စာရေးသူ

အားလုံးမြင်နိုင်ရန်
C. P. Hia

ဟီးယား ချက်ပန်း

ဆရာကြီး ဟီးယား ချက်ပန်း (Hia Chek Phang)သည် Our Daily Breadစာစောင်အတွက် ကွဲပြားခြားနားသော အနှစ်သာရကို ဆောင်ယူပေးသူ ဖြစ်သည်။ ဆရာကြီးနှင့်ဇနီး ဆရာမ လင်းချူး (Lin Choo)တို့သည် စင်္ကာပူနိုင်ငံ၌ နေထိုင်ကြသည်။ ဆရာသည် အသက် (၁၃) နှစ်အရွယ်တွင် ယေရှုခရစ်တော်ကို လက်ခံယုံကြည်ခဲ့သည်။ ယုံကြည်သူတစ်ဦး စတင်ဖြစ်ခဲ့သည့် အချိန်က သူ့အား ဘုရားသခင်၏နှုတ်ကပါတ်တော်ကို ချစ်ခင်မြတ်နိုးလာစေခဲ့သည့် ပြောင်မြောက်သော သမ္မာကျမ်းစာသင်ကြားပို့ချသူ ဆရာတော်များဆီမှ လေ့လာသင်ယူခွင့်ကိုရခဲ့သည်။ လက်ရှိ စင်္ကာပူရုံးတွင် ဥက္ကဌကို ကူညီထောက်ပံ့သူ အကြံပေးပုဂ္ဂိုလ်အဖြစ် အစေခံလျက် ရှိသည်။ ဆရာတို့ဇနီးမောင်နှံသည် ခရီးသွားခြင်းနှင့် လမ်းလျှောက်ထွက်ခြင်းတို့ကို နှစ်သက်သည်။ ဆရာကြီး၏ သား၊ ချွေးမနှင့် မြေးသုံးယောက် တို့သည်လည်း စင်္ကာပူ၌ နေထိုင်ကြသည်။

စာမူ/ အကြောင်းအရာ များ ဟီးယား ချက်ပန်း

ပထမအရာကို ပထမဦးစားပေး

လေယာဉ်နှင့်ခရီးသွားပါက လေယာဉ်မထွက်ခွာမီတွင် လေယာဉ်ဝန်ထမ်းများက လေယာဉ်အတွင်း လေဖိအားလျှော့နည်းသွားလျှင် မည်သို့လုပ်ရမည်ကို အသေးစိတ် ညွှန်ကြားရှင်းပြသည်။ ဦးခေါင်းအထက်ရှိ အံဝှက်ထဲမှ အောက်ဆီဂျင်မျက်နှာဖုံး ကျလာ မည်ဖြစ်ပြီး အခြားသူများကို သွားမကယ်မီ မိမိကိုယ်၌ အရင်တပ်ဆင်ကြရန် ခရီးသည် များကို ပြောကြားသည်။ အဘယ်ကြောင့်နည်း။ အခြား သူများကို မကယ်မီ မိမိကိုယ်၌က ရုပ်ပိုင်းဆိုင်ရာ သတိရှိ နိုးကြားရန် လိုအပ်ခြင်းကြောင့် ဖြစ်သည်။

ရှင်ပေါလုက တိမောသေထံ စာရေးသားပေးပို့ရာ၌ တစ်ပါးသူများထံ သွားရောက်မစကူညီပြီး အစေမခံမီ သူ၏ ၀ိညာဉ်အသက်တာ ကျန်းမာသန်စွမ်းနေအောင် ထိန်းသိမ်းရန် အရေးကြီးကြောင်း ရှင်ပေါလု အလေးပေးပြော ခဲ့သည်။ သင်းအုပ်တစ်ဦးအနေနှင့် တိမောသေထမ်းဆောင်ရမည့် များပြားလှသော တာဝန်များကို သူသတိပေးသည်။ မှားယွင်းသော သွန်သင်ချက်များနှင့် ရင်ဆိုင်ရမည် (၁ တိ ၄း၁၅)၊ မှားယွင်းသော သြ၀ါဒ အယူဝါဒများကိုလည်း မှန်ကန်အောင်ပြင်ပေးရမည် (း၆-၈)။ …

အရာခပ်သိမ်းထက် ကြီးမြတ်သူ

အီဂူရားဇူး ရေတံခွန်သည် ဘရာဇီးနှင့် အာဂျင်တီးနား နှစ်နိုင်ငံနယ်စပ်တွင် ရှိပြီး ရေတံခွန် ငယ်လေး အဆင့်ပေါင်း ၂၇၅ ဆင့်နှင့် ထိုရေတံခွန်မှ စီးဆင်းလာသော အီဂူရားဇူး မြစ်သည် ၂.၇ ကီလိုမီတာ (၁.၆၇ မိုင်) ရှည်လျားသည်။ ဘရာဇီးနိုင်ငံဘက်ခြမ်းရှိ ရေတံခွန်၏အုတ်တံတိုင်းပေါ်တွင် “ရေများဟုန်းသံနှင့်တကွ သမုဒ္ဒရာလှိုင်းတံပိုး တို့သည် အားကြီးသည်ထက်၊ ထာဝရဘုရားသည် မြင့်သော အရပ်၌ သာ၍ တန်ခိုးကြီးတော်မူ၏” ဟူသော ဆာလံ ၉၃း၎ ကျမ်းပိုဒ်ကို ရေးသားထားပြီး ထိုကျမ်းပိုဒ်အောက်တွင် “ဘုရားသခင်သည် ကျွန်ုပ်တို့၏ပြဿနာအလုံးစုံတို့ထက် အစဉ်အမြဲ သာ၍ ကြီးမြတ်တော်မူသည်” ဟူသော စာသား ကိုလည်း ရေးထားသေးသည်။
ဆာလံ ၉၃ ကို ရေးသားသည့်အချိန်ကာလသည် ရှင်ဘုရင်အုပ်စိုးသော ခေတ်ကာလဖြစ်သော်လည်း ထာဝရ ဘုရားရှင်သာလျှင် အကြီးမြတ်ဆုံးသော ဘုရင်တကာတို့၏ ဘုရင်ဖြစ်ကြောင်းကို ဆာလံဆရာ သိတော်မူသည်။ သို့ဖြစ်၍…

မည်သည့်အရာဖြင့် သင့်ကို လူတို့သိကြမည်နည်း

တရုတ်နိုင်ငံတွင် ယခင်က ဂျပန်စစ်အကျဉ်းစခန်း ဖြစ်ခဲ့ဖူးသောဒေသ၌ ၁၉၄၅ ခုနှစ်က ကွယ်လွန်ခဲ့သူတစ်ဦး၏ အမှတ်တရကျောက်တိုင်ကို စိုက်ထူထားသည်။ “အဲရစ် လစ်ဒယ် အား စကော့လူမျိုး မိဘနှစ်ပါးမှ ၁၉၀၂ ခုနှစ်၌ တီယန်ကျင်းမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၂၄ အိုလံပစ်အားကစားပွဲတော်တွင် မီတာ ၄၀၀ အပြေးပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု ရရှိခဲ့ပြီး အားကစားသမားဘ၀၏ အောင်မြင်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ တီယန်ကျင်း၌ ကျောင်းဆရာအဖြစ် လုပ်ကိုင်ရန် သူသည် တရုတ်ပြည်သို့ ပြန်လာခဲ့သည်။ ... လူသားဘ၀ ကြီးပွားတိုးတက်အောင် အကောင်းဆုံးပေးဆပ်ကြရန် လူငယ်များကို တိုက်တွန်း ခွန်အားပေးရင်း သူ့ဘ၀ တစ်ခုလုံးကို အသုံးပြုခဲ့သည်” ဟု ကျောက်တိုင်ပေါ်တွင် ရေးထွင်းထားသည်။
အဲရစ်၏ အကြီးမားဆုံး အောင်မြင်မှုမှာ အားကစား နယ်ပယ်၌ ဖြစ်သည်ဟု အများက ရှုမြင်ကြမည်။ သို့သော် သူမွေးဖွားသန့်စင်ရာဌာနီ သူချစ်သော တရုတ်နိုင်ငံမှ…

ခရစ်စမတ်မီးလုံးများ

နှစ်စဉ် ခရစ်စမတ် မရောက်မီ ရက်သတ္တပတ်များတွင် ကမ္ဘာလှည့်ခရီးသည်တို့ စိတ်ဝင်စားသောနေရာဖြစ်သည့် စင်္ကာပူနိုင်ငံ၏ Orchard လမ်းကို အံ့ဖွယ်ကမ္ဘာတစ်ခု အသွင် ရောင်စုံမီးလုံးများနှင့် ဆင်ယင်ထားသည်။ စီးပွားရေး အချက်အချာကျသော လအတွင်းတွင် ဤကဲ့သို့ ရောင်စုံမီးများ ဆင်ယင်ထားခြင်းမှာ လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများတွင် ခရီးသည်များ ပိုက်ဆံ သုံးဖြုန်းရန်ဖြစ်သည်။ ဈေးဝယ်သူများမှာ ပွဲဈေးလျှောက်ရင်း၊ ခရစ်စမတ်ကယ်ရယ် သီချင်းများ နားဆင်ရင်း၊ ဖျော်ဖြေမှုများကို ကြည့်ရှု ခံစားရင်း ခရစ်စမတ်ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။
ပထမဦးဆုံး `ခရစ်စမတ်အလင်း´ သည် လျှပ်စစ် မီးကြိုးများ၊ နီယွန်မီးလုံးများဖြင့် ဆင်ယင်ထားခြင်းမဟုတ်ဘဲ ‘‘ထာဝရဘုရား၏ဘုန်းတော် ထွန်းတောက်’’ လျက် အလင်း
ဖြာခဲ့သည် (လု ၂း၉)၊ မည်သည့်ကမ္ဘာလှည့် ခရီးသည် တစ်ယောက်မျှ မတွေ့မြင်ခဲ့ရပါ။ လယ်ကွင်းပြင်ရှိ  သိုးကျောင်းသား အနည်းငယ်သာ မြင်တွေ့ခဲ့ရသည်။ ထိုနောက်တွင် ကောင်းကင်တမန်တို့၏ ‘‘ကောင်းကင် ဘ၀ဂ်ဝယ်…

မှောင်မိုက်ထဲသို့ အလင်းကို ယူဆောင်လာခြင်း

၁၉၈၉ ခုနှစ်တွင် Vaclav Havel သည် နိုင်ငံရေးအကျဉ်းသားအဖြစ်မှ ချက်ကိုစလို ဗက်ကီးယား နိုင်ငံ၏ ပထမဆုံးသမ္မတဖြစ်လာသည်။  နှစ်အတော်ကြာပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ်၊ ဟာဗေး ၏ ဈာပနအခမ်းအနားကို  မြို့တော် ပရဂ်တွင် ကျင်းပရာ ပရဂ် ဇာတိဖွား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ Madeleine Albright က ၄င်းအား “အမှောင်ထုဖုံးလွှမ်းသည့်နေရာများသို့ အလင်း ယူဆောင်လာသူ” ဟု ဖော်ပြပြောဆိုခဲ့သည်။
ချက်ကိုစလိုဗက်ကီးယား၏ နိုင်ငံရေးအခင်းအကျင်း တွင် ဟာဗေးသည် အလင်းရောင်ယူဆောင်လာခဲ့သကဲ့သို့ ယေရှုခရစ်တော်သည်လည်း လောကအတွက် အလင်းကို ဆောင်ယူပေးခဲ့သည်။ အစအဦး၌ ဘုရားသခင်သည် အမှောင်ခွင်း၍ အလင်းကို ယူဆောင်လာခဲ့သည် (ယော ၁း၂-၃၊ ကမ္ဘာ ၁း၂-၃)။ ယေရှုခရစ်တော် မွေးဖွားခြင်းဖြင့် ဝိညာဉ်ရေးအတွက် ဘုရားသခင်သည် အလင်းပေးပြခဲ့သည်။ ယေရှုခရစ်တော်သည် အမှောင်မလွှမ်း၊ မအောင်နိုင်သော အလင်းနှင့်အသက် ဖြစ်သည်…

မှားသော မြင်းခွာ

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ခန့်က ရုရှားနိုင်ငံတွင် ဗိုလ်ချုပ်ကြီးနပိုလီယံ စစ်ရှုံးသွားရာ ပြင်းထန်ကြမ်းတမ်းသော ဆောင်းရာသီအအေးဒဏ်ကြောင့်ဟု ပြောစမှတ်တွင်သည်။ တိကျသေချာသောအကြောင်းအရင်းတစ်ခုမှာ မြင်းများ၌ နွေရာသီသုံး မြင်းခွာများ တပ်ဆင်ထားခြင်းကြောင့်ဖြစ်သည်။ ဆောင်းဝင်လာသောအခါ ရေခဲဖုံးသောလမ်း၌ လက်နက်ခဲယမ်းများ သယ်ဆောင်လာသောလှည်းများကို ဆွဲသည့် မြင်းများမှာ ခြေချော်ကျပြီး ဒဏ်ရာရသေဆုံးကုန် ကြသည်။ ထိုသို့ လက်နက်ရိက္ခာများ ပြတ်လပ်မှုကြောင့်   နပိုလီယံ၏ စစ်သည်အင်အား ၄ သိန်း ရှိသော တပ်မကြီးမှာ အကျအဆုံးများလျက် အင်အား ၁ သောင်း မျှသာ ကျန်ရှိ တော့သည်။ ခြေတစ်ချက်ချော်ရုံ ဖြစ်သော်ငြားလည်း ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။
လျှာတစ်ချက် ချော်(အာချောင်)ရုံလေးက ကြီးမားသော
ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်ကြောင်း ရှင်ယာကုပ်က ဖော်ပြသည်။ စကားအမှားတစ်ချက်က လူပေါင်းများစွာတို့၏ အလုပ်အကိုင်၊ ကြမ္မာလမ်းဆုံးကို ပြောင်းပစ်နိုင်သည်။ ‘‘လျှာကိုကား အဘယ်သူမျှ မအောင်နိုင်၊…

ပူစရာမရှိ

သက်သောင့်သက်သာ စီးနင်းလာသည့် လေယာဉ်က တုန်ခါလာပြီး အစားအသောက်ကျွေးမွေးနေချိန်တွင် လေယာဉ်မှူးက ခရီးသည်များအားလုံး ထိုင်ခုံ ခါးပတ်များကို သေချာစွာ ပတ်ထားရန် သတိပေးသံထွက်ပေါ်လာသည်။ လေယာဉ်သည် လေထန်သည့် သမုဒ္ဒရာအထက်၌ လူးလိမ့်နေသည်။ ခရီးသည်အားလုံးက မိမိတို့ ဘာသာ အဆင်ပြေအောင် ကြိုးစား ရုန်းကန်နေစဉ် ကလေးမလေး တစ်ဦးက အိနြေ္ဒမပျက် စာဖတ်မြဲဖတ်နေသည်။ လေယာဉ် မြေပြင်သို့ ဆင်းသက်ပြီး ကာမှ သူမအား ဘာ့ကြောင့် ဤသို့ ငြိမ်သက် အေးဆေးနိုင်သနည်းဟု မေးရာ `လေယာဉ်မှူးက သမီးဖေဖေလေ၊ ဖေဖေက သမီးကို အိမ်အရောက်ပို့ပေးမှာ´ ဟု ဖြေလိုက်တော့သည်။
သခင်ယေရှု၏ တပည့်တော်များသည် ၀ါရင့် တံငါသည်များဖြစ်သော်ငြားလည်း လှိုင်းလေထန်၍ မုန်တိုင်းကျသည့်နေ့က ၎င်းတို့၏လှေ
နစ်မြှုပ်မည်ကို စိုးရိမ်လျက် ကြောက်လန့်တုန်လှုပ်ကြသည်။ ယေရှုမိန့်ကြားသည့် အတိုင်း ၎င်းတို့လုပ်ဆောင်နေခြင်းဖြစ်ပြီး ဘာကြောင့် ထိုသို့ဖြစ်ရသနည်း (မာ ၄…

မိမိ၏ ကိုယ်ပိုင်အကန့်နေရာ

စင်္ကာပူတက္ကသိုလ်မှ ကုန်ထုတ်ဒီဇိုင်းဘာသာရပ်နှင့်ဘွဲ့ရပြီးသူတစ်ဦးမှာ သာမန်ပစ္စည်း များကိုအသုံးပြုပြီး ဖြစ်ပျက်နေကျပြဿနာတစ်ရပ်ကို တစ်မူထူးခြားစွာ ဖြေရှင်းပေးမည့် နည်းလမ်းကို ရှာကြံဖန်တီးပေးရန် စိန်ခေါ်ခံရသည်။ သူက လူကျပ်သည့် အများသုံး ဘတ်စ်ကားများ၊ မီးရထားများနှင့်ခရီးသွားစဉ် မိမိ၏ကိုယ်ပိုင်နေရာကို ၀င်မလုနိုင်အောင် ၀တ်စုံတစ်စုံပြုလုပ်တီထွင်ခဲ့သည်။ ယင်းဝတ်စုံကို ရှည်လျားပြီး
ချုံ့ချဲ့နိုင်သော ပလတ်စတစ်ဆူးချွန်များနှင့် ဖုံးအုပ်ထားပြီး သာမန်အားဖြင့် ယင်းကို ငှက်နှင့်ကြောင်တို့ အပင်ကို မဖျက်ဆီးအောင် ကာကွယ်ရန် အသုံးပြုလေ့ရှိသည်။
သူ့အား အလွန်အမင်း မြင်တွေ့ထိတို့လိုသည့် အုတ်အော်သောင်းနင်း လူအုပ်ကြား၌ သူ့နေရာပျောက်သွား သည့် ခံစားချက်ကို သခင်ယေရှု ကောင်းကောင်း သိသည်။ ၁၂ နှစ် ကြာမျှ သွေးသွန်ရောဂါခံစားရပြီး ကုသပျောက်ကင်း စေမည့်ဆေး ရှာမတွေ့သူ အမျိုးသမီးတစ်ဦးက ကိုယ်တော့် ၀တ်ရုံပန်းပွားလေးကို တို့လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူမ၏သွေးသွန်နာ ပျောက်ကင်းသွားသည် (လု ၈း၄၃-၄၄)။
"ဘယ်သူ ငါ့ကို လာတို့တာလဲ"…

နှုတ်ဆက်ပါတယ်

မိသားစု၊ မိတ်ဆွေများ၊ နှစ်ခြိုက်ကျွမ်းဝင်သောနေရာ၊ အလုပ်အကိုင်နှင့် အသက်မွေးဝမ်း ကျောင်းတစ်ခုခုကို ချန်ရစ်လျက်  ‘နှုတ်ဆက်ပါတယ်’ ဟုပြောရခြင်းက ခက်ခဲလှသည်။
ရှင်လုကာ ၉း၅၇-၆၂ ၌ သခင်ဘုရားက တပည့်တော်ဖြစ်ခြင်း၏ အဖိုးအခကို
ဖော်ပြထားသည်။ သခင်ယေရှု နောက်တော်လိုက်မည့်သူတစ်ဦးက ကိုယ်တော်အား
“သခင် ကိုယ်တော့်နောက်သို့ အကျွန်ုပ်လိုက်ပါမည်။ သို့သော် လည်း အကျွန်ုပ်အိမ်၌ ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါရစေ” ဟုပြောရာ ရှင်ယေရှုက “ထွန်ကိုင်းကို ကိုင်လျက် နောက်သို့လှည့်၍ကြည့်သောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန်” ဟူ၍ တုံ့ပြန် ခဲ့သည် (း၆၁-၆၂)။ အရာခပ်သိမ်း - မိမိတန်ဖိုးထားရသော ပတ်သက်ဆက်နွယ်မှုအားလုံးကို နှုတ်ဆက်ထားရစ်ခဲ့ရမည် ဟု နောက်တော်လိုက်များအား သခင်က မိန့်ကြားထားခြင်း လော။
တရုတ်ဘာသာစကား၌ အင်္ဂလိပ်စကား “Goodbye -
နှုတ်ဆက်ပါတယ်’’ ဆိုသောစကားနှင့် တိုက်ရိုက် အဓိပ္ပာယ် တူသော စကားလုံးမရှိပါ။…

ယင်ကောင်ပစ်သကဲ့သို့

၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် သတ္တုတွင်းပေါက်ကွဲမှုဖြစ်ပြီး ချီလီလူမျိုး မိုင်းတွင်း လုပ်သား ၃၃ ဦး မြေအောက်၌ ပိတ်မိနေခဲ့သည်။ ၎င်းတို့ကို ကယ်ဆယ်ရန် ၎င်းတို့ ပိတ်မိ နေသောနေရာကို ရှာဖွေဖော်ထုတ်ရာ၌ တစ်မူထူးသော မကာရီနာ ဗယ်ဒီ၏ စွမ်းရည်က
များစွာထိရောက်သည်။ လုပ်သားများပိတ်မိသော နေရာ အတိအကျသို့ မြေတူးနိုင်ရန်မှာ
‘‘မီတာ ၇၀၀ အကွာမှာရှိတဲ့ ယင်ကောင်ကို ပစ်ဖို့ ကြိုးစား နေသလိုပါပဲ’’ ဟု သူက ဆိုသည်။ သူ၏သတ္တုတွင်းဆိုင်ရာ ပညာအတွေ့အကြုံများဖြင့် လုပ်သားများ ပိတ်မိနေသော နေရာသို့ ကယ်ဆယ်ရေးယာဉ်ကို လမ်းညွှန်နိုင်ခဲ့ပြီး မိုင်းလုပ်သားများကို ရုပ်ရှင်ဆန်ဆန် ကယ်တင်နိုင်ခဲ့သည်။
ဝိညာဉ်ရေးရာ ကယ်တင်ရေးအတွက် ကြိုးစား ထမ်းဆောင်ရာ၌လည်း စိတ်ပျက်အားလျော့သွားရန် အလွန် လွယ်ကူသည်။ တမန်တော်ရှင်ပေါလုက ပို၍ ကြီးမားသော အခက်ခဲတားဆီးမှုများ ကြုံရသောအခါ ‘‘ငါတို့သည် ……