မှန်ကန်သော ဆက်သွယ်ရေး
လန်ဒန်မြို့မြောက်ပိုင်း လူနေရပ်ကွက်၌ ကျွန်မလမ်းလျှောက်ထွက်လျှင် ဘာသာစကား အမျိုးမျိုးနှင့် ပြောဆိုဆက်သွယ် တွတ်ထိုးသံများကို ကြားနေရသည်။ ပိုလန်၊ ဂျပန်၊ ဟင်ဒီ၊ ခရိုအေးရှန်း၊ အီတာလျံ စသည့် ဘာသာစကားများဖြစ်သည်။ ထိုသူတို့ ဘာပြောနေသည်ကို ကျွန်မ နားမလည်သော်လည်း ဤကွဲပြားခြားနားမှုက ကောင်းကင်ဘုံ၏အရသာကို ခံစားမိစေသည်။ ရုရှား ကော်ဖီဆိုင် (သို့) ပိုလန်ဈေးအတွင်းသို့ ခြေချလိုက်သည်နှင့် စကားသံဝဲ၀ဲနှင့် လေယူလေသိမ်း အမျိုးမျိုးကို ကြားရသည်။ တပည့်တော်များ၏ ဟောပြောချက်တို့ကို နိုင်ငံပေါင်းစုံမှ လူများ နားလည်ကြသော ပင်တေကုတ္တေနေ့ ကား အလွန်ပင်
အံ့ဩကြည်နူးဖွယ် ကောင်းမည်ဟု ကျွန်မ ရံဖန်ရံခါ ဆင်ခြင် မိသည်။
ထိုနေ့၌ ကောက်ရိတ်သိမ်းပွဲကို ကျင်းပရန် ဘုရားဖူး ခရီးသွားများ ယေရုရှလင်သို့ စုရုံးရောက်ရှိလာကြသည်။ ယုံကြည်သူများအပေါ်သို့ သန့်ရှင်းသော ၀ိညာဉ်တော် ဆင်းသက်ကြွလာလျှင် သူတို့ပြောသောစကားများကို ကြားရသည့် နေရာအနှံ့မှ ရောက်ရှိလာသည့်…
ကျွန်ုပ်တို့၏နာမည်သစ်
သူမကိုယ်သူမ `စိတ်ပူတတ်သူ´ဟု ခေါ်တတ်သော်လည် သူ့ကလေး ကားမတော်တဆမှု ဖြစ်ပြီးနောက်တွင် ထိုခေါင်းစဉ်မှ မည်သို့ လွတ်မြောက်နိုင်သည်ကို သင်ယူနိုင်ခဲ့သည်။ ကလေးက တစ်စတစ်စ ပြန်နာလန်ထူလာပြီး၊ သူက အပတ်စဉ်တိုင်း မိတ်ဆွေများနှင့် အတူ ဝေငှဆုတောင်း၍ ဘုရားရှင်ထံမှ မစမှုနှင့် အနာပျောက်ကင်းရန် တောင်းခံခဲ့သည်။ လအတန်ကြာမျှ သူ၏စိုးရိမ်ကြောက်လန့်မှုများကို ဆုတောင်းခြင်းအဖြစ် ပြောင်းလဲခဲ့ပြီးနောက် သူသည် စိုးရိမ် `ပူပန်တတ်သူ´ အဖြစ်မှ `ဆုတောင်းခြင်းသူရဲကောင်း´ အဖြစ်သို့ ပြောင်းလဲသွားကြောင်း သိလိုက်သည်။ ဘုရားရှင် သူ့ကို နာမည်အသစ် ပေးလိုက်သည်ဟု သူခံစားမိသည်။ ခရစ်တော် ထံ၌ရှိသော သူ၏ဖြစ်တည်မှုက သူမလိုချင်သော နာကျင်ရုန်းကန်ရမှုများအားဖြင့် နက်ရှိုင်းလာခဲ့သည်။
ပေရဂံမြို့ရှိ အသင်းတော်သို့ သခင်ယေရှု ပေးလိုက် သောစာတွင် ဘုရားရှင်က ကျောက်ဖြူလက်ဖွဲ့ပေါ်၌ အက္ခရာ တင်သော နာမသစ်ကို ပေးမည်ဟု ကတိပေးခဲ့သည် (ဗျာ ၂း၁၇)။ ကျမ်းတတ်ပညာရှင်များသည်…
ကတိထားတော်မူသော ၀ိညာဉ်တော်
ဧလိရှဲ၏ ရဲရင့်စိတ်ချမှုနှင့် ဇွဲနပဲကြီးမှုက တောင်ပုံရာပုံ ကြီးမားလှသည်။ ဧလိယနှင့်အတူ
ရှိနေခဲ့ခြင်းကြောင့် သူသည် ပရောဖက်ဧလိယအားဖြင့် ဘုရားသခင် နိမိတ်လက္ခဏာ ပြုခြင်း၊ မုသာခေတ်အတွင်း အမှန်တရားကို ပြောဆိုခြင်း စသည်တို့ကို ကိုယ်တွေ့မြင်ခဲ့ ရသည်။ ၂ရာ ၂း၁ တွင် ဧလိယ ကောင်းကင်သို့ ခေါ်ဆောင်ခြင်းခံရကာနီး အချိန်ဖြစ်ပြီး ဧလိရှဲက သူ့ကို မသွားစေချင်ကြောင်း ပြောပြထားသည်။
မတွေးဝံ့စရာ ခွဲခွာရမည့်အချိန် ရောက်ရှိလာသော အခါ အမှုတော်ကို အောင်မြင်စွာနှင့် ဆက်လက်ဆောင်ရွက်
နိုင်ရေးအတွက် ဧလိယတွင် ရှိသောအရာကို သူလိုအပ် ကြောင်း ဧလိရှဲ သိသည်။ ထို့ကြောင့် သူသည် ရဲတင်းလှစွာ တောင်းဆိုမှုတစ်ခုပြုခဲ့သည်။ "ကိုယ်တော်ဝိညာဉ် နှစ်ဆသော အဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသော" (၄ရာ ၂း၉) ဟူ၍
တောင်းဆိုခဲ့သည်။ သူ၏ရဲတင်းသောတောင်းဆိုမှုက ဥပဒေသ
အရ သားဦးနှင့်အမွေခံတို့သည်…
ဘုရားသခင်ရှေ့တော်၌ ဖြောင့်မှန်စွာ လုပ်ဆောင်ခြင်း
“နွားကျောင်းသားကဲ့သို့ အိမ်ဆောက်သူ” ဟူသောစကားလုံးသည် ဗြိတိန်နိုင်ငံရှိ အိမ်ပိုင်ရှင်များက ဆောက်လုပ်ရေးလုပ်ငန်းတွင် မကျွမ်းကျင်သည့် အလုပ်သမားများကို ညွှန်းဆိုခြင်းဖြစ်သည်။ ထိုစကားလုံးသည် ဆိုးဝါးသော အတွေ့အကြုံများကြောင့် ကြောက်ရွံ့မှု (သို့) နောင်တတရားဟုလည်း အဓိပ္ပာယ်သက်ရောက်သည်။
ဓမ္မဟောင်းခေတ်ကာလက ရိုးဖြောင့်မှုမရှိသော လက်သမား၊ ပန်းရံသမား၊ ကျောက်ဆစ်သမားများလည်း ရှိမည် မလွဲပါ။ သို့သော်လည်း ယောရှမင်းကြီး အုပ်စိုးသော ကာလတွင် သစ္စာစောင့်သိသော လုပ်သားများက ပြိုပျက် နေသောဗိမာန်တော်ကို ပြန်လည်ပြုပြင်ကြကြောင်း ဖော်ပြ ပါရှိသည် (၄ ရာ ၁၂း၁၅)။
ယဇ်ပရောဟိတ် ယောယဒ သွန်သင်သော ကာလ ပတ်လုံး ယောရှမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြုပြီး (၄ ရာ ၁၂း၂)၊ ယဇ်ပရောဟိတ် ယောယဒ သေလွန်သော် ယောရှမင်းသည် ထာဝရဘုရား၏
အိမ်တော်ကိုစွန့်၍ ရုပ်တုတို့ကို ဝတ်ပြုကိုးကွယ်ခဲ့သည် (၆ ရာ၂၄း၁၇-၂၇)။
ယောရှမင်း၏အသက်တာကို ကြည့်လျှင် …
ကိုယ်တော်၏ မျက်ဆန်တော်
ကျွန်မသူငယ်ချင်း၏သမီးလေးမှာ လေသင်တုန်းဖြတ်သွားသဖြင့် အရေးပေါ် လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ အပြေးသွားခဲ့ကြသည်။ သူ့သမီးအတွက်ဆုတောင်းရင်း ရင်တမမဖြစ်ရသည်။ ထိုအခိုက်အတန့်တွင် သမီးလေး၏လက်ချောင်းသေးသေးလေးကို ဆုပ်ကိုင်ရင်း သမီးကို အလွန်ချစ်သည့်စိတ်မှတစ်ဆင့် ဘုရားသခင် ကျွန်မတို့ကို အဘယ်မျှလောက်ချစ်တော်မူကြောင်း၊ ကျွန်မတို့သည် ကိုယ်တော်၏ `မျက်ဆန်တော်´ ဖြစ်ကြောင်းကို ထိုသူငယ်ချင်း အသစ်တစ်ဖန် ခံစားလိုက်ရသည်။
ဗာဗုလုန်၌ ကျွန်ခံရပြီးနောက် ယေရုရှလင်သို့ ပြန်ရောက်လာသည့် ဘုရားလူများအား မိန့်ကြားရာ၌ ပရောဖက် ဇာခရိက အထက်ပါစကားလုံးကို သုံးခဲ့သည်။ ၎င်းတို့အား နောင်တရရန်၊ ဗိမာန်တော်ကို ပြန်တည်ရန်၊ ဘုရားအပေါ် ၎င်းတို့၏ချစ်ခြင်းစိတ်ကို အသစ်တစ်ဖန် အားသစ်လောင်းရန် နှိုးဆော်သည်။ ဘုရားသခင်သည် သူ့လူမျိုးတော်ကို အလွန် ချစ်သည်။ လူမျိုးတော်သည် ကိုယ်တော်၏မျက်ဆန်တော် အသည်းကြော် ဖြစ်သည်။
ဟေဗြဲကျမ်းပညာရှင်ပုဂ္ဂိုလ်များက ဇာခရိအနာဂတ္တိကျမ်း အခန်းကြီး ၂ မှ ဤအချက်သည် အခြားသူ၏မျက်ဝန်းသူငယ်အိမ် ၀ိုင်းဝိုင်း၌ ထင်နေသည့် လူတစ်ဦးဦး၏ပုံရိပ်ကို…
တစိမ်းတရံ တိုင်းတစ်ပါးသား
သေချာအောင် `ကင်းဘရစ်´ မြေပုံပေါ်၌ လက်ညှိုးထောက်လျက် စက်ဘီးကို ရပ်ထား လိုက်သည်။ လမ်းညွှန်များကို အားမကိုးဘဲနှင့် သမိုင်းဝင်အဆောက်အအုံများ မှိုလိုပေါက် နေသော လမ်းဝင်္ကပါထဲ၌ အလွယ်တကူလမ်းပျောက်သွားနိုင်ကြောင်း ကျွန်မသိသည်။
အင်္ဂလိပ်အမျိုးသားနှင့် အိမ်ထောင်ကျခဲ့ပြီး အင်္ဂလန်သို့ ပြောင်းရွှေ့ခဲ့သဖြင့် ဘ၀က ကဗျာဆန်လိမ့်မည်ဟု ကျွန်မတွေးထင်ခဲ့သည်။ သို့သော် ရေစုံမျောနေသကဲ့သို့ ကျွန်မခံစားရသည်။ ကျွန်မ နှုတ်ဆိတ်နေလျှင် အထင်လွဲခံရပြီး စကားပြောသောအခါ အမေရိကန် ကမ္ဘာလှည့်ခရီးသည်အဖြစ် အထင်ခံရသည်ဟု ခံစားရသည်။ ကျွန်မ၏အခန်းကဏ္ဍက မည်သည့်အရာ ဖြစ်သည်ကို မသိသေးသော်ငြားလည်း၊ အလျော့မပေး
တတ်သောလူနှစ်ဦး ပေါင်းစပ်၍ ဘ၀တစ်ခု တည်ထောင်ခြင်းက ကျွန်မ မျှော်မှန်းထားသည်ထက် ပို၍ခက်ခဲကြောင်း နားလည် သဘောပေါက်ခဲ့သည်။
ကျွန်မ၏အဖြစ်က မိမိကျွမ်းဝင်ရင်းနှီးသောအရာအားလုံးကို စွန့်၍ နယ်မြေသစ် တစ်ခုတွင် တစိမ်းတိုင်းတစ်ပါးသားတစ်ဦးအဖြစ် နေထိုင်ရန် ဘုရားသခင်၏စေစား ခြင်းကို နာခံခဲ့သည့် အာဗြံဟံနှင့် ဆင်တူသည် (က…
ဘ၀အတွက် လေ့ကျင့်ပြင်ဆင်
တစ်စုံတစ်ရာကို မဆုတ်မနစ် ဇွဲလုံ့လနှင့် ကျားကုပ်ကျားခဲ စိတ်နှစ်ကာ ရေကုန်ရေခန်း လုပ်ဆောင်သည့် အမျိုးသမီးတစ်ဦးကို မကြာမီက ကျွန်မတွေ့ခဲ့သည်။ သူက တောင်တက်
သမားဖြစ်သည်။ သေခြင်းနှင့်လည်း ရင်ဆိုင်ဖူးသည်။ ဂရင်းနှစ်စံချိန်ပင် ချိုးဖူးသည်။ ယခုတစ်ဖန် သူက နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်သည်။ အထူး စောင့်ရှောက် ပြုစုရသည့် ကလေးကို သူမွေးစားခြင်းဖြစ်သည်။ တောင်တက်
စဉ်က ခံယူခဲ့သည့် ရဲရင့်စိတ်နှင့် ယုံကြည်ခြင်းစိတ်ဓာတ် အတိုင်း မိခင်ဘ၀ကိုဖြတ်သန်းရန် စိတ်ပိုင်းဖြတ်ထားသည်။
ကောရိနသုဩ၀ါဒစာပထမစောင်၌ ရှင်ပေါလုက ပြေးပွဲ
ဝင်သည့် အပြေးသမားအကြောင်းကို ဖော်ပြထားသည်။
(၁ ကော ၈)၌ ကိုယ်စိတ်နှင့်ကိုယ် မိမိ၏လုပ်ပိုင်ခွင့် လွတ်လပ်ခွင့်
အတိုင်းလုပ်နေသည့် အသင်းတော်အား အချင်းချင်း တစ်ဦးနှင့်တစ်ဦး စာနာညှာတာမှုရှိရန် ရှင်ပေါလု တိုက်တွန်း သည်။ မေတ္တာစိတ်နှင့် ကိုယ်ကျိုးစွန့်ရန်အရေးမှာ စိန်ခေါ်ချက် အခက်အခဲများရှိပေရာ ၎င်းကို…