယေရှုကိုမြင်ဖို့ပဲ ကျွန်တော်ဆန္ဒရှိတယ်။ ဒီအရာအားဖြင့် ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်”ဟု နောက်ပိုင်းတွင် သူပြောခဲ့သည်။ ထိုဇာတ်ကားသည် ခါဗီဇဲလ်နှင့် ရိုက်ကွင်းရှိ အခြားသူများအပေါ် နက်နဲစွာ အကျိုးထိရောက်မှုရှိခဲ့သည်။ ၎င်းကို…

ဆုတောင်းရန်အတွက် ဖိတ်ခေါ်ခြင်း

Abraham Lincoln (အေဘရာဟမ် လင်ကွန်း)က မိတ်ဆွေတစ်ဦးအား “အကူအညီတောင်းဖို့ ဘယ်နေရာကိုမှ သွားစရာ မရှိတော့ဘူးဆိုတာ အသေအချာသိလိုက်ရလို့ ဒူးထောက်ပြီး ဆုတောင်းဖို့ ကျွန်ုပ် အကြိမ်ကြိမ် တွန်းပို့ခံခဲ့ရတယ်” ဟု ရင်ဖွင့်ခဲ့သည်။ ကြောက်မက်ဖွယ် အမေရိကန်ပြည်တွင်းစစ်ဖြစ်သည့် နှစ်များတွင် သမ္မတလင်ကွန်းသည် စိတ်အားထက်သန်စွာ ဆုတောင်းရုံသာမက တစ်နိုင်ငံလုံးကိုပါ သူနှင့် အတူဆုတောင်းခြင်း၌ ပါဝင်ရန် တောင်းဆိုခဲ့သည်။ ၁၈၆၁ ခုနှစ်တွင် သူသည် “နှိမ့်ချသောနေ့၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းနေ့” ကို ကြေညာခဲ့သည်။ ၁၈၆၃ ခုနှစ်တွင် နောက်တစ်ကြိမ် ဤသို့ ထပ်မံလုပ်ဆောင်ခဲ့ပြီး “ဘုရားသခင်ရဲ့ အုပ်စိုးမှုအာဏာကို မှီခိုအားထားရန်မှာ တစ်မျိုးသားလုံးရဲ့ တာဝန်ဖြစ်တယ်။ စစ်မှန်တဲ့နောင်တတရားက ကရုဏာတော်နှင့် ခွင့်လွှတ်ခြင်းကို ခံစားရစေမှာဖြစ်တယ်ဆိုတာ သေချာတဲ့မျှော်လင့်ချက်နဲ့ မိမိတို့အပြစ်များနှင့် လွန်ကျူးမှုများကို နှိမ့်ချသော ဝမ်းနည်းကြေကွဲမှုဖြင့် ဝန်ခံရမှာ ဖြစ်တယ်” ဟု သူပြောခဲ့သည်။

ဣသရေလလူမျိုးတို့သည်…

ဒုက္ခဆင်းရဲများကို ကျော်လွှားခြင်း

အန်းသည် ဆင်းရဲမွဲတေမှုနှင့် နာကျင်မှုများဖြင့် ကြီးပြင်းလာခဲ့သည်။ မွေးချင်းနှစ်ဦးမှာ မွေးကင်းစအရွယ်တွင် သေဆုံးသွားသည်။ အန်း အသက် (၅) နှစ်အရွယ်တွင် မျက်စိရောဂါကြောင့် တစ်စိတ်တစ်ပိုင်း မျက်စိကွယ်သွားကာ စာမရေးမဖတ်နိုင်တော့ပါ။ အသက် (၈) နှစ်တွင် သူမ၏မိခင်မှာ တီဘီ အဆုတ်ရောဂါဖြင့် သေဆုံးသွားပြီး၊ မကြာခင်တွင် ရက်စက်ကြမ်းကြုတ်သော ဖခင်က အသက်ရှင်ကျန်ရစ်သော သူမတို့မောင်နှမသုံးဦးကို စွန့်ပစ်ခဲ့သည်။ အငယ်ဆုံးကို ဆွေမျိုးများဆီ ပေးလိုက်ပြီး၊ အန်း နှင့် သူမ၏မောင်လေး ဂျင်မီ တို့မှာ ပျက်စီးယိုယွင်းပြီး ပြည့်ကျပ်နေသော ဆင်းရဲချို့တဲ့သူများအတွက် အခမဲ့နေအိမ် Tewksbury Almshouse (ကျူ့ဘယ်ရီ အမ်းစ်ဟောက်စ်)သို့ အပို့ခံခဲ့ရပြီးနောက် လအနည်းငယ်ကြာတွင် ဂျင်မီ သေဆုံးသွားသည်။

အသက် (၁၄) နှစ်အရွယ်တွင် အန်း၏ဘဝ တောက်ပလာခဲ့သည်။ သူမကို မျက်မမြင်ကျောင်းတစ်ကျောင်းသို့ ပို့ခဲ့ပြီး အမြင်အာရုံတိုးတက်ဖို့ ခွဲစိတ်ရန်နှင့် စာဖတ်တတ်ရန် သင်ယူခဲ့ရသည်။…

အဖိုးမဖြတ်နိုင်သောရလဒ်များ

ကျောင်းတက်ရသည့်နေ့တိုင်းတွင် Colleen (ခါလင်း) သည် နေ့ခင်းတိုင်း မတူညီသောဝတ်စုံ (သို့) မျက်နှာဖုံးကို ဝတ်ဆင်ပြီး ကျောင်းကားပေါ်မှဆင်းလာသော သူမ၏ကလေးများကို (၃) နှစ်ကြာမျှ နှုတ်ဆက်ကြိုလေ့ရှိသည်။ ၎င်းသည် ကားမောင်းသူ အပါအဝင်၊ ကျောင်းကားပေါ်မှ ကလေးတိုင်းအတွက်၊ တစ်နေ့တာ ရွှင်လန်းဝမ်းမြောက်စရာပင်ဖြစ်သည်။ “ ကျောင်းကားပေါ်မှာရှိသူတိုင်းကို သူ ပျော်ရွှင်‌စေတယ်။ အံ့ဩစရာပဲ။ ကျွန်တော်အဲဒါကိုသဘောကျတယ်” ဟု ကားဆရာက ပြောသည်။ ခါလင်း ၏ကလေးများလည်း သဘောတူကြသည်။

ဤအရာအားလုံးသည် ခါလင်း က ကလေးများကို ပြုစုစောင့်ရှောက်ရန် တာဝန်ယူသည့်အချိန်မှ စတင်ခဲ့သည်။ မိဘများနှင့်ခွဲခွာပြီး ကျောင်းသစ်ကို တက်ရခြင်းသည် ကလေးများအတွက် ခက်ခဲ‌ကြောင်းသိ၍ သူမသည် ကလေးများကို ဝတ်စုံနှင့် နှုတ်ဆက်ခြင်းကို စတင်ခဲ့သည်။ (၃) ရက်ကြာလုပ်ဆောင်ပြီးနောက် ကလေးများ၏ဆန္ဒအတိုင်း ခါလင်းက ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်နိုင်ရန် အချိန်နှင့် ဈေးချိုသောအရောင်းဆိုင်များတွင် ငွေကို ရင်းခဲ့ရသော်လည်း…

ကြင်နာမှုပြုခြင်း

ကိုယ်ဝန်ပျက်ကျပြီး လအနည်းငယ်ကြာသောအခါ ဗယ်လရီသည် ပစ္စည်းဟောင်းများကို ရောင်းချရန် ဆုံးဖြတ်ခဲ့သည်။ မိုင်အနည်းငယ်ဝေးသည့်နေရာ၌ နေသည့် အိမ်နီးချင်းလက်သမားဆရာ ဂျဲရယ်လ်က သူမ ရောင်းသော ကလေးပုခက်ကို စိတ်အားထက်သန်စွာဖြင့် ဝယ်ယူခဲ့သည်။ ထိုစဥ်တွင် သူ၏ဇနီးက ဗယ်လရီနှင့် စကားပြောခဲ့ပြီး သူမ၏ဆုံးရှုံးမှုအကြောင်းကို သိရှိခဲ့ရသည်။ အိမ်အပြန်လမ်းတွင် သူမ၏အခြေအနေကို ကြားသိရပြီးနောက် ဂျဲရယ်လ် သည် ထိုကလေးပုခက်ကို ဗယ်လရီအတွက် အမှတ်တရအဖြစ် ဖန်တီးပေးရန် ဆုံးဖြတ်ခဲ့သည်။ တစ်ပတ်အကြာတွင် မျက်ရည်များဝိုင်းလျက် သူမအား လှပသော ခုံတန်းရှည်တစ်ခုကို လက်ဆောင်ပေးခဲ့သည်။ “ကောင်းတဲ့လူတွေ ရှိနေသေးတယ်။ ဒီခုံတန်းရှည်က သက်သေပဲ” ဟု ဗယ်လရီ ပြောခဲ့သည်။

ဗယ်လရီကဲ့သို့ပင် ရုသနှင့်နောမိတို့သည် ဆုံးရှုံးမှုကြီးကို ခံစားခဲ့ရသည်။ နောမိ၏ခင်ပွန်းနှင့် သားနှစ်ယောက်တို့ ဆုံးပါးခဲ့ပြီး၊ ယခုတွင် သူမနှင့် မျှော်လင့်ချက်ကင်းမဲ့နေသော ချွေးမရုသတို့၌ အမွေဆက်ခံမည့်သူမရှိ၊ သူတို့ကို စောင့်‌ရှောက်မည့်သူ တစ်ယောက်မျှ မရှိပါ…

စိတ်ပျက်မှုနှင့်ရင်ဆိုင်ခြင်း

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ် အထက်တန်းကျောင်းတစ်ခုမှ နှစ်ကြီး အထက်တန်း ကျောင်းသား/သူများသည် “တစ်သက်တာမမေ့နိုင်မည့်ခရီး” ထွက်ရန် တစ်နှစ်လုံးပိုက်ဆံစုဆောင်းခဲ့ပြီး၊ လေဆိပ်သို့ရောက်ခါမှ သူတို့အများစုသည် လေကြောင်းလိုင်းဟန်ဆောင်သည့် ကုမ္ပဏီအတုမှ လက်မှတ်ဝယ်ထားခဲ့မိကြောင်း သိခဲ့ကြရသည်။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက “ကြေကွဲစရာပါပဲ” ဟု ဆိုသည်။ ကျောင်းသား/သူများသည် သူတို့၏အစီအစဉ်များကို ပြောင်းလဲခဲ့ရသော်လည်း “ရသလောက် အကျိုးရှိအောင်လုပ်မည်” ဟု ဆုံးဖြတ်ခဲ့ကြသည်။ သို့နှင့် သူတို့သည် သူတို့အား ဝင်ကြေးမယူသည့် လေဆိပ်အနီးရှိ လည်ပတ်စရာနေရာများသို့ (၂) ရက်ကြာ လည်ပတ်ခဲ့ကြသည်။

အစီအစဉ်များ မအောင်မြင်ခြင်း (သို့) ပြောင်းလဲလိုက်ရခြင်းသည် စိတ်ပျက်စရာဖြစ်နိုင်၍၊ အထူးသဖြင့် အစီအစဉ်ဆွဲရာတွင် အချိန်၊ ငွေကြေးနှင့် စိတ်ခံစားချက်များ ထည့်သွင်းထားခြင်းကြောင့် ကြေကွဲစရာပင် ဖြစ်နိုင်သည်။ ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်အတွက်အိမ်တော်ကို “တည်လုပ်မည်ဟု [သူ]အကြံရှိ”ခဲ့ပါသည် (၅ ရာ ၂၈:၂)။ သို့သော်လည်း ထာဝရဘုရားက “သင်သည် ... ငါ့နာမအဖို့…