စာရေးသူ

အားလုံးမြင်နိုင်ရန်
Peterson Amy

Amy Peterson

Amy Peterson သည် တေလာတက္ကသိုလ်၏ ဂုဏ်ထူးတန်း သင်တန်းအစီအစဉ်များဌာနတွင် လုပ်ကိုင်နေသူဖြစ်သည်။ သူသည် Texas A & M မှ ၀ိဇ္ဇာဘွဲ့ (English Literature)၊ Wheaton ကောလိပ်မှ မဟာဘွဲ့ (Intercultural Studies) များ ရရှိခဲ့ပြီး လတ်တလောတွင် Seattle Pacific တက္ကသိုလ်တွင် MFA မဟာတန်းကို တက်ရောက်နေပါသည်။ အရှေ့တောင် အာရှဒေသတွင် အင်္ဂလိပ်စာ ကို ၂ နှစ် ခန့် ပို့ချသင်ကြားခဲ့ပြီးနောက် ကယ်လီဖိုးနီးယား၊ အာကဲန်ဆက်၊ ၀ါရှင်တန် နှင့် အင်ဒီယားနား ပြည်နယ်များတွင် ပြန်လည်၍ အင်္ဂလိပ်စာကို ပို့ချသင်ကြားခဲ့သည်။ သူ၏ ပထမဆုံးသော စာအုပ် - သူ့ဘ၀မှတ်တမ်း- Memoir စာအုပ်ကို Discovery House မှ ထုတ်ဝေဖြန့်ချိမည်ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ Amy Peterson

အမှတ်တရ ကျောက်တုံးများ

ရံဖန်ရံခါ နံနက်ပိုင်းတွင် ကျွန်မအွန်လိုင်းပေါ်တက်စဉ် လွန်ခဲ့သောနှစ်များအတွင်း တင်ခဲ့သောအရာများကို ဖေ့စ်ဘွတ် မှ ‘‘အမှတ်ရစရာ’’များအဖြစ် ဖော်ပြပေးသည်။ ကျွန်မမောင်လေး မင်္ဂလာဆောင်မှဓာတ်ပုံများ၊ ဘွားဘွားကြီးနှင့်ကျွန်မသမီးတို့ အတူကစား နေသော ဗီဒီယိုဖိုင် အစရှိသော အမှတ်တရများက ကျွန်မကို ပြုံးမိစေပါသည်။   သို့သော် တစ်ခါတစ်ရံ ထိုအမှတ်တရများသည် ပို၍ နက်နဲသော စိတ်ခံစားမှုများကို ဖြစ်စေသည်။ ကျွန်မခဲအို ကင်ဆာဖြစ်၍ ဆေးသွင်းကုသရစဉ် ပေးပို့ခဲ့သောစာတိုများ၊ လွန်ခဲ့သောသုံးနှစ်က အမေ့ဦးနှောက်ခွဲစိတ်မှုအပြီး  ခေါင်းပေါ်မှချုပ်ရာနှင့် ဓာတ်ပုံများကို ပြန်တွေ့သောအခါ ခက်ခဲသောအခြေအနေများအတွင်း ဘုရားရှင်၏အတူရှိခြင်း သစ္စာတော်ကို ပြန်လည်အမှတ်ရစေသည်။ ထို ဖေ့စ်ဘွတ် မှအမှတ်တရများသည် ဆုတောင်းလျက် ကျေးဇူးတင်ရန်   တွန်းပို့စေ့ဆော်သည်။

ဘုရားရှင်ပြုပေးခဲ့သောအမှုများကို ကျွန်မတို့ လွယ်လင့်တကူ မေ့ပျောက်တတ်ကြခြင်းကြောင့် ကျွန်မ တို့ကို သတိပေးမည့်အရာများ လိုအပ်သည်။ ဘုရားသခင်၏ လူမျိုးတော်တို့ကို  နယ်မြေသစ်၊ နိုင်ငံသစ်ဆီသို့ ယောရှုဦးဆောင်ခေါ်ဆောင်ခဲ့စဉ်က ယော်ဒန်မြစ်ကို ကူးဖြတ်ခဲ့ကြရသည်…

စိတ်လှုပ်ရှားအံ့ဖွယ် မျှော်လင့်ရာ

Reginald Fessenden သည် ကြိုးမဲ့ရေဒီယိုဖြင့် ဆက်သွယ်နိုင်ရေးအတွက် နှစ်ပေါင်း များစွာ ကြိုးစားခဲ့သည်။ အခြားသော သိပ္ပံပညာရှင်များက သူ၏အတွေးအခေါ်ကို မဖြစ်နိုင်၊ မြင့်လွန်းသည်၊ အောင်မြင်မှာ မဟုတ်ဟု သံသယ၀င်ခဲ့ကြသည်။ သို့သော် သူသည် ၁၉၀၆ ခုနှစ် ဒီဇင်ဘာလ ၂၄ တွင် ရေဒီယိုမှ ပထမဆုံးတေးသီချင်းများ စတင် ဖျော်ဖြေသူဖြစ်လာခဲ့ပြီး သူ့ယူဆချက်သည် ဖြစ်နိုင်ကြောင်း သက်သေပြခဲ့သည်။

Fessenden သည် သစ်သီးဝလံကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုပြီး လှေ ၁၂ စီးပေါ်တွင် ကြိုးမဲ့ရေဒီယိုစနစ်ကို တပ်ဆင်ပေးခဲ့သည်။ ငှက်ပျောသီးခူးခြင်း၊ ဈေးကွက် ထိုးဖောက်ခြင်းနှင့်ပတ်သက်၍ လှေပေါ်မှပင် ဆက်သွယ် အရောင်းအ၀ယ်လုပ်ရန် ဖြစ်သည်။ ခရစ်စမတ် အကြိုညတွင် သင်္ဘောပေါ်ရှိကြိုးမဲ့အော်ပရေတာ စက်ကိုင်များအားလုံးကို အာရုံပြု၍ နားဆင်ရန် သူကြိုပြောထားပြီး ည ၉ နာရီ ၀န်းကျင်ခန့်တွင် သူ့အသံကို အားလုံးကြားလိုက်ရသည်။

သူပြောခဲ့သည့်အတိုင်း…

မျက်တောင်ခတ်တိုင်း ဘုရားရှင်အကြောင်း ဆင်ခြင်ပါ

‘‘ဘုရားသခင်ဟာ မျက်ခွံနဲ့တူတယ်’’ ဟု ကျွန်မ၏သူငယ်ချင်း ရဲလီ က ဆိုသဖြင့် အံ့ဩစွာဖြင့် ကျွန်မ မျက်တောင်ခတ်လိုက်မိသည်။ သူဘာကိုဆိုလိုသနည်း။
‘‘ပိုရှင်းအောင် ငါ့ကို  ပြောစမ်းပါအုံး’’ ဟု ကျွန်မက ပြန်ပြောသည်။ ကျွန်မတို့ အတူတကွ ကျမ်းစာကို လေ့လာရာ၌ ဘုရားသခင်ကို သားဖွားခြင်းဝေဒနာ ခံစားရသော မိခင်အဖြစ်လည်းကောင်း (ဟေရှာ ၄၂း၁၄)၊ ပျားကို ထိန်းချုပ်သူ အဖြစ်လည်းကောင်း (၇း၁၈) ပုံဖော်ထားသည်ကို တွေ့ရသော်လည်း သူပြောသည့်အရာက ကျွန်မအတွက် အသစ်အဆန်း ဖြစ်နေသည်။ ဘုရားသခင်သည် သူ့လူမျိုးတော်အား ဂရုတစိုက်ပြုစုကြောင်း မောရှေချီးကျူး ထောမနာပြုသည့် တရားဟောရာကျမ်း ၃၂ ကို ရဲလီ ကပြသည်။ အခန်းငယ် ၁၀ တွင် ဘုရားသခင်သည် သူ၏ လူမျိုးတော်ကို မျက်လုံးထဲမှ မျက်ဆံတော်ကဲ့သို့ စောင့်ရှောက် တော်မူမည် ဟု ဖော်ပြထားသည်။
အင်္ဂလိပ်ဘာသာတွင်…

စောင့်ဆိုင်းခြင်း ၀န်တာ

လွန်ခဲ့သောနှစ်အတန်ကြာက ကျွန်မတို့ မိသားစုဝင်နှစ်ဦးမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် ဆေးစစ်ချက်အဖြေကို ရရှိခဲ့ရသည်။ ၎င်းတို့ဆေးကုသမှု ခံယူသည့် တစ်လျှောက်လုံးတွင် သူတို့ကို မစအားပေးရင်း ကျွန်မအတွက် အခက်ခဲဆုံးသော အပိုင်းမှာ မသေချာမရေရာမှုကို အဆက်မပြတ် ခံစားရခြင်းဖြစ်သည်။ ဆရာဝန်ထံမှ တိကျသည့် စကားကို ကြားလိုပြီး ကျွန်မ ဆောက်တည်ရာမရ ဖြစ်ခဲ့သည်။ သို့သော် အခြေအနေက တဲ့တိုး တည့်တည့် ပြောရန် ခက်သည်။ ကျွန်မတို့ကို ရှင်းလင်းပြောပြခြင်းထက် စောင့်ဆိုင်းရန်သာ ပြောသည်။
မသေချာ မရေရာမှုဝန်ထုပ်က ထမ်းရွက်ရန် ခက်လှပြီး၊ နောက်ဘာဖြစ်မည်ကို တွေးရင်း ဇဝေဇ၀ါ ဖြစ်ရ သည်။ သေခြင်းဖြင့် မခွဲခွာရမီ ခံစားရမည့် နေ့ရက်များက တစ်ပတ်လား၊ တစ်လလား၊ တစ်နှစ်လား၊ ဆယ်နှစ်လား၊ မသိနိုင်ပါ။ ရောဂါဝေဒနာနှင့် ဆေးစစ်ချက် အဖြေများကို ထည့်မတွက်ဘဲ၊ သေချာသည်က ကျွန်မတို့ တစ်ယောက်စီ…

ကျွန်ုပ်တို့အကျိုးအတွက် စွန့်ပယ်ခံခြင်း

မိတ်ဆွေတစ်ဦး အနားမှာရှိခြင်းက နာကျင်မှုကို ပို၍ခံနိုင်ရည်ရှိစေပါသလား။  ဗာဂျီးနီးယား တက္ကသိုလ်မှ သုတေသနပညာရှင်များသည် ထိုမေးခွန်းအတွက် စိတ်ဝင်စားစရာအဖြေ တစ်ခုကို ရှာတွေ့ခဲ့သည်။ ထိုပညာရှင်များက လူတစ်ယောက်သည် နာကျင်မှုဝေဒနာကို တစ်ယောက်တည်း ခံစားနေရချိန်၊ သူစိမ်းတစ်ယောက်၏လက်ကို ဆုပ်ကိုင်ထားရင်း ခံစားရချိန် (သို့) အရင်းနှီးဆုံးမိတ်ဆွေ၏လက်ကို ဆုပ်ကိုင် ရင်း ခံစားရချိန် စသည့် ကွဲပြားသောအခြေအနေများတွင် ဦးနှောက်၏တုံ့ပြန်မှု မည်သို့ရှိမည်ကို လေ့လာခဲ့သည်။
သုတေသနပညာရှင်များက ၁၂ ကြိမ် မက  စမ်းသပ်ပြီးသောအခါ လက်ခံနိုင်ဖွယ်ရလဒ်ကို ရရှိခဲ့သည်။ ကျရောက်လာမည့်ထိတ်လန့်မှုကို တစ်ဦးတည်းရင်ဆိုင်သူ နှင့် သူစိမ်းတစ်ယောက်၏လက်ကို ဆုပ်ကိုင်ရင်း စောင့်ဆိုင်း သူတို့၏ဦးနှောက်တွင် အန္တရာယ်ကျရောက်တော့မည်ဟု သတိပေးနေသည်။ သို့သော် ယုံကြည်စိတ်ချရသူတစ်ဦး၏လက်ကို ဆုပ်ကိုင်ထားသူ၏ ဦးနှောက်သည် သက်သက်သာသာရှိနေသည်။ သူငယ်ချင်းတစ်ဦးရှိနေခြင်းဖြင့် ခံစား ရသော သက်သာမှုသည် နာကျင်မှုများကို ပို၍ ခံနိုင်ရည်ရှိစေပါသည်။
ဂေသရှေမန်ဥယျာဉ်ထဲတွင် သခင်ယေရှုဆုတောင်းစဉ် သူ့အား…

မီးဖြင့် စုံစမ်းစစ်ကြောခြင်း

လွန်ခဲ့သော ဆောင်းရာသီက ကော်လိုရာဒို ပြည်နယ်ရှိ သဘာဝသမိုင်းပြတိုက်သို့ သွားရောက် လည်ပတ်ခဲ့စဉ် အံ့ဩဖွယ်တစ်မူထူးသည့် လေလာရွက်လှုပ်ပင် အကြောင်းကို သိခဲ့ရသည်။ ၎င်းသည် အဖြူရောင်ပင်စည်ရှိပြီး သေးသွယ်သည့် အပင်အစု တစ်ခုလုံးသည် အစေ့ တစ်စေ့တည်းထဲမှ အပင်ပေါက်ပြီး တူညီပင်မြစ် စနစ်ပုံစံဖြင့် ရှင်သန်ကြသည်။ ဤပင်မြစ်စနစ်သည်  အပင် ထပ်ပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ နှစ်ထောင်ပေါင်း များစွာ အသက်ရှင်နိုင်သည်။ ၎င်းသည် မြေအောက်၌ အိပ်နေပြီး၊ အရိပ်ထူထဲသည့် တောအုပ်တွင် သူတို့အတွက် နေရာ ပြင်ဆင်ပေးမည့် တောမီး၊ ရေတိုက်စားခြင်း (သို့) ရေခဲတောင်ပြိုခြင်း စသည့် သဘာဝဘေးဒဏ်များကို စောင့်ဆိုင်း နေကြသည်။ သဘာဝဘေးဒဏ်ကြောင့် မြေနေရာရှင်းလင်းသွားသော် အဆုံးတွင် အမြစ်က နေရောင်ကို ခံစား လာနိုင်ပြီး ထိုအမြစ်မှ အပင်ဖြစ်လာမည့် ပင်ပျိုလေးများကို ပို့လွှတ်လိုက်သည်။
သဘာဝဘေးအန္တရာယ်၏ အဖျက်လုပ်ငန်းသည် လေလာရွက်လှုပ်ပင်အတွက် ၎င်းတို့ကို…

သခင်၏နှစ်လိုဖွယ်မျက်နှာတော်

ကျွန်မ၏လေးနှစ်အရွယ် သားလေး၌ မေးခွန်းများအပြည့်ရှိနေပြီး အဆက်မပြတ် တတွတ်တွတ်နှင့် စကားပြောတတ်သည်။ သူနှင့်စကားပြောရသည်ကို ကျွန်မ နှစ်သက် ပါ၏။ သို့သော် ကျောပေးထားသည့်အချိန်၌လည်း ကျွန်မကို စကားလှမ်းပြောသည့် အကျင့်ဆိုးလေးတစ်ခုတတ်လာသည်။ “အမေ မကြားရဘူး၊ စကားပြောတဲ့အခါ အမေ့ကို ကြည့်ပြီးပြော” ဟု ရံဖန်ရံခါ ကျွန်မ ပြန်ပြောမိသည်။
တစ်ခါတစ်ရံ ဘုရားသခင်သည်လည်း ကျွန်မတို့အား အထက်ပါအတိုင်း ပြောလိုမည်ဟု ကျွန်မတွေးမိသည်။ ကိုယ်တော်သည် ကျွန်မတို့၏ပြောစကားများကို မကြားခြင်း ကြောင့် မဟုတ်ပါ။ ကိုယ်တော့်ကို တကယ် “မကြည့်” မျက်မှောက်မပြုဘဲ ကျွန်မတို့ သူ့အား စကားပြောမည့် အရိပ် အခြေရှိခြင်းကြောင့်ဖြစ်သည်။ ကျွန်မတို့ ဆုတောင်းနေ သော်လည်း မိမိ၏မေးခွန်းများနှင့်မိမိဘာသာ ပိတ်မိနေသည်။ မိမိကိုယ်ကိုသာ အာရုံပြုမိသည်။ မိမိဆုတောင်းလျှောက် နေသူ ဘုရားသခင်၏သဘောတော်ကို မေ့လျော့တတ်သည်။ ကျွန်မသားလေးကဲ့သို့ မိမိ စကားပြောနေသူထံ အာရုံမပြုဘဲ မေးခွန်းများမေးနေတတ်သည်။…