စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Alyson Kieda

တောင်းပန်ပါတယ်

၂၀၀၅ ခုနှစ်က ကောလင်းသည် မဟုတ်မမှန်သည့် အစီရင်ခံစာတစ်စောင်ကို တင်ပြခဲ့ရာ၊ ရလဒ်အဖြစ် မဂ္ဂီး ထောင် ၄ နှစ် ကျခဲ့သည်။ မဂ္ဂီးက သူထောင်မှ လွတ်လျှင် ကောလင်းကို ရှာပြီး လက်စားချေမည်ဟု သန္နိဋ္ဌာန်ချခဲ့သည်။ ထိုအတောအတွင်း ကောလင်း၏ မဟုတ်မမှန်အစီရင်ခံစာများ ပေါ်သွား၍ သူလည်း အလုပ်ပြုတ်ကာ ထောင်နန်းစံခဲ့ရသည်။ ထိုသူနှစ်ဦးတို့သည် ထောင်ကျနေစဉ်အတွင်း ခရစ်တော်ကို ယုံကြည်လက်ခံခဲ့ကြသည်။

၂၀၁၅ ခုနှစ်တွင် ၎င်းတို့နှစ်ဦးသည် ယုံကြည်ခြင်း အခြေပြု အဖွဲ့အစည်းတစ်ခုတည်း၌ အလုပ်လုပ်နေကြောင်း သိလိုက်ကြသည်။ ‘‘တကယ်ပါ၊ ကျွန်တော့်မှာ ဘာမှ ဖြေရှင်းစရာ မရှိပါဘူး။ ကျွန်တော်ပြောနိုင်တာကတော့ ‘တောင်းပန်ပါတယ်’ ဆိုတဲ့ စကားတစ်ခွန်းပါဘဲ’’ ဟု ကောလင်းက မဂ္ဂီးကို ပြောသည်။ ‘‘အဲဒီ စကားတစ်ခွန်းက ကျွန်တော်ကြားချင်တဲ့ စကားဘဲလေ’’ ဟု ပြောကာ မဂ္ဂီးက ကောလင်းကို ခွင့်လွှတ်ခဲ့သည်။…

ဘုရားသခင်၏သတိနှင့်ကြည့်ရှုစောင်မခြင်း

ကျွန်တော့်မြေးလေးများသည် ၎င်းတို့ဘာသာ၎င်းတို့ ဝတ်စားဆင်ယင်ရခြင်းကို နှစ်သက် ကြသည်။ တစ်ခါတစ်ရံ အင်္ကျီ ပြောင်းပြန်ဝတ်မိသည့်အခါများရှိသည်။ ဖိနပ်ကိုလည်း ဘယ်နှင့်ညာမှားပြီး စီးမိသည်။ သူတို့၏အမှားကို ကျွန်တော်မဝေဖန်သလို အပြစ်လည်း မပြောပါ။ ကျွန်တော့်အမြင်၌ သူတို့၏အမူအရာသည် ဖြူစင်ပြီး ချစ်ဖို့ကောင်းသည်။

လောကကြီးကို မြင်သည့် ကလေးအမြင်နှင့် လောကကြီးကို ရှုမြင်ကြည့်ရခြင်းကို ကျွန်တော် သဘောကျ သည်။ သူတို့အတွက် လောကကြီးရှိ အရာရာတိုင်းသည် စိတ်ဝင်စားစရာဖြစ်သည်။ လဲကျနေသည့်သစ်ပင်ပေါ် လမ်းတက်လျှောက်ကြည့်သည်။ သစ်တုံးပေါ်၌ နေပူစာ လှုံနေသည့် လိပ်ကလေးကို လိုက်ချောင်းသည်။ အိမ်ရှေ့မှ ဖြတ်သွားသည့်မီးသတ်ကားကို တအံ့တသြ လိုက်ကြည့်သည်။ သို့သော် ကျွန်တော့် မြေးလေးများလည်း လုံးဝ စင်းလုံးချော အပြစ်ကင်းဖြူစင်ကြသည် မဟုတ်ပါ။ ညအချိန် အိပ်ယာမဝင်ချင်၍ သူတို့ဆင်ခြေအမျိုးမျိုး ပေးတတ်သည်။ အခြားသူငယ်ချင်း၏အရုပ်ကို လိုချင်လျှင်လည်း ဆွဲလုတတ်သည်။ သို့သော်လည်း ကျွန်တော် သူတို့ကို အလွန်ချစ်ပါသည်။…

အကြောင်းရင်းကို ယေရှုသိသည်

ကျွန်ုပ်၏သူငယ်ချင်းအချို့သည် သူတို့၏အနာရောဂါ တစ်စိတ်တစ်ပိုင်းကို ကုသ ပျောက်ကင်းပြီးနောက် နာကျင်မှုကို ဆက်လက်ခံစားနေရသည်။ အချို့သူငယ်ချင်း များက ဆေးစွဲမှုများကို ကုသခံယူပြီးသော်လည်း မိမိကိုယ်ကို စိတ်မချခြင်း၊ မိမိကိုယ်ကို ရွံရှာနေခြင်းတို့ကို ခံစားရုန်းကန်နေရသည်။ ‘‘သူတို့ကို လုံးဝဥဿုံ အပြီးအပိုင် ပျောက်ကင်းအောင် ဘုရားသခင်က ဘာ့ကြောင့် ကုသမပေး တာလဲ’’ ဟု ကျွန်ုပ်တွေးရင်း အဖြေသိချင်လှသည်။

ရှင်မာကု ၈း၂၂-၂၆ တွင် သခင်ယေရှုက မျက်မမြင် တစ်ဦးကို ကုသပေးသည်။ ဦးစွာ သခင်က ထိုသူကို ရွာပြင်သို့ ခေါ်ထုတ်သွားသည်။ ထိုနောက် သူ၏မျက်စိကို တံထွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကို တင်လိုက် သည်။ ထိုသူသည် ကြည့်မျှော်လျှင် လူတို့သည် သစ်ပင်ကဲ့သို့ ဖြစ်၍ လျှောက်လှမ်းသွားသည်ကို အကျွန်ုပ်မြင်ပါသည်ဟု လျှောက်၏။ နောက်တစ်ဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကို တင်၍ ကြည့်မျှော်စေတော်မူလျှင် သူသည်…

မည်သို့ပင်ဖြစ်လင့်ကစား

အသက်တာတွင် တစ်ခါတစ်ရံ ပြင်းထန်သောထိုးနှက်ချက်များနှင့် ကျွန်ုပ်တို့ ရင်ဆိုင် ရတတ်ပြီး အချို့အချိန်များတွင်မူ အံ့သြဖွယ်နမိတ်လက္ခဏာများဖြစ်ပေါ်တတ်သည်။

ဗာဗုလုန်မြို့တော်သို့ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသော လူငယ်လေး ၃ ဦးသည်  တန်ခိုးအရှိန်အ၀ါကြီးမားလှသောရှင်ဘုရင်ရှေ့၌ ဧရာမရုပ်တုကြီးကိုမည်သည့်အခြေအနေမျိုးပင်ဖြစ်ဖြစ် ဦးမချ ၀တ်မပြုနိုင် ကြောင်း ရဲရင့်စွာ ပြောခဲ့သည်။ ‘‘ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကလည်း အရှင်မင်းကြီး နေဗုခဒ်နေဇာ၊ ... အကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် မီးလောင် လျက်ရှိသော မီးဖိုထဲက အကျွန်ုပ်တို့ကို ကယ်လွှတ်နိုင် တော်မူ၏။... ထိုသို့ ကယ်လွှတ်တော်မမူသော်လည်း အရှင်မင်းကြီး၊ ကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည် ၀တ်မပြုပါ’’  (ဒံ ၃း၁၆-၁၈)။

ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့သည် ပြင်းစွာလောင်သော မီးဖိုထဲသို့ ပစ်ချခြင်းခံရသော်လည်း ဘုရားသခင်သည် အံ့သြဖွယ်ကောင်းလောက်အောင် ကယ်တင်ခဲ့သောကြောင့် ဆံခြည်တစ်ပင်မျှ မီးမမြိုက်၊ ၀တ်လုံလည်း ခြားနားခြင်းမရှိ၊ မီးလောင်သောအနံ့လည်း ကင်းလွှတ်၏ (း၁၉-၂၇)။…

သူငယ်ကဲ့သို့

ချီးမွမ်းခြင်းသီချင်း၏တေးသွားသံစဉ်နှင့်အညီ ကလေးမလေးတစ်ဦး ၀မ်းမြောက်စွာဖြင့်  လှပကျက်သရေရှိစွာ လှုပ်ရှားလျက် ကနေသည်။ ဘုရားကျောင်းခန်းမ၏အလယ်လူသွားလမ်း၌ သူတစ်ဦးတည်းသာရှိပြီး တေးသွားအလိုက် ခြေဖျားထောက်လိုက်၊ လက်အပေါ် မြှောက်လိုက်၊ တစ်ပတ်လှည့်လိုက်နှင့် စီးမျော ကနေသည်။ သူ့အမေက နှုတ်ခမ်းထက်၌ အပြုံးပန်းဝေလျက် သမီးကို မတားဘဲ ကြည့်နေသည်။

ကျွန်မ ကလေးမလေးကို ကြည့်ရင်း စိတ်ပျော်လာကာသူနှင့်အတူ လိုက်ကချင်သော်လည်း ထွက်မကခဲ့ပါ။ မိမိ ကိုယ်ကို သတိမထားမိလောက်အောင် ၀မ်းမြောက်မှုကို ဖော်ပြခဲ့သည့် ကလေးဘ၀က အချိန်ကို ကျွန်မ ပြန်သတိရ မိသည်။ ကလေးဆန်သည့်အပြုအမူများကိုဖယ်ပြီး ကျွန်မတို့ ကြီးထွားရင့်ကျက်ရမည်ဖြစ်သော်လည်း ၀မ်းမြောက်မှုနှင့် အံ့သြကြည်နူးမှုကို ချုပ်တည်း လက်လွတ်ဆုံးရှုံးခံရန် မဆိုလိုပါ။ အထူးသဖြင့် ဘုရားသခင်နှင့် ကျွန်မတို့၏ဆက်ဆံ ရင်းနှီးအကျွမ်းဝင်မှုတွင် ဖြစ်သည်။

သခင်ယေရှု ဤလောက၌ ကျင်လည်စဉ်က ကလေးသူငယ်များကို ကြိုဆိုခဲ့ပြီး သူ၏ သွန်သင်မှုတွင်လည်း ကလေးသူငယ်ကို ရည်ညွှန်းသည့်အကြောင်းများ ပါရှိသည် (မ ၁၁း၂၅၊ ၁၈း၃၊…

သခင်ဦးဆောင်ရာသို့ လိုက်ပါခြင်း

ကျွန်တော်ငယ်စဉ်က အသင်းတော်၏တနင်္ဂနွေနေ့ညနေပိုင်း ၀တ်ပြုစည်းဝေး အစီအစဉ်ကို စောင့်မျှော်နေမိသည်။ တနင်္ဂနွေညအစီအစဉ်သည် ကျွန်တော်တို့အတွက် သာသနာပြုဆရာ (သို့) အထူးဖိတ်ကြားထားသည့် ဆရာများဟောပြောဝေငှသည့် တရားဒေသနာကို ကြားနာရမည့်အချိန်ဟု အဓိပ္ပာယ်သက်ရောက်သည်။ ထိုအချိန်က စိတ်လှုပ်ရှား ပျော်ရွှင်စရာဖြစ်သည်။ ထိုဆရာများသည် မိသားစုနှင့်မိတ်ဆွေများ၊ ၎င်းတို့၏အချိန်၊ နေရပ်၊ စည်းစိမ်နှင့် အလုပ်အကိုင်များကို စွန့်ပြီး တစ်စိမ်းတစ်ရံကြား၊ အကျွမ်းမ၀င်သောအရပ်၊ တစ်ချို့ဆိုလျှင် အသက်အန္တရာယ် ရှိသည့် အရပ်ဒေသများသို့ သွားပြီး ဘုရားသခင်ကို အစေခံ ကြခြင်းကြောင့် ၎င်းတို့၏ဝေငှသက်သေခံချက်များက ကျွန်တော့်အတွက် နိုးဆော်မှုဖြစ်သည်။

ထိုသာသနာပြုဆရာများနည်းတူ ဧလိရှဲသည် ဘုရားသခင်၏ နောက်တော်လိုက်လျှောက်ရန် အရာများစွာကို စွန့်ခဲ့ရသည် ( ၃ ရာ ၁၉း၁၉-၂၀)။ ဧလိယအားဖြင့် ဘုရားသခင် သူ့ကိုအမှုတော်အတွက် မခေါ်မီက သူသည် လယ်သမားဖြစ်သည်ဟူသည့် အချက်မှလွဲ၍ သူ့အကြောင်းကို ကျွန်တော်တို့ မသိရပါ။ တစ်နေ့ သူလယ်ထွန်နေစဉ်၊ ပရောဖက်ဧလိယ…

မိတ်ဆွေဖြစ်လေ့မရှိသည့်တိရိစ္ဆာန်များ

ဖေ့ဘွတ်မှကျွန်မ၏သူငယ်ချင်းများသည် တစ်ကောင်နှင့်တစ်ကောင် မတည့်သော တိရိစ္ဆာန်လေးများ အတူတကွ ချစ်ခင်စွာရှိနေသော ဗီဒီယိုများကို တင်လေ့ရှိကြသည်။ မကြာမီက  ခွဲမရအောင်ဖြစ်နေသော ခွေးနှင့်ဝက်၊ သမင်နှင့်ကြောင်၊ ကျားပေါက်လေး များကို ပြုစုစောင့်ရှောက်နေသောမျောက်ဝံ စသည့် ဗီဒီယိုများကို ကြည့်ခဲ့ရသည်။

ဤသို့ ဖြစ်လေ့ဖြစ်ထမရှိသော ရင်းနှီးမှုများကို တွေ့ရသောအခါ ဧဒင်ဥယျာဉ်၏သရုပ်ကို အမှတ်ရမိသည်။ အာဒံနှင့်ဧ၀သည် ဘုရားသခင်နှင့်သော်လည်းကောင်း၊ သူတို့ အချင်းချင်းသော်လည်းကောင်း လိုက်လျောညီထွေစွာ နေထိုင်ခဲ့သည်။ အစာအတွက် အပင်ကို ဘုရားရှင် ပြင်ဆင် ပေးသောကြောင့် တိရိစ္ဆာန်များလည်း ငြိမ်းချမ်းစွာ အတူ နေထိုင်ခဲ့မည်ဟု ကျွန်မတွေးထင်မိသည် (က ၁း၃၀)။ သို့သော် ဤချမ်းမြေ့ဖွယ်မြင်ကွင်းသည် အာဒံနှင့်ဧ၀တို့ အပြစ်ပြုမိသောအခါ ပျက်စီးသွားသည် (၃း၂၁-၂၃)၊ ယခုတွင် လူသားချင်း ရင်းနှီးဆက်ဆံမှုနှင့် သဘာဝ ဖန်ဆင်းခြင်းလက်ရာများတွင် ရုန်းကန်ရမှုနှင့် ပဋိပက္ခများ အစဉ် ဖြစ်ပေါ်နေတော့သည်။

သို့သော် တစ်နေ့တွင်…

ဝမ်းမြောက်ခြင်း

မြန်ဆန်လွန်းလှစွာဖြင့် ကျွန်မသက်ကြီးပိုင်းသို့ ရောက်လာပါတော့မည်။ ယခုတော့ မရောက်သေးပါ။ ရာသီနှစ်လများက မြင်းဒုန်းစိုင်းစီးသကဲ့သို့ လျင်မြန်စွာကုန်လွန်သည်။ တစ်ခါတစ်ရံတွင် အချိန်ကို ဖြည်းဖြည်းချင်းသာ ကုန်လွန်သွားစေချင်သည်။ မည်သို့ပင် ဖြစ်စေ ၀မ်းမြောက်ခြင်းကို ကျွန်မခံစားရသည်။ နေ့ရက်တိုင်းသည် ဘုရားသခင် ပေးသနားသည့် နေ့သစ်များ ဖြစ်သည်။ ‘‘ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၍...ကရုဏာတော်နှင့် သစ္စာတော်ကို နံနက်အချိန်၊ ညအချိန် အစဉ်အတိုင်းပြုခြင်းငှာ လည်းကောင်းလျောက်ပတ်ပေ၏’’ ဟု ဆာလံဆရာနှင့်အတူ ကျွန်မ ရွတ်ဆို နိုင်သည် (ဆာ ၉၂း၁-၂)။

ကျွန်မ၏အသက်တာ၌ ဘ၀အတွက် ရုန်းကန်ရမှုများ ရှိပြီး တစ်ခါတစ်ရံ အခြားသူများခံစားရသည့်နာကျင်မှုနှင့်  အခက်အခဲများကို နားမလည်နိုင်ဖြစ်ရသော်လည်း ဆာလံဆရာနှင့်အတူ ‘‘လက်တော်နှင့် ပြုပြင်သမျှတို့ကြောင့် ရွှင်လန်းစွာ သီချင်းဆိုရန်’’ (း၎) ထာဝရဘုရားသခင် အခွင့်ပေး သည်။ မိသားစု၊ မိတ်ဆွေများ၊ စိတ်ကျေနပ်စရာကောင်းသည့် အလုပ်အကိုင်စသည့် ဘုရားပေးထားသော ကောင်းချီးမင်္ဂလာများအတွက် ၀မ်းမြောက်ရသည်။…

ယေရှု မေစယ်ကို ချစ်သည်

ကျွန်မညီမလေး မေစယ် ငယ်စဉ်က သူအကျွမ်းဝင်းရင်းနှီးနေသည့်သီချင်းကို သူ့ကိုယ်ပိုင်ဟန်ဖြင့် ‘‘ယေရှု ငါ့ကို ချစ်ပေ၏။ ကျမ်းစာအားဖြင့် မေစယ်သိ’’ ဟူ၍ သီဆိုသည်။ ဤအရာက ကျွန်မကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်။ သူ့ထက် အသက်ပိုကြီးပြီး ပိုပြီးတတ်သိသည့် အစ်မတစ်ဦးအနေဖြင့် သီချင်းစာသားမှာ ‘‘ကျွန်ုပ် သိသည်’’ ဟု ဖြစ်ပြီး ‘‘မေစယ်သိသည်’’ ဟူ၍ မဟုတ်ပါ။ သူကတော့ သူ့နည်းအတိုင်း မပြောင်းလဲဘဲ ဆိုမြဲဆိုဆဲပင်။

ကျွန်မ၏ညီမလေးသည် တောက်လျှောက် အမှန်ကို သီဆိုနေကြောင်း ယခုမှ ကျွန်မစဉ်းစားမိသည်။ ယေရှုသည် ကျွန်မတို့ကို ချစ်ကြောင်း ကျမ်းစာက မေစယ် နှင့် ကျွန်မ တို့ကို အမှန်ပြောနေပြီး ထိုသမ္မာတရားကို ကျွန်မတို့ ထပ်ခါ တလဲလဲ ဖတ်ရှုရသည်။ ဥပမာ – ‘‘ယေရှု ချစ်တော်မူသော တပည့်တော်’’(ယော ၂၁း၇၊၂၀) တမန်တော် ရှင်ယောဟန် ရေးသောစာများတွင် လူသိများသော…

ကြီးမြတ်သောမေတ္တာတော်

မကြာသေးမီက ကျွန်မတို့၏ ၂၂ လသားအရွယ် မြေးမလေး မိုရီယာကို သူ့အစ်ကိုများမပါဘဲ ပထမဆုံးအကြိမ် ကျွန်မတို့အိမ်သို့ ညအိပ်ခေါ်ခဲ့သည်။ ကျွန်မတို့၏မေတ္တာကို သူ့အား ပုံအော၍ပေးသည်။ သူ့ကို မပြတ်ဂရုစိုက် စောင့်ကြည့်သည်။ သူပျော်အောင် သူလုပ်ချင် သည့်အရာကို ခွင့်ပြုသည်။ နောက်တစ်နေ့ သူ့အားပြန်ပို့ပေးပြီး နှုတ်ဆက်ကာ ပြန်လာရန် တံခါးမကြီးသို့ ကျွန်မတို့လျှောက်လာစဉ် မိုရီယာသည် စကား တစ်ခွန်းမှမပြောဘဲ ညအိပ်အဝတ်အစားထည့်သည့် အိတ်ကို ကောက်ကိုင်ကာ တံခါးမတွင်ထိုင်ပြီး ကျွန်မတို့နှင့် ပြန်လိုက်ရန် အဆင်သင့်စောင့်နေတော့သည်။
မိုရီယာလေးသည် သူ၏ကလေးခါးတောင်းကျိုက် (ဒိုင်ပါဖင်ထုပ်)ကိုဝတ်ထားပြီး ဖိနပ်ကိုလည်း ဘယ်ညာ မှားစီးထားကာ အဘိုးအဘွားနောက်သို့ ပြန်လိုက်ရန် အဆင်သင့် စောင့်ဆိုင်းနေပုံလေးက ကျွန်မမှတ်ဉာဏ်ထဲတွင် ထွင်းထား သကဲ့သို့ စွဲနေသည်။ ဤအဖြစ်အပျက်ကို ပြန်တွေးမိတိုင်း ကျွန်မပြုံးမိသည်။ ကျွန်မတို့နှင့်လိုက်သွားရန် သူ့စိတ်ဆန္ဒ ပြင်းပြလျက် သူ၏တစ်ဦးတည်း ကိုယ်ပိုင်အချိန်ကို ထပ်ယူရန် အဆင့်သင့်…