အချိန်ရောက်သောအခါ
ကျွန်မ၏မိတ်ဆွေ Al (အောင်) နှင့် Kathy Schiffer (ကေသီ ရှီဖာ) တို့သည် သူတို့ ၏အထင်ကရဖြစ်သော၊ ဒုတိယကမ္ဘာစစ်အချိန်က လေယာဉ်ကို လေကြောင်းပြပွဲသို့ ပျံသန်းမောင်းနှင်လာရာ သက်ကြီး ဝါရင့်စစ်ပြန်ကြီးများ၏တုံ့ပြန်မှုက သူတို့အတွက် အရေးအပါဆုံးပင်။ စစ်ပြန်ကြီးများက ပြန်ပြောင်းသတိရပြီး၊ သူတို့ ဆင်နွှဲခဲ့သော စစ်ပွဲများ၊ သူတို့မောင်းနှင်ခဲ့သော လေယာဉ်များအကြောင်း ပြောဆိုဆွေးနွေးနိုင်သည်။ သူတို့၏ တိုက်ပွဲအများစုအကြောင်းကို မျက်ရည်ဝဲလျက် ပြန်ပြောခဲ့ကြသည်။ တိုင်းပြည်တာဝန်ထမ်းဆောင်စဉ် သူတို့ရရှိသော အကောင်းဆုံးသတင်းမှာ “ရဲဘော်တို့၊ စစ်ပွဲပြီးဆုံးပြီ၊ အိမ်ပြန်ဖို့အချိန်ရောက်ပြီ” ဟူ၍ဖြစ်ကြောင်း စစ်ပြန်များက ပြောပြသည်။
ကျွန်မတို့ ဝိညာဉ်များ၏ရန်သူ မာရ်နတ်ကို ဆန့်ကျင်တိုက်လှန်သည့် သခင်ယေရှု၌ ယုံကြည်သူ စစ်သည်များ ပါဝင်တိုက်ခိုက်သော၊ ကျွန်မတို့၏ ကောင်းသောယုံကြည်ခြင်း တိုက်ပွဲမှာ ကနဦးမျိုးဆက်များ ပြောဆိုသော ဤစကားများနှင့် ဆက်စပ်နေသည်။ “သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏”ဟု…
နေရာအပြောင်းအလဲ
ကျွန်မသူငယ်ချင်း Joann (ဂျိုအန်း)သည် ကိုရိုနာဗိုင်းရပ်စတင်ပြန့်ပွားသည့် ၂၀၂၀ ခုနှစ် တွင် လေဖြတ်ရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။ အစပိုင်းတွင် သူ၏အောက်မေ့ဖွယ်အစည်းအဝေးကို ဘုရားကျောင်းတွင်ပြုလုပ်မည်ဟု သူ့မိသားစုက ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင် တက်ရောက်သူဦးရေကို လျော့ချရန်အတွက် အသုဘရှုရန်နေရာတွင်သာပြုလုပ်ရန် အကောင်းဆုံးဟု ဆုံးဖြတ်ခဲ့သည်။ အွန်လိုင်းအသိပေးစာတွင် “Joann Warners (ဂျိုအန်း ဝယ်နာစ်) - နေရာအပြောင်းအလဲရှိသည်” ဟု ရေးသားထားသည်။
မှန်ပါသည်၊ သူမ၏နေရပ် ပြောင်းသွားသည်။ သူမသည် မြေကြီးမှ ကောင်းကင် ဘုံသို့ ထွက်ခွာသွားပြီဖြစ်သည်။ ဘုရားသခင်သည် သူမ၏အသက်တာကို လွန်ခဲ့သောနှစ်များက ပြောင်းလဲစေခဲ့ပြီး၊ သူမသည် ဘုရားရှင်အား နှစ်ငါးဆယ်နီးပါး မေတ္တာဖြင့် အစေခံခဲ့သည်။ ဆေးရုံတွင် သေလုမျောပါး လဲနေရချိန်၌ပင် ရုန်းကန်နေရသော သူမ ချစ်ရသည့်သူများအကြောင်း မေးနေခဲ့ပါသေးသည်။ ယခုတွင် သူမ၏ဘုရားရှင်နှင့်အတူ ရှိနေပြီ။ သူမ၏နေရပ်ပြောင်းသွားပါပြီ။
တမန်တော်ရှင်ပေါလုလည်း အခြားနေရာတစ်ခုတွင် ခရစ်တော်နှင့်အတူရှိလိုသည့် ဆန္ဒ ရှိခဲ့သော်လည်း (၂…
ကောင်းကင်တမန် အပေါင်းအဖော်များ
Bev (ဘဗ်)၏အချိန်ဇယား၌ ဆေးစစ်မှုများ တစ်ခုပြီးတစ်ခုနှင့် ပြည့်နေပြီး သူမ၏စိတ်ထိခိုက်မှုနှင့် စိတ်ပျက်မှုတို့ သူမကို လွှမ်းမိုးလာသည်။ သူမ၏ခန္ဓာကိုယ်တစ်နေရာရာ တွင် ရှိနေမည့်ကင်ဆာရောဂါကို ရှာဖွေလျက်ရှိကြောင်း ဆရာဝန်များ ပြောသောအခါ သူမထိတ်လန့်ခဲ့ရသည်။ နေ့စဥ်နှင့်အမျှ ဘုရားသခင်ထံသို့ ဦးလှည့်သောအခါ (သို့) သမ္မာကျမ်းစာကို ဖတ်ရှုသောအခါ ဘုရားရှင်သည် သူ၏အတူတည်ရှိခြင်း ကတိတော်များနှင့် ခိုင်မြဲသော ငြိမ်သက်ခြင်းအားဖြင့် သူမကို သစ္စာရှိစွာ ခွန်အားဖြည့်ပေးခဲ့သည်။ သူမသည် မသေချာမှုများနှင့် တိုက်ပွဲဝင်ရုန်းကန်ခဲ့ရပြီး မကြာခဏ ဆိုသလို “တကယ်လို့များ ... ဖြစ်ခဲ့ရင်” ဟူသည့် ဝန်ထုပ်ကို ဘုရားသခင်၏ပုခုံးပေါ်၌တင်ရန် သင်ယူခဲ့ရသည်။ တစ်မနက်တွင် အရေးကြီးသော ခွဲစိတ်ကုသမှုမပြုမီ ထွက်မြောက်ရာကျမ်း ၂၃ မှ “လမ်းခရီး၌ သင့်ကို စောင့်ရှောက်၍ ငါပြင်ဆင်နှင့်သောအရပ်သို့ ပို့စေခြင်းငှာ ကောင်းကင်တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏” (:၂၀)ဟူသည့် ကျမ်းပိုဒ်က ရုတ်တရက် သူမ၏နှလုံးသားထဲသို့…
ခရစ်တော်၌ အခြေပြုသောလူမှုအသိုင်းအဝိုင်း
ဘဟားမားစ် ကျွန်းစုများ၏ တောင်ဘက်ခြမ်းတွင် Ragged (ရက်ဂတ်)ကျွန်းဟုခေါ်သော ကျွန်းလေးတစ်ခုရှိသည်။ ၁၉ ရာစုနှစ်က ထိုကျွန်းတွင် ဆားချက်လုပ်ငန်း ရှိခဲ့သော်လည်း ထိုလုပ်ငန်းကျဆင်းလာမှုကြောင့် လူအများအပြားသည် အနီးအနား ကျွန်းများသို့ ပြောင်းရွှေ့သွားကြသည်။ ၂၀၁၆ ခုနှစ်တွင် ထိုကျွန်းပေါ်၌ လူဦးရေ (၈၀) အောက်သာ ရှိသည့်အချိန်က ဘာသာရေးဂိုဏ်းဂဏ (၃) ခု ရှိခဲ့သည်။ သို့သော်လည်း ဝတ်ပြုရန်နှင့် မိတ်သဟာယဖွဲ့ရန် နေရာတစ်ခုတည်း၌ လူတို့ အပတ်စဥ် စုဝေးကြသည်။ ကျွန်းပေါ်၌နေထိုင်သူ အလွန်နည်းသောကြောင့် လူမှုအသိုင်းအဝိုင်းစိတ်ဓာတ်သည် သူတို့အတွက် အထူးသဖြင့် အလွန်အရေးပါခဲ့သည်။
ကနဦးအသင်းတော်မှ လူတို့သည်လည်း လူမှုအသိုင်းအဝိုင်းစိတ်ဓာတ်ကို အရေးတကြီး လိုအပ်ပြီး တောင့်တခဲ့သည်။ သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သူတို့အသစ် တွေ့ရှိခံယူခဲ့သည့် ယုံကြည်ခြင်းအတွက် သူတို့ စိတ်လှုပ်ရှားဝမ်းမြောက်ခဲ့ကြသည်။ သို့သော်လည်း သခင်က သူတို့နှင့် ကိုယ်တိုင်အတူ မရှိတော့သည်ကို…
စွန့်စားမှု
“ခရစ်ယာန်ဘာသာဟာ ကျွန်မအတွက် မဟုတ်ဘူး။ ပျင်းစရာကောင်းတယ်။ စွန့်စားမှုဆိုတာ ကျွန်မတန်ဖိုးထားတဲ့ အရာတွေထဲက တစ်ခုဖြစ်ပြီး အဲတာကျွန်မဘဝပါပဲ” ဟု အမျိုးသမီးငယ်တစ်ဦးက ကျွန်မကိုပြောပြခဲ့သည်။ ခရစ်တော်နောက်လိုက်ခြင်းအားဖြင့် အခြားဘာနှင့်မှမတူသော၊ စွန့်စားမှုတစ်ခုဖြစ်သည့် ထူးခြားပျော်ရွင်မှုနှင့် စိတ်လှုပ်ရှားမှုများ ရရှိမည်ကို သူမမသိသေးသည့်အတွက် ကျွန်မစိတ်မကောင်းဖြစ်မိပါသည်။ သခင်ယေရှုအကြောင်းနှင့် စစ်မှန်သောဘဝကို ကိုယ်တော်၌သာ ရှာဖွေနိုင်ကြောင်းကို သူမအား စိတ်လှုပ်ရှားစွာ ဝေမျှခဲ့သည်။
ဘုရားသားတော် ယေရှုကို သိကျွမ်းပြီး သူနှင့်အတူလျှောက်လှမ်းခြင်းဟူသော စွန့်စားမှုကိုဖော်ပြရန်မှာ စကားလုံးနှင့်မျှ မလုံလောက်ပါ။ ဧဖက်သြဝါဒစာ ၁ တွင် တမန်တော်ရှင်ပေါလုသည် ကျွန်ုပ်တို့အား အနည်းငယ်သာဖြစ်သော်လည်း ကိုယ်တော်၌ တည်သောအသက်တာသည် အစွမ်းထက်ကြောင်းကို အရိပ်အမြွက် ပြောပြသည်။ ဘုရားသခင်သည် ကျွန်မတို့အား ဝိညာဉ်ရေးကောင်းချီးများကို ကောင်းကင်မှတိုက်ရိုက်ပေးသနားပြီး (:၃)၊ ဘုရား၏အမြင်တွင် သန့်ရှင်းခြင်းနှင့် အပြစ်ကင်းစင်ခြင်း (:၄)၊ ဘုရား၏တော်ဝင်မိသားစုတွင် အမွေစားအမွေခံဖြစ်ခြင်း (:၅)တို့ကို ပေးတော်မူသည်။ ထို့ပြင်ကြွယ်ဝသောခွင့်လွှတ်ခြင်းနှင့် ကျေးဇူးတော်…
ဘယ်အရာက ပိုကောင်းနိုင်သလဲ
Eric (အဲရစ်) သည် အသက်နှစ်ဆယ်ကျော်အရွယ်တွင် သူ့ကိုချစ်သော သခင်ယေရှု၏ မေတ္တာအကြောင်းကို ကြားခဲ့ရပြီး အသင်းတော်သို့ စတင်တက်ရောက်ခဲ့သည်။ သူဘုရားကျောင်း တက်ရောက်စဉ် ခရစ်တော်ကို တိုး၍ သိကျွမ်းလာစေရန် ကူညီပေးသူတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ မကြာမီမှာပင် အဲရစ်၏ လက်ဦးဆရာက ဘုရားကျောင်းရှိ ယောကျ်ားလေးအဖွဲ့ငယ်ကို သင်ကြားပေးရန် သူ့အား တာဝန်ပေးခဲ့သည်။ နှစ်ကာလများတစ်လျှောက်တွင် အန္တရာယ်စက်ကွင်း၌ ကျရောက်နေသော လူငယ်များကို ကူညီရန်၊ သက်ကြီးရွယ်အိုများထံ သွားရောက်လည်ပတ်ရန်၊ အိမ်နီးချင်းများအား ဧည့်ဝတ်ပြုရန်အတွက် ဘုရားသခင်သည် အဲရစ်၏ နှလုံးသားကို ဆွဲငင်ခေါ်ဆောင်ခဲ့သည်။ ယခု သူအသက်ငါးဆယ်နှောင်းပိုင်းတွင် အဲရစ်က အစေခံရန် စောစီးစွာ သွန်သင်ခံရသည့်အတွက် ကျေးဇူးတင်ကြောင်း၊ “ယေရှု၌ ရှိတဲ့မျှော်လင့်ချက်ကို ဝေမျှဖို့ ကျွန်တော့်နှလုံးထဲမှာ ပြည့်လျှံနေတယ်။ သူ့ကိုအစေခံခြင်းထက် ဘယ်အရာက ပိုကောင်းနိုင်မှာလဲ” ဟုရှင်းပြသည်။
တိမောသေ၏အမေနှင့်အဖွားက သူ၏ယုံကြည်ခြင်းကို လွှမ်းမိုးထားခဲ့စဥ်က သူသည် ကလေးအရွယ်သာ ရှိသေးသည်…
လမ်းခရီးပေါ်ရှိ လွတ်လပ်မှု
မျက်မမြင် ဘေ့စ်ဘောအားကစားတွင် မျက်မမြင်ကစားသမားများသည် အသံမြည်နေသည့် ဘေ့စ်ဘောဘောလုံး (သို့) တဝီဝီမြည်နေသည့် အခြေစိုက်နေရာ၏အသံကို နားထောင်၍ ဘာလုပ်ရမည်၊ ဘယ်သွားရမည်ကို သိသည်။ မျက်စိမမြင်သည့်အတိုင်းအတာ မတူမှုကို ညှိရန် မျက်စိစည်းထားသည့် ဘောလုံးရိုက်သူနှင့် မျက်စိမြင်ရသော ဘောလုံးပစ်သူတို့သည် တစ်သင်းတည်းမှ ဖြစ်သည်။ ရိုက်သူက ဘတ်တံကိုလွှဲရိုက်၍ ဘောလုံးမှန်ပါက သူသည် အခြေစိုက်နေရာသို့ ပြေးသည်။ ရိုက်သူက အခြေစိုက်နေရာသို့မရောက်မီ ဘောလုံးဖမ်းသူက ဘောလုံးမြည်သံကို လက်ခုပ်ဖြင့်အုပ်၍ ပိတ်လိုက်နိုင်ပါက ရိုက်သူသည် ပွဲမှ ထွက်ရသည်။ သို့မဟုတ်ပါက ရိုက်သူ အမှတ်ရသည်။ ကစားသမားတစ်ဦးက “ပြေးတဲ့အခါ ခံစားရတဲ့ လွတ်လပ်မှုကြီး”ကို သဘောအကျဆုံး ဟု မှတ်ချက်ပြုသည်။ တိကျသောလမ်းကြောင်းနှင့် ဦးတည်ရာကို သူသိသောကြောင့်ဖြစ်သည်။
ဟေရှာယအနာဂတ္တိကျမ်း၌ “ဖြောင့်မတ်တော်မူသော” ဘုရားသခင်သည် “ဖြောင့်မတ်သောသူ၏ လမ်းခရီးကို ပြင်ဆင်တော်မူ၏” (၂၆:၇)ဟု ဖော်ပြပါသည်။ ဤကျမ်းပိုဒ်ကိုရေးစဉ်က ဣသရေလလူမျိုးတို့၏လမ်းခရီးသည် ချောမွေ့သည့်ပုံပေါ်…
ချီးမြှောက်ခြင်းခံထိုက်သူကား မည်သူနည်း
ခရုပတ်လှေကားမှသည် ကျယ်ဝန်းသောအိပ်ခန်း၊ သစ်မာကြမ်းပြင်မှသည် နူးညံ့သောကော်ဇောခင်းထားခြင်း၊ ကျယ်ဝန်းသောအဝတ်လျှော်ခန်းမှသည် ကောင်းမွန်သောရုံးခန်းထိ၊ အိမ်ခြံမြေအကျိုးဆောင်သည် အလားအလာကောင်းသော အိမ်တစ်လုံးကို ငယ်ရွယ်သည့်ဇနီးမောင်နှံအား ပြသခဲ့သည်။ အခန်းတစ်ခုသို့ရောက်တိုင်း သူတို့က “မင်း ငါတို့အတွက် အကောင်းဆုံးနေရာကို ရွေးပေးတာပဲ။ ဒီအိမ်က အံ့မခမ်းပဲ” ဟု အားပါးတရချီးမွမ်းလိုက်ရာ၊ အိမ်ခြံမြေအကျိုးဆောင်က “ခင်ဗျားတို့ရဲ့ချီးမွမ်းစကားကို အိမ်ဆောက်သူကို ပြောလိုက်ပါ့မယ်။ အိမ်ကို ဆောက်တဲ့သူသာလျှင် ချီးမွမ်းခံထိုက်ပါတယ်၊ အိမ်နဲ့ အိမ်ကိုပြတဲ့သူက အချီးအမွမ်းခံထိုက်တာ မဟုတ်ပါဘူး” ဟုတုံ့ပြန်ခဲ့သဖြင့် တစ်မျိုးကြီးဟု သူတို့တွေးမိသော်လည်း ၎င်းသည် မှန်ပါသည်။
အိမ်ခြံမြေအကျိုးဆောင်၏စကားများက “အိမ်ကို ဆောက်သောသူသည် အိမ်ထက်သာ၍ကြီးသော အသရေရှိ”၏ (ဟေဗြဲ ၃:၃) ဟူသော ဟေဗြဲဩဝါဒစာ ရေးသူ၏စကားကို ထင်ဟပ်စေသည်။ ကျမ်းရေးသူသည် ဘုရားသခင်၏ သားတော်ယေရှုနှင့် ပရောဖက်မောရှေတို့၏ သစ္စာတရားကို နှိုင်းယှဉ်ထားသည် (:၁-၆)။ မောရှေသည် ဘုရားသခင်နှင့်မျက်နှာချင်းဆိုင် စကားပြောရန်နှင့် ဘုရား၏ပုံသဏ္ဌာန်တော်ကို မြင်တွေ့ရန်…
အတွင်းစိတ် ဝေဒနာကုစားရန်အတွက် ရှာဖွေခြင်း
Carson (ကာရ်စန်)သည် အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်း၊ စက်ဘီးစီးခြင်းနှင့် စကိတ်စီးခြင်းဖြင့် အမြဲတမ်းအလုပ်များနေသူ ဖြစ်သည်။ သူသည် အပြင်၌ လုပ်ဆောင်ရသည့်အမှု အရာမှန်သမျှကို ကြိုက်နှစ်သက်သည်။ သို့သော် ဆိုင်ကယ်တိုက်မှုကြောင့် ရင်ဘတ်မှစ၍ အောက်ပိုင်းသေသွားခဲ့သည်။ မကြာခင်မှာပင် စိတ်ဓာတ်ကျလာပြီး သူ၏အနာဂတ်ကို မမြင်နိုင်တော့ပေ။ သို့နှင့် တစ်နေ့တွင် သူ၏အမဲလိုက်သူငယ်ချင်းအချို့က သူ့ကိုခေါ်၍ အမဲလိုက်ကြသည်။ ပတ်ဝန်းကျင်၏ အလှကိုခံစားရင်း သူသည် တစ်ခဏတာ သူ့ဒဏ်ရာကို မေ့နေခဲ့သည်။ ဤအတွေ့အကြုံသည် သူ့အား အတွင်းစိတ်ဝေဒနာကို ကုစားပေးခဲ့ပြီး၊ အခြားသူများအား သူ့နည်းတူ အလားတူ အတွေ့အကြုံကို ပံ့ပိုးပေးရန်ဟူသည့် သူ့ဘဝအတွက် ရည်ရွယ်ချက်အသစ်ကို လှုံ့ဆော်ပေးခဲ့သည်။ သို့နှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် ‘Hunt 2 Heal’ (ကုစားရန် အမဲလိုက်ခြင်း) မှတစ်ဆင့် သူ့ရည်ရွယ်ချက် အကောင်အထည်ပေါ်လာသည်။ သူ၏မတော်တဆမှုသည် “ရုပ်ဖျက်ထားတဲ့ ကောင်းချီးတစ်ခုဖြစ်တယ်။ အခု ကျွန်တော်…
အစေခံရန် စိန်ခေါ်မှု
DeAvion (ဒီအာဗီယန်)သည် အသက် (၁၃) နှစ်သာ ရှိသေးသော်လည်း အခြားသူများကို အစေခံရန် စိန်ခေါ်မှုတစ်ရပ်ကို လက်ခံလိုက်သည်။ နွေရာသီအားလပ်ချိန်အတွင်း မြက်ခင်း (၅၀) ကို အခမဲ့ရိတ်ပေးရန် ဖိတ်ခေါ်သည့် အမျိုးသားတစ်ဦးအကြောင်းကို သူနှင့်သူ၏အမေတို့ ကြားခဲ့ဖူးသည်။ သူတို့၏ ရည်မှန်းချက်မှာ စစ်မှုထမ်းဟောင်းများ၊ တစ်ကိုယ်ရေမိခင်များ၊ မသန်စွမ်းသူများ (သို့) အကူအညီလိုအပ်နေသူများကို ကူညီထောက်ပံ့ရန်ဖြစ်သည်။ ထိုအစီအစဥ်ကို စတင်တည်ထောင်သူ (ပြည်နယ် ၅၀ တွင် မြက်ခင်း ၅၀ ကို ရိတ်ခဲ့သူ)သည် အလုပ်ကျင့်ဝတ်၏အရေးကြီးပုံကို သင်ကြားပေးပြီး လူမှုအဖွဲ့အစည်းသို့ ပြန်လည်ပေးဆပ်ရန် စိန်ခေါ်မှုကို ဖန်တီးခဲ့သည်။ အပူရှိန်နှင့် နွေရာသီတွင် ဆယ်ကျော်သက်တစ်ဦး လေ့လာလိုက်စားနိုင်သည့် အခြားသောလှုပ်ရှားမှုအခွင့်အလမ်းများရှိသော်လည်း ဒီအာဗီယန်သည် အခြားသူများကို ဝန်ဆောင်မှုပေးရန် ရွေးချယ်ခဲ့ပြီး စိန်ခေါ်မှုကို ပြီးမြောက်လုပ်ဆောင်ခဲ့သည်။
ဝန်ဆောင်မှုပေးရန် စိန်ခေါ်မှုသည် သခင်ယေရှုကို ယုံကြည်သူများထံသို့လည်း ရောက်လာပါသည်။ လူသားအားလုံးအတွက် အသေခံမည့်…