စာရေးသူ

အားလုံးမြင်နိုင်ရန်
Amy Boucher Pye

အေမီဘိုချာပိုင်

အေမီဘိုချာပိုင် (Amy Boucher Pye)သည် စာရေးဆရာနှင့် ဟောပြောပို့ချသူဖြစ်ပြီး အင်္ဂလန်နိုင်ငံ မြောက်ပိုင်းတွင် နေထိုင်သည်။ သူမသည် A Loving Look at Life in Britain စာအုပ်၊ ဆုရစာအုပ်ဖြစ်သည့် Finding Myself in Britain: Our Search for Faith, Home, and True Identity နှင့် The Living Cross: Exploring God's gift of forgiveness and new life စာအုပ်တို့ကို ရေးသားခဲ့သည်။ သူမသည် the University of London မှ MA in Christian spirituality ဘွဲ့ကိုရရှိခဲ့ပြီး ယူကေတွင် Woman Alive စာအုပ်အသင်းကို ထူထောင်လုပ်ကိုင်လျက် မိသားစုနှင့်အတူ သာသနာအိမ်တွင် နေထိုင်လျက်ရှိသည်။ သူမအကြောင်းကို amyboucherpye.com (သို့) Facebook (သို့) Twitter ၌ (@amyboucherpye) တွင် ရှာကြည့်နိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ အေမီဘိုချာပိုင်

ဘ၀အတွက် လေ့ကျင့်ပြင်ဆင်

တစ်စုံတစ်ရာကို မဆုတ်မနစ် ဇွဲလုံ့လနှင့် ကျားကုပ်ကျားခဲ စိတ်နှစ်ကာ ရေကုန်ရေခန်း လုပ်ဆောင်သည့် အမျိုးသမီးတစ်ဦးကို မကြာမီက ကျွန်မတွေ့ခဲ့သည်။ သူက တောင်တက်
သမားဖြစ်သည်။ သေခြင်းနှင့်လည်း ရင်ဆိုင်ဖူးသည်။ ဂရင်းနှစ်စံချိန်ပင် ချိုးဖူးသည်။ ယခုတစ်ဖန် သူက နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်သည်။ အထူး စောင့်ရှောက် ပြုစုရသည့် ကလေးကို သူမွေးစားခြင်းဖြစ်သည်။ တောင်တက်
စဉ်က ခံယူခဲ့သည့် ရဲရင့်စိတ်နှင့် ယုံကြည်ခြင်းစိတ်ဓာတ် အတိုင်း မိခင်ဘ၀ကိုဖြတ်သန်းရန် စိတ်ပိုင်းဖြတ်ထားသည်။
ကောရိနသုဩ၀ါဒစာပထမစောင်၌ ရှင်ပေါလုက ပြေးပွဲ
ဝင်သည့် အပြေးသမားအကြောင်းကို ဖော်ပြထားသည်။
(၁ ကော  ၈)၌ ကိုယ်စိတ်နှင့်ကိုယ် မိမိ၏လုပ်ပိုင်ခွင့် လွတ်လပ်ခွင့်
အတိုင်းလုပ်နေသည့် အသင်းတော်အား အချင်းချင်း တစ်ဦးနှင့်တစ်ဦး စာနာညှာတာမှုရှိရန် ရှင်ပေါလု တိုက်တွန်း သည်။   မေတ္တာစိတ်နှင့် ကိုယ်ကျိုးစွန့်ရန်အရေးမှာ စိန်ခေါ်ချက် အခက်အခဲများရှိပေရာ ၎င်းကို…