စာရေးသူ

အားလုံးမြင်နိုင်ရန်
Anne Cetas

အဲန်း စီထက်စ်

အဲန်း စီထက်စ် သည် ၂၀၀၄ ခုနှစ်မှစ၍ Our Daily Bread အတွက် စာမူများရေးသားခဲ့သည်သာမက စီမံ/အယ်ဒီတာ အဖြစ်လည်း တာဝန်ယူလျက်ရှိသည်။ ဆရာမနှင့်ခင်ပွန်း ဆရာ Carl တို့သည့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်းကို နှစ်သက်ပြီး မြို့ပြ သာသနာလုပ်ငန်းတစ်ခုတွင် လမ်းညွှန်ဦးဆောင်သူအဖြစ် အစေခံ နေကြပါသည်။

စာမူ/ အကြောင်းအရာ များ အဲန်း စီထက်စ်

မမေ့ပါနှင့်

သာယာသော စနေနေ့ နေ့လည်ပိုင်းတွင် ကျွန်မတူမ၊ သူ၏ ၄နှစ်အရွယ်သမီး ကဲလင်း နှင့် ကျွန်မတို့ အတူတကွ အချိန်ဖြုန်းခဲ့ကြသည်။ အိမ်အပြင်၌ ဆပ်ပြာပူပေါင်းမှုတ်ကြ၊ မင်းသမီးစာအုပ်များကို အရောင်ချယ်ကြ၊- ထောပတ်မြေပဲနှင့် ဂျယ်လီနှင့် လုပ်ထားသော အသားညှပ်မုန့်များ အတူစားကြနှင့် ပျော်ခဲ့ကြသည်။ သူတို့ပြန်ရန် ကားပေါ်တက်သွား သောအခါ ကဲလင်း က ‘‘သမီးကို မေ့မသွားနဲ့နော် အန်တီ အန်း’’ဟု သူ့အမေခေါ်သလို ခေါ်ပြီး ချစ်စဖွယ် အော်ပြောသည်။ ကားဆီသို့ ကျွန်မ အမြန်ပြေးသွားကာ ‘‘သမီးကို အန်တီ ဘယ်တော့မှ မမေ့ဘူးနော်၊ မကြာခင် ထပ်တွေ့ကြမယ်နော်” ဟု တီးတိုးပြောလိုက်ပါတော့သည်။

တမန်တော်ဝတ္ထု ၁ တွင် တပည့်တော်များသည် သူတို့မျက်စိရှေ့တင် သခင်ယေရှုကောင်းကင်သို့ တက်ကြွ သွားသည်ကို ကြည့်ရှုနေကြသည်(း၉)။ သူတို့သခင် သူတို့ကို မေ့များမေ့သွားမလားဟု ကျွန်မတွေးမိသည်။ သို့သော်လည်း သူတို့အထဲ၌…

ကျွန်ုပ်ချစ်ပါမည်

ရှယ်လီ သည် နောက်မှီထိုင်ခုံတွင် မောမောနှင့် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ ထို့နောက် ပြတင်းပေါက်မှလှမ်းကြည့်လိုက်စဉ် သက်ကြီး စုံတွဲတစ်တွဲက ခြံတစ်ခြံမှ ‘အခမဲ့ယူနိုင်သည်’ ဟုရေးထားသည့် ခြံစည်းရိုးဟောင်းအပိုင်းကို သယ်ရန်ကြိုးစား နေသည်ကို သတိထားလိုက်မိသည်။ ရှယ်လီ သည် သူ့ခင်ပွန်းကိုခေါ်ပြီး သူတို့ကို ကူညီရန်အတွက် ထွက်လာခဲ့သည်။ သူတို့ လေးယောက်သား
ခြံစည်းရိုးကို တွန်းလှည်းပေါ်တင်ကာ လမ်းတစ်လျှောက်တွန်းသွားပြီး လမ်းထောင့်ရှိ ထိုလင်မယား၏နေအိမ်အထိ ပို့ပေးခဲ့သည်။ ခြံစည်းရိုးနောက်တစ်ပိုင်းသယ်ရန် ပြန်လာ သောအခါ ထိုအမျိုးသမီးက ရှယ်လီ အား ‘ငါနဲ့သူငယ်ချင်း လုပ်မလား’ ဟု မေးရာ၊ ရှယ်လီ က ‘သိပ်ရတာပေါ့’ ဟု ဖြေလိုက်သည်။ ထိုသူငယ်ချင်းသည် ဗီယက်နမ်လူမျိုးဖြစ်ပြီး အင်္ဂလိပ်စကား အနည်းငယ်သာ တတ်သည်။ ကလေးများလည်း အရွယ်ရောက်ကာ အဝေးတစ်နေရာသို့ ပြောင်းသွားသဖြင့် အထီးကျန်နေကြောင်း ရှယ်လီ နောက်မှ သိခဲ့ရသည်။

ဝတ်ပြုရာကျမ်းထဲ၌ ဣသရေလလူမျိုးများအား…

ယခုမှစ၍

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်မအစ်မအကြီးဆုံး၏အသားစစစ်ဆေးမှုက ကင်ဆာဟု အဖြေထွက်လာသောအခါ “အခုကစပြီး ကယ်ရိုလိုင်းနဲ့ တတ်နိုင် သလောက် အချိန်များများနေပေးရမည်” ဟု ကျွန်မ သူငယ်ချင်းများကို ပြောခဲ့သည်။ ကျွန်မခံစားချက်များကို အကဲပိုသည်ဟု အချို့က မှတ်ချက်ပေးကြသည်။ သို့သော် ဆယ်လအတွင်း အစ်မကြီး သေဆုံးသွားသည်။ နာရီပေါင်း များစွာ အစ်မကြီးနှင့် အချိန်ယူခဲ့ရခြင်းဖြစ်သော်လည်း ချစ်ရသူတစ်ဦးနှင့် အတူရှိရခြင်းက ချစ်၍မဝ၊ မည်သည့် အခါမျှ အချိန် မလောက်ငှပါ။

တမန်တော်ပေတရုက ကနဦးအသင်းတော်မှ သခင်ယေရှု၏နောက်တော်လိုက်များအား “အားကြီးသော ချစ်ခြင်းမေတ္တာဖြင့် ချစ်ရန်” တိုက်တွန်းထားသည် (၁ ပေ ၄း၈)။ သူတို့သည် ညှဉ်းပန်းနှိပ်စက်မှုများနှင့် တွေ့ကြုံနေရပြီး ခရစ်ယာန်အသိုင်းအဝိုင်းမှ ညီအစ်ကို မောင်နှမများ၏မေတ္တာကို ခါတိုင်းထက် သူတို့ ပိုလိုအပ်နေသည်။ တစ်ဖန် သူတို့၏ နှလုံးသား၌ ဘုရားရှင်၏ချစ်ခြင်းမေတ္တာကို သွန်းလောင်းထားသည်ဖြစ်ရာ၊ အပြန်အလှန်အားဖြင့် အခြားသူများကို…

အနားယူလို့ ရမလား?

Darnell သည် ပြင်းထန်စွာ နာကျင်မှုဝေဒနာကို ခံစားရတော့မည်ကို သိလင့်ကစား ခန္ဓာသန်စွမ်းအောင် လေ့ကျင့်ကုသပေးသည့်ဌာနသို့ သွားခဲ့သည်။ သူဒဏ်ရာရပြီးကတည်းက လနှင့်ချီ၍ လှုပ်ရှားမှုမရှိသော သူ့လက်မောင်းကို ဆရာမက ပုံမှန်အနေအထားသို့ ဆွဲသည်၊ ကွေးသည်။ မသက်မသာ ဖြစ်လှသော အနေအထား များနှင့် စက္ကန့်အနည်းငယ် ကြာမျှ ကွေးထား၊ ဆွဲထား၊ တင်းထားပြီးနောက် လျော့လိုက်ကာ သူမက “ကောင်းပြီ... သက်သက်သာသာနားပါ” ဟုပြောပါသည်။ နောက်ပိုင်းတွင် သူက ‘ကျွန်တော်ထင်တယ်။ ကုသချိန်တိုင်းမှာ “ကောင်းပြီ... သက်သက်သာသာနားပါ” ဆိုတဲ့စကားကို အကြိမ် ၅၀ ထက်မနည်း ကြားခဲ့ရတယ်’ ဟုပြောပြသည်။

ထိုစကားလုံးများကို ပြန်လည်းဆင်ခြင်ရင်း သူ့အသက်တာတစ်လျှောက်လုံးတွင်လည်း ၎င်းကိုအသုံးချနိုင်ကြောင်း Darnell သိနားလည် ခဲ့သည်။ စိုးရိမ်ပူပန်နေရမည့်အစား ဘုရားရှင်၏ ကောင်းမြတ်ခြင်းနှင့် သစ္စာတော်တွင် အေးအေးလူလူ အနားယူနေနိုင်ပါသည်။

သခင်ယေရှုအသေခံရမည့်အချိန် နီးလာလေလေ သူ့တပည့်တော်များလည်း ထိုအရာကို…

မိမိမြင်နိုင်သမျှ

ရေခဲလောက်အောင် အေးချမ်းသည့်ဆောင်းရာသီတစ်နေ့တွင် ခရစ်တာသည် ရေကန်စပ်ရှိ နှင်းများဖုံးအုပ်လျက်ရှိသော လှပသည့် မီးပြတိုက်တစ်ခုကို လှမ်းမျှော် ကြည့်ရှုနေသည်။ ဓာတ်ပုံရိုက်ရန် သူ၏ဖုန်းကို ထုတ်ယူလိုက်ချိန်တွင် သူ၏မျက်မှန် ပေါ်တွင် မြူမှုန်များကပ်နေသည်။ ရှင်းလင်းစွာ မမြင်ရသည့်အတွက် သူ၏ ကင်မရာကို မီးပြတိုက်ရှိရာသို့ ခန့်မှန်း၍ ရှုထောင့် အမျိုးမျိုး ချိန်ရွယ်ပြီး ဓာတ်ပုံသုံးပုံ ရိုက်လိုက်သည်။ နောက်မှ ထိုပုံများကို ပြန်လည် စစ်ဆေးကြည့်ရာ ကင်မရာက ဆယ်ဖီ ခလုပ် ချိန်ထားခြင်းကြောင့် သူ့ကိုယ်သူ ပြန်ရိုက်မိလျက်သား ဖြစ်နေ သည်ကို တွေ့လိုက်သည်။ “ငါ့ကိုယ်ငါ ချိန်ရွယ်ပြီး ရိုက်ထားတဲ့ ပုံတွေချည်းပဲ” ဟု သူက ရီမောလျက် ပြောပြသည်။ ခရစ်တာ၏အဖြစ်ကြောင့် ထိုကဲ့သို့ဆင်တူသော အမှားမျိုးကို ကျွန်မတွေးမိသည်။ ကျွန်မတို့သည် မိမိကိုယ်ကိုသာ အာရုံစိုက်လွန်းပြီး သာ၍ ကြီးမားသော ဘုရားသခင်၏ အကြံအစည်တော်ကို မမြင်နိုင်ဘဲ လွှတ်သွားသည့်…

သူသည် မည်သို့သောကယ်တင်ရှင်ဖြစ်သနည်း

ယမန်နှစ်က ကင်ဆာရောဂါနှင့်တိုက်ပွဲဝင်နေရသည့် အမျိုးသမီး (၃) ဦး အတွက် ရောဂါပျောက်ကင်းရန် ကျွန်မနှင့်သူငယ်ချင်းများက ဆုတောင်းပေးကြသည်။ ဘုရားသခင်သည် တတ်နိုင်တော်မူကြောင်းဝန်ခံလျက် ကျွန်မတို့ နေ့စဉ် ဆုတောင်း ခဲ့သည်။ အတိတ်က ကိုယ်တော်အနာငြိမ်းပေးခဲ့သည့်အမှုများအတွက် ယခုလည်း ထပ်မံ မစပျောက်ကင်းစေမည်ဟု ကျွန်မတို့ယုံကြည်သည်။ ထိုမိတ်ဆွေတစ်ဦးချင်းစီသည် အမှန်တကယ် ရောဂါပျောက်သကဲ့သို့ ခံစားရသောနေ့ရက်များကို တွေ့လာရသည့်အခါ ကျွန်မတို့အလွန်ဝမ်းမြောက်သည်။ သို့သော်လည်း ထိုနှစ် ဆောင်းရာသီ၌ သူတို့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားကြသည်။ အချို့က “ဘုရားက အန္တိမအနာငြိမ်းပေးပြီ။ သူတို့ ငြိမ်းချမ်းသွားပြီ” ဟုဆိုသည်။ သို့သော် သွားနှင့်သူများအတွက် ကျွန်မတို့ကြေကွဲဝမ်းနည်းခံစားရသည်။ ကျွန်မတို့က ဘုရားရှင်အား လူအယောက်စီတိုင်းကို အနာငြိမ်းပေးစေချင်သည်။ သို့သော် နားမလည် နိုင်သည့်အကြောင်းတရားများကြောင့် အံ့ဖွယ်အနာငြိမ်းစေခြင်းကို မတွေ့ရပါ။

အချို့သောသူတို့သည် သခင်ယေရှုပြသည့် အံ့ဖွယ်ရာနိမိတ်လက္ခဏာများကို မြင်လိုခြင်းကြောင့်၊ အစာစားရခြင်းကြောင့် နောက်တော်သို့လိုက်ကြသည် (ယော ၆း၂၊ ၂၆)။…

မျှော်လင့်ခြင်းကို ရှာဖွေရမည့်နေရာ

အဲလိဇဘက်သည် မူးယစ်ဆေးသားကောင်ဘဝနှင့် အချိန်အတော်ကြာမျှ ရုန်းကန် ခဲ့ရပြီးနောက် သူဆေးပြတ်သွားသည့်အခါ အခြားသူများကိုလည်း တစ်ဖန် ပြန်ကူညီ လိုသည်။ ထို့ကြောင့် စာတိုလေးများရေးပြီး သူမြို့တစ်ခုလုံးသို့ လူမသိအောင် ဖြန့်သည်။ ကားဝိုက်ပါ၌ သူညှပ်ခဲ့သည်။ ပန်းခြံရှိတိုင်များ၌ ကပ်သည်။ ယခင်က မျှော်လင့်ခြင်း အမှတ်အသားများကို သူရှာဖွေမိခဲ့သည် မဟုတ်ပါလား။ ယခုတော့ ထိုမျှော်လင့်ခြင်းကို အခြားသူများ ရှာဖွေတွေ့ရှိအောင် သူချန်ရစ် ပေးလေပြီ။ သူ၏စာတိုလေး တစ်ခုတွင် ''အချစ်များစွာဖြင့် မျှော်လင့်ခြင်းများ ပေးပို့လိုက် သည်'' ဟူ၍ ရေးသားထားသည်။

ချစ်မေတ္တာနှင့်ယှဉ်သည့် မျှော်လင့်ခြင်းသည် သခင်ယေရှု ပေးသည့်အရာပင်ဖြစ်သည်။ နေ့ရက်သစ်တိုင်း တွင် သူ့မေတ္တာကို ပေးသနားလျက် ထိုမေတ္တာနှင့် ရောယှက် သည် မျှော်လင့်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို အားပြည့်ခိုင်ခံ့စေ သည်။ သခင့်မေတ္တာတော်က အတိုင်းအဆနှင့် တစ်စက်ချင်း ကျနေခြင်း မဟုတ်ဘဲ သူ့နှလုံးသားမှ ကျွန်ုပ်တို့နှလုံးသား…

ကားတိုင်တော်အားဖြင့်

ကျွန်မ၏လုပ်ဖော်ဆောင်ဖက် တွမ်၏စားပွဲပေါ်၌ ၈’’ x ၁၂’’ အရွယ် ဖန်ကားတိုင်တစ်ခု ရှိသည်။ တွမ်ကဲ့သို့ပင် ကင်ဆာရောဂါနှင့် နပန်းလုံးပြီး ပြန်လည်ကျန်းမာလာသူမိတ်ဆွေ ဖီလ်က သူ့ကို ပေးထားခြင်းဖြစ်ပြီး၊ အမှုခပ်သိမ်းကို ‘‘ကားတိုင်တော်အားဖြင့်’’ ကြည့်နိုင် အောင်ဖြစ်သည်။ ထိုကားတိုင်သည် သူ့အပေါ်ထားရှိသည့် ဘုရားသခင်၏ မေတ္တာတော် နှင့် အကြံအစည်ကောင်းကို အဆက်မပြတ် သတိပေးသည်။

၎င်းသည် သခင်ယေရှုကို ယုံကြည်သူများအတွက် အထူးသဖြင့် အခက်အခဲကြုံရသည့်ကာလများတွင် စိန်ခေါ်မှုကို ဖြစ်စေသည်။ ကျွန်မတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာထက် အခက်အခဲပြဿနာ၌သာ အာရုံစိုက် လွယ်သည် မဟုတ်ပါလား။

တမန်တော်ရှင်ပေါလု၏ အသက်တာသည် ကားတိုင်တော် အမြင်ရှုထောင့်ရှိကြောင်း ဥပမာပြနိုင်သည့် အသက်တာဖြစ်သည်။ ဒုက္ခဆင်းရဲခံရချိန်တွင် သူ့ကိုယ်သူ ‘‘ညှဉ်းဆဲခြင်းကို ခံရသော်လည်း ရှုံးခြင်းမရှိ၊ အောက်သို့လှဲခြင်းကို ခံရသော်လည်း ဆုံးရာသို့မရောက်’’ (၂ ကော ၄း၉) ဟုဖော်ထုတ်ပြောခဲ့သည်။ ခက်ခဲကြမ်းတမ်းချိန်…

အချိန်ယူပါ

ဆီးရီးယားနိုင်ငံမှ အမေရိကန်နိုင်ငံသို့ မကြာမီအချိန်ကမှ ပြောင်းရွေ့လာသူ ရီမား သည် သူ့ဆရာမအား သူမဝမ်းနည်းနေရခြင်းအကြောင်းကို လက်ဟန်ခြေဟန်နှင့်ရော အင်္ဂလိပ်လို မတောက်တစ်ခေါက်ဖြင့်ပါ ရှင်းပြနေသည်။ သူမက လူတစ်ယောက် ဟု ပြောပြီး တံခါးဝမှဧည့်ခန်း၊ ထိုမှ တံခါးဝဆီသို့ လက်ညှိုးထိုးပြကာ နှုတ်မှ တရွှတ်ရွှတ် လုပ်ပြသည်။ သူပြုလုပ်ထားသည့် အသား၊ ချိစ်နှင့် ဟင်းနုနွယ်တို့ ပါဝင်သော ဖာတာယာ မုန့်ကို လင်ဗန်းပေါ် လှပစွာ ပြင်ဆင်ရင်း သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျ လာသည်။ ဆရာမက အဖြစ်အပျက်ကို ဆက်စပ်နားလည် ခဲ့သည်။ အနီးနားအသင်းတော်မှ ရီမား ၏ မိသားစုထံသို့   လက်ဆောင်ယူလာကြခြင်း ဖြစ်မည်။ သို့သော် အမျိုးသား တစ်ဦးသာရောက်လာပြီး အလျင်စလိုနှင့် ဝင်လာကာ ပစ္စည်း ထည့်ထားသော ပုံးကိုချပြီးနောက် အမြန် ပြန်ထွက်သွားသည်။ ထိုသူက သူ့တာဝန်ကျေအောင် လုပ်စရာများကို မြန်မြန်လုပ်နေခြင်း…

တီးတိုးစကားများ

လူငယ်လေးတစ်ယောက်သည် လေယာဉ်ပေါ်၌ ထိုင်၍ ခါးပတ်ပတ်လိုက်သည်။ သူ့မျက်လုံးများက လေယာဉ်ပြတင်းပေါက်များသို့ရောက်သွားလိုက်၊ ဟိုကြည့်ဒီကြည့်နှင့် ဖြစ်နေသည်။ ထို့နောက် သက်ပြင်းအရှည်ကြီးချ၍ မျက်လုံးပိတ်ကာ စိတ်ငြိမ်အောင် ကြိုးစားသော်လည်း မရပါ။ လေယာဉ်တက်သွားစဉ် သူသည် ရှေ့တိုးနောက်ဆုတ် လှုပ်ခါ နေသည်။ သူ့မျက်စောင်းထိုး၌ ထိုင်နေသူ အမျိုးသမီးကြီးက  သူ့လက်မောင်းပေါ်လက်အသာတင်ပြီး သူကြောက်ရွံ့နေမှု သက်သာအောင် အာရုံပြောင်းပြီး စကားပြောပေးသည်။ ‘‘နာမည် ဘယ်လိုခေါ်သလဲ၊ ဘယ်ကလာသလဲ၊ အဆင်ပြေ သွားမှာပါ၊ မင်းအဆင်ပြေနေတာဘဲ၊ အစရှိသဖြင့် တိုးညင်းစွာပြောပေးသည်။ သူ့ကိုကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်နိုင်သလို သူ့ကို လှစ်လျူရှုထားလိုက်နိုင်ပါသည်။ သို့သော် သူ့ကို ထိတွေ့ပြီး စကားပြောရန် ရွေးချယ်ခဲ့သည်။ သေးငယ်သော အမှုအရာလေးပါ။ နောက်သုံးနာရီအကြာတွင် လေယာဉ်ဆင်းသက် ပြီးနောက် ထိုလူငယ်က ‘‘ကျွန်တော့်ကို ကူညီပေးခဲ့လို့် ကျေးဇူးပါ’’ ဟုပြောခဲ့သည်။

ယခုကဲ့သို့ ကြင်နာသနားသောအပြုအမူမျိုးကိုပြသည့် အင်မတန်မှလှပသော မြင်ကွင်းမျိုးကို မြင်တွေ့ရရန် မလွယ်ကူပေ။…