ဉယျာဉ်ထဲတွင်
ကျွန်မဖခင်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာဖြစ်သော သစ်တောထဲတွင် စခန်းချခြင်း၊ ငါးမျှားခြင်းနှင့် လှပသော ကျောက်စရစ်ခဲများ ရှာဖွေခြင်းတို့ကို သဘောကျသည်။ သူသည် နောက်ဖေးခြံနှင့်ဥယျာဉ်၌ လုပ်ကိုင်ရသည်ကိုလည်း သဘောကျသည်။ သို့သော် ထိုသို့လုပ်ကိုင်ခြင်းသည် အလုပ်အလွန်များပါသည်။ အကိုင်းအခက်ချိုင်၊ မြေဆွ၊ မျိုးစေ့နှင့်ပန်းများစိုက်၊ ပေါင်းနုတ်၊ မြက်ရိတ် စသည်ဖြင့် နာရီပေါင်းများစွာကြာအောင် လုပ်ရသည်။ မြေညှိထားသောမြက်ခင်း၊ အရသာရှိသောခရမ်းချဉ်သီးများနှင့် လှပသောနှင်းဆီပွင့် စသည့် ရလဒ်များက ပင်ပန်းရကျိုးနပ်စေပါသည်။ နှစ်စဉ်နှစ်တိုင်း အဖေသည် နှင်းဆီပင်များကို မြေကြီးနားအထိ ကပ်ပြီးညှပ်သော်လည်း နှစ်တိုင်းပင် ပြန်ကြီးထွားကာ သူတို့၏အလှနှင့်မွှေးရနံ့တို့ကို မြင်ရ ရှူရှိုက်ရပါသည်။
အာဒံနှင့် ဧဝတို့ နေထိုင်ခဲ့၊ ရှင်သန်ခဲ့ပြီး၊ ဘုရားသခင်နှင့်မိတ်သဟာယပြုခဲ့သော ဧဒင်ဥယျာဉ်အကြောင်းကို ကမ္ဘာဦးကျမ်းတွင် ဖတ်ရှုရပါသည်။ ထိုဥယျာဉ်တွင် “ထိုမြေထဲက အဆင်းလှ၍၊ စားဖွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင် ဘုရားသခင်ပေါက်စေတော်မူ”သည် (က ၂:၉)။ ပြီးပြည့်စုံနေသောဥယျာဉ်တွင် လှပ၍ရနံ့မွှေးသောပန်းပင်များနှင့်…