စာရေးသူ

အားလုံးမြင်နိုင်ရန်
Dave Branon

ဒေ့ဘရဲနွန်

ဆရာကြီး ဒေ့ဘရဲနွန် (Dave Branon) ၏ စာမူများကို နှစ်များစွာ ဖတ်ရှုခဲ့ဖူးပါက ဆရာကြီး၏ မိသားစုအကြောင်းနှင့် ဖခင်တစ်ယောက်၊ အဘိုးတစ်ယောက် ဘဝအနေနှင့် ရရှိသောသင်ခန်းစာများကို သင်သိပါလိမ့်မည်။ Sports Spectrum မဂ္ဂဇင်းဌာန၌ အယ်ဒီတာချုပ်အနေဖြင့် အနှစ် (၂၀) လောက်လုပ်ခဲ့ပြီး သူသည် ယခုတွင် Our Daily Bread Publishing ၏ အယ်ဒီတာကြီးတစ်ဦးအနေနှင့် ဆက်ကပ်နေပါသည်။ အလွတ်စာရေးဆရာအနေနှင့် စာအုပ်ပေါင်း ၂၀ ကိုလည်း သူရေးသားခဲ့သည်။ ဆရာကြီးနှင့် ဇနီးသည် ဆရာမ စူး (Sue) တို့သည် စက်ဘီးစီးခြင်း၊ သားသမီးမြေးများနှင့် အချိန်ယူရခြင်းကို နှစ်သက်ပေ၏။ ကျောင်းသားကျောင်းသူများနှင့် နိုင်ငံရပ်ခြားသို့ သာသနာပြုခရီးသွားခြင်းကိုလည်း သူနှစ်သက်သည်။

စာမူ/ အကြောင်းအရာ များ ဒေ့ဘရဲနွန်

ခရစ်တော်ပြန်ကြွလာခြင်းအတွက် အဆင်သင့်ဖြစ်နေခြင်း

ဆောင်းဦးနှောင်းပိုင်းကာလတွင် ကျွန်ုပ်တို့ဇနီးမောင်နှံသည် ကားဖြင့်ခရီးထွက်ရန် ပြင်ဆင်ခဲ့ကြသည်။ ခရီးထွက်ရန် သတ်မှတ်ထားသည့်ရက်မတိုင်မီ တစ်ရက်အလိုတွင် နှင်းများ စကျလာသည်။ ထိုအချိန်ကျမှ ကားကို နှင်းတောမောင်းတာယာများ လဲရန် ဝန်ဆောင်မှုစင်တာသို့ မသွားရသေးကြောင်း ရုတ်တရက် သတိရလိုက်သည်။ နှင်းများကျပြီး လမ်းအခြေအနေများ ဆိုးရွားလာသဖြင့် တာယာဆိုင်တွင် တန်းစီနေသည့် ကားတန်းရှည်ကြီးကို တွေ့ခဲ့ရသည်။ စင်စစ် ကောင်းကောင်း ကြိုတင်ပြင်ဆင်ခဲ့ပါက ဤအဖြစ်မျိုးကို ရှောင်လွှဲနိုင်မည်ပင်။

ကျွန်ုပ်တို့ ဘဝ၏အစိတ်အပိုင်း အတော်များများသည်လည်း ကြိုတင်ပြင်ဆင်ခြင်း အကြောင်းများပင် မဟုတ်ပါလား။ ရှေ့ရေးအတွက် ကြိုတင်သုံးသပ်ရန်၊ ဖြစ်လာနိုင်မည့် အခြေအနေများအတွက် ပြင်ဆင်ထားရန်နှင့် အစီအစဉ်များ သေချာစွာချထားရန်မှာ ကျွန်ုပ်တို့အတွက် အလွန်ပင် အရေးကြီးလှသည်။

၎င်းသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာဘဝအတွက်လည်း မှန်ကန်သည်။ ရှင်မဿဲခရစ်ဝင်အခန်းကြီး ၂၄ တွင် ယေရှုက သူတစ်ဖန်ပြန်ကြွလာမည့်အချိန်အတွက် အသင့်ဖြစ်နေရန် လိုအပ်ကြောင်း ထောက်ပြထားသည်။ သူ့စကားကို နာယူနေသူများအား သူသည် ပြန်ကြွလာမည်ဖြစ်သောကြောင့်…

ဘုရားသခင်၏အကြင်နာမျက်လုံး

မီရှီဂန်ကျွန်းဆွယ်နှစ်ခုကို ဆက်သွယ်ထားသော မက်ကီနက်တံတား (Mackinac Bridge) ပေါ် ဖြတ်ပြီးနောက် ကျွန်တော်တို့ ဇနီးမောင်နှံ၏ ငါးမိုင်ခရီးလမ်းလျှောက်ခြင်းပြီးဆုံးခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကျင်းပလေ့ရှိသော နှစ်ပတ်လည်အလုပ်သမားနေ့ကို ကျွန်တော်တို့၏ပြည်နယ်တွင် ၁၉၅၈ ခုနှစ်မှ စတင်ကျင်းပခဲ့သည်။ ကျွန်တော်တို့သည် ပန်းခြံထဲရှိ ထိုင်ခုံတစ်ခုတွင် ထိုင်ကာ အနားယူလိုက်သည်။ အမျိုးသားတစ်ဦးကလည်း ကျွန်တော်တို့အနီးရှိ ခုံတွင် ထိုင်လျက် ရှုသွင်းရှုထုတ်လုပ်နေသည်။ မကြာမီ သူ၏ဇနီးနှင့် သမီးပျိုလေးတို့ ရောက်လာသည်။ သူတို့သည်လည်း သခင်ယေရှုကို ယုံကြည်သူများဖြစ်ပြီး၊ လွန်ခဲ့သောနှစ်များစွာက သမီးဆုံးပါးသွားသည့် ကျွန်တော်တို့ကဲ့သို့ပင် ဆယ်ကျော်သက်အရွယ်သမီးလေးတစ်ယောက် ဆုံးပါးသွားသဖြင့် နာကျင်ခံစားခဲ့ရကြောင်း သိရှိရသည်။

ဘုရားသခင်သည် ကျွန်တော်တို့အား ခွန်အားနှင့်ယုံကြည်ခြင်းကို ပေးလျက် ဤနှစ်ကာလတစ်လျှောက်လုံး ကြည့်ရှုစောင်မခဲ့ကြောင်း အချင်းချင်းဝေငှခဲ့ကြသည်။ ထိုနေ့က လမ်းလျှောက်သူပေါင်း ၃၃,၀၀၀ အနက် နှလုံးသားချင်း နားလည်မှုရှိသော ထိုမိသားစုနှင့် ကျွန်တော်တို့ တွေ့ဆုံခဲ့ရခြင်းသည် အလွန်အံ့သြစရာပင်။

လူပင်လယ်ကြီးထဲတွင် တူညီသောအဖြစ်အပျက်ကို…

ထိန်းသိမ်းတည်ဆောက်သော အိမ်ထောင်တစ်ခု

အမေရိကန်ပြည်ထောင်စု၏ သမ္မတအားလုံးအနက် ဂျင်မီကာတာ၏ မင်္ဂလာဆောင်သက်တမ်းမှာ အကြာရှည်ဆုံးဖြစ်သည်။ သူနှင့်သူ၏ဇနီးဖြစ်သူ ရိုစလင်းတို့၏မင်္ဂလာသက်တမ်းမှာ ၇၇ နှစ် ဖြစ်သည်။ သူ့အား ရှည်ကြာသော၊ အောင်မြင်သော အိမ်ထောင်၏လျှို့ဝှက်ချက်ကို မေးသောအခါ သူက “မင်္ဂလာဆောင်ရန် မှန်ကန်သောလူကို ရွေးချယ်ပါ”ဟုဖြေခဲ့သည်။ ထိုမျှမက သူက အောင်မြင်သော အိမ်ထောင်၏ အယူအဆသုံးခု- ပြန်လည်သင့်မြတ်ခြင်း၊ ဆက်သွယ်ဆက်ဆံခြင်း၊ ယုံကြည်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးအပေါ်စွဲကပ်ခြင်းဟူ၍ ဖော်ပြခဲ့သည်။

ဧဖက်ဩဝါဒစာ ၄:၂၆ တွင် “အမျက်မပြေဘဲ နေမဝင်စေနှင့်ဟု ရန်ပြေငြိမ်းခြင်းသဘောကို ဖော်ပြထားသည်။ ဤအချက်ကို ကာတာဇနီးမောင်နှံတို့ အလေးထားသည်။ “ညတိုင်း ကျွန်တော်တို့က တစ်နေ့တာလုံးမှာ အခြေအတင် ဖြစ်ခဲ့သမျှကို လုံးဝပြေလည်‌အောင် အသေအချာလုပ်တယ်”ဟု ဂျင်မီ တစ်ခါပြောဖူးသည်။ ဧဖက်အခန်းကြီး ၄ တွင် သခင်ယေရှုနှင့် သဏ္ဌာန်တူသော ဆက်သွယ်ဆက်ဆံရေး၏ လျှို့ဝှက်ချက်ကိုလည်း တွေ့ရှိနိုင်သည်။ “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်ဝောာ်ကြောင့်…

သန့်ရှင်းသောခွက်ဖလား

နောက်ဆုံးညစာစားပွဲတွင် ယေရှုသောက်ခဲ့သော Holy Grail (သန့်ရှင်းသော ခွက်ဖလား)ကို လူအများက ရာစုနှစ်များစွာ စိတ်ဝင်စားခဲ့ကြသည်။ ဘုရင်အာသာနှင့် စားပွဲဝိုင်းမှသူရဲကောင်းများ၏ ဒဏ္ဍာရီများတွင် ထိုခွက်ကို ရှာဖွေရန် ၎င်းတို့၏စိတ်စွဲလမ်းမှုကို အသေးစိတ်ဖော်ပြထားသည်။ ၎င်း၌ မှော်အစွမ်းများရှိသည်ဟု သူတို့ယုံကြည်ကြသည်။ ရုပ်ရှင်၌လည်း Indiana Jones(အင်ဒီယားနားဂျုံး)နှင့် သူ၏ဖခင် Henry (ဟင်နရီ) တို့သည် ထိုခွက်ကို ရှာရန်ဟူသည့် ဖခင်၏ ရည်မှန်းချက်နောက်လိုက်ရင်း တစ်ဘဝလုံးအချိန်ကုန်ခဲ့သည်။

၎င်းသည် စွဲမက်ဖွယ်ကောင်းသော ဇာတ်လမ်းများဖြစ်စေသော်လည်း အမှန်တရားက ပို၍ရိုးရှင်းသည်။ ခွက်ချည်းသက်သက်က ထူးထူးခြားခြား စွမ်းအားများ မရှိပေ။ ခွက်ဖလားက မည်သည့်အရာကို ကိုယ်စားပြုသည် ဆိုသည့်အရာ၌ စစ်မှန်သောတန်ခိုးကို တွေ့ရှိရသည်။ လက်ဝါးကပ်တိုင်သို့ သခင်ယေရှု မတက်မီညတွင် အထက်ခန်းရှိ မြင်ကွင်းကို ရှင်မဿဲက ဖော်ပြရာ၊ “ထို့နောက် [ယေရှု]သည် ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက်ကြလော့။…

ဝေမျှရန် အသင့်ရှိနေပါ

ထိုဆယ်ကျော်သက် မိန်းကလေးသည် မိမိ၏ရပ်တည်ချက်ကို အခိုင်အမာ ဆုပ်ကိုင်ထားခဲ့သည်။ သူမ၏အထက်တန်းကျောင်းအဖွဲ့သည် မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးဂေဟာသို့ သွားရောက်စဉ်၊ Claire (ကလဲရ်) သည် သူမထက် အရပ်အမောင်း ပိုမိုမြင့်မားသော အသက် ၂၀ ကျော် လူငယ်တစ်ဦးနှင့် စကား လက်ဆုံကျခဲ့သည်။ သူတို့သည် ယုံကြည်ခြင်းအကြောင်း ဆွေးနွေးခဲ့ကြသည်။

ကလဲရ်က ယေရှုခရစ်တော်၏ဧဝံဂေလိတရားကို ရှင်းလင်းစွာ ဝေမျှသည်။ ထိုလူငယ်ကလည်း သူမနှင့် လုံးဝမတူညီသော သူ၏ဝိညာဉ်ရေးရာအမြင်များနှင့် ပြန်လည်ချေပသည်။ သူတို့နှစ်ဦးသည် ရင်းနှီးစွာဖြင့် အပြန်အလှန် အချေအတင် ဆွေးနွေးပြီး၊ နောက်ဆုံးတွင် ထိုလူငယ်က “မင်းနိုင်သွားပြီ။ မင်းပြောတာတွေကို ငါ မငြင်းနိုင်တော့ဘူး”ဟု ပြောလိုက်သည်။ သူသည် သခင်ယေရှုကို လက်မခံခဲ့သော်လည်း၊ မျိုးစေ့ကိုဖြင့် စိုက်ပျိုးလိုက်နိုင်ပါပြီ။ ထိုလူငယ်ခရစ်တော်အား လက်ခံခြင်းကို ကလဲရ် တွေ့မြင်လိုသော်လည်း၊ မေးမြန်းသူတို့အား “...ပြန်ပြောခြင်းငှာ အစဉ်သင့်ရှိနေကြလော့” (၁ ပေ ၃:၁၅)ဟူသည့်…

ရိတ်သိမ်းချိန်ကို စောင့်ဆိုင်းခြင်း

၁၉၆၂ ခုနှစ်တွင် ဂျိုအန် ရှက်တလာ (Joanne Shetler) နှင့် အန်း ဖက်ဇာ (Anne Fetzer) တို့သည် ယေရှုအကြောင်း တစ်ခါမျှ မကြားဖူးသူများထံ ဧဝံဂေလိတရား ဝေငှရန်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ ကြမ်းတမ်းသော တောင်တန်းများဆီသို့ ဘတ်စ်ကားဖြင့်တစ်မျိုး၊ ခြေကျင်ဖြင့်တစ်ဖုံ ခက်ခဲပင်ပန်းစွာ ခရီးနှင်ခဲ့ကြသည်။

ထိုဒေသခံဘာသာစကားဖြင့် ငါးနှစ်တိုင်တိုင် ကျမ်းစာကို သူတို့ ဘာသာပြန်ဆိုခဲ့ကြသော်လည်း ဘာလန်ဂါအို (Balangao) ရွာသားများက စိတ်ဝင်စားမှု မရှိပါ။ သို့သော်လည်း လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို လေယာဉ်ဖြင့် ပို့ဆောင်နိုင်ရန် ရိုးရှင်းသော လေယာဉ်ကွင်းငယ် ဆောက်လုပ်ရာတွင်မူ ရွာသားများက ကူညီခဲ့ကြသည်။ တစ်နေ့တွင် “အခြားကမ္ဘာမှမှော်အတတ်”ဟု ရွာသားများ တင်စားခေါ်ဆိုသော လေယာဉ်ဖြင့်၊ အသက်အန္တရာယ် စိုးရိမ်ဖွယ် ဖျားနာနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အဝေးရှိ ဆေးခန်းတစ်ခုသို့ ပျံသန်းပို့ဆောင်ပေးခဲ့သည်။ ထိုအမျိုးသမီးသည် ကျန်းမာစွာဖြင့် မွေးကင်းစကလေးငယ်ကို ပိုက်လျက်…

ကျေးဇူးတော်၏တန်ခိုး

အရက်မူးနေစဉ် ယာဉ်မောင်းခြင်းကြောင့် ရဲအရာရှိတစ်ဦးက သူ့ကားကို တားခဲ့၍၊ မာ့ခ်မှာ သူ၏ကောလိပ်ဘောလုံးကစားသမားဘဝ အဆုံးသတ်ပြီဟု စိုးကြောက်နေခဲ့သည်။ သူထောင်ကျမှာ အသေအချာပါ။ သို့သော် အရာရှိက သူ့ကို ကောလိပ်ကျောင်းသို့ ပြန်ပို့ခဲ့သည်။ “ဘာလို့ဒီလိုလုပ်တာလဲ”ဟု သူမေးရာ၊ အရာရှိက “(မင်းအမှားလုပ်ပေမဲ့) ငါ မင်းကို ကျေးဇူးပြုတာ”ဟု ပြန်ပြောခဲ့သည်။

သည့်တိုင် သူ၏နည်းပြသိရှိသွားပြီး ပညာသင်ဆုဆုံးရှုံးသွားမှာလည်း အသေအချာဖြစ်သည်။ ထို့ကြောင့် နောက်တစ်နေ့ လေ့ကျင့်ရေးအပြီး နည်းပြက သူ့ကိုလာတွေ့ရန်ပြောရာ၊ မာ့ခ်မှာ အလွန်စိုးထိတ်ခဲ့သည်။ နည်းပြက “မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါမင်းကို(နားလည်ပေးပြီး) ကျေးဇူးပြုတယ်ကွာ”ဟူ၍ ပြောခဲ့၍ အံ့သြစရာပင်။ ထို့နောက် မာ့ခ်ကို လာမည့် တနင်္ဂနွေနေ့တွင် ဘုရားကျောင်းလာရန် သူအကြံပြုဖိတ်ခေါ်ခဲ့သည်။

ဘုရားကျောင်းသို့ မာ့ခ်သွားခဲ့ပြီး၊ သင်းအုပ်က မည်သည့်အကြောင်း ဟောသည်ကို ခန့်မှန်းကြည့်ပါ။ မထိုက်တန်သော်လည်း ကျွန်ုပ်တို့အား ကယ်တင်ခြင်းကို ပေးခဲ့သည့်…

သခင်ယေရှုဆောင်ယူလာသော မျှော်လင့်ချက်

ဇာတ်လမ်းက ဝမ်းနည်းပူဆွေးနေသည့် ဖခင်က ပေးပို့သောအီးမေးလ်စာဖြင့် စတင်ခဲ့သည်။ သူ၏သမီးလေး ကောလိပ်တတိယနှစ် ကျောင်းသူ Alyssa(အလစ်စာ)ကို ကားမတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးခဲ့ရပြီး၊ သူ၏နာကျင်မှုကို နားလည်ပေးနိုင်မည့်သူတစ်ဦးထံမှ နှစ်သိမ့်ပေးမှုကို လိုအပ်နေသည်။

အီးမေးလ်အစောင် ၃၀၀ နီးပါးပို့ခဲ့ကြပြီး၊ ၄ နှစ်အကြာတွင် Craig(ခရေ့) နှင့်ကျွန်တော်တို့ အဆုံး၌ လူချင်းတွေ့ဆုံနိုင်ခဲ့သည်။ အလုပ်ကိစ္စဖြင့် အနီးနား မြို့တစ်မြို့သို့ သူရောက်လာခဲ့သည့်အတွက် တနင်္ဂနွေနေ့တွင် ဘုရားကျောင်း အတူတက်၊ နေ့လယ်စာအတူစားပြီး သမီးများ၏အမှတ်တရများကို ဝေမျှဖြစ်ခဲ့သည်။ ကျွန်တော့်သမီး Melissa(မယ်လီဆာ)နှင့် သူ့သမီး အလစ်စာတို့သည် အခြားသူများကို ပျော်ရွှင်အောင်လုပ်ပေးတတ်သည်၊ ဘော်လီဘောအားကစားကို နှစ်သက်သည်၊ သခင်ယေရှုကို ချစ်သူများဖြစ်သည်။ သို့သော် ကားမတော်တဆမှုဖြင့် အသက်ဆုံးရှုံးခဲ့ရသော မိန်းကလေးနှစ်ဦး ဖြစ်သည်။

ထိုနေ့က ကျွန်တော်တို့စကားဝိုင်း၏အနှစ်ချုပ်က အဘယ်အရာဖြစ်မည်နည်း။ ကျွန်တော်တို့၏ ဝမ်းနည်းမှုများကို မျှဝေရင်း ကျွန်တော်တို့ ငိုကြွေးခဲ့သော်လည်း၊ အဓိကအားဖြင့် မျှော်လင့်ချက်အကြောင်း ပြောဖြစ်ခဲ့ကြသည်။…

ဘဲလ်၏ယုံကြည်ခြင်း

မိဘများ၏ ယေရှုရှင်ကို ယုံကြည်ခြင်းနှင့်စပ်လျဥ်း၍ ဘဲလ် မပတ်သက်လို။ ကောလိပ်၌ သူမကိုယ်သူမ ဘုရားကို မယုံကြည်သူတစ်ဦးအဖြစ် ကြွေးကြော်ခဲ့ပြီး၊ ဘုရားမပါသော အသက်တာဖြင့် ဘဝရှင်သန်ရန် ကြိုးစားခဲ့သည်။ သို့သော် သူမ၏ ချစ်သူနှင့် လမ်းခွဲခြင်းကြောင့် သိမ်ငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများကို ဆိုးရွားစွာ ခံစားရပြီး၊ စိတ်ရောကိုယ်ပါ အဘက်ဘက်မှ ဆုတ်ယုတ်ကျဆင်းလျက် သူမ၏ဘဝကို အဆုံးသတ်ရန် တွေးမိခဲ့သည်။

နက်ရှိုင်းစွာ မျှော်လင့်ချက်မဲ့နေချိန်၌ ခရစ်တော်၌ သူမမိဘများ၏ ဝမ်းမြောက်ခြင်းကို ဘဲလ်ဆင်ခြင်မိပြီး၊ ဆက်လက်ရုန်းကန်နေရသော်လည်း၊ အဆုံး၌ ယေရှုကို ကယ်တင်ရှင်အဖြစ် ယုံကြည်ခဲ့သည်။ သည့်နောက်၊ တရုတ်ပြည်၌ သတင်းကောင်းကို တစ်ခါမျှ မကြားဖူးသော လူမျိုးစုရှိကြောင်း လူတစ်ဦး၏ဝေမျှချက်ကို ကြားခဲ့ရသည်။ သူတို့ထံသို့ သွား၍ ပြောပြချင်ခဲ့သော်လည်း၊ လူအချို့က သူမ စိတ်ပျက်အောင် အန္တရာယ်ရှိသည်ဟု တားခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ဘဲလ် သည် ကောလိပ်၌ သူမတွေ့ဆုံခဲ့သော…

ဂရုစိုက်မှုကို ဖော်ပြသော ဆုတောင်းခြင်း

အမျိုးသမီးတစ်ဦးသည် ကုသမှုခံယူရန် သွားဆရာဝန်ရှေ့ထိုင်ခုံ၌ ရှိနေစဉ် ပုံမှန်မဟုတ်ဘဲ စိတ်လှုပ်ရှားနေခဲ့သည်။ မိသားစုဝန်ထုပ်ဝန်ပိုးများက သူမကို အလွန် ဒုက္ခပေးဖိစီးနေသည်မှာ သိသာသည်။ သွားဆရာဝန်သည် သူမ၏ သောကကို သတိပြုမိပြီး မေးမြန်းလျက်၊ သူမ၏အဖြေကို နားထောင်ကာ“မင်းအတွက် ဆုတောင်းပေးလို့ရမလား”ဟု မေးပြီး ဆုတောင်းပေးခဲ့သည်။ ထိုနောက် သွားသန့်ရှင်းရေးပညာရှင် ဝင်လာသောအခါ သူမလည်း ထိုအမျိုးသမီး အတွက် ဆုတောင်းပေးခဲ့သည်။ သွားဆရာဝန်နှင့် တစ်ကြိမ်ပြသပြီး၊ ဆုတောင်းပေးမှု နှစ်ကြိမ်ခံခဲ့ရ၍၊ ထိုအမျိုးသမီးသည် အမှန်တကယ် ဂရုစိုက်ခံခဲ့ရသည်ဟု သိရှိခံစားရလျက် ဆေးခန်းမှ ပြန်သွားသည်။

အခြားသူများအတွက် ဆုတောင်းပေးခြင်းသည် ကျွန်ုပ်တို့၏ ဂရုစိုက်မှုကို ပြသရန် အကောင်းဆုံးနည်းလမ်းများအနက်တစ်ခုဖြစ်သည်။ အကြောင်းမှာ ၎င်းသည် အကြီးမြတ်ဆုံး အရင်းအမြစ်အဖြစ် ကျွန်ုပ်တို့သိထားသည့် ကောင်းကင် ဘုံရှင် ခမည်းတော်အား အခြားသူများ၏ဘဝတွင် တက်ကြွစွာပါဝင်လှုပ်ရှားရန် တောင်းဆိုခြင်း ဖြစ်သည်။ ၁ ရာ ၁၂ တွင်…