အယ်ဗီ၏ဆုံးဖြတ်ချက်
ဂျမေကာရှိ မတူညီသောယဉ်ကျေးမှုနှင့် မတူညီသောမျိုးဆက်များသို့ ဘုရားသခင်၏ မေတ္တာအကြောင်း သွားရောက် သက်သေခံကာ သီချင်းဆိုဝေငှခဲ့သော အမေရိကန် အထက်တန်းကျောင်း သံစုံအဖွဲ့မှ ဆယ်ကျော်သက် ၂၅ ဦးတွင် အယ်ဗီ သည် တစ်ဦး အပါအ၀င် ဖြစ်သည်။ အယ်ဗီအတွက် ထိုခရီးစဉ်ထဲမှ တစ်ရက်က အထူးအမှတ်ရစရာနှင့် ပျော်ရွှင်စရာ ဖြစ်ခဲ့သည်။
ထိုနေ့တွင် ၎င်းတို့အဖွဲ့သည် ဘိုးဘွားရိပ်သာတစ်ခု သို့ သီချင်းဆိုရန် သွားရောက်ခဲ့သည်။ သီချင်းဆိုပြီးနောက် အယ်ဗီ သည် အသက်သုံးဆယ်ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦး၏ဘေးတွင် ထိုင်လိုက်သည်။ သူတို့ စကားစမြည် ပြောကြပြီးနောက် သခင်ယေရှုမည်သူဖြစ်သည်၊ ဘာပြုပေး ခဲ့သည် စသည်ဖြင့် သခင်ယေရှုအကြောင်းကို သူမအား ပြောပြရန် အယ်ဗီ ခံစားရသည်။ ကယ်တင်ခြင်းအကြောင်း ရှင်းပြထားသော သမ္မာကျမ်းစာမှ ကျမ်းချက်များကို သူမအား ပြသခဲ့သည်။ မကြာမီ ထိုအမျိုးသမီးက သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်…
ဘုရားသခင် စကားပြောသည်
မကြာသေးမီက ကျွန်တော့်သားမက်က မြေးမလေး မက်ဂီ အား ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် စကားပြောနိုင်ပြီး ထိုအရာအားဖြင့် ဘုရားက ကျွန်ုပ်တို့နှင့် ဆက်သွယ် နေကြောင်း ရှင်းပြသည်။ ဘုရားသည် နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ကို စကားပြောကြောင်း Ewing က ပြောသောအခါ သူမက တုံ့ဆိုင်းမှုမရှိဘဲ ‘‘ဒါဆို ဘုရားက သမီးကို တစ်ခါမှ စကားမပြောဘူး၊ စကားပြောသံလဲ တစ်ခါမှ မကြားဖူးဘူး’’ ဟု ပြန်ပြောသည်။
အများစုက မက်ဂီ စကားကို ထောက်ခံကောင်း ထောက်ခံပါလိမ့်မည်။ “သင့်အိမ်ကိုရောင်းပြီး ရပ်ဝေးရှိ မိဘမဲ့များကို သွားပြုစုပါ” ဟု နားနှင့်ဆက်ဆက် ကြားရသည့်
အသံမျိုးမှသာ ဘုရားရှင် ကျွန်ုပ်တို့ကို စကားပြောသည်ဟု အဓိပ္ပာယ် ဖွင့်ဆိုကြပါမည်။ သို့သော် ဘုရားသခင်၏ အသံတော်ကို ကြားခြင်းဆိုရာ၌ အခြားသောအဓိပ္ပာယ်ကို ဆိုလိုသည်။
ဘုရားသခင်၏အသံတော်ကို နှုတ်ကပတ်တော် ဖတ်ရှုခြင်းအားဖြင့်…
သင့်ကို မည်သူစောင့်ကြည့်နေသနည်း
၂၀၁၆ ခုနှစ် အိုလံပစ်ပွဲ ဆင်နွှဲကြမည့် အားကစားသမားများအနေဖြင့် ရီယိုဒီဂျဲနရို မြို့တော်၏ မည်သည့်နေရာသို့သွားသွား သူတို့ သခင်ယေရှုကို တွေ့နိုင်သည်။ ဘရာဇီး နိုင်ငံမြို့တော်၏အထက် အမြင့်ပေ ၂၃၁၀ ရှိသည့် ကော်ကိုဗာဒို တောင်ပေါ်တွင် အမြင့်ပေ ၁၀၀ ရှိသော Cristo Redentor (ခရစ်တော် - ရွေးနှုတ်ကယ်တင်ရှင်) ကျောက်ဆစ်ရုပ်ကြီး တည်ရှိသည်။ လက်နှစ်ဘက်ကို ဆန့်တန်းထားသည့် ဤကြီးမားသည့် ရုပ်တုကို နေ့ရော၊ ညပါ နေရာတိုင်းမှ မြင်နိုင်သည်။
ဤအထင်ကရ ထယ်ဝါတင့်တယ်သော ရုပ်တုကြီးက ကြည့်မြင်သောသူများအား နှစ်သိမ့်မှုပေးသကဲ့သို့ သခင် ယေရှုသည် ကျွန်ုပ်တို့ကို အမှန်ကြည့်နေကြောင်း သစ္စာ တရားက သာ၍ ကြီးစွာသောနှစ်သိမ့်သက်သာရာကို ဖြစ်စေသည်။ ဆာလံ ၃၄ တွင်
ဒါဝိဒ် ဤသို့ ရှင်းပြထားသည်။ “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏၊ သူတို့အော်ဟစ်သံကိုလည်း…
အဆင်ပြေလွယ်ကူသောလမ်းလား
ဘ၀ခရီးလမ်းက ရံဖန်ရံခါ ခက်ခဲကြမ်းတမ်းတတ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် ကျွန်ုပ်တို့အား အဆင်ပြေချောမွေ့သောလမ်းသို့ အစဉ်ပို့ဆောင်မည် မျှော်လင့်ထားပါက ခရီးလမ်းကြမ်းလာလျှင် ကိုယ်တော့်ထံမှ လှည့်ပြန်ရန် သွေးဆောင်ခြင်းခံရပေမည်။
ထိုသို့ ဘုရားရှင်ထံမှ လှည့်ထွက်သွားရန် ကြံစည်မိသည်ဆိုပါက ဣသရေလ လူတို့အကြောင်းကို စဉ်းစားဆင်ခြင်လိုက်ပါ။ နှစ်ပေါင်း ရာနှင့်ချီပြီး အဲဂုတ္တုပြည်၌ ကျွန်ပြုခံရပြီးနောက် လွတ်မြောက်ခွင့်ရလာချိန်တွင် ကတိထားရာပြည်သို့ ရှေ့ရှု
ထွက်ခွာလာသည်။ ဘုရားသခင်သည် သူတို့ကို အိမ်သို့ တန်းတန်းမတ်မတ် မပို့ဆောင်ပါ။ ‘‘ဖိလိတ္တိပြည်ကို လျှောက်သောလမ်းသည် ဖြောင့်သော်လည်း ထိုလမ်းဖြင့် ဘုရားသခင် ဆောင်တော်မမူ’’ (ထွက် ၁၃း၁၇)။ ယင်းအစား သူတို့အား ကန္တာရကိုဖြတ်စေပြီး ခက်ခဲသောလမ်းဖြင့် ပို့ဆောင်ခဲ့သည်။ လတ်တလောတွင် ၎င်းတို့သည် တိုက်ပွဲ များကို ရှောင်ရှားနိုင်ခဲ့ပြီး (း၁၇)၊ ရေရှည်အတွက်မူ သာ၍ ကြီးမြတ်သော အမှုတော်ရှိနေပါသည်။
ဘုရားသခင်သည် သူ့နောက်တော်လိုက်ရန် ရွေးနှုတ်
ခေါ်တော်မူသောသူတို့…
စကားစမြည် ပြောကြမယ်
ကျွန်တော် ကလေးအရွယ်က အိုဟိုင်းအိုး မှ အမေဘက်မှ အဘိုးအဘွားများရှိရာ အနောက် ဗာဂျီးနီးယားသို့ တစ်လတစ်ခါ သွားလည်ခဲ့သည်။ သူတို့လယ်တောရှိ အိမ်ရှေ့ တံခါးဝသို့ ရောက်တိုင်း အဘွား လက်စတာ က ‘‘လာ၊ အိမ်ထဲဝင်။ ထိုင်ပြီး စကားဖောင်ဖွဲ့
ကြတာပေါ့’’ ဟူ၍ အမြဲနှုတ်ဆက်ပါသည်။ ၎င်းသည် ကျွန်တော်တို့ သက်သောင့်သက်သာ နေပြီး၊ နားနားနေနေနှင့် စကားစမြည်ပြောရန် ဘွားဘွား၏ လက်သုံးစကား ဖြစ်သည်။
ဘ၀သည် အမြဲတစေ အလုပ်ရှုပ်နေတတ်ပါသည်။
ပျားပန်းခတ် လှုပ်ရှားနေသည့် လောကကြီး၌ တစ်ယောက် အကြောင်း တစ်ယောက်သိအောင် မိတ်ဆက် စကားစမြည် ပြောရန် ခက်ချေပြီ။ အေးအေးလူလူ ထိုင်ပြီး စကားပြောရန် အချိန်ရှာမရပါ။ ယင်းအစား စာပို့ပြီး အကြောင်းကြားခြင်းက အလုပ်ပိုတွင်စေသလို ဆိုလိုရင်းကိုလည်း တည့်တည့်မတ်မတ် သိစေပါသည်။
သို့သော် အခွန်ခံတစ်ယောက်၏အသက်တာကို တစ်မူထူးခြားသွားအောင်…
အမည်နာမဖြင့် ခေါ်ခြင်း
ကျွန်တော်သင်ရသည့် ကောလိပ်အတန်းတစ်ခု၌ ကျောင်းသားအသစ်များကို ပထဦးဆုံး မြင်သည်နှင့် သူတို့၏နာမည်များကို ကျွန်တော်သိပြီးဖြစ်နေပါသည်။ ကျွန်တော်က သူတို့၏နာမည်နှင့်ဓာတ်ပုံကို ရင်းနှီးအောင် အချိန်ယူခဲ့သောကြောင့် ၎င်းတို့ အတန်းထဲ ၀င်လာလျှင် ‘‘မင်္ဂလာပါ ဂျက်ဆီကာ’’၊ ‘‘ကြိုဆိုပါတယ် ထရီဘာ’’ စသည်ဖြင့် ပြောနိုင်သည်။ ကျွန်တော် ဤကဲ့သို့လုပ်ရခြင်းမှာ လူတစ်စုံ တစ်ယောက်၏နာမည်ကိုသိပြီး ခေါ်ခြင်းသည် မည်မျှ အဓိပ္ပာယ်ရှိသည်ကို သိသောကြောင့် ဖြစ်သည်။
သို့သော်လည်း တစ်စုံတစ်ယောက်အား စစ်မှန်စွာ
သိနိုင်ရန် ထိုသူ၏နာမည်မျှမက သူ့အကြောင်း ပိုသိရန်
လိုအပ်သည်။ ယော ၁၀ ၌ ‘‘ (ယေရှု)သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်’’ကြောင်း (း၃) ဖတ်ရှုရခြင်းဖြင့် ကျွန်ုပ်တို့အတွက် ကောင်းသော သိုးထိန်း ဖြစ်တော်မူသော သခင်ယေရှု၏နွေးထွေးမှုနှင့် ဂရုပြုတော်မူခြင်းကို ခံစားရသည်။ သခင်သည် ကျွန်ုပ်တို့၏နာမည်ထက်မက ကျွန်ုပ်တို့ကို ပိုပြီးသိသည်။ သူက ကျွန်ုပ်တို့ အတွေး၊…
မာရသွန်ကျမ်းစာဖတ်ခြင်း
ဘီစီ ၄၄၄ ခုနှစ်၊ ၇ လပိုင်း၊ ပထမရက်၊ နေထွက်သည်နှင့် ဧဇရသည် (သမ္မာကျမ်းစာမှ ပထမ
၅ ကျမ်းဖြစ်သော) မောရှေ၏ ပညတ္တိကျမ်းကို စတင်ပြီး ဖတ်တော့သည်။ ယေရုရှလင်မြို့ ၏တရားဟောပလ္လင်၌ရပ်လျက် ဆက်တိုက် ခြောက်နာရီလုံး တောက်လျှောက် ဖတ်သွား သည်။
အမျိုးသား၊ အမျိုးသမီး၊ ကလေးများသည် ရေတံခါး ၌ စုရုံးရောက်ရှိနေကြပြီး ဘုရားသခင်က ပြဌာန်း သတ်မှတ် ပေးထားသော တံပိုးမှုတ်ပွဲ ကျင်းပဆင်နွှဲနေခြင်းဖြစ်သည်။ နားထောင်နေကြသောပရိသတ်ထံမှ တုံ့ပြန်မှုလေးခု ထွက် လာသည်။
ပညတ်တ္တိကျမ်းကို ကြည်ညိုလေးစားသမှုဖြင့် သူတို့ မတ်တပ်ရပ်ကြသည် (နေ ၈း၅)။ လက်များ မြှောက်လျက် ဘုရားသခင်အား ချီးမွမ်းကြသည်။ ‘‘အာမင်’’ ဟု ၀န်ခံပြောဆိုကြသည်။ နှိမ့်ချခြင်းဖြင့် ပြပ်ဝပ်ကိုးကွယ် ကြသည်(း၆)။ ဖတ်ကြားသော နှုတ်ကပတ်တော်နှင့် အဓိပ္ပာယ် ရှင်းလင်းချက်များကို သေချာစွာ…
ကျွန်ုပ်လိုနေသော အရာ
Alaska ပြည်နယ် Palmer ဒေသရှိ ဘိုးဘွားရိပ်သာတွင် အခန်းအနောက်ဖက်၌ ရပ်လျက် သမီးလီဇာ၏ အထက်တန်းကျောင်း သံစုံအဖွဲ့မှသီဆိုသည့် "ကောင်းပေသည်ကျူး" ဓမ္မသီချင်းကို နားထောင်ရင်း သံစုံအဖွဲ့၏ဒါရိုက်တာလီဇာသည် ဘာကြောင့် ထိုသီချင်းကို
ရွေးခဲ့သနည်းဟု စဉ်းစားမိသည်။ သူ့ညီမ မယ်လီဇာ၏ ဈာပနတွင်လည်း ထိုသီချင်းကို သီဆိုခဲ့သည်။ ထိုသီချင်းကို နားထောင်ပြီး ကျွန်တော် မခံစား ရဘဲ မနေနိုင်ကြောင်းကို လီဇာ လည်း သိပါသည်။
သီချင်းထဲ၌ နစ်မြောနေစဉ် ဘေးမှလူတစ်ဦးက "ကျုပ်နားထောင်ဖို့ လိုအပ်နေတာ ဒီသီချင်းပဲ" ဟုပြောသည်။ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပြီး "ဘာလို့ဒီသီချင်းကို နားထောင်ဖို့ လိုအပ်တာလဲ" ဟု မေးကြည့်ရာ၊ သူက "ကျုပ်သားလေး ကင်မရွန် ဆိုင်ကယ်မှောက်လို့ ပြီးခဲ့တဲ့ အပတ်ကပဲ ဆုံးသွားတယ်" ဟု ဖြေသည်။
အမလေး၊ အခြားသူ၏လိုအပ်ချက်အတွက် မစဉ်းစား မိလောက်အောင် မိမိအရေးကိုသာ ကျွန်တော်အာရုံစိုက်နေမိ…
အံ့ဖွယ်မေတ္တာတော်
ဖမ်းဆီးသိမ်းသွားခြင်းခံရသော ဣသရေလလူမျိုးတို့အား ယေရုရှလင်မြို့တွင် နောက်တစ်ဖန် ပြန်လည်အခြေချရန် ထာဝရဘုရားခွင့်ပြုခြင်းအကြောင်းကို ဓမ္မဟောင်း ကျမ်းများဖြစ်သော ဧဇရမှတ်စာနှင့် နေဟမိမှတ်စာတို့တွင် ဖော်ပြထားသည်။ ဒါဝိဒ်မြို့တွင် ပြန်လည်အခြေချသည့် ဟေဗြဲလူဦးရေများပြားပြီး၊ ဗိမာန်တော်အသစ်ကို ပြန်တည်ဆောက်ကာ မြို့တံတိုင်းကို ပြန်လည်ပြုပြင်ခဲ့ပြီး ဖြစ်သည်။
ဓမ္မဟောင်းကျမ်း၏ နောက်ဆုံးကျမ်းဖြစ်သော မာလခိအနာဂတ္တိကျမ်းကို ရေးသားခဲ့သူ ပရောဖက်မာလခိ သည် နေဟမိနှင့် ခေတ်ပြိုင်ပေါ်ထွန်းခဲ့သူဖြစ်သည်။ ထိုကျမ်း၏အစတွင် ဘုရားသခင်သည် ဣသရေလ လူမျိုးတို့အား “သင်တို့ကို ငါချစ်လေပြီ” ဟု ဖော်ပြထားသည်။ ထိုအခါ ဣသရေလလူမျိုးတို့က “အကျွန်ုပ်တို့ကို အဘယ်သို့ ချစ်တော်မူသနည်း” ပြန်လည်လျှောက်ထားသည် (မာလခိ ၁း၂)။
အံ့သြဖွယ်ကောင်းလှသည်။ ဣသရေလလူမျိုးတို့၏ သမိုင်းသည် ထာဝရ ဘုရားသခင်၏ သစ္စာကတိတည်ကြောင်း သက်သေဖြစ်သည်။ သူရွေးနှုတ်ထားသော သူ့လူမျိုးတော်တို့ကို ဘုရားသခင်သည် နှစ်ပေါင်းရာချီ၍ နိမိတ်လက္ခဏာအားဖြင့် တစ်မျိုး၊ သာမန်အမှုများအားဖြင့် တစ်ဖုံ၊ ဆက်လက်ထောက်ပံ့ပေးခဲ့သည့်တိုင် လူမျိုးတော်…
ဘုရားရှင်၏ အနုပညာပြခန်း
ဆာလံ ၁၀၀ သည် မျက်မြင်မရသော ဘုရားသခင်ကို ချီးမွမ်းရန် ကူညီပေးသော ပန်းချီကားတစ်ချပ်နှင့်တူသည်။ အမြင်ကိုကျော်ပြီး မမြင်ရသောဘုရားထံ အာရုံပြု ချီးမွမ်း
ကိုးကွယ်သောအခါ ကိုယ်တော်၏လူများသည် ကိုယ်တော့်အား ထင်ရှားစေတော့သည်။
ပန်းချီဆရာသည် စုတ်တံ ဆေးခွက်တို့နှင့်အတူ အရောင်အသွေးစုံလင်သော ဤဆာလံသီချင်းကို ခြယ်မှုန်းရေးဆွဲနေပုံကို မြင်ယောင် ကြည့်ပါ။ အမြင်အာရုံ၌ ဦးဆုံးပေါ်လာသည်မှာ ထာဝရ ဘုရားအား ၀မ်းမြောက်စွာ ကြွေးကြော်ကြသော `မြေကြီးသား
အပေါင်းတို့´(း၁) ဖြစ်သည်။ ကျွန်ုပ်တို့အား သေခြင်းမှ ရွေးနုတ်ကယ်တင်ခြင်းအမှု၌ ထာဝရဘုရား ၀မ်းမြောက် သည်။ ထို့ကြောင့် ထိုဝမ်းမြောက်ခြင်းကို ကြွေးကြော်ရခြင်း
ဖြစ်သည်။ ‘‘ထိုသခင်သည် မိမိရှေ့၌ထားသော ၀မ်းမြောက် ခြင်း အကြောင်းကြောင့် ရှက်ကြောက်အပ်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံ’’တော်မူ၏ (ဟေဗြဲ၁၂း၂)။
ပန်းချီကားတစ်ခုလုံး၌ တစ်လောကလုံးရှိ မရေတွက် နိုင်သော ချီးမွမ်းခြင်း၊ ၀မ်းမြောက်ရွှင်လန်းသောသီချင်းများ အပြည့်တွေ့ရမည်။…