စာရေးသူ

အားလုံးမြင်နိုင်ရန်
David C. McCasland

ဒေးဗစ် စီ မက်ကာ့စ်လန်

ဒေးဗစ် စီ မက်ကာ့စ်လန် (David C. McCasland)သည် ၁၉၉၅ ခုနှစ်မှ စ၍ ၂၀၁၈ ခုနှစ်တိုင် Our Daily Bread အတွက် စာမူများရေးသားပေးသူဖြစ်သည်။ Discovery House ပုံနှိပ်တိုက်မှ ဆရာ၏ Oswald Chambers: Abandoned to God နှင့် Eric Liddell: Pure Gold စာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဆရာနှင့်ဇနီး ဆရာမ လူအန်း(Luann) တို့သည် ကော်လိုရာဒိုပြည်နယ်၊ ကော်လိုရာဒို စပရင်းမြို့၌ နေထိုင်ကြပြီး ၎င်းတို့တွင် သမီး ၄ ဦးနှင့် မြေး ၆ ဦးရှိသည်။

စာမူ/ အကြောင်းအရာ များ ဒေးဗစ် စီ မက်ကာ့စ်လန်

အလြန္နီးကပ္စြာ

နွေဦးအစနှင့် နွေရာသီအဆုံးပိုင်းအထိ ရာသီဥတု ဆိုးရွားပြင်းထန်သော အိုကလားဟိုးမား
ပြည်နယ်တွင် ကျွန်တော် ကြီးပြင်းခဲ့သည်။  တိမ်မဲများနှင့်ဆူပွက်နေသော ကောင်းကင်ယံ၊
TV မှ မိုးလေ၀သ သတင်းကြေညာသူက လေဆင်နှာမောင်း  ချဉ်းကပ်လာနေကြောင်း သတိပေးမှု၊ လျှပ်စစ်မီး ပြတ်တောက်သွားသော ညနေခင်းအကြောင်း စသည်တို့ကို အမှတ်ရမိသည်။ ချက်ခြင်းပင် အဖေ၊ အမေ၊ ညီမလေးနှင့် ကျွန်တော်တို့ အိမ်နောက်ဖေးရှိ မုန်တိုင်းခိုသည့် မြေအောက်ခန်းသို့ သစ်သားလှေကားနှင့်ဆင်း၍ မုန်တိုင်း လွန်သွားသည့်အထိ ပုန်းအောင်းနေကြသည်။
ယနေ့တွင်  မည်သည့်ဒဏ်ရာ အနာတရမရဘဲ  လေဆင်နှာမောင်းနှင့် နီးနိုင်သမျှ နီးအောင်သွားသည့် ‘မုန်တိုင်းနောက်လိုက်ခြင်း’ ခရီးစဉ်သည် လူများစွာတို့၏ ၀ါသနာတစ်ခု ဖြစ်လာပြီး   စီးပွားရေးအရ အကျိုးအမြတ် ရရှိသောလုပ်ငန်း ဖြစ်လာသည်။ မုန်တိုင်းနောက်လိုက် များစွာသည် မိုးလေ၀သအခြေအနေကို တိကျစွာ ကျွမ်းကျင်စွာ ခန့်မှန်းနိုင်ကြသည်။ သို့သော်လည်း လေဆင်နှာမောင်းခရီးစဉ်ကိုသွားရန် ကျွန်တော် မစဉ်းစားသေးပါ။
သို့ငြားလည်း…

အံ့ဩသွားလား

အီတာလျံအနုပညာရှင်ဖြစ်သော Michelangelo Merisi da Caravaggio သည် မြူးကြွသော ပင်ကိုစိတ်သဘောရှိပြီး သမားရိုးကျ မဟုတ်သော နည်းလမ်းဖြင့် ကြံဆ
လုပ်ဆောင်တတ်ခြင်းကြောင့် ထင်ရှားခဲ့သည်။ သူရေးဆွဲသည့် သူတော်စင်ပုံများတွင် သာမန်လုပ်သားများကို  စံထားရေးဆွဲခဲ့ပြီး   ကြည့်ရှုသူများအနေဖြင့် ထိုပန်းချီကား၌ မိမိပါရှိနေသည့်အလား ခံစားရသည်အထိ ပြောင်မြောက်လှ သည်။ Supper at Emmaus ပန်းချီကားတွင် သခင် ယေရှုအား ရှင်ပြန်ထမြောက်သောအရှင်ဖြစ်ကြောင်း မှတ်မိ သွားပုံကို သရုပ်ဖော်ထားသည်။ ပန်းချီကား၌ ယေရှုနှင့် တပည့်တော်နှစ်ဦးတို့ စားပွဲ၌ အတူတကွ လျောင်းနေစဉ် တည်းခိုခန်း ပိုင်ရှင်က မတ်တပ်ရပ်နေသည် (လု ၂၄း၃၀)။ တပည့်တော်တစ်ယောက် ရှေ့သို့တိုးကြည့်နေပြီး အခြား တစ်ယောက်က အံ့ဩမှုအပေါင်းနှင့် သူ့လက်နှစ်ဖက်ကို ဖွင့်ထားသည်။
ရှင်လုကာခရစ်ဝင်ကျမ်းတွင် ဤအဖြစ်အပျက်ကို ထည့်သွင်း မှတ်တမ်းတင်ခြင်း သည် ။ ထိုလူနှစ်ယောက်သည် တပည့်တော်…

စကားလုံး ၃ လုံးပါ နာရေးသတင်း

Stig Kernell မကွယ်လွန်မီက လုပ်ရိုးလုပ်စဉ် နာရေးမျိုးကို သူ့အလှည့်တွင် မလိုချင် ကြောင်း၊ ဆွီဒင်လူမျိုးသက်ကြွယ်ကြီးက ထိုကဲ့သို့ လုပ်မည့်အစား သေဆုံးကြောင်းကို `ငါသေပြီ´ဟု စကားလုံး ၃ လုံးသာရေးပြီး ကြေညာရန် သွန်သင်ခဲ့ကြောင်း ပြောခဲ့သည်။ အသက် ၉၂ နှစ်အရွယ်တွင် Mr. Kernell သေဆုံးသောအခါ၊ နာရေးသတင်းတွင် အထက်ပါအတိုင်း တစ်သွေမတိမ်း ပါလာသည်။ ဤသို့ ပွင့်လင်းရိုးစင်းသည့်၊ အများနှင့်မတူသည့်  နာရေးသတင်း သည် ကမ္ဘာတစ်ဝန်းရှိ သတင်းစာတော်တော်များများ၏ အာရုံကို ဖမ်းစားခဲ့သည်။ ဈာပနကိစ္စ အေးအေးဆေးဆေး ပြီးသွားရန် မျှော်မှန်းထားခဲ့သော်လည်း စာလုံး ၃ လုံးပါ နာရေး
ကြော်ငြာ၏ဖမ်းစားမှုကြောင့် သူ့ဈာပနတွင် သူမျှော်မှန်းထား သည်ထက် လူဦးရေပို၍များပြားစွာ တက်ရောက် ခဲ့ကြသည်။
သခင်ယေရှုအသေခံခဲ့စဉ်ကလည်း သခင်၏ နာရေး
သတင်းမှာ `သူသေပြီ´ ဟူ၍ ဖြစ်လိမ့်မည်။…

မော်ကြည့်ပါ

ရှေ့သို့ခေါင်းငိုက်စိုက်လျက် စမတ်ဖုန်းကို ငုံ့ကြည့်ခြင်းက သင့်ဂုတ်ပိုးပေါ်၌ ပေါင် ၆၀ အလေးတင်ထားသည်နှင့် ညီမျှသည်ဟု နိုင်ငံတကာ ခွဲစိတ်နည်းပညာ သတင်းဂျာနယ်၏ ဆောင်းပါးတစ်ပုဒ်၌ ပြောထားသည်။ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာသည် ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ၂ နာရီမှ ၄ နာရီအထိ စာဖတ်ခြင်း၊ စာရိုက်ပေးပို့ခြင်းတို့ ပြုလုပ်ကြောင်း ဆင်ခြင်သော်၊ ရလဒ်အနေနှင့် လည်ပင်းနှင့် ကျောရိုးကို ထိခိုက်ပျက်စီးစေပြီး ကျန်းမာရေးအတွက် ပူပန် စရာများ တိုးပွားလာသည်။
အသက်တာ၏ ၀န်ထုပ်ဝန်ပိုးများကြောင့် ၀ိညာဉ်ရေး ၌လည်း အလွယ်တကူ ငိုက်စိုက်ကျသွားနိုင်ပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရသည့် အခက်အခဲ၊ မိမိချစ်ရသူများ၏ လိုအပ်ချက်တို့ကြောင့် စိတ်ပျက်အားလျော့ရသည့်အကြိမ် မည်မျှလောက်ရှိနေပါသနည်း။ ဆာလံဆရာက စိုးရိမ်ပူပန်ခြင်းတို့၏လေးလံမှုကို နားလည်သည်။ သို့သော် မျှော်လင့်ချက်ကို သူတွေ့မြင်သည်။ "ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ်၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏။ သစ္စာတော်ကို…

ဘုရားသီချင်း၏ အစွမ်းတန်ခိုး

"The  Sound  of  Music"  ရုပ်ရှင်သည်  အောင်မြင်ကျော်ကြားသော  တေးရုပ်ရှင်တစ်ခု ဖြစ်ပြီး၊  ၁၉၆၅  ခုနှစ်တွင်  ရုံတင်ခဲ့သည်။  အကယ်ဒမီဆု  ၅  ဆု  အပါအ၀င်  အားပေးမှုများစွာကို ရရှိခဲ့သဖြင့် ကမ္ဘာတစ်ဝန်းမှလူများ၏ နှလုံးသားနှင့်ချီးကျူးသံကို သိမ်းပိုက်နိုင်ခဲ့သည်။  နှစ်ပေါင်း  ၅၀  ကြာပြီးနောက်တွင်  ရုပ်ရှင်ကို  ပြန်လည်ပြသသောအခါတွင် လာရောက် ကြည့်ရှုသူများက  မိမိတို့နှစ်သက်သော သရုပ်ဆောင်များကဲ့သို့  ၀တ်စားလာကြပြီး  ရုပ်ရှင်ပြနေစဉ်အတွင်း သီချင်းများကို လိုက်ဆိုခဲ့ကြသည်။
တေးဂီတသည်  ကျွန်ုပ်တို့၏  စိတ်ဝိညာဉ်ထဲ၌ နက်ရှိုင်းစွာ  အမြစ်စွဲနေတတ်ပြီး  ယေရှု၏နောက်တော်လိုက်များအတွက်  ယုံကြည်ခြင်းခရီးစဉ်တစ်လျှောက်  တစ်ဦးကိုတစ်ဦး ခွန်အားပေးရန် တန်ခိုးအစွမ်းရှိသော နည်းလမ်းတစ်ခု  ဖြစ်သည်။  ကောလောသဲမြို့၌ရှိသော  ယုံကြည်သူတို့အား "ခရစ်တော်၏  နှုတ်ကပတ်တရားတော်သည်  ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့သည် ဆာလံသီချင်းမှစသော  ဓမ္မသီချင်း  အမျိုးမျိုးအားဖြင့် အချင်းချင်းတို့ကို  ဆုံးမသွန်သင်ခြင်း၊  သတိပေးခြင်းကိုပြု၍ …

မျှော်လင့်စောင့်စားလျက်

အသက် (၆၃)နှစ်အရွယ်၌ ဒတ်ခ်ျလူမျိုးပန်းချီပညာရှင် ရမ်းဘရန့် ရုတ်တရက် ကွယ်လွန်သွားရာ၊ မပြီးဆုံးသေးသော ပန်းချီကားတစ်ချပ် ကျန်ခဲ့သည်။ ထိုပန်းချီကား တွင်
သူငယ်တော်ယေရှုမွေးဖွားပြီး ရက် (၄၀) အကြာ၌ သူကို ယေရုရှလင်ဗိမာန်တော်သို့ ဆောင်ယူခဲ့ရာ သူငယ်တော်ကို ပွေ့ချီရခဲ့သည့် ရှုမောင်၏ခံစားချက်မျက်နှာကို အသားပေး ရေးဆွဲထားသည်။ သို့သော် နောက်ခံနှင့် သာမန် အသေးစိတ်ရေးဆွဲခြင်းဖြင့် အဆုံးမသတ်နိုင်ခဲ့ပါ။ ကျွမ်းကျင်သူပညာရှင်အချို့က ရမ်းဘရန့် သည် သူ့ဘ၀ အဆုံးသတ်တော့မည်ကို သိခြင်းကြောင့် ရှုမောင်ကဲ့သို့ ‘‘ငြိမ်ဝပ်စွာ စုတေ့ရန်’’ အသင့်ဖြစ်နေသည်ဟု (လု ၂း၂၉) ယူဆကြသည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ရှုမောင်အပေါ်၌ တည်လျက်ရှိသည်ဖြစ်၍ (း၂၅) မာရိနှင့်ယောသပ်တို့က ၎င်းတို့၏သားဦးကို ဘုရားသခင်ထံ ဆက်ကပ်သောအခါ ဗိမာန်တော်၌ သူရောက်ရှိနေခြင်းက တိုက်ဆိုင်မှု မဟုတ်ပါ။ ကတိထားတော်မူသော မေရှိယကို စောင့်စားစောင့်မျှော် နေသည့် ရှုမောင်သည် သူငယ်ကို ချီပိုက်လျက်…

တိတ်ဆိတ်စွာအချိန်ယူခြင်းနှင့် အမှုတော်ဆောင်ခြင်း

‘‘နာမည်ကျော်ကြားသူတစ်ဦးသည် သူ့ကို လူသိများ ထင်ရှားလာအောင် သူ့တစ်ဘ၀လုံး ကြိုးပမ်းလုပ်ဆောင်သူဖြစ်ပြီး ထို့နောက်တွင် လူအများသူ့ကိုမမှတ်မိအောင် မျက်မှန် အနက်တပ်ထားသူဖြစ်သည်’’ ဟု လူရွှင်တော် ဖရက်အယ်လင် က ဆိုသည်။ လူအများ၏ အဆက်မပြတ် ရုတ်ရုတ်သဲသဲ အာရုံစိုက်ခံရခြင်းကြောင့် ကျော်ကြားမှုသည် ကိုယ်ပိုင်သီးသန့် အေးငြိမ်းမှုကို ပျောက်ဆုံးစေသည်။
ယေရှုသည် သွန်သင်ခြင်းနှင့် အနာရောဂါငြိမ်းခြင်း အမှုတော်ကို စတင်သည့်အချိန်မှစ၍ လူအများရှေ့မှောက် ထင်ပေါ်လာပြီး မစမှုတောင်းခံသော လူအုပ်ကြီးက ကြိတ်ကြိတ်တိုး ပြုံလာသည်။ သူဘယ်သွားသွား  သူ့နောက်
လိုက်ကြသည်။ သို့သော်  အားအင်သစ်ကို ပြန်လည်ဖြည့်စွမ်း နိုင်ရန်အတွက် အဘဘုရားသခင်နှင့် ပုံမှန် တစ်ဦးတည်း အချိန်ယူခြင်းသည် မရှိမဖြစ် လိုအပ်ကြောင်း သခင်ယေရှု သိသည်။
အနာငြိမ်းစေခြင်းနှင့် ဘုရားသခင်၏နိုင်ငံတော်ကို ကြွေးကြော်ခြင်း သာသနာမှ အောင်မြင်စွာပြန်လာသော  တပည့်တော် ၁၂ ပါးတို့ အနားယူရန် ယေရှုက တိတ်ဆိတ်သောနေရာသို့…

အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းပါ

ပြဿနာတစ်ခုကို ရှင်းရန် အားထုတ်လိုက်ပြီးကာမှ ထပ်ပြီး အခက်တွေ့ရသည့် အဖြစ်မျိုး သင်ကြုံဖူးပါလား။ သခင်ဘုရား၏ဂရုပြုမှုအတွက် ကျေးဇူးတော်ချီးမွမ်းပြီး အိပ်စက်ခဲ့သော်လည်း နိုးလာသည်နှင့် တစ်စုံတစ်ရာအဆင်မပြေဖြစ်ပြီး ပြဿနာ ကျန်နေဆဲဖြစ်သည်။
ထိုသို့ ကြုံရသည့်အချိန်တစ်ခုတွင် ကျွန်တော် ရှင်လုကာ ခရစ်ဝင်ကျမ်းကို ဖတ်နေချိန်ဖြစ်ပြီး အခန်းကြီး (၁၈)
အစတွင် ‘‘လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်း ရမည့်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်’’
ဟုတွေ့ရ၍ အလွန်အံ့ဩခံစားသွားရသည်။ ဇွဲကောင်း လှသည့် မုဆိုးမအကြောင်းကို ကျွန်တော် အကြိမ်ပေါင်း များစွာ ဖတ်ရှုခဲ့ဖူးပါသော်လည်း ဘာကြောင့် သခင်ယေရှု မိန့်မြွက်သည်ကို နားမလည်ခဲ့ပါ (း၂-၈)။ ထိုကျမ်းပိုဒ် အစနှင့် ဇာတ်လမ်းအကြောင်းအရာကို ယခုဆက်စပ်မိပြီ။ တပည့်တော်တို့အတွက် သင်ခန်းစာကား ရှင်းပါသည်။ ‘‘အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရန်’’ ဖြစ်သည်။
ဆုတောင်းခြင်းဟူသည် မိမိဖြစ်ချင်သမျှကို လုပ်ပေးရန် ဘုရားထံတောင်း လျှောက်သောနည်းလမ်း…

မေးစရာများဖြစ်လာသော်

၂၀၁၄ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် စမ်းသပ်အာကာသယာဉ်တစ်စီးသည် စမ်းသပ်ပျံသန်းနေစဉ် တစ်စစီပျက်ကျကာ မော့ဂျေ့ဗ် ကန္တာရထဲကျသွားသည်။ လေယာဉ်မှူးက အံ့သြစရာအသက်ရှင်ခဲ့ပြီး တွဲဖက်လေယာဉ်မှူးမှာ သေဆုံးသွားသည်။ မကြာမီ စုံစမ်းရှာဖွေသူများက လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို မဟုတ်ဘဲ၊ လေယာဉ် ပျက်ကျသွားပုံကို ဖော်ထုတ်ခဲ့သည်။ သတင်းစာ၌   “မေးစရာများဖြစ်လာသည်” ဟု ခေါင်းစဉ်တပ်ခဲ့သည်။
ဘ၀အသက်တာတွင်လည်း အပြည့်အစုံရှင်းပြ၍ မရသည့် ၀မ်းနည်းကြေကွဲစရာ အတွေ့အကြုံများကို ကျွန်ုပ်တို့  ကြုံရတတ်သည်။ အချို့က ရုတ်တရက် ဖြစ်ပေါ်သည့် သဘာဝဘေးဒဏ်များဖြစ်ပြီး သက်ရောက်မှု ဆိုးကျိုးကြီးမားသည်။ အချို့က ကိုယ်ရေးကိုယ်တာ၊ ကိုယ်ပိုင်ကြေကွဲနာကျင်စရာများ ဖြစ်ပြီး မိမိ၏တစ်ဦးချင်းအသက်တာ (သို့) မိသားစုဘ၀ကို ပြောင်းလဲသွားစေသည်။ “ဘာကြောင့်လဲ” ဟု အဖြေသိချင်သော်လည်း အဖြေထက် မေးစရာသာ များလာ သည်။ “ဘာကြောင့်လဲ” ဟူသည့်မေးခွန်းနှင့် ကျွန်ုပ်တို့လုံးပမ်းရုန်းကန်နေရလည်း ဘုရား သခင်သည် သူ၏မပြယ်သောမေတ္တာကို ကျွန်ုပ်တို့အားကမ်းလှမ်းပေးနေမြဲ…

တောင့်ထား!

တက္ကဆက် ပြည်နယ် နွားမွေးမြူရေး ခြံကျယ်ကြီးတွင် ကြီးပြင်းခဲ့ရသူ ကျွန်ုပ်၏မိတ်ဆွေ နွားကျောင်းသား၌ စိတ်ဝင်စားဖွယ် စကားပုံမျိုးစုံရှိသည်။ ကျွန်ုပ်အကြိုက်ဆုံးတစ်ခုမှာ “ကော်ဖီကောင်းကောင်းတစ်ခွက်ရဖို့ ရေသိပ်မလို” ဟူ၍ဖြစ်သည်။ နွားထီးကြီးကို ကြိုးကွင်းပစ်ဖမ်းရာတွင်ဖြစ်စေ၊ တစ်စုံတစ်ဦးက ပြဿနာကြုံရသည့်အခါတွင်ဖြစ်စေ “မင်းရထားသမျှ ဆုပ်ကိုင်ထား” ဟု ကျွန်ုပ်မိတ်ဆွေက အော်ပြောလိမ့်မည်။ အဓိပ္ပာယ်မှာ “ကူညီဖို့လာနေပြီ။ လုံးဝ လက်မလွှတ်လိုက်နဲ့” ဟူ၍ ဖြစ်သည်။
အာရှတိုက်အတွင်းရှိ “အသင်းတော်ခုနှစ်ပါး” သို့ ပေးစာများကို ဗျာဒိတ်ကျမ်း၌တွေ့ရသည် (အခန်းကြီး ၂-၃)။
ဘုရားရှင်ထံမှလာသော ဤသတင်းစကားများ၌ ခွန်အား ပေးခြင်း၊ ပြင်းပြင်းထန်ထန် အပြစ်အားနည်းချက်ကို ထောက်ပြခြင်း၊ စိန်ခေါ်ခြင်း စသည်တို့နှင့် ပြည့်နေသည်။     ပထမရာစုနှစ်က ဤစာကိုလက်ခံရရှိသူများအား သွန်သင်စကားပြောသည့် နည်းတူ ယနေ့ မျက်မှောက်ခေတ်ကျွန်ုပ်တို့အားလည်း သွန်သင်ပြောကြားနေပါသည်။
ဤစာများ၌ “သင်တို့သည် ရသမျှကို … စွဲကိုင်လော့” ဟူသော စကားစုကို…