မည်သို့ပင်ဖြစ်စေ အလင်းလင်းပါ
ရှင်းရှင်းပြောရလျှင် အရောင်းဆိုင်သို့ နောက်တစ်ခေါက် သွားရသည်ကို ကျွန်ုပ် မနှစ်သက် ပါ။ လွန်ခဲ့သောလေးပတ်က ၀ယ်ခဲ့သော ရေခဲသေတ္တာ မကောင်းသဖြင့် ကျွန်တော်တို့ဇနီးမောင်နှံ ပြန်အမ်းငွေရရန် ကြိုးစားခဲ့သည်။ နောက်တစ်ကြိမ် မန်နေဂျာနှင့် စကားပြောရပြီး ထိုကဲ့သို့ပြောရ ခြင်းက ကျွန်ုပ်တို့ ချောက်ကမ်းပါးသို့ ဦးတည်သွားနေသကဲ့သို့ ခံစားရသည်။ စကားပြောရင်း ပိုက်ဆံပြန်ရပါ့မလားဟုတွေးမိသော်လည်း သိမ်သိမ်မွေ့မွေ့ပြောနိုင်အောင် ကျွန်ုပ် ကြိုးစားခဲ့၏။
စကားပြောရင်းမှ မန်နေဂျာက “အများအားဖြင့် ၀ယ်သူတွေက ကျုပ်ကို အော်သွားတတ် တယ်။ ခင်ဗျားကတော့ တော်တော်စိတ်ရှည်တာပဲ”ဟု ပြောသည်။ ထို့နောက် သူက “ပြန်အမ်းငွေ ရဖို့ အခြားနည်းလမ်းကို စမ်းကြည့်တာပေါ့”ဟု ပြောသည်။ ကျွန်ုပ်ကို သူက မေးခွန်းအချို့မေးပြီး ငွေမှတ်စက်ထဲသို့ နံပါတ်အချို့ကို ရိုက်ထည့်သည်။ ဒေါသတကြီးနှင့် ၀ယ်သူအချို့အကြောင်းကို ခဏစကားပြောဖြစ်ကြသည်။ ထို့နောက် ငွေမှတ်စက်မှ ပြန်အမ်းငွေကို ဖော်ပြသောပြေစာတစ်ခု ထွက်လာသည်။ ကျွန်ုပ်တို့၏ပြဿနာက…