စာရေးသူ

အားလုံးမြင်နိုင်ရန်
Dave Branon

ဒေ့ဘရဲနွန်

ဆရာကြီး ဒေ့ဘရဲနွန် (Dave Branon) ၏ စာမူများကို နှစ်များစွာ ဖတ်ရှုခဲ့ဖူးပါက ဆရာကြီး၏ မိသားစုအကြောင်းနှင့် ဖခင်တစ်ယောက်၊ အဘိုးတစ်ယောက် ဘဝအနေနှင့် ရရှိသောသင်ခန်းစာများကို သင်သိပါလိမ့်မည်။ Sports Spectrum မဂ္ဂဇင်းဌာန၌ အယ်ဒီတာချုပ်အနေဖြင့် အနှစ် (၂၀) လောက်လုပ်ခဲ့ပြီး သူသည် ယခုတွင် Our Daily Bread Publishing ၏ အယ်ဒီတာကြီးတစ်ဦးအနေနှင့် ဆက်ကပ်နေပါသည်။ အလွတ်စာရေးဆရာအနေနှင့် စာအုပ်ပေါင်း ၂၀ ကိုလည်း သူရေးသားခဲ့သည်။ ဆရာကြီးနှင့် ဇနီးသည် ဆရာမ စူး (Sue) တို့သည် စက်ဘီးစီးခြင်း၊ သားသမီးမြေးများနှင့် အချိန်ယူရခြင်းကို နှစ်သက်ပေ၏။ ကျောင်းသားကျောင်းသူများနှင့် နိုင်ငံရပ်ခြားသို့ သာသနာပြုခရီးသွားခြင်းကိုလည်း သူနှစ်သက်သည်။

စာမူ/ အကြောင်းအရာ များ ဒေ့ဘရဲနွန်

ရှက်ကြောက်စရာမရှိသော သစ္စာတရား

အားကစားပရိတ်သတ်များသည် သူတို့အားပေးသောအသင်းကို ချီးမွမ်းခန်းဖွင့်ရန် နှစ်သက်ကြသည်။ အသင်းတံဆိပ်ပါသော ဂျာစီအင်္ကျီကို ၀တ်မည်။ ဖေ့စ်ဘွတ် တွင် သူတို့နှစ်သက်သည့် အသင်းအကြောင်း စာရေးတင်မည် (သို့) သူငယ်ချင်းများနှင့် ဆွေးနွေးပြီး သူတို့အသင်းအပေါ်ထားရှိသော သစ္စာတရားကို ချွင်းချက်မရှိ ပြမည်။ ကျွန်တော်၏ Detroit Tigers ဦးထုပ်၊ အင်္ကျီနှင့် စကားဝိုင်း များသည် ထိုအသင်းကို အားပေးသူများနှင့်အတူရှိနေ ကြောင်း ဖော်ပြနေပါသည်။

ကျွန်တော်တို့၏အစစ်မှန်ဆုံးနှင့် အကြီးမြတ်ဆုံး သောသစ္စာရှိမှုသည် ဘုရားရှင်အတွက်သာဖြစ်စေရမည် အကြောင်း အားကစားအသင်းအပေါ် ထားရှိသော သစ္စာတရားက သတိပေးနေသည်။ ဆာလံ ၃၄ တွင် ဒါဝိဒ်မင်းက ဤကမ္ဘာပေါ်ရှိ အခြားသောအရာထက် အရေးကြီးသူတစ်ဦးထံ ကျွန်တော်တို့၏စိတ်အာရုံကို ဆွဲဆောင်ထားလေရာ ထိုရှက်ကြောက်စရာမရှိသော သစ္စာတရားအကြောင်း ကျွန်တော်စဉ်းစားမိသည်။

ဒါဝိဒ်က ‘‘ငါသည် ခပ်သိမ်းသောကာလတို့၌ ထာဝရဘုရားကို ကောင်းချီး ပေးမည်’’ (း၁) ဟု ဆိုထားရာ၊…

နေရာတိုင်းတွင်ရှိခြင်း၊ မည်သည့်နေရာတွင်မှ မရှိခြင်း

မိတ်ဆွေတစ်ဦး၏မိသားစုတွင် ကျွန်တော်တို့နှင့်ဘ၀တူ ဆယ်ကျော်သက်သမီးလေး လင်းဆေးကို ကားမတော်မဆတိုက်မှုဖြင့် ဆုံးရှုံးခဲ့ရပြီး ဒေသခံသတင်းစာ၌ မိခင်က သမီးမိတ်ဆွေတစ်ဦး၏မိသားစုတွင် ကျွန်တော်တို့နှင့်ဘ၀တူ ဆယ်ကျော်သက်သမီးလေး လင်းဆေးကို ကားမတော်မဆတိုက်မှုဖြင့် ဆုံးရှုံးခဲ့ရပြီး ဒေသခံသတင်းစာ၌ မိခင်က သမီးအတွက် ချီးကျူးဂုဏ်ပြုစာတစ်စောင် ရေးခဲ့သည်။  ဓာတ်ပုံများစွာနှင့် အမှတ်ရစရာများကို တစ်အိမ်လုံးအနှံ ကပ်ထားသည့်အကြောင်းများကို ဖွဲ့နွဲ့ရေးပြီး ‘‘နေရာတိုင်းတွင် သမီးလေး ရှိသည်၊ သို့သော် မည်သည့်နေရာတွင်မှ သမီးမရှိ၊’’ ဟု ရေးသားထားသည်။ ထိုစာသားက အထိမိဆုံးဖြစ်သည်။

ဓာတ်ပုံမှတစ်ဆင့် သမီးလေးသည် ကျွန်မတို့ကို ပြန်၍ ပြုံးပြနေသော်လည်း ထိုအပြုံးကို ဖြစ်စေသော သက်ရှိ ရုပ်ခန္ဓာဖြင့် မည်သည့်နေရာတွင်မှ မတွေ့နိုင်၊  သမီးက ကျွန်တော်တို့၏နှလုံးသား၌၊ အတွေးထဲ၌၊ ဓာတ်ပုံများ၌  နေရာတိုင်းတွင် ရှိသည်။ သို့သော် မည်သည့်နေရာတွင်မှ သူတို့ရှိမနေ။

သို့သော် လင်းဆေး နှင့် မယ်လီဇာ တို့ မည်သည့်…

အံ့သြဖွယ်ကောင်းသော အရာပေတကား

‘‘အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင် ရှေ့တော်၌ အသရေပျက်ကြပြီ’’ (ရော ၂၃း၂၃)။ ‘‘သားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်၍ (ဟေဗြဲ ၁း၃)၊ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ (ယော ၁း၁၄)။

ဓမ္မဟောင်းကျမ်း၌ ‘‘ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏...’’ (ထွက် ၄၀း၃၅-၄၀)။ ထိုဘုန်းတော်သည် ဣသရေလအမျိုးသားတို့ကို ပို့ဆောင် လမ်းပြခဲ့သည်။ ‘‘ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကို အလိုမရှိ၊ အကြောင်းမူကား၊ ဘုရားသခင်၏ဘုန်းတော်သည် ထိုမြို့ကိုလင်းစေ၏။ သိုးသူငယ်သည်လည်း ထိုမြို့၏ ဆီမီး ဖြစ်တော်မူ၏’’ (ဗျာ ၂၁း၂၃)။

အထက်ပါကျမ်းပိုဒ်အားလုံး၌ပါသော ဘုရားရှင်၏ ဘုန်းအသရေတော်သည် ကိုယ်တော်၏ကြီးမြတ်မှုကို ဖော်ပြနေသည်။

ဘုရားသခင်ဖန်ဆင်းထားသည့်ကမ္ဘာမြေ၌ နေထိုင်ရင်း ကိုယ်တော်၏ကြီးမြတ် လှသော ဘုန်းရောင်ခြည်တော်ကို ကျွန်ုပ်တို့ခံစားရနိုင်ကြောင်း သမ္မာကျမ်းစာအားဖြင့် သိရသည်။ ဘုရားသခင်၏ဘုန်းအသရေတော်ကို ကိုယ်တော်တည်ရှိခြင်း၏ ပြင်ပ သဏ္ဍာန်တော်…

ချစ်မေတ္တာစိတ်နှင့် ‘‘တို့လည်းလိုက်မယ်’’

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ကာရီစာသည် ရေဘေးဒဏ်သင့် လူစီယားနား ပြည်နယ်၏ပျက်စီးမှုဓာတ်ပုံများကို လူမှုမီဒီယာသို့ တင်ခဲ့သည်။ နောက်တစ်နေ့တွင် ထိုဒေသမှ အကူအညီလိုအပ်နေသူတစ်ဦး၏စာတိုကို သူတွေ့ခဲ့ရသည်။ နောက် ၅ နာရီ အတွင်း ကာရီစာနှင့် ခင်ပွန်း ဘော်ဘီတို့သည် မိုင် ၁၀၀၀ ခရီး အစပြုမည်ဖြစ်၍ အကူအညီပေးရန် လိုက်ပါကြရန် အခြားသူများကို ဖုန်းဆက် ပါတော့သည်။ ရေဘေးကြောင့် နေအိမ်များ ဆိုးဝါးစွာ ပျက်စီးသွားသူများကို အစေခံဝန်ထမ်းရန် လူ ၁၃ ဦးတို့ ၂၄ နာရီအတွင်း ခရီးပြုခဲ့ကြတော့သည်။

ပစ္စည်းများ သယ်ယူပို့ဆောင်ရန်၊ အပျက်အစီးများ ဖြိုချရှင်းလင်းရန်၊ သူတို့တစ်ခါမျှ မရောက်ဖူးသည့်ဒေသ၌ မျှော်လင့်ချက် အလင်းရောင်ထွန်းညှိပေးရန် ဤလူ ၁၃ ဦးတို့သည် လုပ်လက်စအလုပ်များကို ချန်ရစ်ပြီး ၁၇ နာရီ ကြာမျှ ခရီးနှင်ခဲ့ကြသည်။ မည်သည့်အရာက ၎င်းတို့ကို တွန်းအားပေးခဲ့သနည်း။…

အံ့မခန်းသော ဘုန်းတန်ခိုးတော်

ဥရောပတစ်ခွင် ခရီးပြုရာတွင် ရှုခင်းများဖြင့်သာယာလှပပြီး ခမ်းနားလှသော ဘုရားကျောင်းများသို့ သွားရောက်လည်ပတ်ရခြင်းသည် ကြည်နူးဖွယ် အကောင်းဆုံးအချိန်ဖြစ်သည်။ မိုးကောင်းကင်သို့ ထိုးထွက်နေသော အဆောက်အဦများသည် အသက်ရှူမှားလောက် အောင် အံ့မခန်းလှပသည်။ ထိုအံ့ဖွယ် အဆောက်အဦအတွင်းရှိ ဗိသုကာလက်ရာများ၊ ပန်းချီကားနှင့် အနုပညာအမှတ်သင်္ကေတများသည် ခမ်းနား တင့်တယ်၍ အံ့သြဖွယ်ကောင်းသည့် ပဉ္စလက်ဆန်သော အတွေ့အကြုံကို ခံစားရစေပါသည်။

ထိုအဆောက်အဦများသည် ဘုရားရှင်၏ဘုန်းတော်၊ အံ့ဖွယ်နာမတော်ကို ဖော်ကျူးဖွင့်ပြရန် ရည်ရွယ်ချက်ဖြင့်တည်ဆောက်ထားကြောင်း ကျွန်တော် ဆင်ခြင်တွေးရင်း ၎င်းတို့သည် ဘုရားရှင်၏ဘုန်းအသရေတော်ကို စိတ်နှလုံး၌  ခံစားသိစေနိုင်သည်၊ ကိုယ်တော်၏ကြီးမြတ်ခြင်းကို ပြန်ပြောင်း သတိပေးလျက် အမှတ်ရစေသည်ဟု ခံစားရသည်။

လူသားများ၏ကြိုးစားမှု၊ နန်းတော်တမျှထယ်ဝါသည့် အဆောက်အဦများကို ကျော်ပြီး ဘုရားသခင်ကိုယ်တိုင် ဖန်ဆင်းခဲ့သော တုနှိုင်းမဲ့ ဖန်ဆင်းခြင်းလက်ရာများကို ရှုမြင်ပါ။ ကြယ်လစုံသော ကောင်းကင်ကြီးကို မော့ကြည့်ပြီး စကြ၀ဠာကြီးကို နှုတ်မိန့်ဖြင့် ဖြစ်တည်စေခဲ့သော ဘုရားရှင်၏တန်ခိုးတော်အကြောင်း ဆင်ခြင်ကြည့်ပါ။ မွေးကင်းစ ကလေးကို…

ရိုးရာထုံးတမ်းဓလေ့များနှင့် ခရစ်စမတ်

ခရစ်စမတ်တွင် သကြားချောင်းကို စားရင်း ဂျာမန် လူမျိုးများကို ‘‘danke schön’’ ဟု ပြောလိုက်ပါ။ အကြောင်းမှာ ဤသို့ အချိုပွဲတည်ခင်းသော အလေ့အထသည် ကိုလုံးမြို့၌ စတင်ခဲ့သောကြောင့်ဖြစ်သည်။ ရွက်လှပန်းကို သင်ကြိုက်ပါက မက်ဆီကို လူမျိုးများအား ‘‘gracias’’ ဟု ပြောပါ။  ထိုအပင်သည် မူရင်း မက်ဆီကို ဇာတိဖြစ်သည်။ Noel ဟူသော ဝေါဟာရသည် ပြင်သစ်စကားမှဆင်းသက်လာသည်ဖြစ်၍ ပြင်သစ်လူမျိုးကို ‘‘merci beaucoup’’ ဟု ပြောပါ။ Mistletoe ခရစ်စမတ်သစ်ပင်အတွက် အင်္ဂလိပ်လူမျိုးကို ‘‘cheers’’ ဟု  ပြောလိုက်ပါ။

ခရစ်စမတ်ရာသီတွင် ကမ္ဘာတစ်ဝန်းမှ ဆင်းသက် လာသော ယဉ်ကျေးမှုရိုးရာထုံးတမ်းစဉ်လာများကို ခံစားရင်း မိမိတို့၏ရင်ထဲ အသဲထဲမှလာသော ‘‘ကျေးဇူးတင်ပါတယ်’’ ဟူသောစကားကို ကောင်းမြတ်၍ ကရုဏာ မေတ္တာတရားနှင့် ပြည့်ဝသော ဘုရားရှင်အား ပြောကြားကြပါစို့။ အဘယ်ကြောင့် ဆိုသော် လွန်ခဲ့သော နှစ်ပေါင်း…

ကောက်ရိတ်သိမ်းပွဲနှင့် ကျေးဇူးတော်ချီးမွမ်းပွဲ

လွန်လေပြီးသော နှစ်ပေါင်းထောင်ချီသည့်ကာလက ဘုရားသခင်သည် သူ့လူများ လုပ်ဆောင်ရမည့်ပွဲတော်ကို မောရှေအားဖြင့် ပညတ်သစ် ပေးခဲ့သည်။ ထွက် ၂၃း၁၆ မှ မောရှေ၏ မှတ်တမ်းအရ ထာဝရဘုရားသည် ‘‘လယ်လုပ်၍ အသီးအနှံကို သိမ်းစရှိသည် ကာလ သိမ်းပွဲကိုလည်းကောင်း၊ လယ်လုပ်၍ အသီးအနှံကို သိုထားသည်ကာလ ... သိုထားပွဲကို လည်းကောင်း ခံရမည်’’ ဟုမိန့်ကြားခဲ့သည်။
ယနေ့ မျက်မှောက်ခေတ်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မြေအသီးအနှံရိတ်သိမ်းပွဲကို ထိုနည်း သဘောအတိုင်း ကျင်းပကြသည်။ ဂါနာနိုင်ငံတွင် ယမ် ကောက်ရိတ်သိမ်းပွဲကို ဆင်နွဲသည်။ ဘရာဇီးတွင် Dia de Acao de Gracas - အစာရေစာအတွက် ကောက်နှံများကို ပေးသနားသည့်အတွက် ကျေးဇူးတင်သည့်ပွဲတော် ကျင်းပ ကြသည်။ တရုတ်ပြည်တွင်မူ ‘လမုန့်ပွဲတော်’ကို ဆင်နွဲကြ သည်။ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့တွင် ကျေးဇူးတော် ချီးမွမ်းခြင်းပွဲကို…

ထင်ရှားကျော်ဇောသော ထိုအပြုံး

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ကမ္ဘာ့အကြီးဆုံး Louvre ပြတိုက်သို့ ကျွန်တော်တို့ ဇနီးမောင်နှံ သွားရောက်လည်ပတ်ခွင့်ရခဲ့ရာ ၁၁ နှစ်အရွယ် မြေးမလေး အယ်ဒီးထံ ဖုန်းခေါ်ပြီး ပန်းချီဆရာ လီယိုနာဒို ဒါဗင်ချီ၏ နာမည်ကျော် မိုနာလီဇာ ပန်းချီကားကို တွေ့ခဲ့ကြောင်း ပြောပြသည်။ ‘‘သူပြုံးနေသလား’’ ဟု အယ်ဒီးက ပြန်မေးသည်။
ထိုပန်းချီကားနှင့် ပတ်သက်၍ ထိုမေးခွန်းက အတော် ဂယက်ရိုက်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀၀ ခန့်က လီယိုနာဒိုသည် ဤဆီဆေးပန်းချီကို ရေးဆွဲခဲ့သည့်နောက် ပန်းချီကားထဲမှ အမျိုးသမီး ပြုံးသည်၊ မပြုံးသည်ကို ကျွန်တော်မသိပါ။ ပန်းချီကား၏ အလှကို ကြည့်ပြီး ကျေနပ်ရသော်လည်း မိုနာလီဇာ၏အကြည့်ကို ပိုင်းခြား၍ နားမလည်နိုင်ပါ။
‘‘အပြုံး’’သည် ပန်းချီကား၏ ထူးခြားဆန်းကြယ်သော နက်နဲမှု ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ အပြုံးသည် အလွန် အရေးကြီးပါသည်။ သမ္မာကျမ်းစာ၌ ‘‘အပြုံး’’ဆိုသည့်…

ဘွားရုသ၏ဇာတ်လမ်း

ဘွားရုသသည် သူ့အကြောင်း ပြောပြတိုင်း မျက်ရည်မကျဘဲမနေ၊ အသက် ၈၀ ကျော် အရွယ်၌ ဟိုနားဒီနားပင် မသွားနိုင်တော့သည့်ဘ၀၌ သူသည် အသင်းတော်၏ လှုပ်ရှားမှု များ၌ အခရာကျသည့် ပုံမပေါ်ပါ။ ကားကြုံလိုက်ရန် အခြားသူတို့အပေါ် အမှီပြုရသည်။ သူ တစ်ဦးတည်းနေထိုင်ခြင်းကြောင့် သူ၏လွှမ်းမိုးမှု တစ်စုံတစ်ရာကြီးကြီးမားမား မရှိပါ။
သို့သော် သူ့ဘ၀အကြောင်းကို သူပြောလေ့ရှိသည့် ပြောနေကျအတိုင်း ပြောပြရလျှင် ဘွားရုသသည် ဘုရားရှင်၏ ကျေးဇူးတော်ကို ထင်ရှားစွာ ဖော်ပြသည့် စံနမူနာဖြစ်သည်။ ယခင် အသက် ၃၀ အရွယ်ခန့်က သူ့ သူငယ်ချင်းတစ်ဦးက သူ့ကို အစီအစဉ်တစ်ခုသို့ ဖိတ်ခေါ်သဖြင့် သွားရောက် ခဲ့သည်။ တရားဟောဆရာတစ်ဦး၏ ဟောပြောချက်ကို သူကြားရ လိမ့်မည် ဟု ရုသ မထင်ခဲ့ပါ။ ‘‘သိရင်တောင် မသွားပါဘူး’’ ဟု သူဆိုသည်။ သူ၌ရှိသည့် ‘‘ဘာသာတရားအသိ’’များက သူ့အတွက်…

အခန်းအမှတ် ၅၀၂၀

အသက် ၅၂ နှစ်အရွယ် ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ အထက်တန်းပြဆရာ၊ အားကစား နည်းပြကောင်း ဖြစ်သူ ဂျေးဘတ်တန်သည် ကင်ဆာရောဂါကြောင့် သူ၏ နောက်ဆုံး အချိန်သို့ ရောက်နေသော်လည်း သူဆေးကုသမှုခံယူသည့်အခန်းကို မီးပြတိုက်အဖြစ် ပြောင်းလဲစေခဲ့သည်။ သူ့အခန်းအမှတ် ၅၀၂၀ သည် မိတ်ဆွေများ၊ မိသားစုများနှင့် ဆေးရုံ ၀န်ထမ်းများအတွက် မျှော်လင့်ခြင်းမီးပြတိုက် ဖြစ်ခဲ့သည်။
သူ၏၀မ်းမြောက်သော စိတ်ထားနှင့် ခိုင်မာသောယုံကြည် ခြင်းကြောင့် သူနာပြုများက သူ့ကို ပြုစုရန် တာဝန်ကျလျှင် လိုလိုလားလားရှိကြသည်။ အချို့သူနာပြုများဆိုလျှင် အလုပ် တာဝန်ပြီးလျှင် ဂျေးကို လာရောက် ကြည့်ရှုသည်။
တစ်ချိန်က ဂျေး ၏အားကစားသမား ခန္ဓာကိုယ်က တဖြည်းဖြည်း ပိန်ကျသွားသည်။ သို့သော် သူက မည်သူ့ကိုမဆို လူတိုင်းကို အပြုံးနှင့်နှုတ်ဆက်သည်။ အားပေးသည်။ ‘‘သူ့ကို ကျွန်တော်သွားကြည့်တိုင်းက သူက တက်ကြွရွှင်လန်းလို့၊ မျှော်လင့်ချက်လည်း အပြည့်ပဲ။…