အနားယူရမည့်နေ့
တနင်္ဂနွေနေ့တစ်နေ့တွင် လန်ဒန်မြို့မြောက်ပိုင်း ရပ်ကွက်များဆီကို ကွေ့ဝိုက် ဖြတ်သန်း စီးဆင်းသည့် ချောင်းနံဘေး၌ရပ်ရင်း ကျွန်မတို့မြို့လေး၏အလှကို ခံစားမိသည်။ တသွင်သွင်စီးဆင်းသည့် ချောင်းရေကို ကြည့်ရင်း ငှက်ကလေးများတေးသီသံကို နားဆင်ရသည်မှာ ကျွန်မအတွက် အပန်းဖြေကျေနပ်စေသည်။ သို့နှင့် ခေတ္တမျှအချိန် ယူကာ စိတ်ဝိညာဉ်အနားယူ အပန်းဖြေနိုင်အောင် မစခြင်း အတွက် ဘုရားရှင်ကို ချီးမွမ်းကျေးဇူးတင်မိသည်။
ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသတွင် သူ၏ လူမျိုးတော်တို့ အင်အားကြီး အောင်မြင်စေရေးကို ဘုရားရှင် အလိုရှိခဲ့သည်။ ထို့ကြောင့် အနားယူပြီး အားသစ်လောင်း နိုင်ရေး ဥပုသ်နေ့အချိန်ကို ဘုရားသခင် ပြင်ဆင်ခဲ့သည်။ ထွက်မြောက်ရာကျမ်း၌ တွေ့ရသည့်အတိုင်း ဣသရေလလူ တို့သည် ၆ နှစ်တာ လယ်လုပ်ပြီး ၇ နှစ် မြောက်သောနှစ်တွင် မြေကို အလွတ်ထားရမည်။ ထိုနည်းတူ ၆ ရက်အလုပ်လုပ်ပြီး ၇ ရက်မြောက်သောနေ့တွင် အနားယူရမည်။ ဤဘဝရှင်သန်မှုက ဣသရေလလူတို့ကို…
လက်တွေ့ပါသော ယုံကြည်ခြင်း
ကျွန်မ၏သူငယ်ချင်းသည် ကုန်စုံဆိုင်သို့ ကားမောင်း၍သွားစဉ် လမ်းလျှောက်သွား နေသည့် အမျိုးသမီးတစ်ဦးကို မြင်ပြီး ကားပြန်လှည့်ကာ သူမအား ကားကြုံခေါ်တင် သွားရန် စိတ်တွင် ခံစားမိသည်။ ထိုသို့ ခေါ်တင်ခဲ့ပြီးကာမှ ထိုအမျိုးသမီးသည် ကားခ မရှိသဖြင့် ဘတ်စ်ကား မစီးနိုင်ဘဲ အိုက်စပ်သောရာသီတွင် မိုင်ပေါင်းများစွာဝေးသည့် အိမ်သို့ လမ်းလျှောက်ပြန်နေခြင်းဖြစ်ကြောင်း သိလိုက်ရ၍ သူ အလွန်စိတ်ထိခိုက်သွားသည်။ အိမ်သို့ ခရီးဝေးပြန်ရသည် သာမက ထိုနံနက်က သူမသည် ရုံးသို့ နံနက် ၄ နာရီ အရောက် လမ်းလျှောက်ကာ ရုံးတက်ခဲ့ရသည်။
ခရစ်ယာန်များတို့၏ ယုံကြည်ခြင်းကို ကောင်းသော အကျင့်ဖြင့် ရှင်သန်ပြရန် ရှင်ယာကုပ် ညွှန်ကြားသည့်အတိုင်း ကျွန်မ၏သူငယ်ချင်းက ထိုအမျိုးသမီးကို ကားစီးခွင့်ပေးကာ ခေတ်သစ်ပုံစံဖြင့် လက်တွေ့ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ “အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်း ရှိခြင်းကြောင့် အသေဖြစ်၏”(း ၁၇)။ အသင်းတော်များသည် မုဆိုးမများနှင့်…
ရန်ငြိမ်းခြင်းနှောင်ကြိုး
ကျွန်မသူငယ်ချင်းနှင့်ကျွန်မတို့နှစ်ဦး သဘောထား ကွဲလွဲနေသော အကြောင်းကိစ္စတစ်ခု အပေါ် အီးမေးပို့ကာ ဖြေရှင်းခဲ့သော်လည်း သူစာမပြန်ခဲ့ပါ။ ကျွန်မ စည်းများကျော်သွား သလား။ သူ့ကို နှောင့်ယှက်သလိုဖြစ်သွားပြီး အခြေအနေကို ပို၍ ဆိုးအောင် မလုပ်ချင်
သလို၊ သူနိုင်ငံခြားမသွားမီ မပြီးပြတ်သောကိစ္စကိုလည်း မဖြေရှင်းဘဲ မနေစေချင်ပါ။
နောက်နေ့များတွင် ကျွန်မ၏အတွေးထဲ၌ သူ ပေါ်ပေါ်လာ သောကြောင့် ရှေ့လျှောက်မည်သို့ဖြစ်မည်ကို မသေချာငြား သူ့အတွက် ဆုတောင်းပေးမိသည်။ တစ်မနက်တွင် ပန်းခြံသို့ လမ်းလျှောက်ထွက်စဉ် သူ့ကို တွေ့လိုက်သည်။ သူ ကျွန်မကို လှည့်ကြည်လိုက်သည့် တစ်ခဏတွင် သူ့မျက်နှာမှ အပူမီးနှင့်နာကျင်မှုကို တွေ့ရသည်။ ၀မ်းသာအားရပြုံး၍ သူ့ထံသွားရင်း ‘‘ကျေးဇူးပါ အဘ။ သူနဲ့ စကားပြောခွင့်ရလို့
ကျေးဇူးတင်ပါတယ်’’ ဟု ရေရွတ်မိသည်။ သို့နှင့် ပွင့်လင်းစွာ စကားပြော၍ ပြဿနာကို ဖြေရှင်းခွင့် ရရှိခဲ့ကြသည်။
တစ်ခါတစ်ရံ ပေါင်းသင်းဆက်ဆံရေးများကြားတွင်…
စုံလင်သော ငြိမ်းချမ်းခြင်း
ကျွန်မမိတ်ဆွေတစ်ဦးက သူသည် နှစ်အတော်ကြာကြာ ငြိမ်သက်ခြင်းနှင့် စိတ်ကျေနပ် ရောင့်ရဲခြင်းကို ရှာဖွေခဲ့ကြောင်း ပြောပြသည်။ သူနှင့် သူ၏ခင်ပွန်းတို့သည် အောင်မြင်သော စီးပွားရေးကို ထူထောင်နိုင်ခဲ့၍ အိမ်ကြီးကြီး၊ လှပတောက်ပြောင်သော အ၀တ်အစားများ၊
အဖိုးတန်လက်ဝတ်ရတနာများကို ၀ယ်ယူနိုင်ခဲ့သည်။ သို့သော် ထိုပိုင်ဆိုင်မှုများ၊ သြဇာ အာဏာလွှမ်းမိုးသောသူများနှင့် မိတ်ဆွေဖြစ်ခြင်းများတို့သည် ငြိမ်သက်ခြင်းကို လိုချင်တမ်းတနေသည့် သူ၏ အတွင်းစိတ်ကို ကျေနပ်မှုမပေးနိုင်ခဲ့ပါ။ တစ်နေ့တွင် သူသည် စိတ်ဓာတ်ကျ၊ စိတ်ပျက်လက်ပျက်ဖြစ်နေချိန်၌ သူ့မိတ်ဆွေတစ်ဦးက သခင်ယေရှု၏ သတင်းကောင်းကို ပြောပြခဲ့သည်။ ထိုအခါ သူသည် ငြိမ်သက်ခြင်း၏အရှင်ကို တွေ့ရှိခဲ့ရပြီး စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ကျေနပ်ရောင့်ရဲခြင်းနှင့် စပ်လျဉ်း၍ သူ နားလည်ထားမှုများ ထာဝစဉ် ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးညစာစားပွဲ၌ သခင်ယေရှုသည် သူ့မိတ်ဆွေများအား ထိုသို့သော ငြိမ်သက်ခြင်းမျိုးအကြောင်းကို ပြောကြားခဲ့ရာ (ယော ၁၄)၊ သူ၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် ကြွလာတော်မူခြင်း…
ဘုရားသခင်က လွှမ်းခြုံပေးသည်
ကျွန်မ၏သားသမီးလေးများ ကလေးဘ၀အရွယ်က စိုရွှဲလျက် ရွှံ့ဗွက်ထနေသောခြံထဲတွင် ကစားတတ်ပြီး မကြာခင်မှာပင် ရွှံ့ဗွက်များဖြင့် ပေကျံကုန်တော့သည်။ သူတို့ကို သန့်ရှင်းရေးလုပ်ရန်နှင့် ကြမ်းခင်း မပေကျန်စေရန်အတွက် တံခါးဝ၌ သူတို့ကို အင်္ကျီ ချွတ်ပေးပြီး ကိုယ်သုတ်ပုဝါတဘက်နှင့်ပတ်ကာ ရေချိုးခန်းထဲသို့ ပွေ့ချီသွားသည်။ ထို့နောက် ဆပ်ပြာနှင့်ရေတို့ဖြင့် သူတို့ကို ညစ်ပေသော အခြေအနေမှ သန့်ရှင်းစင်ကြယ်သော အခြေအနေသို့ ပြောင်းပစ်လိုက်ရသည်။
ဇာခရိအား ဖော်ပြသောရူပါရုံတွင် ယဇ်ပရောဟိတ် အကြီး ယောရှုသည် အပြစ်နှင့် မှားယွင်းသောအမှုများကို ပုံဆောင်သော ညစ်ညူးသည့်အ၀တ်ကို ၀တ်ဆင်ထားသည် (ဇာ ၃း၃)။ သို့သော် ဘုရားရှင်သည် သူ့ကို ပြန်လည် သန့်စင်ပေးပြီး ညစ်ပေသောအ၀တ်များ ဖယ်ရှားကာ
တင့်တယ်သောအ၀တ်ကို ယူတင်ဝတ်ဆောင်ပေးသည် (၃း၅)။ အသစ်သော ခေါင်းပေါင်းနှင့် အ၀တ်က သူ၌ရှိသောအပြစ်များကို ဘုရားသခင် ယူဆောင်သွားကြောင်း ဖော်ညွှန်းသည်။
ထို့အတူ ကျွန်မတို့သည်လည်း သခင်ယေရှု၏ကယ်တင်တော်မူခြင်း အမှုအားဖြင့်…
မစအားပေးသူ
ကျောင်းသွားတက်ရန် ကျွန်မ၏အိမ်မှ မိုင်ပေါင်းများစွာဝေးသောမြို့သို့ လေယာဉ်ဖြင့် သွားစဉ်၊ စိုးရိမ်မှုနှင့် အထီးကျန်မှုများ ခံစားခဲ့ရသည်။ သို့သော် လေယာဉ်စီးနေစဉ် သန့်ရှင်းသော ၀ိညာဉ်တော်၏တည်ရှိခြင်းဖြင့် နှစ်သိမ့်မှုကိုရမည်ဟု သခင်ယေရှုက တပည့်တော်များကို ကတိပေးခဲ့သည်ကို သတိရလိုက်သည်။
‘‘ငါအမှန်အကန် ဆိုသည်ကား၊ ငါသွားလျှင် သင်တို့ အကျိုးရှိလိမ့်မည်’’ (ယော ၁၆း၇)ဟု ပြောစဉ် သခင်ယေရှု၏ မိတ်ဆွေများ တွေဝေသွားလိမ့်မည်။ သခင်၏သွန်သင်မှုကို ခံယူပြီး သခင်၏နိမိတ်လက္ခဏာများကို မျက်မြင်တွေ့ခဲ့ရ သူများအဖို့ သခင် မရှိဘဲ မည်သို့သာ၍ အကျိုးရှိနိုင် မည်နည်း။
သို့သော် သခင်ယေရှုက သူသွားလျှင် ဥပဇ္ဈာယ်ဆရာ တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် ကြွလာမည် ဟု မိန့်ကြားခဲ့သည်
လောက၌ ရှိရမည့်အချိန် ကုန်ဆုံးခါနီးတွင် သူ၏ အသေခံခြင်းနှင့် ကောင်းကင်သို့ တက်ကြွခြင်း အကြောင်းကို တပည့်တော်များ နားလည်နိုင်ရေးအတွက် သခင်ယေရှု သွန်သင်ခဲ့သည် (ရှင်ယောဟန် …
သခင်ယေရှုနှင့်အတူ အိမ်တော်မှာ
“အိမ်ထက်ပိုကောင်းသောနေရာ မရှိ” ဆိုသည့်စာစုလေးက မိမိနားခိုရန်နေရာ၊ မိမိဖြစ်တည်ရန်နေရာ၊ မိမိနှင့် သက်ဆိုင်ပတ်သက်သောနေရာလေးတစ်ခု လိုအပ် ကြောင်း ကျွန်ုပ်တို့၏ရင်ထဲတွင် စွဲမြဲစွာအမြစ်တွယ်လျက်ရှိသည့် တောင့်တစိတ်ကို ထင်ဟပ်ဖော်ပြနေသည်။ ထိုတောင့်တတမ်းတစိတ်သည် စွဲမြဲစွာ အမြစ်တွယ်နေကြောင်း သခင်ယေရှုမိန့်ကြားခဲ့သည်။ သခင်ယေရှုနှင့် သူ၏ မိတ်ဆွေများ နောက်ဆုံးညစာ စားသုံးပြီးသည်နောက်တွင် သခင်က သူအသေခံရမည့်အချိန် နီးကပ်လာပြီ ဖြစ်ကြောင်း နှင့် သူရှင်ပြန်ထမြောက်မည့်အကြောင်းကို ပြောရင်း သူသည် အဝေးတစ်နေရာကို ထွက်သွားမည် ဖြစ်သော်လည်း ပြန်လာ မည်၊ သူတို့ကိုပြန်လည်သိမ်းဆည်းမည်ဟု ကတိပေးခဲ့သည်။ သူတို့အတွက် နေရာ၊ အခန်း၊ အိမ် ပြင်ဆင်ပေးမည် ဖြစ်သည်။
ထိုနေစရာအရပ်ကို သူတို့အတွက်သာမက ကျွန်ုပ်တို့အတွက်ပါ သခင် ပြင်ဆင်ပေးခဲ့သည်။ ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်တွင် အပြစ်ကင်းသူအနေဖြင့် သခင်အသေခံပြီး ဘုရားသခင်၏ပညတ်ကို ပြည့်စုံစေသည်။ တပည့်တော်များအတွက် နေရာပြင်ဆင်နိုင်ရေး ဝေဒနာလမ်းကို သခင်လျှောက်ခဲ့သည်ဆိုလျှင် သူတို့ကို မစွန့်၊…
ချစ်ခြင်းမေတ္တာ၏ အဖိုးအခ
ကျွန်မတို့သမီးလေးသည် ကျွန်မမိဘများကို နှုတ်ဆက်လက်ရမ်းပြနေရင်း မျက်ရည်ကျ ပါတော့သည်။ ကျွန်မတို့ရှိရာ အင်္ဂလန်သို့ အလည်လာပြီးနောက် သူတို့နေရပ်
အမေရိကန်ပြည်ထောင်စုသို့ ပြန်ကြတော့မည်။ “အဘိုးနဲ့အဘွားကို မပြန်စေချင်ဘူး” ဟု သူက ပြောသည်။ သမီးလေးကိုချော့ရင်း ခင်ပွန်းသည်က “ချစ်ခြင်းမေတ္တာရဲ့ အဖိုးအခက ဒါဘဲ” ဟု မှတ်ချက်ပြုပါသည်။
မိမိချစ်ရသူများနှင့် ခွဲခွာရသောအခါ နာကျင်မှုကို ကျွန်မတို့ ခံစားရနိုင်သည်။ သို့သော် သခင်ယေရှုသည် သူချစ်မြတ်နိုးသူများအတွက် ကားတိုင်ပေါ်၌ ပေးဆပ်ခဲ့ရ သည့် မေတ္တာအဖိုးအခမှာ ပြင်းထန်ဆိုးဝါးဆုံးသောခွဲခွာမှု ဖြစ်သည်။ လူသားလည်းဖြစ်၊ ဘုရားလည်းဖြစ်သူ သခင် ယေရှုသည် “လူများတို့၏အပြစ်ကို ဆောင်ရွက်”မည့်အကြောင်း ပရောဖက်ဟေရှာယ၏ ကြိုတင်ဟောကြားချက်မှာ ပရောဖက်ပြုပြီး နှစ်ပေါင်း ၇၀၀ အကြာတွင် ပြည့်စုံခဲ့သည် (ဟေ ၅၃း၁၂)။ ထိုကျမ်းစာတွင် သခင်ယေရှုအား နာကျင်ဝေဒနာခံစားသူ အစေခံ အဖြစ် ဖော်ညွှန်းထားချက်များက ပေါ်လွင်သည်။ ကားတိုင်ပေါ်တွင်…
ဘာကြောင့် ခွင့်လွှတ်ရမှာလဲ
သူငယ်ချင်းတစ်ယောက်က ကျွန်မကို လှည့်စားသွားရာ၊ သူမအား ခွင့်လွှတ်ရမည်ကို သိသော်လည်း ခွင့်လွှတ်နိုင်ပါ့မလားဆိုသည်ကို မသေချာခဲ့ပါ။ သူမ၏စကားလုံးများက ရင်ထဲထိလိုက်၍ တနုံ့နုံ့နာကျင်စေပြီး ဒေါသနာကျင်မှုများဖြင့် အံ့သြထိတ်လန့်မိသည်။ ကျွန်မ သူနှင့်ထိုအကြောင်းအရာကို ပြန်ပြောပြီး ခွင့်လွှတ်ကြောင်း ပြောလိုသော်လည်း သူမနှင့်ပြန်ဆုံတိုင်း ထိုနာကျင်မှုကို ပြန်ခံစားရသောကြောင့် ကျွန်မစိတ်ထဲတွင် အငြိုးအတေးများရှိသေးကြောင်း သိလာ သည်။ သို့သော် တစ်နေ့တွင် ဘုရားရှင်သည် ကျွန်မ၏ ဆုတောင်းချက်ကို အဖြေပေးပြီး လုံးလုံးလျားလျား မေ့ပျောက်ရန်အတွက် ခွန်အားပေးခဲ့သည်။ နောက်ဆုံးတွင် လုံးဝလွတ်လပ်သွားပါတော့သည်။
ခရစ်ယာန်ယုံကြည်ခြင်း၏ အဓိကဗဟိုချက်တွင် ခွင့်လွှတ်ခြင်းတရား ရှိပါသည်။ ကျွန်မတို့၏ကယ်တင်ရှင် သည်လည်း ကားတိုင်ပေါ်၌ သေလုမျောပါးဖြစ်နေသည့်တိုင် ခွင့်လွှတ်ပေးခဲ့သည်။ သူ့ကို သံနှင့်ရိုက်ပြီး ကားတိုင်ပေါ်တွင် အသေသတ်ခဲ့သူများကို ချစ်သောကြောင့် သူတို့ ပြုမိသော အပြစ်များကို ခွင့်လွှတ်ပေးရန် ခမည်းတော်ထံ ဆုတောင်း လျှောက်ခဲ့သည်။ ထိုခါးသည်းမှုနှင့် ဒေါသအမျက်၌ ချည်နှောင်မထားဘဲ…
အသက် ရှင်ခြင်းနှင့် သေခြင်း
ကျွန်မသူငယ်ချင်း၏အစ်ကို ကွယ်လွန်သွားချိန်က သူ့အနားရှိနေခဲ့သည့်အဖြစ်အပျက်ကို ကျွန်မ ဘယ်သောအခါမှ မမေ့ပါ။ ထိုအဖြစ်က သာမန်အခြေအနေမှ တစ်မူထူးသည့် အနေအထားသို့ ရောက်လာသည်။ ကျွန်မတို့သုံးဦးက တိတ်တဆိတ် စကားပြောနေရင်းမှ ရစ်ချက် အသက်ရှုပုံက ပို၍ခက်ခဲလာကြောင်း သိလိုက်သည်။ ကျွန်မတို့က သူ့အနီး၌ ၀ိုင်းရံစောင့်ကြည့်နေပြီး၊ ဆုတောင်း ပေးသည်။ သူ၏နောက်ဆုံး ထွက်သက်ရှိုက်လိုက်ချိန် အသက် ၄၀ အရွယ် နှစ်လိုဖွယ် အမျိုးသားတစ်ဦး သေဆုံး တော့မည်ဖြစ်၍ ကျွန်မတို့မျက်ရည်ပင်လယ် ဝေနေချိန်၌ ဘုရားသခင်၏တည်ရှိနေမှုက ကျွန်မတို့ကို လွှမ်းခြုံလျက် သန့်ရှင်းသောအချိန်ကဲ့သို့ ခံစားရသည်။
ယုံကြည်ခြင်းသူရဲကောင်းများစွာတို့သည် ဘုရား သခင်၏သစ္စာတည်မှုကို သူတို့ကွယ်လွန်ချိန်၌ တွေ့ကြုံခံစားခဲ့ကြသည်။ ဥပမာ - ယာကုပ်က မကြာမီ ‘‘ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်’’ဟု ပြောကြားခဲ့သည် (က ၄၉း၂၉-၃၃)။ ယာကုပ်၏သား ယောသပ်သည်လည်း မကြာမီ ရောက်လာတော့မည့် သူ၏သေခြင်းအကြောင်းကို ကြေညာခဲ့သည်။ သူ့ညီအစ်ကို…