အကျဉ်းသားများကို လွှတ်ပေးခြင်း
ဂျော်ဂျီယာ ပြည်နယ် ဆာဗားနား မြို့အနီးရှိ Mighty Eighth လေတပ် အမျိုးသားပြတိုက်သို့
ကျွန်တော်တို့ဇနီးမောင်နှံ သွားရောက်လည်ပတ်ခဲ့စဉ်က ဂျာမန်စစ်အကျဉ်းစခန်းကို ပြန်လည်ဆန်းသစ်ပြီး ခင်းကျင်းပြသထားသည့်မြင်ကွင်းကြောင့် အလွန်စိတ်ထိခိုက်ခဲ့ ရသည်။
ကျွန်တော့်ဇနီး မာလင်း၏ဖခင် ဂျင်းမ် သည် ဒုတိယ ကမ္ဘာစစ်တွင်း ‘‘Mighty Eighth’’ လေတပ်၌ အမှုထမ်းခဲ့ပြီး ဥရောပနယ်တခွင် ပျံသန်းခဲ့ရသည်။ စစ်တွင်း၌ ‘‘The Eighth’’ လေတပ်တွင် ဒဏ်ရာရသူ ၄၇,၀၀၀ ကျော်နှင့် သေဆုံးသူ ၂၆,၀၀၀ အထက် ရှိခဲ့သည်။ အဖေလည်း လေယာဉ် ပစ်ချခံရပြီး
စစ်အကျဉ်းသားအဖြစ် အဖမ်းခံခဲ့ရသည်။ ပြခန်းအတွင်း လျှောက်ကြည့်ရင်း အဖေနှင့်အခြားအကျဉ်းသားများ စစ်အကျဉ်းစခန်းမှ လွတ်မြောက်ခဲ့သည့်နေ့တွင် သူတို့အဘယ်မျှလောက် ၀မ်းမြောက် ခဲ့ကြောင်း ပြောပြပုံကို အတွေး၌ တစ်ရိပ်ရိပ် ပြန်မြင်ယောင်မိသည်။
အဖိနှိပ်ခံရသူများနှင့် ချုပ်ထားခြင်းကိုခံရသူများအတွက် လွတ်မြောက်ခြင်းကို ဘုရားရှင်ဂရုပြုကြောင်း ဆာလံ…
အလွန်ပြင်းထန်သော စစ်ကြောစုံစမ်းခြင်းများ
‘မီး’သည် အပင်များ၏အဆိုးရွားဆုံးရန်သူဖြစ်သည်။ သို့သော် အထောက်အကူလည်း ဖြစ်သည်။ ကျွမ်းကျင်ပညာရှင်များက မီးနည်းနည်းနှင့် မကြာခဏ လောင်ကျွမ်းသည့် ‘မီးအေး’များသည် တောအုပ်ကြီး၏ ကြမ်းခင်းရှိ သစ်ရွက်ခြောက်များ၊ အကိုင်းခြောက် များကို ရှင်းလင်းပေးပြီး အပင်များကို မပျက်စီးစေနိုင်ပါ။ ထို့ပြင် အစေ့များ ကောင်းမွန်စွာ ရှင်သန်စေသော ပြာမှုန့်များကို ချန်ရစ်ပေးပါသည်။ အံ့ဩဖွယ်ရာပင်၊ အရှိန်နည်းသော တောမီးများသည် သစ်ပင်များ ကျန်းမာစွာ ကြီးထွားရေးအတွက် လိုအပ်သည်။
ထို့အတူပင် ကျမ်းစာထဲတွင် မီးနှင့် သရုပ်ဖော်သော စစ်ကြောခြင်းသည်လည်း ကျွန်ုပ်တို့ ၀ိညာဉ်ရေးရာ ကြံ့ခိုင်ရေး၊ ကြီးထွားရေးအတွက် လိုအပ်သည် (၁ ပေ ၁း၇၊ ၄း၁၂)။ ရှင်ယာကုပ်က ‘‘ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ် သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြားသော စုံစမ်း နှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ၀မ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။…
အရေးအကြီးဆုံး အကြောင်းအရာ
သခင်ယေရှုချစ်တော်မူသော တပည့်တော်ယောဟန် အိုမင်းလာသောအခါ သူ၏ သွန်သင်မှုများက အသေးစိတ်လာပြီး သူ၏သြ၀ါဒစာသုံးစောင်စလုံးတွင် ဘုရားသခင်၏ မေတ္တာအကြောင်းကိုသာ အဓိကသွန်သင်ထားသည်။ Knowing the Truth of God's love အမည်ရှိ စာအုပ်တွင် ပီတာခရက်က ဒဏ္ဍာရီဟောင်းတစ်ခုကို ကိုးကား ဖော်ပြထားသည်။ ထိုဒဏ္ဍာရီ၌ ယောဟန်၏တပည့် တစ်ဦးက ယောဟန်အား “အဘယ့်ကြောင့် အခြားအရာများကို မသွန်သင်ပါသနည်း’’ ဟု စောဒကတက်သည်။ ထိုအခါ ယောဟန်က “ထိုအရာမှတစ်ပါး အခြားပြောစရာမရှိပါ’’ ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သခင်ယေရှု၏ အမှုတော်နှင့် သတင်းစကား၏ အနှစ်သာရ ဖြစ်သည်။ သူ၏ အစောပိုင်းခရစ်ဝင်ကျမ်း၌ ‘‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌
တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏’’…
အမှန်တကယ်လွတ်မြောက်ခြင်း
Olaudah Equiano (၁၇၄၅-၁၇၉၆) သည် ပြန်ပေးဆွဲခံရပြီး ကျွန်အဖြစ်ရောင်းစားခံရစဉ် သူ၏အသက်မှာ ၁၁ နှစ်သာ ရှိပါသေးသည်။ သူသည် အနောက် အာဖရိက မှ အနောက်အင်းဒီး၊ ထိုမှတစ်ဆင့် ဗာဂျီးနီးယား ကိုလိုနီဒေသ၊ ထိုမှတစ်ဆင့် အင်္ဂလန်သို့ ဝေဒနာခရီးလမ်းကြမ်းကို ဖြတ်သန်းခဲ့ရသည်။ သူ့ အသက် ၂၀ ခန့်တွင် သူ၏ လွတ်လပ်ခွင့်ကို သူပြန်ဝယ်ယူနိုင်ခဲ့သည့်တိုင် သူကြုံခဲ့ရသည့် လူသားမဆန်စွာ ဆက်ဆံခံရခြင်းကြောင့် ရရှိခဲ့သည့် ဒဏ်ရာဒဏ်ချက်၊ စိတ်ခံစားမှုများကို အမှတ်ရ နေဆဲဖြစ်သည်။
သူကျွန်အဖြစ်မှ လွတ်မြောက်သွားသော်လည်း အခြား သူများ ကျွန်ပြုခံနေရဆဲ ဖြစ်ခြင်းကြောင့် Equiano မပျော်ရွှင် နိုင်ဘဲ အင်္ဂလန်တွင် ကျွန်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုများ၌ ပါဝင်လာခဲ့သည်။ သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် သူသည် ကျွန်စနစ်၏ကြောက်မက်ဖွယ်ရာဖြစ်ရပ်များကို ဖော်ပြရေးသား ခဲ့သည်။ (၎င်းသည် ထိုခေတ်က ယခင်ကျွန်ဖြစ်ဖူးသူတစ်ယောက်အတွက် ထူးခြားသော…
နားမလည်သောအခါ
အလုပ်ပြီးအောင် နည်းပညာသုံးပစ္စည်းများကို နေ့စဉ်သုံးစွဲနေရသော်လည်း ထိုပစ္စည်းများ မည်သို့ အလုပ်လုပ်သည်ကို ကျွန်ုပ် နားမလည်ပါ။ ကွန်ပြူတာဖွင့်ပြီး ကျွန်တော် စာစီစာရိုက်လုပ်သည်။ သို့သော် မိုက်ခရိုချစ်ဖ်၊ ဟာ့ဒရိုက်၊ ၀ိုင်ဖိုင် စသည် တို့က ကျွန်တော့်အတွက် မည်သို့ အကျိုးကျေးဇူးဖြစ်စေသည်ကို ဆက်စပ် တွေးကြည့် ၍ မရပါ။
တစ်နည်းဆိုရလျှင် ထိုသဘောတရားက ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးကို ထင်ဟပ်ဖော်ပြ နေသည်။ ဟေရှာယ ၅၅း၈-၉ တွင် ဘုရားသခင်သည် ကျွန်ုပ်တို့ထက် သာလွန်ကြီးမြတ်ပြီး ကိုယ်တော့်ကို နားမလည်နိုင်ကြောင်း သတိပေးဖော်ပြသည်။ “ထာဝရ ဘုရား မိန့်တော်မူသည်ကား ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်မတူ၊ ငါ၏အကျင့်သည်လည်း သင်တို့၏အကျင့်နှင့်မတူ။ မိုးကောင်းကင်သည် မြေကြီး ထက်သာ၍မြင့်သကဲ့သို့ ငါ၏အကျင့်သည် သင်တို့၏ အကျင့်ထက်လည်းကောင်း၊ ငါ၏အကြံအစည်သည် သင်တို့၏ အကြံအစည်ထက်လည်းကောင်း သာ၍မြင့်၏”။
ဘုရားသခင်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ အရာခပ်သိမ်းကို…
စစ်ဆေးသည့်ပြိုင်ပွဲ
ခရစ်ကက် အားကစား ၌ ‘‘စစ်ဆေးသည့် ပြိုင်ပွဲ’’ က ပြင်းထန်သည်။ ပြိုင်ပွဲဝင်များသည် နေ့လယ်စာနှင့် အဆာပြေစားချိန်အပါအ၀င် နံနက် ၁၁ နာရီမှ ည ၆ နာရီအထိကစားရပြီး ပြိုင်ပွဲက ၅ ရက်တာမျှ ကြာမြင့်တတ်သည်။ ၎င်းသည် သည်းခံနိုင်စွမ်း၊ ဇွဲလုံ့လနှင့် အရည်အချင်း ကျွမ်းကျင်မှုကို စစ်သော ပြိုင်ပွဲဖြစ်သည်။
ဘ၀၌ ရင်ဆိုင်ရသည့် စစ်ကြောမှုများကလည်း မပြီးဆုံးနိုင်ဟု ခံစားရလျက် ပြင်းထန်ကြာမြင့်တတ်သည်။ အလုပ်လည်း ရှာမရနိုင်သေး၊ အထီးကျန်ခံစားရမှုများက အဆက်မပြတ်၊ ကင်ဆာရောဂါနှင့်နာတာရှည် လုံးပန်း ရလျက်၊
ဘယ်တော့များမှ ပြီးဆုံးမှာလဲဟု ခံစားရသည်အထိ ပို၍ ပြင်းထန်ခက်ခဲသော အခြေအနေများကြုံရသည်။
ထို့ကြောင့်ဖြစ်မည်။ ဆာလံဆရာက ‘‘ အိုထာဝရဘုရား၊
အဘယ်မျှကာလပတ်လုံး ကြည့်ရှု၍ နေတော်မူမည်နည်း။ အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ လည်းကောင်း၊ အကျွန်ုပ်အချစ်ဆုံးကို ခြင်္သေ့တို့မှလည်းကောင်း ကယ်လွှတ်…
မျှော်လင့်မထားသော...
နွေရာသီ၏နေ့လယ်ခင်းအပူရှိန်အောက် အမေရိကန်နိုင်ငံတောင်ပိုင်း၌ ခရီးသွားရာ ကျွန်တော်နှင့်ဇနီးဖြစ်သူသည် ရေခဲမုန့်ဝယ်စားရန် ကားရပ်နားလိုက်သည်။ ငွေရှင်း ကောင်တာအနောက် နံရံပေါ်၌ ‘‘နှင်းထုနှင့်ရေခဲပေါ်မှ ဖြတ်သွားနိုင်သည့်ယာဉ် လုံးဝမရှိပါ’’ ဟူသော စာတမ်းကို တွေ့ရသည်။ မျှော်လင့်မထားသည့် အကြောင်းအရာ ဖြစ်သည့်အတွက် ဟာသမြောက်ပါသည်။
တစ်ခါတစ်ရံ မျှော်လင့်မထားသည့် အကြောင်းအရာကို ပြောခြင်းက အကျိုးသက်ရောက်မှု အများဆုံးရှိ၏။ သခင် ယေရှု ပြောသောစကားနှင့် ပတ်သက်၍ ဆင်ခြင်ကြည့်ပါ။
‘‘မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့ လိမ့်မည်’’ (မ ၁၀း၃၉)။ အစေခံကျွန်အဖြစ် ရှိနေသော ဘုရင်မင်း၏တိုင်းပြည်၌ (မ ၁၀း၄၅) သင့်အသက်ကို ဆုံးရှုံးခြင်းသည် အသက်ကိုတွေ့ရန် တစ်ခုတည်းသောလမ်း ဖြစ်သည်။ မိမိကိုယ်ကို မြှင့်တင်ရန်၊ မိမိကိုယ်ကို ကာကွယ်ရန်
သာ အာရုံစိုက်နေသော ကမ္ဘာကြီးအတွက် အံ့ဩမှင်သက်သွားစေမည့်အရာပင် ဖြစ်၏။
လက်တွေ့ကျကျဆိုလျှင်…
ရပ်တည်ရန် ခိုင်ခံ့မြဲမြံသောနေရာ
ဂျော်ဂျီယာပြည်နယ်၏ သမိုင်းဝင် ဆာဗားနားမြို့ မြစ်ကမ်းနား လမ်းတစ်လျှောက်ကို မညီမညာ ကျောက်စရစ်ခဲများနှင့် လမ်းခင်းထားသည်။ ဒေသခံလူများ၏အဆိုအရ လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်သန်းကုန်သွယ် ရာတွင် သင်္ဘောငြိမ်အောင် ကျောက်စရစ်ခဲများ တင်ဆောင်ရသည်။ ကုန်တင်သင်္ဘော
များသည် ဂျော်ဂျီယာ ၌ ၀န်စည်စလယ်များ တင်ပြီးသော အခါ ကျောက်စရစ်များ မလိုအပ်တော့ပေ။ သို့ဖြစ်၍ အနီးရှိ သင်္ဘောကျင်းများ၌ လမ်းခင်းရန်အတွက် အသုံးပြု လိုက်သည်။ ထိုကျောက်စရစ်များသည် အန္တရာယ်များသည့် ရေပြင်၌ သင်္ဘောကို တည်ငြိမ်စေသည့် သူတို့၏မူလတာဝန် ကျေပွန်ခဲ့ပါပြီ။
ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရသည့် နေ့ရက်များ
သည်လည်း ပင်လယ်ပြင်ထက်မှ လှိုင်းတံပိုးများကဲ့သို့ ရုန်းရင်းခတ်နေသည်ဟု ခံစားကောင်းခံစားရမည်။ ရွက်လွှင့်
သွားသော ရှေးသင်္ဘောကြီးများကဲ့သို့ ဘ၀ပင်လယ်မုန်တိုင်းကြီးထဲ၌ လိုရာခရီး ရောက်နိုင်ဖို့ရာ တည်ငြိမ်မှုရှိရန် လိုသည်။ ဒါဝိဒ်သည်လည်း အန္တရာယ်များနှင့် ရင်ဆိုင် ခဲ့ရသည်။…
အဓိကဖြစ်သောအရာ
လူနှစ်ဦးသည် ထိုင်လျက် သူတို့၏စီးပွားရေးခရီးစဉ်နှင့် ရလဒ်များကို ပြန်လည် သုံးသပ် နေသည်။ တစ်ယောက်က ဤခရီးစဉ်တွင် စီးပွားရေးအရ အဆက်အသွယ် အသစ်များနှင့် အဓိပ္ပာယ်ရှိသည့် ဆက်ဆံရေးကို စတင်နိုင်ခဲ့၍ အကျိုးရှိသည်ဟု သုံးသပ်သည်။ ကျန်တစ်ယောက်က ‘‘ဆက်ဆံရေးကတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ရောင်းအားက အဓိက အရေးကြီးဆုံး ဖြစ်တယ်’’ဟု ဆိုသည်။ ၎င်းတို့နှစ်ဦး၏ အစီအစဉ်က လုံးဝကွဲပြားခြားနားကြောင်း သိသာထင်ရှားသည်။
ထိုနည်းအတိုင်းပင် စီးပွားရေး၌ဖြစ်စေ၊ မိသားစု၌ ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေ၊ အခြားသူက မိမိကို မည်သို့ အကျိုးပေးမည်နည်းဟူသည့် အမြင်ဖြင့်ကြည့်ရန် လွယ် သည်။ ကျွန်ုပ်တို့သည် ခရစ်တော်နာမ၌ တစ်ပါးသူများကို မည်သို့ အစေခံနိုင်မည်နည်းဟု အာရုံပြုရမည့်အစား လူတို့ထံမှရနိုင်မည့်အရာကို မျှော်ကိုးကာ လူကို တန်ဖိုးထား ဆက်ဆံကြသည်။ ဖိလိပ္ပိမြို့သို့ ရှင်ပေါလုက ဤသို့ ရေးလိုက် သည်။‘‘ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်ဇောကိတ္တိကို တပ်မက်သောစိတ်ရှိ၍…
ဘုရားရှင် ကိန်းဝပ်ရာအရပ်
ဂျိမ်းစ် အော်လယ်သော် (၁၆၉၆-၁၇၈၅) သည် ဗြိတိသျှ ပါလီမန် အဖွဲ့ဝင် ဗိုလ်ချုပ်ဖြစ်ပြီး မြို့တော်တည်ထောင်ရန် အမြင်ရူပါရုံရှိသူဖြစ်သည်။ မြောက်အမေရိကရှိ ဂျော်ဂျီယာပြည်နယ်ကို အခြေချထူထောင်ရန် တာဝန်ပေးခန့်အပ်
ခံရပြီး သူ့ရူပါရုံရှိသည့်အတိုင်း ဆာဗာနာမြို့တော်ကို စီမံ၍ တည်ခဲ့သည်။ မြေလေး ထောင့်ကွက်များ ချမှတ်သည်။ မြေကွက်တစ်ကွက်စီ၌ ဘုရားကျောင်းနေရာ၊ ဈေးဆိုင်နေရာ၊ စိမ်းလန်းစိုပြေ အကွက်
စသည်ဖြင့် သတ်မှတ်ပြီး ကျန်ဧရိယာမှာ လူနေအိမ်များ ဆောက်ရန်ဖြစ်သည်။ အော်လယ်သော်၏ ရူပါရုံသည် ယနေ့မျက်မှောက်တွင် ဆာဗာနာ မြို့သည် စနစ်တကျ လှပသော မြို့အဖြစ် ထင်ရှားလျက် အမေရိက တောင်ပိုင်း ဒေသ၏အဖိုးတန်မြို့အဖြစ် သတ်မှတ်ခံခဲ့ရသည်။
ဗျာဒိတ်ကျမ်း အခန်းကြီး ၂၁ တွင် ရှင်ယောဟန် သည် ယေရုရှလင်မြို့သစ်နှင့်ဆိုင်သည့် ရူပါရုံကို ခံခဲ့ရသည်။
ထိုမြို့အကြောင်း သူပြောကြားရာ၌ မြို့အနေအထားဒီဇိုင်းထက် ထိုမြို့၌ရှိနေသူများ၏
အကြောင်းကို ပို၍…