စွန့်လွှတ်ပေးဆပ်သော ယုံကြည်ခြင်း
တနင်္ဂနွေညနေခင်းအချိန်တွင် ကျွန်မခင်ပွန်းသင်းအုပ်ဆရာအဖြစ် အစေခံသော အသင်းတော်အနီးရှိ ကျွန်မတို့အိမ်ပန်းခြံထဲ၌ ထိုင်နေရင်း Farsi ဘာသာစကားဖြင့် သီဆိုချီးမွမ်းကိုးကွယ်ခြင်း သီချင်းသံမှာ လေနှင့်အတူလွင့်မျောလာသည်။ လန်ဒန်မြို့ရှိ ကျွန်မတို့၏အသင်းတော်၌ တက်ကြွသော အီရန်လူမျိုး တပည့်တော်စုအား ဧည့်အသင်းတော်အဖြစ် လက်ခံဝတ်ပြုစေခဲ့ပြီး၊ သူတို့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့် အကြောင်းများ၊ သူတို့သင်းအုပ် ဆရာကြီး၏ညီမှာ ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့ ရသည့် အကြောင်းများ ဝေငှ ပြောပြ သည်။ ခရစ်တော် အတွက် သူတို့၏စိတ်အားထက်သန်မှုကို ကျွန်မတို့စိတ်၌ အလွန် ထိတွေ့ခဲ့သည်။ ဤသစ္စာရှိသော ယုံကြည်သူများသည် ပထမဦးဆုံးသော ခရစ်ယာန်မာတုရဖြစ်သည့် သတေဖန်၏ ခြေရာအတိုင်း လိုက်လျှောက်ခြင်းဖြစ်သည်။
ကနဦးအသင်းတော်၌ ဦးဆောင်သူအဖြစ် ဦးဆုံး ခန့်အပ်ခံရသည့် သတေဖန်သည် ‘‘ကြီးစွာသော နိမိတ် လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို’’ (တ ၆း၈) ပြုလုပ်သည့် အတွက် ယေရုရှလင်မြို့၌လူများ၏အာရုံစိုက်မှုကို ခံရသည်။ သူ၏လုပ်ရပ်အတွက် ခုခံပြောဆိုရန်…
မေတ္တာပါသော လုပ်ဆောင်မှု
လန်ဒန်မြို့ရှိ ကျွန်မတို့အိမ်သို့ အလည်လာသောဧည့်သည်အား "လျှော်ချင်တဲ့ အ၀တ်တွေများ ရှိသလား" ဟု မေးလိုက်ရာ၊ သူ့မျက်နှာဝင်းပသွားပြီး ဖြတ်လျှောက် လာသော သူ့သမီးအား "အင်္ကျီအပေတွေသွားယူလာခဲ့၊ အေမီက အ၀တ်တွေ လျှော်ပေးမလို့တဲ့" ဟု ပြောလိုက်သည်။ ကျွန်မပြုံးလိုက်မိလျက် အ၀တ်အနည်းငယ်မှ အ၀တ်ထုပ်ကြီး ဖြစ်လာတော့မည်ဟု တွေးမိသည်။
အ၀တ်များကို အိမ်အပြင်၌ ထုတ်လှန်းစဉ် မနက်က ဖတ်ခဲ့သည့်ကျမ်းစာက အတွေးထဲဝင်ရောက်လာသည်။ ‘‘သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်
ကြလော့’’ (ဖိ ၂း၃)။ ဖိလိပ္ပိမြို့သားတို့ထံ ရှင်ပေါလု ရေးသား သည့် သြ၀ါဒစာကို ကျွန်မဖတ်စဉ် ရှင်ပေါလုက အစေခံခြင်း၊ အခြားသူများနှင့် သင့်တင့်ညီညွတ်စွာ နေထိုင်ခြင်းအားဖြင့် ဘုရားရှင်၏ခေါ်တော်မူခြင်းနှင့် အထိုက်အလျောက် အကျိုး ရှိစွာ အသက်ရှင်ရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။ ညှဉ်းပမ်းနှိပ်စက်မှုများ ခံနေရလင့်ကစား ၎င်းတို့တစ်စိတ် တစ်သဘောတည်းရှိခြင်းကို ရှင်ပေါလု…
ဘုရားအသံတော်ကြားနာခြင်း
အအေးမိပြီး ဓာတ်မတည့်မှုကြောင့် ရေအောက်ထဲ ရောက်နေသကဲ့သို့ ကျွန်မနားအူပြီး အသံမသဲမကွဲသာကြားရသည်။ ရှင်းရှင်းလင်းလင်း နားကြားအောင် ရက်သတ္တပတ် အတန်ကြာမျှ ကျွန်မ ကြိုးစားကြည့်သည်။ နားမကြားရမှ နားကြားရစဉ်က ထိုအရာကို တန်ဖိုးမသိ အလေးမထားခဲ့မိကြောင်း ကျွန်မသဘောပေါက်လိုက်သည်။
သူငယ်ရှမွေလသည် ဗိမာန်တော်တွင် သူ့နာမည်
ခေါ်သံကြားရ၍ အိပ်မရဘဲ သူကြားရတာ ဘာပါလိမ့်ဟု တွေးကောင်း တွေးနေခဲ့လိမ့်မည် (၁ ရာ ၃-၄)။ ယဇ်ပရောဟိတ်
ဧလိထံ သုံးကြိမ်တိုင် သူပြေးသွားခဲ့သည်။ တတိယအကြိမ် တွင်မှ ထာဝရဘုရားသည် ရှမွေလအား စကားပြောခြင်း ဖြစ်ကြောင်း ဧလိသဘောပေါက်သွားသည်။ ‘‘ထိုကာလ၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် နည်းပါး၏’’ (း၁)။ ထို့ပြင် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူတို့အသက် မရှင် ကြ။ သို့နှင့် ဧလိက ရှမွေလအား မည်သို့ တုံ့ပြန်ရမည်ကို သွန်သင်ပေးလိုက်သည် (း၉)။
ရှမွေလ လက်ထက်မှာထက် ယခုခေတ်တွင်…
ခရစ်တော်၌စည်းလုံးညီညွတ်ခြင်း
သမ္မာကျမ်းစာ၌ နာမည်စာရင်းဖော်ပြသည့် ကျမ်းပိုဒ်များကို ကျော်ဖတ်သွားရန် ကျွန်ုပ်တို့
သွေးဆောင်ခြင်း ခံရတတ်သည်။ သို့ငြားလည်း ထိုစာရင်းများထဲ၌ အဖိုးတန်ရတနာများ ရှာတွေ့နိုင်ပါသည်။ ဥပမာအနေဖြင့် သူ၏နာမ၌ အစေခံရန် သခင်ယေရှု ခေါ်ထား သည့် တမန်တော်ဆယ့်နှစ်ပါး အမည်စာရင်းတွင် ‘ကျောက်’ဟု အဓိပ္ပာယ်ရသည့် ပေတရု အမည်သစ်ကိုပေးသော ရှိမုန်၊ တံငါသည်များ ဖြစ်သည့် ယာကုပ်၊ ယောဟန် ညီအစ်ကိုနှင့် ကိုယ်တော်ကို အပ်နှံသူ ယုဒရှကာရုတ် စသည်တို့ကို လူအများစုက ရင်းနှီးပြီးသားဖြစ်သည်။ သို့သော် အခွန်ခံမဿဲနှင့် ရှိမုန် ဇေလုတ်တို့သည် ရန်သူဖြစ်ခဲ့ဖူးကြောင်းကိုဖြင့် ကျွန်ုပ်တို့ သတိမထားမိတတ်ပါ။
ရောမအစိုးရအတွက် အခွန်ကောက်ပေးခြင်းကြောင့် ဂျူးအမျိုးသားချင်းတို့၏အမြင်၌ မဿဲသည် ရန်သူများနှင့် ပူးပေါင်းဆောင်ရွက်သူဟု အထင်ခံရသည်။ အခွန်ခံများ၏ အကျင့်ပျက်ခြစားမှုများကြောင့်လည်းကောင်း၊ ဘုရားထက် အာဏာပိုင်များကို အခွန်ဆက်သရန် ဂျူးလူမျိုးများအား တောင်းခံခြင်းကြောင့်လည်းကောင်း အထင်အမြင်သေး ရှုတ်ချခံရသည်။ အခြားတစ်ဘက်တွင် သခင်ယေရှု…
စစ်မှန်သော ကြွယ်ဝခြင်း
ကျွန်မသူငယ်ချင်းအဖေ၏ အောက်မေ့ဘွယ် ၀တ်ပြုစည်းဝေးအခမ်းအနားတွင် လူတစ်ယောက်က ‘‘သမီး အဖေနဲ့ မသိခင်အချိန်ထိ တစ်ပါးသူကို ကူညီရခြင်းက ၀မ်းမြောက်စရာကောင်းကြောင်း မသိခဲ့ရပါဘူး’’ ဟူ၍ သူ့ကို ပြောခဲ့သည်။ သူမ၏ ဖခင်သည် လူအများကို ကူညီပေးခြင်း၊ ပြုံးရွှင်စွာမေတ္တာပြခြင်း၊ သူစိမ်းများနှင့် မိတ်ဆွေ ဖြစ်လာလျှင် ၎င်းတို့နှင့်ပုံမှန်တွေ့ဆုံခြင်း စသည်ဖြင့် ဘုရားသခင်၏ နိုင်ငံတော်တည်ထောင်ခြင်း လုပ်ငန်းတွင် ဆက်ကပ်ကာ အစေခံခဲ့သည်။ သူဆုံးသွားသောအခါ ချစ်မေတ္တာအမွေအနှစ်ကို ချန်ရစ်ခဲ့သည်။ ဆန့်ကျင်ဘက် အားဖြင့် သူငယ်ချင်း၏အဒေါ်၊ သူ့ဖခင်၏အစ်မကြီးကမူ ပိုင်ဆိုင်မှု စည်းစိမ်ဥစ္စာများကိုသာ အမွေအနှစ်ဟုမြင်ပြီး သူ၏ စည်းစိမ်နှင့် ရှားပါးစာအုပ်များကို မည်သူထိန်းသိမ်းပေး မည်နည်းဟု ပူပင်သောကများနှင့် သူမ၏နောက်ဆုံး နေ့ရက် ကာလများကို ဖြတ်သန်းခဲ့သည်။
သခင်ယေရှု၏သွန်သင်ချက်နှင့် ရှင်သန်ပြခဲ့သော ပုံသက်သေများအားဖြင့် သူ့နောက်တော်လိုက်တို့အား စည်းစိမ်းချမ်းသာသိုမှီးခြင်းကို ရှောင်ကြဉ်ပြီး ဆင်းရဲသားများကို ဝေငှ၍ မပုပ်၊ မပျက်စီးနိုင်သောအရာကို တန်ဖိုးထားတတ်ရန်…
လက်ထပ်မင်္ဂလာအတွက်အသင့်ဖြစ်ခြင်း
“သမီးဗိုက်ဆာတယ်” ဟုကျွန်မ၏ ရှစ်နှစ်သမီးလေးက ပြောသည်။ ကျွန်မက “သမီးအတွက် ဘာမှမပါလာလို့ စိတ်မကောင်းပါဘူးသမီးရယ်၊ ငါတို့ tic-tac-toe ကစားရအောင်” ဟုပြောလိုက်သည်။ မင်္ဂလာပွဲက မွန်းတည့်အချိန်မှဖြစ်ပြီး မင်္ဂလာပွဲသို့ သတို့သမီးရောက်လာရန် ကျွန်မတို့ ဘုရားကျောင်းတွင် တစ်နာရီကျော် စောင့်ခဲ့ရသည်။ အချိန်မည်မျှကြာမည်နည်းဟု စဉ်းစားရင်း မင်္ဂလာပွဲစမည့် အချိန်အထိ သမီးလေးစောင့်ဆိုင်းနိုင်ရန် ကျွန်မမျှော်လင့် ခဲ့သည်။
ထိုသို့စောင့်ဆိုင်းနေစဉ် ဇာတ်လမ်းတစ်ပုဒ်ကို သရုပ်ဖော်တင်ဆက်နေသကဲ့သို့ ကျွန်မခံစားခဲ့ရသည်။ ကျွန်မတို့လက်ရှိနေထိုင်သည့် သင်းအုပ်နေအိမ်သည် ဘုရားကျောင်းမှ ခဲတစ်ပစ်အကွာ၌သာ ရှိသော်လည်း ကျွန်မ မုန့်သွားယူပါက သတို့သမီး အချိန်မရွေး ရောက်လာနိုင်ပြီး၊ သူမ၀င်ရောက်သည့်အချိန်ကို ကျွန်မ လွတ်သွားမည် ဖြစ်သည်။ သမီးလေး အာရုံပြောင်းရန် နည်းလမ်းအမျိုးမျိုး သုံးရင်း သခင်ယေရှုမိန့်ကြားသည့် သတို့သမီး ဆယ်ယောက် ပုံဥပမာအကြောင်း (မ၊ ၂၅း၁-၁၃)ကို ဆင်ခြင်မိခဲ့သည်။
သတို့သမီးငါးယောက်သည် သတို့သားကိုစောင့်နေစဉ် သူတို့၏မီးခွက်အတွက် လုံလောက်သောဆီကို…
ဘုရားသခင်၏ နှုတ်လျှာ
ဖုန်းအလာကို မျှော်ရင်း၊ ရေဒီယိုမှမေးမြန်းခန်းအစီအစဉ် စမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းရင်း ဘယ်လိုမေးခွန်းတွေမေးရင် ဘယ်လိုဖြေရမလဲစသည်ဖြင့် တွေးနေမိ သည်။ ‘‘ဘုရားသခင်၊ ကျွန်မက စာရေးတဲ့အလုပ်ကို ပို၍ ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ မောရှေလည်း ဒီလိုပဲ ခံစားခဲ့ရမယ်လို့ ထင်ပါတယ်။ ကျွန်မပြောရမည့်စကားများကို ကိုယ်တော် ပြင်ဆင်ပေးမယ် ဆိုတာကို ယုံကြည်ဖို့ပဲလိုတယ်’’ ဟု ဆုတောင်းလိုက်သည်။
ဘုရားသခင်၏လူမျိုးတော်များအား အဲဂုတ္တုပြည် ကျွန်ခံရာမှခေါ်ထုတ်ပြီး ကတိထားတော်မူသောပြည်သို့ ပို့ဆောင်သည့် ဣသရေလတို့၏ခေါင်းဆောင် မောရှေနှင့် ကျွန်မ နှိုင်းယှဉ်ခြင်း မဟုတ်ပါ။ တုံ့ဆိုင်းနေသည့် ခေါင်းဆောင်ကြီး မောရှေအနေဖြင့် ဣသရေလလူမျိုးများ သူ့စကားနားထောင်မှာ သေချာကြောင်း ဘုရားရှင်၏အာမခံ ပေးမှုကို လိုအပ်သည်။ တောင်ဝှေးကို မြွေဖြစ်စေခြင်း အစရှိသည့် နိမိတ်လက္ခဏာများကို ဘုရားရှင် ပြခဲ့သည် (ထွက် ၄း၃)။ သို့သော် မောရှေက သူသည် နှုတ်အရာမှာ နှေးကြောင်း စောဒကတက်ရင်း…
ခြစ်ခြစ်တောက်အပူဒဏ်မှသက်သာရာရခြင်း
ဗြိတိန်နိုင်ငံ၌နေထိုင်စဉ် နေလောင်မှာကို ကျွန်မ စိုးရိမ်လေ့မရှိ။ ပြောရမည်ဆိုလျှင် ထူထပ်သောတိမ်တိုက်က နေကိုကွယ်ထားခြင်းကြောင့်ဖြစ်သည်။ သို့သော် မကြာမီက စပိန်သို့ ခဏသွားခဲ့စဉ် ကျွန်မ၏ဖြူဖွေးသောအသားအရေမှာ နေရောင်အောက်တွင် ၁၀ မိနစ် ခန့်သာ နေနိုင်ပြီး၊ ထီးအောက်သို့ အမြန်ပြေးဝင်ခဲ့ရသည်။
မြေထဲပင်လယ်ဒေသ၌ နေခြစ်ခြစ်တောက် ပူပြင်း သည့် သဘာဝကို စဉ်းစားရင်း ထာဝရဘုရားသခင်သည် သူ့လူ များ၏လက်ယာဘက်၌ရှိသော သူတို့၏ခိုလှုံရာအရိပ်အဖြစ် ပုံဆောင်ခြင်း၏အဓိပ္ပာယ်ကို ကျွန်မပို၍ နက်နက်နဲနဲနားလည် ခဲ့သည်။ အရှေ့အလယ်ပိုင်း ဒေသခံများသည် ခံစားရသည့် အပူဒဏ်ကိုသိပြီး ပူပြင်းသည့်နေရောင်မှလွတ်မြောက်ရန် ခိုလှုံရာနေရာကို ရှာဖွေရန် လိုအပ်သည်။
၁၂၁ ခု မြောက်သော ဆာလံတွင် ထာဝရဘုရား၏ ပုံရိပ်ကို ခိုလှုံရာအရိပ်အဖြစ် ဆာလံဆရာက ဖော်ကျုးထားသည်။ ၎င်းသည် ထာဝရဘုရား၏ ကောင်းမြတ်ခြင်းနှင့် သစ္စာတရားအကြောင်းကို စိတ်နှလုံး၌ မိမိဘာသာ
တစ်ဦးတည်း အချီအချ အပြန်အလှန်ပြောနေခြင်းဖြစ်ကြောင်း နားလည်နိုင်ပါသည်။ …
ဘုရားသခင်၏ ကော်ဖတ်
ကျွန်မသူငယ်ချင်း၏စကားကြောင့် မခံချိမခံသာဖြစ်ရသည်။ အိပ်ပျော်အောင် ကြိုးစားရင်း ကျွန်မ၏အမြင်နှင့် စပ်လျဉ်း၍ တဲ့တိုးပြောချလိုက်သည့် သူမ၏ဝေဖန်ချက်ကို နက်နက်နဲနဲ မတွေးမိအောင် လုံးပမ်းနေမိသည်။ အိပ်ယာထက်မှနေ၍ ဘုရားသခင်ထံမှ ဉာဏ်ပညာနှင့်ငြိမ်သက်ခြင်းကို တောင်းခံလိုက်သည်။ ရက်သတ္တပတ် အတန်ကြာ ပြီးနောက် ထိုကိစ္စက စိတ်အနှောင့်အယှက်ဖြစ်နေဆဲပါ။ သို့နှင့် ‘‘ ဘုရားသခင် ကျွန်မ နာကျင်ရပါတယ်။ ကျွန်မ ဘယ်အပိုင်းမှာ ပြောင်းလဲပြုပြင်ဖို့ လိုအပ်သလဲ၊ သူငယ်ချင်းရဲ့
စကားက ဘယ်အတိုင်းအတာ အထိမှန်နေလဲ ဆိုတာ ပြပါ’’ ဟု ဆုတောင်းခဲ့သည်။
ကျွန်မ၏သူငယ်ချင်းမှာ ကျွန်မအသက်တာ၌ ဘုရား သခင်၏ ကော်ဖတ်(Sandpaper)အဖြစ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ခံစားချက်က ကော်ဖတ်စားခံလိုက်ရ သကဲ့သို့ဖြစ်သော်လည်း ကျွန်မ၏တုံ့ပြန်မှုပေါ်မူတည်၍ ကျွန်မ၏အကျင့်အလေ့ကို တည်ဆောက်ခြင်း၊ မတည်ဆောက်ခြင်းကို ဖြစ်စေလိမ့်မည်ဟု သိနေသည်။ ကျွန်မကို အချောသတ်ပေးမည့်ဖြစ်စဉ်ကို လက်ခံရန် ရွေးချယ်လျက် ကျွန်မ၏မာန်မာနနှင့် ခေါင်းမာမှု
များကို…
ဝမ်းနည်းမြည်တမ်းခြင်းမှ ကခုန်ခြင်းဆီသို့
လွန်ခဲ့သော ၁၀ နှစ်က ကုမ္ပဏီမှ ကျွန်မအား ရာထူးမှဖယ်ရှားလိုက်ကြောင်း ‘‘မင်းကို အလုပ်မှ ရပ်ဆိုင်းလိုက်ပြီ’’ ဆိုသော စကားလုံးများက ကျွန်မကို ထိတ်လန့်စေခဲ့သည်။ စာတည်းဖြတ်ခြင်းအလုပ်နှင့် ကျွန်မ၏ဖြစ်တည်မှုဘ၀က ခွဲမရအောင် နှောင်ဖွဲ့နေခြင်း ကြောင့် ထိုအချိန်၌ ကျွန်မသည် တစ်စစီ ကျိုးပဲ့သွားသည့်အလား ခံစားရသည်။ မကြာမီ ကလည်း အလွတ် စာတည်းဖြတ်သည့်အလုပ် စာချုပ် ပြီးဆုံး ကြောင်းကြားသိရချိန်၌ အလားတူ ၀မ်းနည်းမှုမျိုး ခံစား ရသည်။ သို့သော် ဤတစ်ကြိမ်၌မူ ကျွန်မ၌ ငြိမ်သက်ခြင်း ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဤနှစ်များအတွင်း ဘုရားသခင်၏ သစ္စာရှိမှု၊ ကျွန်မ၏၀မ်းနည်းမြည်တမ်းမှုကို ၀မ်းမြောက်ခြင်းသို့ ကိုယ်တော်ပြောင်းလဲနိုင်ကြောင်းကို တွေ့မြင်ခဲ့ရခြင်းကြောင့် ဖြစ်သည်။
နာကျင်မှုများ၊ စိတ်ပျက်စရာများနှင့် ကြုံဆုံရသည့် ဤကျရှုံးပျက်စီးသောကမ္ဘာကြီး၌ ရှင်သန်နေရငြားလည်း၊ သခင်ယေရှု ကြွလာမည့်အကြောင်း ဟေရှာယ၏ ပရောဖက် ပြုချက်တွင် ဖော်ပြထားသကဲ့သို့ (ဟေရှာ…