ခရစ်စမတ်၏ ဆန်းကြယ်မှု
ချားဒစ်ဆင်၏ ခရစ်စမတ်ကယ်ရယ် ၀တ္တုအစ၌ ဧဗာနေဇာ စခရုဂ်ျ ၏ ဘ၀က ပဟေဠိ ဆန်လှသည်။ အဘယ်ကြောင့် သူ့စိတ်ထားသေးသိမ်သနည်း။ အဘယ်ကြောင့် သူ တစ်ကိုယ်ကောင်းဆန်သနည်း။ တဖြည်းဖြည်းနှင့် ခရစ်စမတ်ရာသီဝင်လာသောအခါ အရာရာ ထင်ရှားပြတ်သားလာသည်။ သူ့ကို ပျော်ရွှင်တတ်သော လူငယ်တစ်ဦးအဖြစ်မှ တစ်ကိုယ်ကောင်းဆန် တွန့်တို့သူတစ်ဦး ဖြစ်သွားစေသည့် လွှမ်းမိုးမှုများကို တွေ့ရသည်။ သူ၏အထီးကျန်မှု၊ ကြေကွဲ ခံစားရမှုများကို တွေ့ရသည်။ နောက်ဆုံးတွင် ပဟေဠိ ဆန်ဆန် ပြဿနာများကို ဖြေရှင်းပြီး သူ့ဘ၀ကို ပြန်လည်ငြိမ်ဝပ် တည်ဆောက်ခဲ့ကြောင်း တွေ့ရသည်။ အခြားသူများကို ဦးစားပေးခြင်းက စခရုဂ်ျအား အတ္တဆန် သည့် အမှောင်ထုမှ ပျော်ရွှင်ခြင်းအသစ်သို့ ရောက်ရှိစေသည်။
၁ တိ ၃း၁၆ တွင် ရှင်ပေါလုက ပို၍ အရေးကြီးသော၊ ပဟေဠိဆန်ပြီး နက်နဲခက်ခဲသော အရာတစ်ခုကို ရေးသား ထားသည်။ ‘‘မှန်သောကိုးကွယ်ခြင်း၏…
ဗုံတီးလုလင်
ထင်ရှားလှသည့် ‘‘The Little Drummer Boy’’ (ဗုံတီးလုလင်) အမည်ရှိ ခရစ်စမတ်သီချင်းကို ၁၉၄၁ ခုနှစ်က ရေးသားခဲ့သည်။ ၎င်းသည် မူလက ‘‘Carol of the
Drum’’ အဖြစ်ထင်ရှားပြီး ချက်(Czech)လူမျိုးတို့၏ ကယ်ရယ်သီချင်း၌ အခြေခံထား သည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၊၂ နှင့် ရှင်လုကာခရစ်ဝင်ကျမ်း ၂ တို့တွင် ဗုံတီးသော လူငယ်လေးအကြောင်း မပါသော်လည်း ကယ်ရယ်ဆိုခြင်းက ၀တ်ပြုကိုးကွယ်ခြင်း၏အနှစ်သာရနှင့် အဓိပ္ပာယ်ကို ဖော်ပြ သည်။ ထိုကယ်ရယ်သီချင်းက ခရစ်တော်မွေးဖွားရာနေရာသို့ မာကုပညာရှိများ၏ ဖိတ်ကြားခြင်းခံရသော လူငယ်လေး အကြောင်းကို ဇာတ်လမ်းဖွဲ့ထားသည်။ ပညာရှိများကဲ့သို့ မဟုတ်ဘဲ သူ၌ ပေးစရာလက်ဆောင် မရှိပေ။ ထို့ကြောင့် သူ၌ရှိသော အရာကိုသာ သူပေးခဲ့သည်။ သူ့ဗုံကို တီးလျက်
‘‘ကျွန်တော် ကိုယ်တော်အတွက် အကောင်းဆုံးတီးခတ် တယ်’’ ဟုပြောသည်။
မုဆိုးမနှင့်…
ခရစ်စမတ် နားနေခြင်း
ငယ်စဉ်က ကျွန်တော် ၀င်ငွေရရှိရန် သတင်းစာလိုက်ပို့သည်။ မနက်ပိုင်း သတင်းစာ ဖြစ်သည့် အားလျော်စွာ မနက် ၃ နာရီထရပြီး တစ်ပတ်လုံးလိုက်ပို့ရသည်။ သတင်းစာ စောင်ရေ ၁၄၀ ကို အိမ်တိုင်ရာရောက် မနက် ၆ နာရီ အရောက် ပို့ပေးရသည်။
သို့သော် တစ်နှစ်အတွင်း ထူးခြားသော နေ့တစ်နေ့ရှိသည်။ ခရစ်စမတ်နေ့ အတွက် သတင်းစာကို ခရစ်စမတ်မတိုင်မီ ညနေပိုင်း ကတည်းက ပို့ရသည်။ ထို့ကြောင့် တစ်နှစ်အတွင်း ခရစ်စမတ် တစ်ရက်သာ သာမန်လူများကဲ့သို့ အိပ်စက်အနားယူခွင့်
ရသည်။
နှစ်ပေါင်းများစွာအတွင်း အကြောင်းအရင်းများစွာဖြင့် ခရစ်စမတ်ကို ကျွန်တော်နှစ်သက်ခဲ့သည်။ အထူးသဖြင့် ခရစ်စမတ်သည် အခြားနေ့များနှင့်မတူဘဲ အေးဆေးစွာ အနားယူရသည့်ရက် ဖြစ်သောကြောင့်တည်း။ ထိုစဉ်က ခရစ်စမတ်က ယူဆောင်လာ သည့်
စစ်မှန်သောငြိမ်သက်ချမ်းသာခြင်းကို နားမလည်ခဲ့ပါ။ သခင်ခရစ်တော် ကမ္ဘာမြေသို့ ကြွဆင်းလာသည့် အကြောင်းရင်းမှာ…
မျှဝေခံစား ဆိုင်ပြိုင်ရုန်းကန်မှုများ
၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက်သည် နှစ် ၁၀၀ မြောက် ‘‘အင်ဇက်နေ့’’(Anzac Day) ရာပြည့် အထိမ်းအမှတ်နေ့ ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အတူတကွ လက်တွဲ တိုက်ပွဲဝင်ခဲ့သော ဩစတြေးလျနှင့် နယူးဇီလန် နှစ်နိုင်ငံမှ တပ်မတော်သားများ (ANZAC)ကို ၎င်းဩစတြေးလျနှင့် နယူးဇီလန် နှစ်နိုင်ငံလုံးက ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ကျင်းပခဲ့ကြသည်။ မည်သည့်နိုင်ငံကမှ စစ်ဘေးစစ်ဒဏ်ကို တစ်ဦးတည်း၊ တစ်နိုင်ငံတည်း မရင်ဆိုင်ရဘဲ၊ နှစ်နိုင်ငံ စစ်သည်များက အတူတကွ မျှဝေရုန်းကန်တိုက်ခိုက်ခဲ့သော အချိန်ကို အမှတ်ရစေသည့် အခါသမယဖြစ်သည်။
သခင်ခရစ်တော်၏ နောက်တော်လိုက်များအတွက် ရုန်းကန်လှုပ်ရှားရသည့် လောကဓံများကို အတူတကွ မျှဝေခံစားလျက် ဘ၀ရှင်သန်ရန်မှာ အခြေခံကျသည့် စေစားမှု
ဖြစ်သည်။ ရှင်ပေါလုသည် ကျွန်ုပ်တို့ကို စိန်ခေါ်သကဲ့သို့ ‘‘ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားကို ကျင့်ကြရမည်’’…
ကားတိုင်နှင့် သရဖူ
လန်ဒန်မြို့ရှိ ၀က်စ်မင်းစတာ ခရစ်ယာန်ဘုရားဝတ်ပြုကျောင်းတော်ကြီးမှာ ဧကန် သမိုင်းဝင်နေရာဖြစ်သည်။ ၁၀ ရာစုနှစ်တွင် ဘဲနဒစ်တင်း ဘုန်းတော်ကြီးများက လုပ်ရိုး လုပ်စဉ် ဆုတောင်းဝတ်ပြုခြင်းအစဉ်အလာကို စတင်ခဲ့ပြီး ယနေ့ထိတိုင် ကျင့်သုံးလာ ခဲ့သည်။ ဘုရားကျောင်းတွင် နာမည်ကျော်ပုဂ္ဂိုလ်များကိုလည်း မြှုပ်နှံခဲ့သည်။ အေဒီ ၁၀၆၆ ကတည်းက အင်္ဂလိပ်နန်းလျာ အဆက်ဆက်ကိုလည်း ဤကျောင်းတော်တွင်ပင် ဘိသိက်ပေးခဲ့သည်။ မင်းဆက်
၁၇ ဆက်ကို ထိုနေရာ၌ မြှုပ်နှံခဲ့သည်။ အုပ်ချုပ်မင်းပြုသည့်
အာဏာစက်စတင်ရာ နေရာတွင်ပင် စိုးစံမှု အဆုံးသတ် သည်။
ဘုရင်များကို မြှုပ်နှံခြင်းအစီအစဉ် မည်မျှပင် ခမ်းနားနေပါစေ လောကကို အုပ်ချုပ်သူများမှာ ပေါ်လာ လိုက်၊ ကျသွားလိုက်၊ ရှင်သန်လိုက်၊ သေသွားလိုက်ဖြစ်သည်။ သို့သော် ဘုရင်မင်းမြတ် ယေရှုမှာမူ တစ်ကြိမ်တစ်ခါ အသက် စွန့်ခဲ့သော်လည်း သခင်အား မြှုပ်နှံထားခြင်း မရှိတော့ပါ။
ပထမအကြိမ် လောကသို့ကြွလာသည့်အချိန်၌ သခင်ယေရှု…
နှောင့်နှေးမှု၏ ပြောင်းပြန်ကောင်းကျိုး
အမေရိကန် ရေကူးမယ် ဒါရာ တော်ရီစ်သည် ၁၉၈၄ မှ ၂၀၀၈ အထိ အိုလံပစ်ပြိုင်ပွဲ ငါးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အားကစားဖြင့် အသက်မွေးမှုက အသိအမှတ်ပြုလောက်သည်။ သူ့ဘ၀၏နောက်ပိုင်းကာလတွင် သူမကိုယ်တိုင် တင်ထားခဲ့သည့် မီတာ ၅၀ အလွတ်ကူး စံချိန်ကို ၂၅ နှစ် အကြာတွင် ချိုးနိုင်ခဲ့သည်။ ရွှေတံဆိပ် ရယူခြင်း၊ စံချိန်သစ်တင်ခြင်းများ သာမက အားကစားသမားဘ၀အတွက် အဟန့်အတား ဖြစ်သည့် ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု ခံယူရခြင်းများကို အခြား ပြိုင်ဘက် အားကစားသမားများ နည်းတူ ၂ ကြိမ် တွေ့ကြုံခဲ့ရသည်။ ‘‘ကျွန်မ ကလေးဘ၀ကတည်းက အရာရာတိုင်းကို နေ့တိုင်း အနိုင်ရချင်ခဲ့တယ်။ ... နှောင့်နှေးမှု တွေဟာ အိမ်မက်အသစ်တွေကို တွန်းအားပေးလို့ အကျိုး ရှိတယ်ဆိုတာကို ကျွန်မ သတိထားမိတယ်’’ ဟု သူမက ပြောသည်။…
မျှော်လင့်ခြင်း လှိုင်းဂယက်
၁၉၆၆ ခုနှစ်တွင် အာဖရိကသို့ အလည်အပတ်ခရီးသွားခဲ့သည့် အမေရိကန် လွှတ်တော်
အမတ် ရောဘတ် ကနေဒီ၏ခရီးစဉ်က လွှမ်းမိုးသက်ရောက်မှု ရှိခဲ့သည်။ ကျော်ကြား လှသော `မျှော်လင့်ခြင်း လှိုင်းဂယက်´ ဆိုသည့် မိန့်ခွန်းကို ကိပ်တောင်း တက္ကသိုလ်၌ ဟောပြောပြီး အသားအရောင်၊ လူမျိုးရေးခွဲခြားသော ပြိုင်ဘက် နိုင်ငံရေးသမားများအား မျှော်လင့်ခြင်းစကားဖြင့် အားပေးခဲ့သည်။ ‘‘လူတစ်ဦးဟာ စံနမူနာကောင်းပြဖို့ ရပ်တည်တဲ့အခါတိုင်း၊ အခြားသော လူ့အဖွဲ့အစည်းတွေ တိုးတက်ရေးအတွက် ဆောင်ရွက်တဲ့ အခါတိုင်း၊ မတရားမှုကို ဆန့်ကျင်တိုက်ဖျက်တဲ့အခါတိုင်း သူဟာ မျှော်လင့်ခြင်း လှိုင်းဂယက် သေးသေးလေးကို ပို့လွှတ် ပေးလိုက်တယ်။ ဒီလှိုင်းဂယက်ဟာ သန်းပေါင်းများစွာသော အားထုတ်မှု၊ ရဲဝံ့မှုတွေနဲ့ တွန်းထိုးကျော်ဖြတ်ပြီး ဖိနှိပ်မှု၊ ဆန့်ကျင့်မှုဆိုတဲ့ အကြီးမားဆုံး နံရံတွေကို ဖြိုချတိုက်စား သွားမယ့် ရေစီးကြောင်းကြီးကို ဖြစ်တည်စေတယ်’’ ဟု မိန့်ခွန်းထဲတွင် ပြတ်သားစွာ ပြောကြားခဲ့သည်။
အများအားဖြင့်…
အတူယှဉ်တွဲရှိနေခြင်း
ကျွန်တော့်ညီမ ကာရို၌ ရင်သားကင်ဆာရှိနေကြောင်း သိလိုက်ရသောအခါ မိသားစုများ
စိတ်သောကရောက်ခဲ့ရသည်။ ခွဲစိတ်ရန်၊ ကုသမှုခံယူရန်စသည့်ကိစ္စများက သူမအတွက်
အဆင်ပြေပါ့မလားဟု စိုးကြောက်လျက် မိသားစုများမှာ သူ့ကိုယ်စား အသီးသီး ဆုတောင်း
ခဲ့ကြသည်။ လအတန်ကြာပြီးနောက် သူ့အခြေအနေနှင့် စပ်လျဉ်း၍ ထွက်လာသည့် ရလဒ်
အမှန်အတိုင်းကို ရင်ဆိုင်ရန် စိန်ခေါ်မှု အခက်အခဲ များရှိသည်။
သို့သော် ခွဲစိတ်မှုနှင့် ကုသမှုများ အောင်မြင်သည့်အကြောင်း
ဆေးစာအဖြေ ထွက်လာသောအခါ ကျွန်တော်တို့ အားလုံး
ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။ ကာရို သည် ပြန်လည်
ကျန်းမာလာမည့် လမ်းတွင် ရှိနေပါပြီ။
ထို့နောက် တစ်နှစ်ပင်မကြာပါ။ နောက်ညီမတစ်ဦး
ဖြစ်သည့် လင်းဒါလည်း ထိုအဖြစ်နှင့် ကြုံရပါသည်။ ထိုအခါ
ကာရို ရောက်လာပြီး လင်းဒါနှင့်အတူရှိကာ သူရင်ဆိုင်ရမည့်
အခြေအနေအတွက် မည်သို့ပြင်ဆင်ရန်၊ မည်သို့မျှော်လင့်
ထားရန် စသည်ဖြင့် နားလည်အောင် မစသည်။…
လက်ဝှေ့ယမ်းနေသည့် မိန်းကလေး
သက္ကရာဇ် ၁၈၀၀ နှောင်းပိုင်းနှင့် ၁၉၀၀ ပြည့်နှစ်ဦးပိုင်းတွင် ဂျော်ဂျီယာ ပြည်နယ်ရှိ
ဆာဗာနာ ဆိပ်ကမ်းသို့ဝင်လာသည့် သင်္ဘောများကို ရင်းနှီးကျွမ်းဝင်ပြီးသား မြင်ကွင်း
တစ်ခုက ကြိုဆိုနေသည်။ ထိုမြင်ကွင်းမှာ ‘‘လက်ဝှေ့ယမ်းပြနေသည့် မိန်းကလေး’’
ဖလောရင့်စ် မားတပ်စ် ရုပ်တုပင်ဖြစ်သည်။ နေ့အချိန်တွင်
လက်ကိုင်ပုဝါလေးဝှေ့ယမ်းလျက်၊ ညအချိန်တွင် မီးအိမ်လေး
ထွန်းထားလျက် ကမ္ဘာတစ်လွှားမှ ၀င်ထွက်သွားလာသည့်
သဘောင်္ကြီးများကို ၄၄ နှစ်တိုင် ဖလောရင့်စ် ကြိုဆို
နှုတ်ခွန်းဆက်ခဲ့သည်။ ယနေ့တွင် ဖလောရင့်စ် နှင့် သူ၏
သစ္စာရှိ ခွေးရုပ်တုကို ဆာဗာနား မောရဲလ်ပန်းခြံ၌ စိုက်ထူကာ
ဝင်ရောက်လာသည့် သင်္ဘောများကို အစဉ်အမြဲ ကြိုဆိုနေ
တော့သည်။
လှိုက်လှဲနွေးထွေးစွာ ကြိုဆိုခြင်း၌ လက်ခံကြောင်း
ပြောနေသည့် သဘောပါရှိသည်။ ရောမ ၁၅း၇ တွင် ရှင်ပေါလု
က သူ့စာဖတ်သူများအား ‘‘ခရစ်တော်သည် ...…
ကြိုတင်မခန့်မှန်းနိုင်သော
၂၀၀၃ ခုနှစ် အမေရိကန် အမျိုးသမီး အိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အတော်လေးပင်
လူသိနည်း လှသော ဟီလာရီ လွန်းကီ သည် အမျိုးသမီး ဂေါက်သီးလောက၏
အမြင့်ဆုံးဆုကို ရရှိဆွတ်ခူးပြီး သမိုင်းစာမျက်နှာသစ်ဖွင့်ခဲ့သည်။ သူသည် ယူအက်(စ်)
အိုးပင်း ပြိုင်ပွဲ၏ ၁၈ ကျင်း နောက်ဆုံး အဆုံးအဖြတ်ပွဲတွင်
ဗိုလ်စွဲခဲ့သည်သာမက ၎င်းသည် သူ၏တစ်ခုတည်းသော
အောင်မြင်မှုလည်းဖြစ်သည်။ အံ့မခန်းဖြစ်ပြီး စိတ်အင်အားကို
တက်ကြွလှုံ့ဆော်ပေးသည့် သူမ၏အောင်မြင်မှုက
အားကစားပြိုင်ပွဲတွင် ကြိုတင်ခန့်မှန်း၍ မရနိုင်ခြင်းဟူသည်
စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးအချက်တစ်ခုဖြစ်နေသည်။
သို့သော် မှန်းဆ၍မရသော ဘ၀အသက်တာမှာမူ
အမြဲတမ်း ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကောင်းသည်တော့
မဟုတ်ပေ။ ကျွန်ုပ်တို့ တီထွင်ကြံဆကာ နည်းဗျူဟာများ
ချမှတ် ရေးဆွဲကြသည်။ ဘ၀၌ မြင်တွေ့ဖြစ်ပေါ်စေလိုသည့်
အရာများကို အစီအစဉ်များ၊ စီမံကိန်းများ၊ အဆိုတင်သွင်း
ချက်များ ရေးဆွဲလုပ်ဆောင်ကြသည်။ သို့သော် ၎င်းတို့သည်…