ပြည့်စုံသောဖခင်တစ်ဦး
‘‘သမီးငယ်ငယ်က အဖေခရီးထွက်တာ များတယ်’’ ဟု အဖေ ကျွန်မကို ၀န်ခံခဲ့ဖူးသည်။ ကျွန်မ မမှတ်မိပါ။ တစ်နေ့လုံး ရုံးတက်ပြီးလျှင် ညနေပိုင်းအချိန်တွင် အသင်းတော် ကွာယာ သံစုံကို သွားလေ့ကျင့်ပေးတတ်သလို တစ်လတွင် တစ်ပတ် (သို့) နှစ်ပတ်မျှ မကြာခဏ
အမျိုးသား လေးယောက်သံစုံအဖွဲ့ဖြင့် ခရီးထွက်တတ်သည်။ သို့သော် ကျွန်မ ဘ၀၏ အရေးကြီးသော အချိန်တိုင်းတွင် အဖေသည် ကျွန်မအနား ရှိနေခဲ့သည်။
ဥပမာ- ကျွန်မ ၈ နှစ် သမီးအရွယ်က နေ့လယ်ချိန် ကပြသည့် ကျောင်းပြဇာတ်၏ဇာတ်ဝင်ခန်း တစ်ခန်း၌ ကျွန်မ ပါဝင်ကပြခဲ့ရသည်။ ပွဲသို့ တက်ရောက်လာသည့် မိခင်များ ကြားတွင် ဖခင်တစ်ဦးတည်းသာပါပြီး ထိုသူမှာ ကျွန်မ၏ အဖေဖြစ်သည်။ ကျွန်မတို့ ညီအစ်မသည် သူ့အတွက် အရေးကြီးကြောင်းနှင့် ကျွန်မတို့ကို ချစ်ကြောင်း အသေးအမွှား နည်းလမ်းများစွာဖြင့် ပြသခဲ့သည်။…
စိတ်နှလုံး အနေအထားများ
အသင်းတော် ချီးမွမ်းခြင်းအဖွဲ့တွင် ကျွန်မခင်ပွန်းက ဘာဂျာမှုတ်သူဖြစ်ပြီး သူ သီချင်းတီးမှုတ်ပြီဆိုလျှင် တစ်ခါတစ်ရံ မျက်စိမှိတ်ထားတတ်ကြောင်း ကျွန်မသတိပြုမိ သည်။ ဤသို့မှိတ်ထားခြင်းဖြင့် အာရုံစူးစိုက်နိုင်ပြီး စိတ်အာရုံ ပျံ့လွှင့်ခြင်းကိုလည်း ကာကွယ်ပေးကာ ဘုရားရှင်အား အကောင်းဆုံး ချီးမွမ်းနိုင်ခြင်း ဖြစ်သည်။
လူအချို့က ဆုတောင်းသောအခါ မျက်လုံးမှိတ်သင့် သလားဟု တွေးတတ်ကြသည်။ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ဆုတောင်းနိုင်သော်လည်း လမ်း လျှောက်ချိန်၊ ပေါင်းသင်ချိန်၊ ကားမောင်းချိန်များတွင်မူ မျက်လုံးမှိတ်ရန် မလွယ်ပါ။
ဘုရားသခင်ကို စကားပြောရာ၌ ခန္ဓာကိုယ် အနေအထား မည်သို့ မည်ပုံ ဖြစ်ရမည်ဟူ၍ စည်းမျဉ်း စည်းကမ်း မရှိပါ။ ရှောလမုန်မင်းသည် သူဆောက်လုပ် ခဲ့သော ဗိမာန်တော်ကို ဆုတောင်းဆက်ကပ်သောအခါ သူသည် ဒူးထောက်လျက် ကောင်းကင်သို့ လက်ဖြန့်ကာ ပတ္ထနာပြုခဲ့သည် (၆ ရာ ၆း၁၃-၁၄)။ ဒူးထောက်ခြင်း (ဧ ၃း၁၄)၊ မတ်တပ်ရပ်ခြင်း…
နံနက်မိုးသောက်သော်
မြူးနစ်မြို့ပြင်ရှိ ကျေးလက်တည်းခိုခန်းတစ်ခု၌ တစ်ထောက်နားရန် ကျွန်မတို့ ရောက်ရှိ သွားချိန်တွင် အချိန်အတော်ပင် လင့်ခဲ့ပြီဖြစ်သည်။ မြူနှင်းထုကြီးကြောင့် အမှောင်ထဲ လှမ်းမမြင်နိုင်သော်လည်း ကျွန်မတို့အခန်း၌ လေသာဆောင် ပါရှိသဖြင့် ကျေနပ်ပျော်ရွှင် သွားသည်။ သို့သော် အချိန်အတန်ကြာပြီးနောက် နေပွင့်လာသောအခါ မြူနှင်းများ လွှင့်ပါးကုန်သည်။ ထိုအခါ ဆိုးဆိုးဝါးဝါး ပျောက်ကွယ် နေသော အံ့မခန်းဆိတ်ငြိမ်အေးချမ်းလှပသည့် မြင်ကွင်းကို တွေ့လိုက်ရသည်။ စားကျက်မြက်ခင်း စိမ်းစိမ်းစိုစိုတွင် သိုးများ အစာစားနေပြီး ၎င်းတို့၏လည်ပင်းမှ ခြူသံများ ကြားနေရသည်။ ကောင်းကင်မှ တိမ်စိုင်ဖြူဖြူကြီးကလည်း သိုးကြီးတစ်ကောင်နှင့်ပင် တူနေသည်။
တစ်ခါတစ်ရံတွင် စိတ်ပျက်အားလျော့ခြင်း မြူနှင်းထုကြီးက ဘ၀အသက်တာကို လွှမ်းမိုးနေတတ်သည်။ အခြေအနေက မှောင်မိုက်လွန်း၍ ကျွန်မတို့ မျှော်လင့်ချက်မဲ့ လာသည်။ သို့သော် နေမင်းကြီးက မြူနှင်းများကို ကင်းစင် စေသကဲ့သို့ ဘုရားသခင်၌ ယုံကြည်ခြင်းစိတ်က သံသယမြူနှင်းများကို ဖယ်ရှားပစ် နိုင်သည်။ ဟေဗြဲ…
အမှားလုပ်မိတယ်
အမှုဆောင်အရာရှိတစ်ဦးမှ တရားမ၀င်လှုပ်ရှားမှုတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့သည့် သူ၏ကုမ္ပဏီအကြောင်းကို ဆွေးနွေးနေစဉ် “အမှားလုပ်မိတယ်” ဟု ပြောကြားခဲ့သည်။ သူ၏ပုံစံမှာ နောင်တရပုံပေါ်သော်လည်း သူ၏နောက်လိုက်များအား အပြစ်တင်နေဆဲ၊ သူကိုယ်တိုင် အမှားတစ်စုံတစ်ရာကိုကျူးလွန်ခဲ့ကြောင်းကို သူ ၀န်မခံနိုင်ပေ။
လမ်းပြောင်းပြန်ကားမောင်းမိခြင်း၊ အချက်ပြ ခလုတ်ဖွင့်ရန် မေ့သွားသည့်အတွက် ဟင်းတူးသွားခြင်း၊ ဘဏ်လက်ကျန်ငွေကို မှားယွင်းစွာပေါင်းမိခြင်း စသဖြင့် တစ်ချို့အမှားများသည် “အမှား” သက်သက်သာဖြစ်သည်။ ဖြစ်သည်။ သို့သော် တာသွားသည့် အမှားများရှိသည်။ ဘုရားသခင်က ၎င်းကို “အပြစ်” ဟုခေါ်သည်။ ဘုရား သခင်က အာဒံနှင့်ဧ၀အား အဘယ်ကြောင့် သူ၏ စကားကို နားမထောင်သနည်းဟု မေးသောအခါ သူတို့သည် လျင်မြန်စွာပင် တစ်ဦးကိုတစ်ဦး အပြစ်တင်ရန် ကြိုးစားကြ သည် (ကမ္ဘာ ၃း၈-၁၃)။ သဲကန္တရအတွင်း လူအများ ရှိခိုးရန် နွားသူငယ်ပုံကို သွန်းလုပ်သည့်ကိစ္စတွင် အာရုန်အနေဖြင့် တာဝန်ယူခဲ့ခြင်း မရှိပါ။ မောရှေအား…
ချစ်မေတ္တာ၌ လုံခြုံစေပြီ
၂၀၁၅ ခုနှစ် ဇွန်လက ပဲရစ်မြို့ The Pont des Arts လူကူးတံတား၏ လက်ကိုင်တန်းများ ပေါ်မှ သော့ခလောက် ၄၅ တန်ကို ဖယ်ရှားခဲ့သည်။ စိတ်ကူးယဉ်ဆန်ဆန်နှင့် စုံတွဲများက သူတို့နာမည်အစ စာလုံးကို သော့ခလောက်ပေါ် ရေးခြစ်ပြီး တံတား၏ လက်ကိုင်တန်းတွင် ချိတ်ကာ ခတ်လိုက်ပြီး သော့ကို စိန်းမြစ်ထဲသို့ ပစ်ချလိုက်သည်။
ဤသို့ အကြိမ်ထောင်ပေါင်းများစွာ လုပ်ဆောင်မှု ကြောင့် တံတားမှာ `အချစ်´များ၏ အလေးချိန်ကို မခံနိုင် တော့ပါ။ နောက်ဆုံး၌ တံတား၏ ပြီးပြည့်စုံသည့်အရည်အသွေးထိခိုက်မှာ စိုးရိမ်ရ၍ `အချစ်သော့ခလောက်များ´ကို ဖယ်ရှားရတော့သည်။
သော့ခလောက်များက ထာဝရတည်မြဲသည့် ချစ်မေတ္တာကို ပုံဆောင်ရန်ဖြစ်သော်လည်း လူသားတို့၏ ချစ်ခြင်းက အမြဲမတည်။ အရင်းနှီးဆုံး မိတ်ဆွေများသည် အပြန်အလှန် အမှားကျူးလွန်မိပြီး ဘယ်တော့မှ မပြေလည် ဘဲ ရှိနေနိုင်သည်။ မိသားစုဝင်များလည်း အငြင်းပွားကာ…
ကျော်ဇောမှုနှင့်နှိမ့်ချမှု
မိမိဘာသာ ထင်ရှားနာမည်ကြီးခြင်း (သို့) နာမည်ကြီးသူများအကြောင်း အသေးအမွှားက အစ လိုက်လံစပ်စု စိတ်ဝင်စားခြင်း၊ နိုင်ငံတကာ ထင်ရှားကျော်ကြားသည့် စာအုပ်၊ ရုပ်ရှင်၊ ညဥ့်နက်သန်းခေါင်ချိန်၌ တင်ဆက်သည့် ဖျော်ဖြေပွဲများ၊ ဖေ့စ်ဘွတ်၊ တွစ်တာ စသည့် လူမှုကွန်ယက်၏ ပရိတ်သတ်များစွာ ရှိခြင်း စသည်ဖြင့် ကျော်ဇောမှုသဘောက လူများစွာကို လွှမ်းမိုးထားသည်။
မကြာမီက အမေရိကန်ပြည်ထောင်စု၌ သုတေသနပြု လေ့လာချက်တစ်ခုအရ အင်တာနက်မှတစ်ဆင့် နာမည်ကြီး ထင်ရှားသူများ၏ အမည်စာရင်းကို သေချာစွာစိစစ်ပြီး အစဉ်လိုက်စီချရာ၊ ကမ္ဘာ့သမိုင်းတစ်လျှောက် အထင်ရှားဆုံး ပုဂ္ဂိုလ်များစာရင်းတွင် သခင်ယေရှုက ထိပ်ဆုံး၌ ရှိနေသည်။
သို့ငြားလည်း ကျော်ဇောထင်ရှားရန်အရေးကို သခင်ယေရှု စိုးစင်းမျှ မတွေးခဲ့ပါ။ လောက၌ ကျင်လည် သက်ရှင်စဉ် ကျော်ဇောမှုကို သခင်မရှာခဲ့ပါ (မ ၉း၃၀၊ ယော ၆း၁၅)။ သို့သော် သခင့်အကြောင်းက ဂါလိလဲနယ် တစ်ခွင်လုံးတွင် လျင်မြန်စွာပျံ့နှံ့လျက်…
သောက်သုံးနိုင်သော စာအုပ်
ကမ္ဘာကြီး၏နေရာဒေသအချို့တွင် ရေသန့်ရရှိရန် ခက်ခဲသောကြောင့် ‘ရေသည် အသက်’ ဟူသည့်အဖွဲ့အစည်းမှ ‘‘သောက်သုံးနိုင်သောစာအုပ်’’ အမည်ရှိသည့် ထူးခြားသော ရေသောက်မြစ်တစ်ခုကို ဖန်တီးခဲ့သည်။ ထိုစာအုပ်တွင် အလွန်သေးငယ်သော ငွေမှုန်စလေးများဖြင့် ဖုံးအုပ်ထားသည့် စာရွက်များပါရှိပြီး အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားပိုးများကို ၉၉.၉ % အထိ ဖယ်ရှား စစ်ထုတ် ပေးသည်။ ဤစာရွက်တစ်ရွက်ခြင်းစီသည် တစ်ကြိမ်သုံးပြီး နောက်ထပ် ရေလီတာ ၁၀၀ ကို ရေစစ်ရန် ပြန်လည် အသုံးပြုနိုင်သည်။ စားရိတ် ၄ ပဲနိ သာ ကုန်ကျသည်။ နှုတ်ကပတ်တော်သည်လည်း ‘‘သောက်သုံးနိုင်သော စာအုပ်’’ တစ်မျိုးဖြစ်သည်။ ယောဟန်အခန်းကြီး ၄ တွင်
တစ်မူထူးသည့် ဆာငတ်ခြင်းနှင့် ထူးခြားသောရေတစ်မျိုး အကြောင်းကို ဖတ်ရှုရသည်။ ရေတွင်းရှိရှမာရိအမျိုးသမီးသည် ရေငတ်ပြေစေသည့် သန့်ရှင်းသောရေထက်မကသော အရာကို လိုအပ်နေသည်။ သက်စမ်းရေ၏အရင်းအမြစ်ကို သူသိလိုစိတ် အလွန်ပြင်းပြနေသည်။ ဘုရားရှင်တစ်ပါးတည်းထံမှလာသော…
ပြင်ဆင်မှုပြုလုပ်ခြင်း
ကျွန်မယောက္ခမယောက်ျားသူ၏နာရေးတွင် ခေါင်းတလားထဲရှိ သူ၏သက်မဲ့ခန္ဓာကို ကြည့်ရှုနေစဉ် သူ့သားတစ်ယောက်က ဖခင်၏တူကို ယူလာပြီး သူ၏လက်များကြား
အသာထိုး ထည့်ပေးခဲ့သည်။ နှစ်အတန်ကြာပြီးနောက် ယောက္ခမမိန်းမသူ ဆုံးသွား သောအခါ သားသမီးတစ်ယောက်က သူ၏ချည်ထိုးတံယူလာပြီး သူမ၏လက်ချောင်း များကြား လျှိုထည့်ပေးခဲ့သည်။ ထိုအသုံးအဆောင်များကို သူတို့ အသက်ရှင်စဉ်က မည်မျှအသုံးပြုလေ့ရှိကြသည်ကို ကျွန်မတို့ အမှတ်ရသောကြောင့် ထိုနှစ်သက်ဖွယ် အပြုအမူ လေးများသည် ကျွန်မတို့အတွက် နှစ်သိမ့်မှု ဖြစ်စေသည်။
ထာဝရကာလ၌ ထိုပစ္စည်းများကို သူတို့လိုအပ်မည် မဟုတ်ကြောင်း ကျွန်မတို့သိပါသည်။ ရှေးအီဂျစ်လူများက ၎င်းတို့နှင့်အတူ မြှုပ်နှံခဲ့သော တန်ဆာပလာများ၊ ငွေကြေး၊ လက်နက်များသည် နောင်ဘ၀အတွက် ပိုမိုကောင်းမွန်သော ပြင်ဆင်မှုများ ဖြစ်လိမ့်မည်ဟု မှတ်ယူကြသည်။ ထိုသို့ မှားယွင်းသောအယူအဆများ ကျွန်မတို့၌ မရှိပါ။ ထိုအရာ များကို ကျွန်မတို့နှင့်အတူ ယူမသွားနိုင်(ဆာ၊ ၄၉း၁၆-၁၇၊ ၁တိ၊ ၆း၇)။
သို့သော် ကျွန်မ၏ယောက္ခမများအတွက်…
အမှတ်ရနေခြင်း
အသက်ကြီးလာသည်နှင့်အမျှ မှတ်ဉာဏ်နည်းသွားခြင်းနှင့် ခဏခဏမေ့ခြင်း စသော ရောဂါလက္ခဏာများပေါ်လာမှာကို စိုးကြောက်သည်။ မှတ်ဉာဏ်ချို့ယွင်းသောရောဂါ (Alzheimer's disease) အထူးကုဆရာဝန်ဖြစ်သူ Dr. Benjamin Mast က ဤသို့ အကြံပေး အားပေးတိုက်တွန်းထားသည်။ သူ၏ပြောကြားချက်အရ လူနာများ၏ဦးနှောက်၌ ဆိုနေကျ ဓမ္မတေးသီချင်းများနှင့် ကလေးသီချင်းများကို ကြားရပြီး စကားလုံးတိုင်း လိုက်၍သီဆိုနိုင်လောက်အောင် ‘‘ထိုဓမ္မသီချင်းများကို ကောင်းကောင်းကြီး မှတ်မိသည်”ဟု ဆိုသည်။ သူ့ထင်မြင်ယူဆချက်မှာ ၀ိညာဉ်ရေးရာ ကျင့်ဝတ် ဖြစ်သည့် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မသီချင်း သီဆိုခြင်းတို့သည် ကျွန်ုပ်တို့၏ဦးနှောက်ထဲ စွဲစွဲမြဲမြဲ နှစ်ဝင် နေခြင်းကြောင့် လိုအပ်သည့်အချိန်၌ အဆင်သင့် မှတ်မိနေခြင်း ဖြစ်သည်။
ဆာလံ ၁၁၉း၁၁ တွင် ကျွန်ုပ်တို့၏နှလုံးသား၌ သိုထားသော ဘုရားသခင်၏ နှုတ်ကပတ်တော် တန်ခိုးသည် ကျွန်ုပ်တို့ကို အပြစ်မပြုမိအောင် ကာကွယ်ပေးနိုင်ကြောင်း ဖတ်ရှုရသည်။ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကို ခွန်အားပေးသည်။…
မြင်သာသည့် အားနည်းချက်
ပခုံးခွဲစိတ်ကုသမှုခံယူပြီး ရက်သတ္တပတ် အတန်ကြာသည်နောက် ကျွန်မ စိုးကြောက်စိတ် ၀င်လာသည်။ ပခုံးသိုင်းကြိုးနှင့် အဆင်ပြေနေခဲ့ပြီးကာမှ ယခုတွင် ခွဲစိတ်ဆရာဝန်နှင့် ခန္ဓာပိုင်းကုထုံး အထူးပြုဆရာက ပခုံးသိုင်းကြိုးကို ဖြုတ်ရန် ပြောလာသည်။ ‘‘ဤ အဆင့်တွင် ထိန်းချုပ်လို့မရတဲ့ဝန်းကျင်မှာ ခံနိုင်ရည် မရှိခြင်း၊ အားနည်းချက်လက္ခဏာ အဖြစ် မြင်သာပေါ်လွင်နေတာကလွဲလို့ ပုခုံးသိုင်းကြိုး လွယ်ထားရတာ စိတ်ပျက်စရာပဲ’’ ဟူသည့် အချက်ကို မြင်မိသည်။
စိတ်လှုပ်ရှားတက်`u`n`mMကြကကကကြွသူ တစ်ဦးဦးက အားရပါးရ ကျွန်မကို ပွေ့ဖက်ညှစ်ပစ်မှာ၊ သူငယ်ချင်း တစ်ဦးဦးက အမှတ်တမဲ့ မတော်တဆ လာပုတ်မိမှာကို ကျွန်မ စိုးရိမ် မိသည်။ နာကျင်မှာ စိုးကြောက်သဖြင့် ပခုံးသိုင်းကြိုးနှင့် ကျွန်မ အကာအကွယ်ယူခဲ့သည်။
ခံနိုင်ရည်မရှိ၊ ခံနိုင်ရည်မဲ့သည့်အဖြစ်၌ မိမိကိုယ်ကို ဖွင့်ထားရန်မှာ အင်မတန် ကြောက်စရာကောင်းပါသည်။ ကျွန်မတို့က အချစ်ခံလိုသည်။ မိမိအရှိအတိုင်းကို လူတို့လက်ခံစေလိုသည်။ ကိုယ့်အကြောင်းကို သိသွားပြီး ကိုယ့်ကို…