စာရေးသူ

အားလုံးမြင်နိုင်ရန်
Cindy Hess Kasper

စင်ဒီဟက်စ်ကက်စ်ပါ

စင်ဒီဟက်စ်ကက်စ်ပါ (Cindy Hess Kasper) သည် Our Daily Bread Ministries ၌ နှစ်ပေါင်း ၄၀ ထက်မက အစေခံခဲ့သည်။ ၎င်းတို့အနက် အနှစ် (၃၀) က Our Daily Journey ၏ စီနီယာ အကြောင်းအရာစာတည်း အဖြစ် လုပ်ဆောင်ခဲ့သည်။ ထိုနှစ်များအတွင်းတွင် သူမသည် လူငယ်များအတွက် ဝတ်ပြုကိုးကွယ်ခြင်း စာမူများကို (၁၀) နှစ်ကျော်ကြာသည်အထိ ရေးသားခဲ့သည်။ ထို့နောက် Our Daily Bread စာမူများကို ၂၀၀၆ ခုနှစ်မှ စတင်၍ ရေးသားပေးခဲ့သည်။ သူမ၏ ဖခင်၊ အနှစ်သက်ဆုံး ညွှန်ပြသူဆရာ နှင့် ခွန်အားပေးသူ ဖြစ်သည့် နှစ်ရှည်ဆက်ကပ်နေသည့် စီနီယာ ဆရာကြီး ခလဲ ဟက်စ် (Clair Hess) ကြောင့် သူမသည် စာပေရေးသားခြင်းအတွက် စိတ်ထက်သန်လာခဲ့သည်။ ဆရာမသည် ၂၀၁၈ ခုနှစ်တွင် အငြိမ်းစားယူသွားခဲ့ပြီ ဖြစ်သော်လည်း ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စာမူများကို ဆက်လက်ရေးသားပေးနေသည်။ ဆရာမနှင့် ခင်ပွန်းဖြစ်သူ ဆရာ တွမ် တို့၌ ကလေး (၃)ဦးနှင့် ချစ်စရာကောင်းပြီး သာယာကြည်နူးစေသည့် အရူးလေးများဖြစ်သည့် (ဆရာမ၏စကားအရ) မြေးများစွာ ရှိသည်။

စာမူ/ အကြောင်းအရာ များ စင်ဒီဟက်စ်ကက်စ်ပါ

ဆူညံမှုမှလွတ်မြောက်ခြင်း

လွန်ခဲ့သောနှစ်များ၌ ကောလိပ်ကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာမကြီးက ညနေခင်း အချိန် သူနှင့်အတူ “ပါဝါလျှော့ချခြင်း” အစီအစဉ်တွင် ပါဝင်ကြရန် ကျောင်းသား များအား တိုက်တွန်း နှိုးဆော်သည်။ ကျောင်းသားများက ပါဝင်ရန် သဘောတူ သော်လည်း သူတို့၏လက်ကိုင်ဖုန်းများကို စိတ်လေးပင်စွာ ထားခဲ့ပြီး ဘုရားဝတ်ပြုရာ ခန်းမထဲသို့ ဝင်သွားကြသည်။ သူတို့သည် တစ်နာရီခန့် ငြိမ်သက်စွာထိုင်ပြီး တေးသီချင်းနှင့်ဆုတောင်းခြင်းများကို နားထောင်ခဲ့ကြသည်။ ထို့နောက် တစ်ယောက်သောသူက “စိတ်ငြိမ်သက်မှုကို အံ့မခန်းဘွယ် ရရှိခံစားရတယ်။... မလိုအပ်တဲ့ ဆူညံသံတွေကို ဖယ်ရှားပစ်နိုင်တဲ့နေရာ ဖြစ်တယ်” ဟု သူ့အတွေ့အကြုံကို ဖွင့်ဟပြောဆိုသည်။

တစ်ခါတစ်ရံ “မလိုအပ်သောဆူညံသံ” များမှ လွတ်မြောက်ရန် ခက်ခဲပါ၏။ ကျွန်ုပ်တို့၏ပြင်ပနှင့်အတွင်း၌ ဆူညံပွက်လောရိုက်နေသံများကြောင့် ဘာမျှမကြားရဘဲ နားပင်းနေသကဲ့သို့ ဖြစ်တတ်သည်။ သို့သော် ဆာလံဆရာသတိပေး နှိုးဆော်သကဲ့သို့ ကျွန်ုပ်တို့၏ “ပါဝါကိုလျှော့ချ” ပြီး ငြိမ်သက်စွာနေမှသာလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပိုမိုသိကျွမ်းရင်းနှီးနိုင်ကြောင်းကို…

အသိမှတ်ပြုဂုဏ်ပြုခြင်း

၁၉၆၀ ခုနှစ် အစောပိုင်းအချိန်က သာမန်နှင့် တစ်မူကွဲပြားသည့် လူ သို့မဟုတ် တိရိစ္ဆာန်ပုံကို ကြီးမား၍ ဝမ်းနည်းနေသည့် မျက်လုံးပုံဖြင့် ရေးဆွဲသည့် ပန်းချီကားများ ခေတ်စားခဲ့သည်။ အချို့က ထိုပန်းချီကို အပေါစားပန်းချီဟု မှတ်ယူကြသော်လည်း ကြိုက်နှစ်သက်သူများလည်း ရှိပြန်သည်။ ပန်းချီဆရာမ၏ ခင်ပွန်းက သူ့ဇနီး၏ပန်းချီကား ဖန်တီးမှုကို အားပေးမြှင့်တင်ကာ ဈေးကွက်တင်ခဲ့သဖြင့် သူတို့ဇနီးမောင်နှံမှာ ဝင်ငွေ ကောင်းခဲ့သည်။ သို့သော် ပန်းချီကားပေါ်၌ အနုပညာရှင် မာဂရက် ကီအဲန်၏ လက်မှတ်မပါရှိခဲ့ပါ။ မာဂရက်၏ခင်ပွန်းက သူ့ဇနီး၏ လက်ရာကို သူ့လက်ရာအဖြစ် တင်ဆက်ခဲ့ခြင်း ဖြစ်သည်။ စိုးကြောက်စိတ်ဖြင့် မာဂရက်သည် ထိုလိမ်လည်မှုကို ရေငုံနှုတ်ပိတ်ခဲ့သည်။ နှစ်ပေါင်း ၂၀ ကြာပြီးနောက် သူတို့၏အိမ်ထောင်ရေးပြိုကွဲသွားပြီးမှ ပညာရှင်အစစ်အမှန်ကို သက်သေပြရန် အတည်ပြုရန် တရားဆိုင်ခဲ့ကြသည်။

ထိုအမျိုးသား၏လှည့်စားမှုက မှားသောလုပ်ရပ်ဖြစ်ကြောင်း ထင်ရှားပါသည်။
သို့သော် ကျွန်ုပ်တို့လည်း မိမိ၏အရည်အချင်း ဆုကျေးဇူး၊…

ကျွန်ုပ်တို့၏ လုံခြုံခိုလှုံရာ

ကျွန်မပထမဦးဆုံးလုပ်ကိုင်ရသည့်အလုပ်မှာ ဟမ်ဘာဂါနှင့် အားလူးချောင်းကြော်တို့ ရောင်းသော စားသောက်ဆိုင်၌ ဖြစ်သည်။ စနေနေ့ညနေခင်းတစ်ခုတွင် အမျိုးသား တစ်ဦး မယောင်မလည်နှင့် ကျွန်မဘယ်တော့အလုပ်ဆင်းမလဲဟု မေးခဲ့သည်။ ထိုအဖြစ်က ကျွန်မကို မသက်မသာဖြစ်စေသည်။ အချိန်တစ်ရွေ့ရွေ့ ကုန်လွန်သွားပြီး ထိုသူက အာလူးကြော်မှာစားလိုက်၊ အအေးမှာသောက်လိုက်နှင့် မန်နေဂျာက သူ့ကို မောင်းထုတ်၍လည်း မရဖြစ်နေသည်။ ဆိုင်နှင့်မဝေးလှသည့်နေရာ၌ ကျွန်မနေထိုင်သော်လည်း မဲမှောင်နေသည့် ကားပါကင်နေရာနှစ်ခုနှင့် သဲကွင်းပြင်ကို ဖြတ်ပြီးလမ်းပြန် လျှောက်ရမည်ကို ကျွန်မကြောက်နေမိသည်။ နောက်ဆုံး၌ သန်းခေါင်းချိန်ရောက်သော် ရုံးခန်းထဲသို့ ၀င်ပြီး ကျွန်မဖုန်းခေါ်လိုက်သည်။

ဖုန်းပြန်ဖြေသည့် ကျွန်မအဖေက တစ်စက္ကန့်မဆိုင်းဘဲ နွေးထွေးသည့် အိပ်ယာထက်မှ ထလာကာ ငါးမိနစ်အကြာတွင်
ဆိုင်သို့ရောက်လာကာ ကျွန်မကို အိမ်ပြန်ခေါ်သွားသည်။

ထိုည၌ ဖေဖေ ကျွန်မထံလာပြီး ကူညီပေးမည်ဆိုသည့် စိတ်ချသေချာမှုမျိုးက ဆာလံ ၉၁ တွင် ဖတ်ရသည့် အာမခံချက်ကို ပြန်လည်အမှတ်ရစေသည်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော…

ကောင်းကင်ဘဏ္ဍာ

ကျွန်မတို့ ကြီးပြင်းလာစဉ်က စီဒါသစ်ကတိုးသားဖြင့် လုပ်ထားသည့် အမေ့သေတ္တာကြီး ပေါ်တွင် ညီအစ်မသုံးဦးသား ဘေးချင်းယှဉ်ကာ ထိုင်ခဲ့ရခြင်းကို အလွန်သဘောကျ နှစ်သက်ခဲ့သည်။ အမေက ထိုသေတ္တာထဲ၌ သိုးမွေး အနွေးထည်နှင့် အဖွားကိုယ်တိုင် လက်ဖြင့်ထိုးထားသော ဇာထိုးပန်းထိုးလက်မှုပစ္စည်းများကို သိမ်းဆည်းထားသည်။ သေတ္တာထဲရှိပစ္စည်းများကို အမေတန်ဖိုးထားပြီး သစ်ကတိုး၏မွေးရနံ့က ခြများ၊ ပိုးဟပ်များ ဖျက်ဆီးမည့်ရန်မှ ကာကွယ် ပေးသည်။

လောကီစည်းစိမ်များသည် ပိုးတက်ပျက်စီးခြင်း၊ သံချေးတက်ခြင်း၊ အခိုးခံရခြင်းကြောင့် အလွယ်တကူ ပျက်စီး ဆုံးရှုံးနိုင်ပါသည်။ ရှင်မဿဲခရစ်ဝင်အခန်းကြီး ၆ မှ ကျွနု်ပ်တို့ကို သက်တမ်းအကန့်အသတ်ရှိသောအရာများ ပေါ်တွင် အာရုံမထားဘဲ ထာဝရတန်ဖိုးရှိသောအရာတွင် အာရုံပြုရန် တိုက်တွန်းထားသည်။ အသက် ၅၇ နှစ် အရွယ်တွင် အမေကွယ်လွန် သောအခါ လောကီစည်းစိမ်များကို မသယ်ဆောင်သွားနိုင်ပါ။ သို့သော်လည်း သူ စုဆောင်းခဲ့သော ကောင်းကင်ဘဏ္ဍာအကြောင်းကို ကျွန်မ တွေးမိသည် (း၁၉-၂၀)။

မိသားစုအပေါ် သစ္စာရှိစွာ…

ယခုတော့ဖြင့် နှုတ်ဆက်ပါသည်။

ကျွန်မ၏မြေးမလေး အယ်လီဇာနှင့် ကျွန်မတို့ကြား၌ နှုတ်ဆက်ခွဲခွာချိန်ရောက်တိုင်း လုပ်နေကျအကျင့်တစ်ခုရှိသည်။ ကျွန်မတို့ တစ်ဦးနှင့်တစ်ဦးဖက်ပြီး ပြဇာတ်ထဲကလို အသံကျယ်ကျယ်ဖြင့် ၂ စက္ကန့်မျှ မြည်တမ်းကြသည်။ ထိုနောက်မှ ခြေတစ်လှမ်းဆုတ်ပြီး  ‘‘နောက်မှ ပြန်တွေ့မယ်’’ ဟုပြောကာ လှည့်ထွက်သွားကြသည်။ ပြောင်ချော်ချော် အမူအကျင့် ဖြစ်သော်လည်း ‘‘မကြာမီ’’ ပြန်တွေ့ကြမည်ဟု    ကျွန်မတို့နှစ်ဦးသား မျှော်လင့်ချက်ရှိပါသည်။

သို့သော် တစ်ဦးနှင့်တစ်ဦး တွယ်တာကြင်နာသူများ အတွက်မူ ခွဲခွာရခြင်းသည် နာကျင်စရာဖြစ်ပြီး ခံယူရန် ခက်ခဲလှသည်။ ဧဖက်မြို့မှ အသက်ကြီးသူများကို ရှင်ပေါလု နှုတ်ဆက်စကားဆိုသည်တွင် ‘‘နောက်တစ်ဖန် သူ၏မျက်နှာကို မမြင်ရဟူသော စကားကြောင့်’’၊ ‘‘ထိုသူ အပေါင်းတို့သည် အလွန်ငိုကြွေး၍ ပေါလု၏လည်ပင်းကို ဖက်ယမ်းလျက် သူ့ကို နမ်းကြ၏’’ (တ ၂၀း၃၇-၃၈)။

သေခြင်းအားဖြင့် ခွဲခွာရလျက် ဤဘ၀၌ နောက်ဆုံးသောနှုတ်ဆက်စကား ဆိုရချိန်က အနာကျင်ဆုံး အကြေကွဲရဆုံး ဖြစ်သည်။ ထိုသို့…

အစေခံခြင်းနှင့် အပြုစုခံခြင်း

မာရီလင်းသည် ရက်သတ္တပေါင်းများစွာ နာမကျန်းဖြစ်ပြီး ဤသို့ ခက်ခဲလှသည့်ကာလ တစ်လျှောက်လုံးတွင် လူများစွာက သူ့ကို အားပေးကူညီခဲ့သည်။ ‘‘သူတို့ရဲ့ ကြင်နာမှု တွေကို ဘယ်လိုပြန်ပေးဆပ်ရမလဲ’’ ဟူ၍ သူတွေးပူမိသည်။ သို့နှင့် တစ်နေ့၌ ဆုတောင်းချက်တစ်ခုမှ စာသားများကို ဖတ်လိုက်ရသည်။ ‘‘အစေခံရန်အတွက်သာမက တစ်ပါးသူတို့၏နှိမ့်ချခြင်း တိုးပွားလာရေးအတွက် ၎င်းတို့ကို အစေခံခွင့်ပေးပြီး မိမိက အပြုစုခံသူဖြစ်ရန် ဆုတောင်းပါ။’’ အတိုင်းအဆပမာဏကို ချိန်ညှိနေစရာမလိုဘဲ ကျေးဇူးတင် ရန်သာဖြစ်ပြီး အစေခံခြင်းဖြင့်ရရှိသော ၀မ်းမြောက်ခြင်းကို တစ်ပါးသူများခံစားနိုင်အောင် အခွင့်ပေးရမည်ဟု မာရီလင်း ချက်ခြင်း သဘောပေါက်သွားသည်။
သူ၏‘‘ဆင်းရဲဒုက္ခကို’’(း၎) ခံစားမျှဝေသူ အားလုံးကို ကျေးဇူးတင်ကြောင်း ဖိ ၄ တွင် တမန်တော်ရှင်ပေါလု ဖော်ပြခဲ့သည်။ ဧ၀ံဂေလိတရား ဟောပြောသွန်သင်ရာတွင် လူများ၏ ကူညီထောက်ပံ့မှုအပေါ် ရှင်ပေါလုအမှီပြုခဲ့သည်။ သူအကူအညီလိုအပ်နေချိန်၌ သူ့အတွက် လူတို့၏ကူညီပံ့ပိုးမှုများသည် ၎င်းတို့ ဘုရားရှင်ကို ချစ်ကြောင်း ရိုးရိုးလေးဖော်ပြချက်သာ…

ကြီးထွားရန် အချိန်ယူရသည်

ပထမဆုံးမူကြိုတက်သည့်နေ့တွင် ဆရာမက ရှားလော့ လေးအား သူ့ပုံကို ပြန်ဆွဲခိုင်းသည်။ ပုံထဲတွင် ခန္ဓာကိုယ်လုံးလုံးလေးပေါ်၌ ခေါင်းရှည်ရှည်နှင့် စက်ဝိုင်းပုံ မျက်လုံးနှစ်လုံး ပါဝင်ပါသည်။ မူကြိုနောက်ဆုံးရက်တွင်လည်း သူ့ရုပ်ကို ထပ်ဆွဲခိုင်းပြန်သည်။ ဤပုံတွင်မူ အရောင်စုံဂါဝန်နှင့်၊ မျက်နှာပြုံးပြုံးနှင့်၊ ကောက်ကွေး
တွဲကျနေသော အနီရောင်ဆံပင်နှင့် ကောင်မလေးပုံ ဖြစ်သည်။ ဤမူကြိုကျောင်းသည် အချိန်အတိုင်းအတာ တစ်ခုတွင် ဖြစ်ပေါ်သည့် ရင့်ကျက်မှုအဆင့်ကို ရိုးရှင်းသော လုပ်ဆောင်ချက်ဖြင့် ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ကလေးများ ရင့်ကျက်ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်ကြောင်း ကျွန်ုပ်တို့လက်ခံသော်ငြား ကျွန်ုပ်တို့ ကိုယ်တိုင်၊ (သို့) အခြားသောယုံကြည်သူ ခရစ်ယာန်တို့၏ ၀ိညာဉ်ရေးရာ ရင့်ကျက်မှုအခြေအနေ နှေးကွေးမှုကို မြင်ရသောအခါ စိတ်မရှည်ဖြစ်တတ်ကြသည်။ ၀ိညာဉ်အသီးများ သီးသောအခါ(ဂလာ ၅း၂၂-၂၃) ၀မ်းမြောက်သော်လည်းအပြစ်ကို ရွေးချယ်လုပ်မိသောအခါ စိတ်ဓာတ်ကျမိတတ် ကြသည်။ ဟေဗြဲသြ၀ါဒစာ ရေးသူက ဟေဗြဲ ၅း၁၂ တွင် ‘‘သင်တို့သည်…

နေ့စဉ်ဆုတောင်းချက်

သားများငယ်စဉ်က နံနက်တိုင်း ဘတ်စ်ကားမှတ်တိုင်သို့ မသွားမီ ဆုတောင်းပေးသော သူ့မိခင်ကြီးအတွက် အဆိုတော်နှင့် သီချင်းရေးစပ်သူ ရောဘတ်ဟမ်းလက် က “ကျွန်ုပ်အတွက် ဆုတောင်းပေးသောအမျိုးသမီး” ဟူသော ဂုဏ်ပြုတေးသီချင်းကို စပ်ဆိုခဲ့သည်။ ဟမ်းလက် သီဆိုသည့် ထိုသီချင်းကို ငယ်ရွယ်သောမိခင်တစ်ဦးက ကြားခဲ့ပြီးနောက် သူ့သားနှင့်အတူ ဆုတောင်းမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုအခါ ဖြစ်ပေါ်လာသည့် ရလဒ်က ကြည်နူးကျေနပ်စရာပါ။ အိမ်တံခါးဝမှမထွက်မီ မိခင်က သားအတွက် ဆုတောင်းပေးလိုက်သည်။ ငါးမိနစ် အကြာတွင် သူသည် ဘတ်စ်ကားမှတ်တိုင်မှ သူ၏ သူငယ်ချင်းများကိုခေါ်၍ အိမ်သို့ပြန်လာသဖြင့် မိခင်က မေးရာ “သူတို့ရဲ့ အမေတွေက သူတို့အတွက် ဆုမတောင်းပေးဘူး” ဟု သားလေးက ပြန်ဖြေလိုက်တော့သည်။
ဧဖက်သြဝါဒစာစောင်တွင် ရှင်ပေါလုက ကျွန်ုပ်တို့အား “ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်းပတ္ထနာပြုခြင်းအမျိုးမျိုး တို့ဖြင့် ဆုတောင်းကြရန်” တိုက်တွန်းနှိုးဆော်ထားသည်(၆း၁၈)။ မိသားစုတွင်း၌ နေ့စဉ် ဘုရားသခင်အပေါ် အမှီပြုခြင်းကိုပြရန်…

အကယ်၍ ... ခဲ့လျှင်

ကားရပ်နားရာနေရာမှ ပြန်ထွက်လာစဉ် ကျွန်မ၏ခင်ပွန်းမှာ ကားကို အရှိန်လျော့ပြီး အမျိုးသမီးလေးတစ်ဦး စက်ဘီးဖြတ်စီးသွားသည်အထိ စောင့်နေလိုက်သည်။ တောမ်က သူ့ကို အရင်ဖြတ်သွားရန် ခေါင်းညိတ်ပြသောအခါ သူက ပြုံးလိုက်ပြီး လက်ပြကာ ဆက်စီးသွားသည်။ ခဏကြာပြီးနောက် ရပ်ထားသော SUV ကားတစ်စီးမှ ယာဉ်မောင်းက ကားတံခါးကို ဖွင့်လိုက်ရာ စက်ဘီးစီး မိန်းကလေးကို ရိုက်မိပြီး လူသွားလမ်းပေါ်သို့ လွင့်ကျသွား သည်။ သူ့ခြေထောက်မှ သွေးထွက်နေပြီး ကွေးကောက် သွားသော စက်ဘီးကို စစ်ကြည့်ရင်း သူ့ခမျာ ငိုကြွေးနေခဲ့ သည်။
နောက်ပိုင်းတွင် ဤမတော်မဆဖြစ်ရပ်ကို ကျွန်မတို့.ပြန်လည်ဆင်ခြင်မိသည်။ ကျွန်မတို့သာ သူ့ကို စောင့်ခိုင်း ခဲ့လျှင် ...၊ ယာဉ်မောင်းသည်လည်း ကားတံခါး မဖွင့်မီ လူရှင်း မရှင်း ကြည့်ခဲ့လျှင် ... ဘာဖြစ်မည်နည်း။ သားသည် သောက်စားတတ်သည့်လူငယ်များနှင့် တွဲနေကြောင်း ကျွန်မကြိုသိခဲ့လျှင် ... ကင်ဆာရောဂါကို…

ဂုဏ်ပြုမခံရဘူးလား

၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်အတွင်းက ဟောလိဝုဒ် တေးသရုပ်ဖော် အစီအစဉ်သည် အလွန် ရေပန်းစားခဲ့ပြီး အထူးသဖြင့် သရုပ်ဆောင်မင်းသမီး ၃ ဦး ဖြစ်သော အော်ဒရီ ဟက်ဘန်း၊  နာတာလီ ဝုဒ် နှင့် ဒီပိုးရာကား တို့သည် စွဲမက်သွားစေလောက်သော တင်ဆက်မှုများဖြင့် ကြည့်ရှုသူများကို စိတ်ချမ်းသာစေခဲ့သည်။ သို့သော် ထိုမင်းသမီး ၃ ဦး၏ သရုပ်ဆောင် ချက်ကို ပို၍သက်ဝင်အားကောင်းစေသည်မှာ အံ့မခန်း ကောင်းသောသီချင်းသီဆိုမှုအပိုင်း ဖြစ်သည်။ အမှန်စင်စစ် ဂန္ဓဝင်ရုပ်ရှင်ကား၏အောင်မြင်မှုသည် ဇာတ်ဆောင် မင်းသမီး
၃ ဦး ကို တစ်ချိန်လုံး နောက်တန်းမှ ပံ့ပိုးအားဖြည့်ပေးသူ အဆိုတော် မာနီ နစ်ဆင် ကြောင့် ဖြစ်သော်လည်း သူ၏ အရေးပါသော အခန်းကဏ္ဍအတွက် စိုးစဉ်းမျှ ဂုဏ်ပြု မခံရပါ။
ခရစ်တော်၏ခန္ဓာကိုယ်တွင် လူအများနှင့် ထိတွေ့ ဆက်ဆံရသည့်အခန်းကဏ္ဍ-…