မနာလိုမှုအတွက်ကုထုံး
ညနေပိုင်းတွင် မိဘများက အပြင်ထွက်လိုသဖြင့် မြေးကလေးများကို ထိန်းပေးရန် ၀မ်းမြောက်စွာ ကျွန်မသဘောတူလိုက်သည်။ သူတို့ကို ဖက်ထားပြီး ‘‘စနေတနင်္ဂနွေမှာ ဘာတွေလုပ်ကြသလဲ’’ ဟု မေးလိုက်သည်။ ဦးဦး၊ ဒေါ်ဒေါ်တို့ထံ ညအိပ်သွားခဲ့သည့် အသက်သုံးနှစ်အရွယ် ဘရစ်ဂျာက ရေခဲမုန့်စားရကြောင်း၊ ချားရဟတ်စီးရကြောင်း၊ ရုပ်ရှင်ကြည့်ရကြောင်းတို့ကို ပြောပြသည်။ ထို့နောက် အသက် ငါးနှစ်အရွယ် ဆင်မြူရယ် အလှည့် ဖြစ်သည်။ ဘာလုပ်ခဲ့သလဲဟု မေးသော် သူက ‘‘တောထဲမှာ စခန်းချပြီး လျှောက်လည်တယ်’’ ဟုဖြေသည်။ ‘‘ပျော်သလား’’ ဟု ကျွန်မမေးရာ၊ ‘‘ဒီလောက်ကြီးလည်း မဟုတ်ပါဘူး’’ ဟု အထီးကျန်စွာ ပြန်ဖြေသည်။
ဆင်မြူရယ်၌ မနာလိုစိတ်ဝင်နေသည်။ ညီငယ်၏ စိတ်လှုပ်ရှားစွာ ဖြတ်သန်းခဲ့ရသည့် သူ့အတွေ့အကြုံကို ကြားပြီးနောက် သူ့ဖခင်နှင့် ပျော်ရွှင်စွာ စခန်းချခဲ့သည့်ဖြစ်ရပ်များကို ဆင်မြူရယ် မေ့သွား တော့သည်။
ကျွန်မတို့အားလုံးသည်လည်း မနာလိုမှု ကျော့ကွင်းထဲသို့ ကျရောက်နိုင်သည်။…
စခန်းချ ဆာလံသီချင်းများ
ကျွန်မ၏ခင်ပွန်းသည်နှင့်အတူ သဘာဝအလှကို ခံစားရင်း လမ်းလျှောက်ထွက်ခဲ့စဉ်က ကင်မရာ ယူဆောင်သွားပြီး လမ်းဘေး၌ ပေါက်နေသောအပင်လေးများကို အနီးကပ် ဓာတ်ပုံရိုက်ခဲ့သည်။ အင်မတန်မှ အံ့သြဖွယ် ကောင်းလောက်အောင် အရောင်အသွေး စုံလင်သည့် အလှများကို မြင်ခဲ့ရသည်။ ညကမှပေါက်လာသည့် မှိုပွင့်များက တောက်ပသော လိမ္မော်ရောင်၊ အနီရောင်၊ အ၀ါရောင် များဖြင့် ပြိုးပြိုးပျက်ပျက် လှပနေသည်။
ကျွန်မတို့ကို ၀န်းရံနေသည့် သဘာဝသက်ရှိ လောကကို ကြည့်ရင်း မှိုပွင့်လေးများသာမက စကြ၀ဠာရှိကြယ်တာရာများကို ဖန်ဆင်းသူ ဖန်ဆင်းရှင်ကို ချီးမွမ်း ဆင်ခြင်ရန် ကျွန်မအတွက် နိုးဆော်မှုဖြစ်ခဲ့ပါသည်။ ကိုယ်တော်သည် အနှိုင်းမဲ့သော ကမ္ဘာကြီးအား မတူညီ ကွဲပြားစွာ အမျိုးစုံလင်စွာဖြင့် ဖန်ဆင်းခဲ့သည်။ သင်နှင့် ကျွန်မကိုလည်း ဖန်ဆင်း၍၊ လှပသော ဖန်ဆင်းခြင်း လက်ရာတော်များ အလယ်တွင် နေရာချကာ ထိုအရာများကို ကြည်နူးခံစားရန်နှင့် အုပ်စိုးရန်အလိုငှာ အပ်ပေးခဲ့သည်။
ကျွန်မ၏အတွေးများက မိသားစုခရီးထွက်တိုင်း…