စာရေးသူ

အားလုံးမြင်နိုင်ရန်
Daniel Ryan Day

ဒယ်နီယယ်ရိုင်ယန်ဒေး

ဒယ်နီယယ်ရိုင်ယန်ဒေး သည် မိသားစုကိုချစ်သူ၊ ရေဒီယိုအစီအစဥ်တင်ဆက်သူ၊ ကွန်ပြူတာဖြင့် အသံဖမ်းရီကောဒင်းလုပ်သူနှင့် စာရေးဆရာတစ်ဦးဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ လူမှုရေးလိုအပ်မှုအကြောင်း အမြင်ဖွင့်ပညာပေးခြင်းနှင့် ပတ်သက်သည့် Ten Days Without (မပါရှိသော ၁၀ ရက်တာ), ဘဝ၌ နောက်တစ်ဆင့်ချမှတ်ရမည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ရုန်းကန်အဖြေရှာနေသူများအတွက် မျှော်လင့်ခြင်းနှင့် လက်တွေ့ကျသည့် အကြံဉာဏ် အမြော်အမြင်ကို ဝေမျှပေးထားသည့် What's Next (နောက်ဘာဆက်ဖြစ်မည်နည်း) ဟူသည့် စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သည်။ ဒယ်နီယယ်သည် Fuller Theological Seminary မှ Master’s Degree in Theology မဟာဘွဲ့ကို ဆွတ်ခူးရရှိခဲ့ပြီး၊ YMI US ဌာန၏ တာဝန်ခံညွှန်ကြားရေးမှူး၊ Our Daily Bread Ministries ၏ကွန်ပြူတာအသံဖမ်းပညာရှင်ဖြစ်သည်။ အထက်တန်း ကျောင်းသားဘဝကတည်းက ချစ်ကျွမ်းဝင်ခဲ့သည့် ငယ်ချစ် ရီဘက်ကာနှင့် အိမ်ထောင်ထူထောင်လျက် သူတို့မိသားစု၌ သားသမီး ၃ ဦးရှိပါသည်။ သူ့အား အသံဖမ်းစတူဒီယိုခန်းထဲတွင် ကီးဘုတ်တစ်လုံးနှင့် အလုပ်ရှုပ်လျက် တွေ့လျှင်တွေ့၊ သို့မဟုတ်ပါက အိမ်တွင် မိသားစုပိုင်သိုးများကို ထိန်းကျောင်းလျက်ရှိသည်ကို တွေ့ရပါမည်။

စာမူ/ အကြောင်းအရာ များ ဒယ်နီယယ်ရိုင်ယန်ဒေး

ဆုံးမသောချစ်ခြင်းမေတ္တာ

တံခါးကို သူမဆောင့်ပိတ်လိုက်သည်။ နောက်တစ်ချက် ထပ်ပြီး ဆောင့်ပိတ်ပြန် သည်။ ကျွန်ုပ်လည်း ဂိုထောင်မှ တူနှင့်ဝက်အူလှည့်ကိုယူပြီး သမီးအခန်းသို့ သွားလိုက် သည်။ "သမီးရဲ့ဒေါသကို ထိန်းနိုင်အောင် သင်ယူရမယ်"ဟု သူမကို အေးဆေး တိုးညင်းစွာပြောပြီး ပတ္တာမှတံခါးရွက်ကိုဖြုတ်ကာ ဂိုထောင်သို့ သယ်သွားသည်။ တံခါးရွက်ကို ယာယီဖြုတ်ထားခြင်းဖြင့် မိမိစိတ်ကိုချုပ်ထိန်းခြင်း၏အရေးကြီးမှုကို သူမသတိရရန် အထောက်အကူဖြစ်မည်ဟု မျှော်လင့်မိပါသည်။

သုတ္တံကျမ်း ၃:၁၁-၁၂ တွင် ပညာရှိသုခမိန်ကြီးက ဘုရားရှင်၏ဆုံးမခြင်းကို ဝန်ခံရန် စာဖတ်သူများကို ဖိတ်ခေါ်သည်။ "ဆုံးမခြင်း" ဆိုသည့်ဝေါဟာရကို "အမှား ပြုပြင်ခြင်း" ဟု ဘာသာပြန်နိုင်သည်။ မိမိကိုယ်ကိုဖျက်ဆီးသည့် အမူအကျင့်များကို ပြုပြင်ရန် ဘုရားရှင်သည် ကောင်းမြတ်၍ချစ်ကြင်နာသောဖခင်အဖြစ် သူ၏ ဝိညာဉ် တော်နှင့် သမ္မာကျမ်းမှတစ်ဆင့် ကျွန်ုပ်တို့ကို စကားပြောသည်။ ဘုရား၏ ဆုံးမခြင်းသည် ကြောင်းကျိုးဆက်နွယ်မှုရှိပြီး သူ၏မေတ္တာနှင့် ကျွန်ုပ်တို့အတွက် အကောင်းဆုံး ဖြစ်စေလိုသောဆန္ဒ၌ အရင်းခံသည်။…

ဘုရားသခင်ပြသသော တန်ခိုးတော်

၆ နှစ် အရွယ် သမီးလေးနှင့်ကျွန်တော်သည် ကြမ်းပြင်ပေါ်ထိုင်ကာ တလက်လက် တောက်ပနေသည့် လျှပ်စီးမိုးကြိုးကိုကြည့်နေစဥ် သူမက "ဝါး၊ ဘုရားသခင်က သိပ်ကြီးမြတ်တော်မူတယ်" ဟု ထပ်တလဲလဲ ပြောသည်။ ကျွန်တော်လည်း ထပ်တူခံစားမိပါသည်။ ကျွန်တော်တို့ နှစ်ယောက်လုံး မည်မျှသေးငယ်ပြီး ဘုရားသခင်က မည်မျှတန်ခိုးကြီးသည်ကို ကျွန်တော်တို့နှစ်ယောက်လုံးအတွက် သိသာလွန်းလှသည်။ "အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည် မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း" (ယောဘ ၃၈:၂၄)။

ယောဘသည် ဘုရားသခင်၏တန်ခိုးတော်ကို သတိရရန် လိုအပ်နေသည် (:၃၄-၄၁)။ သူ့ဘဝက တစ်စစီပြိုကွဲသွားပြီ။ သားသမီးများ သေဆုံးကုန်ပြီး စည်းစိမ် လည်း မရှိတော့သလို ရောဂါဘယလည်း ခံစားနေရသည်။ မိတ်ဆွေများကလည်း စာနာဖေးမမှုမရှိကြပေ။ ဇနီးသည်ကပင် ဘုရားသခင်ကို စွန့်ပစ်ရန် တွန်းအားပေး နေပါသည် (၂:၉)။ နောက်ဆုံးတွင် "အဘယ်‌ကြောင့်နည်း" (အခန်းကြီး ၂၄) ဟူ၍…