စာရေးသူ

အားလုံးမြင်နိုင်ရန်
Arthur Jackson

အာသာဂျက်ဆင်

ချီကာဂိုပြည်နယ်တစ်ခွင်၌ အသင်းတော်ကို ကြည့်ရှုသည့် သင်းအုပ်သာသနာကို ၂၈ နှစ်တိုင် ဆောင်ရွက်ပြီးသည့်နောက် ၂၀၁၆ ခုနှစ် ဆောင်းဦးရာသီတွင် ဆရာကြီး အာသာဂျက်ဆင် (Arthur Jackson)နှင့် ဇနီး ဆရာမ ရှယ်လီ (Shirley) တို့သည် ဆရာကြီး၏ ဇာတိချက်မြှုတ် ကန်ဆက်ပြည်နယ် ကန်ဆက်မြို့တော်တွင် ပြန်လည် အခြေချနေထိုင်လျက်ရှိသည်။ Our Daily Bread စာမူများ ရေးသားသူအနေနှင့် ပါဝင်ဆက်ကပ်သည် သာမက ဆရာကြီး အာသာသည် သင်းအုပ်များကို ပြုစုပျိုးထောင်သည့် PastorServe အမှုတော်လုပ်ငန်းတွင် အနောက်အလယ်ပိုင်းဒေသ မြို့ပြသာသနာ၏ ညွှန်ကြားရေးမှူးနှင့် ချီကာဂိုအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ အသင်းတော်များ တည်ထောင်ခြင်း သာသနာ - Neopolis Network တွင်လည်း ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။

စာမူ/ အကြောင်းအရာ များ အာသာဂျက်ဆင်

လက်ချည်းသက်သက်

မနက်စာစားရန် ရောက်လာသောအခါ သူ့ပိုက်ဆံအိတ်မေ့ကျန်ခဲ့ကြောင်းကို သိလိုက်ရ၍ ရောဘတ်ခမျာ ရှက်သွားသည်။ အစာပဲစားရမလား (သို့) သောက်စရာ တစ်ခုခုပဲ သောက်ရမလား စဉ်းစားရင်း သူစိတ်ရှုပ်နေသည်။ သူ့မိတ်ဆွေက ဒကာခံ ပေးမည်ဟုပြောမှ သူ့စိတ်ရှုပ်ထွေးမှု ပြေလျော့သွားသည်။ သူနှင့် သူမိတ်ဆွေတို့နှစ်ဦး မနက်စာကို အားရပါးရစားပြီး သူ့မိတ်ဆွေက ကုန်ကျစရိတ်ကို ဝမ်းသာစွာနှင့် ပေးချေပေးသည်။

ဤအကြပ်ရိုက်မှုမျိုး (သို့) အခြားအခြေအနေတစ်ခုခုကြောင့် မိမိဘက်မှ အကူအညီယူလိုက်ရသည့် အဖြစ်မျိုးဖြစ်သွားနိုင်သည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပေးချေလိုခြင်းက ပုံမှန်ဖြစ်သော်လည်း သဘောထားကြီးကြီးနှင့်ပေးကမ်းသည့် အရာကို နှိမ့်ချစွာဖြင့် လက်ခံရသည့်အချိန်များရှိသည်။

ရှင်လုကာခရစ်ဝင် ၁၅:၁၇-၂၄ ၌ သားငယ်က "ယခုမှစ၍ ကိုယ်တော်သား ဟူ၍ခေါ်ခြင်းကို မခံထိုက်ပါ။ သူငှားအရာ၌ အကျွန်ုပ်ကို ထားတော်မူပါ" (:၁၉) ဟု ဖခင်ကြီးအားပြောရန် သူစိတ်ကူးထားသည့်အရာမှာ ဖခင်ကို တစ်နည်းနည်းဖြင့် ပြန်ပေးဆပ်ရန်အတွက် သားငယ်၏စိတ်ကူး ဖြစ်သည်။ ဖခင်ကြီး၌မူ…

ကျွန်ုပ်တို့ နားမလည်သောအခါ

"ဘုရားရဲ့အကြံအစည်ကိုကျွန်တော်နားမလည်တော့ဘူးဗျာ။ ကျွန်တော့်တစ်ဘဝ လုံးကို သူ့လက်ထဲအပ်နှံခဲ့တယ်။ ပြီးတော့ ဒီလိုတွေဖြစ်နေတယ်" ဟု ကြေးစားအားကစားသမားတစ်ဦးအနေနှင့် အောင်မြင်မှုအိပ်မက် လွဲချော်သွားသောသားက သူ့မိခင်ကို ပြောသောစကားဖြစ်သည်။ ကျွန်ုပ်တို့ထဲတွင် မျှော်လင့်မထားသော စိတ်ပျက်စရာအတွေ့အကြံုများကြောင့် အတွေးထဲ၌ အံ့သြထိတ်လန့်မှုများ၊ မေးခွန်းများနှင့် မကြုံခဲ့ဘူးသူ မည်သူရှိသနည်း။ မိသားစုဝင်တစ်ဦးက မည်သည့် အကြောင်းပြချက်မှမပေးဘဲ အဆက်အသွယ်ဖြတ်ခြင်း၊ ကျန်းမာရေးချို့တဲ့လာ ခြင်း၊ ရုတ်တရက်ကုမ္ပဏီပြောင်းရွှေ့ရခြင်း၊ ဘဝအပြောင်းအလဲဖြစ်စေသော မတော်တဆမှုများ စသည်ဖြင့် ဖြစ်ပျက်နေသည်။

ယောဘဝတ္ထု ၁-၂ တွင် ယောဘအသက်တာ၌ ကြုံတွေ့ခဲ့ရသောအဖြစ်ဆိုးများနှင့် ဆုတ်ယုတ်မှုများအကြောင်းကို မှတ်တမ်းတင်ထားသည်။ လူ့စိတ်ဖြင့် ပြောရလျှင် အခက်အခဲကင်းသောဘဝကို ခံစားရရန် အရည်အချင်းပြည့်မီသူတစ်စုံ တစ်ဦးရှိခဲ့လျှင် ထိုသူမှာ ယောဘပင်ဖြစ်သည်။ "ထိုသူသည် စုံလင် ဖြောင့်မတ်ခြင်း ရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏"(ယောဘ ၁:၁)။ သို့သော် ဘဝသည် မိမိဖြစ်စေချင်သလို အမြဲမဖြစ်ပါ။ ယောဘအသက်တာ၌…

မမေ့ပါဘူး

"အန်ကယ်အာသာ၊ ကျွန်တော့်ကို ဆံပင်ညှပ်ဆိုင်နဲ့ စူပါမားကတ်ခေါ်သွားတဲ့နေ့ကို သတိရသေးလား။ အဲဒီနေ့က ကာကီရောင်နဲ့အပြာရောင်အကွက်ရှပ်အင်္ကျီ၊ အပြာရင့်ရောင် သိုးမွေးအပေါ်ခံရယ်၊ အညိုရောင်ခြေအိတ်နဲ့ အညိုရောင် ရှူးဖိနပ်ဝတ်ထားတယ်။ အဲဒီနေ့က၂၀၁၆ခု၊ အောက်တိုဘာလ ၂၀ ရက်၊ ကြာသပတေးနေ့လေ။" ကျွန်တော့်တူလေး ဂျဲရတ်၌ အော်တစ်ဇင် (အထီးကျန်စိတ်ဝေဒနာ)နှင့်ဆက်နွယ်သော အခက်အခဲများရှိသော်လည်း အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည့် နေ့ရက်၊နေ့စွဲနှင့်သူဝတ်ဆင်ခဲ့သည့်အဝတ်အစားများ စသည့်အရာများကိုနှစ်ပေါင်းများစွာကြာသည့်တိုင် အသေးစိတ်မှတ်မိနိုင်သည့် အံ့ဖွယ်မှတ်ဉာဏ်ရှိသည်။

ဂျဲရတ်ပိုင်ဆိုင်သော ထူးခြားသောမှတ်ဉာဏ်က အချိန်နှင့် ထာဝရကာလကို ပိုင်သထိန်းချုပ်တော်မူသော၊ အရာခပ်သိမ်းကိုသိပြီး ချစ်ကြင်နာသောဘုရား သခင်အား အမှတ်ရစေသည်။ ကိုယ်တော်သည် အကြောင်းအရာ အချက်အလက်များကိုသိရှိပြီး သူ၏ကတိတော်များ (သို့) သူ့လူမျိုးတော်တို့ကို မမေ့မလျော့ပါ။ ဘုရားသခင် သင့်ကိုမေ့လျော့သွားပြီလားဟု သင်မေးခွန်းထုတ်ခဲ့သည့် အချိန်များ ရှိဖူးပါသလား။ ကိုယ့်ထက် အခြားသူများက ပို၍ကျန်းမာနေပုံ၊ ပျော်ရွှင်နေပုံ၊ ပို၍ အောင်မြင်နေပုံ၊ ပို၍ကောင်းစားနေပုံပေါက်နေချိန်များ ရှိဖူးပါသလား။

ရှေးခေတ်ဣသရေလလူတို့၏ နိမ့်ကျသောအခြေအနေကြောင့် "ထာဝရ…

ဘက်လိုက်ခြင်းနှင့် ခွင့်လွှတ်ခြင်း

တရားမမျှတမှုကို ပြုပြင်သည့်အကြောင်း တရားဟောချက်ကိုကြားရပြီးနောက် အသင်းသားတစ်ဦးသည် သင်းအုပ်ထံသို့ ငိုကြွေးလျက်ချဥ်းကပ်လာပြီး အကျိုး အကြောင်းပေါ်အခြေမခံဘဲ သူ၏ကိုယ်ပိုင်ဘက်လိုက်ယူဆချက်အရ လူမည်း ဓမ္မဆရာအား သူတို့ဘုရားကျောင်း၏သင်းအုပ်အဖြစ် ခန့်အပ်ခြင်းကို မထောက်ခံ ခဲ့ကြောင်းဝန်ခံပြီး "ခင်ဗျား ကျွန်တော့်ကို ခွင့်လွှတ်ဖို့ တကယ့်ကို လိုအပ်တယ်။ အယူဝါဒစွဲတွေ၊ လူမျိုးစွဲ စိတ်ဓာတ်တွေ ကျွန်တော့် ကလေးတွေဆီ ကူးစက်သွားမှာ ကျွန်တော်မလိုလားဘူး။ ခင်ဗျားကို ကျွန်တော်မဲမပေးခဲ့ဘူး။ ကျွန်တော်မှားခဲ့ ပါတယ်"ဟု ခွင့်လွှတ်မှုကို တောင်းခံသည်။ သူ့မျက်ရည်များနှင့် ဝန်ချတောင်းပန်ခြင်း တို့သည် ထိုဓမ္မဆရာကို မျက်ရည်ကျစေပြီး သူ့ကို ခွင့်လွှတ်ခဲ့ပါသည်။ တစ်ပတ် အကြာတွင် ထိုသူ၏နှလုံးသားတွင် ဘုရားရှင် မည်သို့အလုပ်လုပ်ခဲ့ကြောင်း သက်သေခံချက်ကို ကြားရသည့် အသင်းတော်တစ်ခုလုံး ဝမ်းမြောက်ခဲ့သည်။

ယေရှု၏တပည့်တော်နှင့် ကနဦးအသင်းတော်ခေါင်းဆောင် ပေတရုသည် ယုဒလူ မဟုတ်သူများအပေါ် မလိုမုန်းထားစိတ်ရှိနေသောကြောင့် သွန်သင်ခြင်း ခံခဲ့ရသည်။ သန့်ရှင်းခြင်းမရှိသူများဟု သတ်မှတ်ခံရသည့် တစ်ပါးအမျိုးသားများနှင့်အတူစားသောက်ခြင်းသည်…

စိတ်ကူးမြင်ယောင်ကြည့်လိုက်ပါ

လူကြိုက်များသည့် နေအိမ်ပြင်ဆင်မွမ်းမံခြင်း ရုပ်မြင်သံကြားအစီအစဉ်ထုတ်လွှင့် နေစဉ် အစီအစဉ်တင်ဆက်သူ၏ "စိတ်ကူးမြင်ယောင်ကြည့်လိုက်" ဆိုသော စကားကို ကြည့်ရှုသူများ မကြာခဏကြားရသည်။ ထို့နောက် ပစ္စည်းဟောင်းကို ပြန်လည်မွမ်းမံခြင်း၊ အရောင်လွင့်နေသော နံရံနှင့် ကြမ်းပြင်များကို ဆေးသုတ်ခြင်း (သို့) အရောင်တင်ခြင်းတို့ လုပ်ဆောင်ပြီးနောက်ပိုင်း ဘာဖြစ်သွားသည်ကို ဖွင့်ပြလိုက်သည်။ ထုတ်လွှင့်မှုအစီအစဉ်တစ်ခု၌ အိမ်ကိုပြုပြင်မွမ်းမံပြီးနောက် အိမ်ရှင်မှာ ဝမ်းသာလွန်းလှ၍ ပီတိဖြစ်လျက် “လှလိုက်တာ” ဟု သူ့နှုတ်ခမ်းမှ သုံးကြိမ် ရွှန်းရွှန်းဝေအောင်ပြောလာသည်။

သမ္မာကျမ်းရှိကျမ်းပိုဒ်များအနက် ဟေရှာယ ၆၅:၁၇-၂၅ သည် ရင်သပ် ရှုမောဖွယ် "မြင်ယောင်ကြည့်လိုက်" ဆိုသည့်ကျမ်းပိုဒ်တစ်ခုဖြစ်သည်။ အနာဂတ် ၌ အသစ်ပြင်ဆင်တည်ထောင်သည့် ကောင်းကင်နှင့်မြေကြီးကို မြင်ရပြီး (:၁၇)၊ ၎င်းသည် အပေါ်ယံခြယ်မှုန်းထားခြင်းမျှသာ မဟုတ်။ နက်နဲပြီး စစ်မှန်သည်၊ ဘဝ ပြောင်းလဲပြီး ထာဝရတည်သည့်ဘဝဖြစ်သည်။ "ထိုသူတို့သည် ကိုယ်ဆောက်သော အိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်" (:၂၁)။…

လေးလံသော်လည်း မျှော်လင့်ချက်အပြည့်နှင့်

"မြေပဲ"ရုပ်ပြကာတွန်းတွင် ကြံရည်ဖန်ရည်ရှိသောဇာတ်ကောင် လူစီသည် "စိတ်ရောဂါ ခံစားနေရသူများအား အကူအညီပေးခြင်း" ကို ငွေငါးပြားတည်းနှင့် ဝန်ဆောင်မှု ပေးနေသည်ဟု ကြော်ငြာသည်။ လင်းနက်စ် ဆိုသူက သူခံစား နေရသော "အလွန်ပြင်းထန်သည့် စိတ်ဓာတ်ကျဆင်းခြင်း" ကို ပြသရန် သူမ၏ ရုံးခန်းသို့သွားသည်။ သူ၏အခြေအနေကိုမည်သို့ ကုစားရမည်ကို မေးမြန်းသော အခါ လူစီ က "သင်ယခုတွေးနေသောအရာများကို ဆက်မတွေးဘဲ ရပ်လိုက်။ ကျေးဇူးပြု၍ ငွေငါးပြားပေးပါ" ဟုအလျင်အမြန်ဖြေဆိုလိုက်သည်။

စိတ်ညစ်ညူးမှုများကို ထိုမျှလွယ်ကူစွာ မဖယ်ထုတ်နိုင်သည်မို့ စိတ်ကို ပေါ့ပါး စေမည့် ထိုဟာသဇာတ်လမ်းတိုလေးက ခဏတာမျှ လူကိုပြုံးပျော် ရွှင်လန်းစေ သည်။ ဤလောကတွင် မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ စိတ်ပျက်နွမ်းနယ်ခြင်းများကအမှန်တစ်ကယ် ဖြစ်ပေါ်ရှိနေပေရာ၊ ထိုကဲ့သို့ခံစားရပါက တစ်ခါတစ်ရံတွင် ကျွမ်းကျင်သော ပညာရှင်များနှင့် တွေ့ဆုံရန် လိုအပ်ပါသည်။

မချိတင်ကဲခံစားနေရသည့်အချိန်တွင် လူစီ၏အကြံပြုချက်သည် အသုံးမဝင် ပါ။ သို့ရာတွင် ဆာလံကျမ်း…

ဘုရားသခင်နှင့်အတူ တိုက်ပွဲကို ရင်ဆိုင်ခြင်း

အမေရိကန်စစ်သား ဒက်စမန် ဒေါ့(Desmond Doss)၏ သူရဲကောင်း ဆန်သည့် လုပ်ရပ်ကို ၂၀၁၆ တွင် Hacksaw Ridge အမည်နှင့် ရုပ်ရှင်ရိုက်ခဲ့သည်။ လူ့အသက်မသတ်ရ ဟူသော ခိုင်မာသည့်ခံယူချက်ဖြင့် ဆေးတပ်သားဒေါ့ သည် အသက်စွန့်ရသည့်တိုင် အသက်ကယ်တင်ရန် သူသန္နိဌာန် ချထားသည်။ ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၌ ကျင်းပသည့် ဒေါ့အား ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ပွဲတွင် စစ်အတွင်းပြောင်မြောက်သောစွမ်းဆောင်မှုအတွက် ချီးကျူးမိန့်ခွန်း ၌ အောက်ပါစာသားများပါဝင်သည်။ “ပထမတန်းစားစစ်သည် ဒေါ့သည် လွတ်ရာ ကျွတ်ရာသို့ မရှောင်ဘဲ ပစ်ခတ်မှုဖြစ်ပွားနေသည့်အရပ်တွင် ကျန်ရစ်ပြီး ဒဏ်ရာရ စစ်သည်များစွာကို တစ်ဦးပြီးတစ်ဦး တောင်ကမ်းပါးစွန်းသို့ သယ်ပို့ခဲ့သည်။ … သူသည် ရန်သူ၏အမြောက်နှင့် လက်နက်ငယ်ပစ်ခတ်မှုများကို မတုံ့မဆိုင်း ရဲရင့်စွာ ရင်ဆိုင်လျက် အမြောက်တပ်၏အရာရှိစစ်ဗိုလ်အား ကူညီခဲ့သည်။”

ဆာလံကျမ်း ၁၁ ၌ ဒါဝိဒ်က…

ဘုရားသခင် အလုပ်လုပ်တော်မူလျက်ရှိသည်

သခင်ယေရှုကိုယုံကြည်သူ လူမျိုးပေါင်းစုံပါဝင်သည့်အဖွဲ့နှင့်အတူ မိုးရေထဲရပ်ခဲ့စဉ် ဘေလ်ဟာလီ၏ ၁၀ နှစ် အရွယ်သမီးလေးက "ဘုရားသခင် ငိုနေတယ်"ဟု တီးတိုးရွတ်ဆိုခဲ့သည်။ ဘုရားသခင်ကို ရှာဖွေရန်နှင့် အမေရိက၌ လူမျိုးရေး ပဋိပက္ခ၏ဆိုးမွေနှင့်ပတ်သက်ပြီး သိရှိနားလည်ရန်အတွက် ဗာဂျီးနီးယားရှိ ရှန်နာဒို ချိုင့်ဝှမ်းသို့ သူတို့သွားရောက်ခဲ့သည်။ ယခင်က ကျွန်များကို မြှုပ်နှံထားရာ မြေပေါ်တွင် သူတို့ရပ်လိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး လက်တွဲကာ ဆုတောင်းကြ သည်။ ထို့နောက် ရုတ်တရက် လေတိုက်ခတ်လာပြီး မိုးရွာလာသည်။ လူမျိုးရေး ပဋိပက္ခကြောင့် ရရှိခဲ့သည့်ဒဏ်ရာများအတွက် အနာငြိမ်းစေရန် အဖွဲ့ခေါင်းဆောင် က ကြွေးကြော်ဆုတောင်းလိုက်သည်တွင် မိုးက ပိုမိုသည်းလာသည်။ ပြန်လည် သင့်မြတ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ယူဆောင်လာရန် ဘုရားသခင် လုပ်ဆောင် လျက် ရှိကြောင်း ဤနေရာတွင်ရောက်ရှိစုရုံးကြသူအားလုံးက ယုံကြည်ကြသည်။

ကရာနီတောင်ကုန်း၌ ဘုရားသခင် ထိုကဲ့သို့ပင် ပြုလုပ်တော်မူခဲ့သည်။ ကားစင် တင်သတ်ခြင်းခံရပြီး သခင်ယေရှု၏နောက်ဆုံးထွက်သက်အချိန်တွင် "ဗိမာန်တော်…

သင့်ဂုဏ်သတင်းကား မည်သို့နည်း

အထက်တန်းကျောင်း အားကစားပြိုင်ပွဲ၌ တဒ် သည် အကျယ်လောင်ဆုံး အားပေးလှုံ့ဆော်သည့် အဖွဲ့ခေါင်းဆောင်ဖြစ်သည်။ ကိုယ်အင်္ဂါများ ပုံမှန်အလုပ်မလုပ်တော့သည့်ရောဂါခံစားရပြီး မကွယ်လွန်မီက သူသည် အရပ် ၂ မီတာခန့် မြင့်ပြီး ကိုယ်အလေးချိန် ၁၃၀ ကီလိုဂရမ်ရှိသူဖြစ်သည်။ ကျောင်းပွဲ များ၌ တဒ် ၏ ပရိသတ်ကိုလှုံ့ဆော်သည့် (ကျောင်းကိုယ်စားပြုအပြာရောင်) ‘Blue’ ကို သံပြိုင်အော်ခြင်းနှင့် သကြားလုံးများပစ်ပေးခြင်းတို့က နာမည် ကျော်ပြီး သူ့အား ‘Big Blue’ ဟု အမည်တွင်စေခဲ့သည်။

သို့သော် သူ့ရပ်ကွက်ထဲ၌မူ တဒ် ၏ ဂုဏ်သတင်းက အားပေးလှုံ့ဆော်သူ မျှသာမဟုတ်။ ငယ်ငယ်ရွယ်ရွယ်နှင့်အရက်စွဲသူဖြစ်ခဲ့ဖူးခြင်းကလည်း သူ့ဂုဏ် သတင်း မဟုတ်ပါ။ ဘုရားသခင်နှင့် သူ့မိသားစုကို ချစ်ခြင်း၊ သဒ္ဓါတရား ထက်သန်ပြီး သနားကြင်နာတတ်ခြင်းစသည်ဖြင့် သူ့ကိုအောက်မေ့ကြလိမ့်မည်။ တဒ် ၏ အသက်တာကို ဂုဏ်ပြုသည့် ၄ နာရီကြာသော“အိမ်တော်ပြန် ဝတ်ပြုခြင်းအစီအစဉ်”၌…

လက်ခံပေးခြင်းအမွေအနှစ်

၁၉၆၈ ခုနှစ်၌ ပြည်သူ့အခွင့်အရေး လှုပ်ရှားတောင်းဆိုသူ ‌ဒေါက်တာ မာတင်လူသာကင်းဂျူနီယာ အသတ်ခံရပြီးနောက်တွင် ဂလဲန်ကာရိန်း က ချီကာဂိုမြို့ရှိ သူတက်ရောက်နေသည့် ကောလိပ်ကျောင်း၏အမိုးခုံးသို့ တက်သွားခဲ့သည့်အကြောင်း Breaking Down Walls စာအုပ်၌ သူရေးသားခဲ့သည်။ “ကြီးမားတဲ့အဆောင်တွေထဲမှာ သေနတ်သံ တရွှီးရွှီးနဲ့ အသည်းယားစရာပေါ့။ အမိုးထိပ်ကို ကျွန်တော်ရောက်သွားတော့ တကယ့်ကြောက်စရာ မြင်ကွင်းကျယ်ကြီးကို မြင်ခဲ့ရတယ်။ ဝစ်ကွန်စင်ပြည်နယ် ပြောင်းခင်းထဲကနေ ချီကာဂိုမြို့လယ်က စစ်ဇုံထဲကို ၂ နှစ် အတွင်း ငါဘယ်လိုလုပ် ရောက်လာတာပါလိမ့်လို့ တွေးမိခဲ့တယ်”ဟု ရေးသားခဲ့သည်။ သခင်ယေရှုကို ချစ်သည့်စိတ်၊ သူနှင့်မိသားစုနောက်ခံချင်း မတူညီသည့်လူသားများကို ချစ်သည့်စိတ်၏ လှုံဆော်မှုဖြင့် ဂလဲန် သည် ချီကာဂိုအနောက်ခြမ်းတွင်နေထိုင်ကာ အစာရေစာ၊ အဝတ်အထည်၊ နေစရာနှင့်အခြားသောဝန်ဆောင်မှုများပေးသည့် အမှုတော်ကို ၂၀၁၁ ခုနှစ် သူကွယ်လွန်ချိန်ထိတိုင် ဦးဆောင်လုပ်ကိုင်သွားခဲ့သည်။

ဂလဲန်၏အသက်တာသည် မိမိနှင့်မတူ၊ ကွဲပြားသူများအား ပွေ့ဖက်နှစ်သိမ့် ပေးရန်ဟူသည့် လိုအပ်မှုကို…