ရှေ့တန်းစစ်မြေပြင်မှ ပေးပို့သောစာ
အင်ဒရူး ကာရိုးသည် စစ်မက်ကာလအတွင်းက မိသားစုဝင်များ (သို့) သူငယ်ချင်းများမှ
ရေးသားပေးပို့သောစာများကို မလွှင့်ပစ်ရန် နှစ်ပေါင်း ၂၀ မျှ လူများကို တိုက်တွန်း
ခဲ့သည်။ သူသည် ကယ်လီဖိုးနီးယား ရှိ ချက်မဲန် တက္ကသိုလ်မှ
‘‘အမေရိကန်စစ်ပွဲများအတွင်း ပေးစာများ ထိန်းသိမ်းထား
သည့်ဌာန’’ ၏ ညွှန်ကြားရေးမှူးဖြစ်သည်။ သူက ထိုစာများ
သည် မိသားစုများကို စည်းလုံးစေသော၊ နားလည်မှုကို
ပေးစွမ်းသော၊ အစားထိုး၍မရနိုင်သည့် ချိတ်ဆက်မှုဟု ယူဆ
သည်။ ‘‘ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေဟာ ဒီစာတွေကို
ဖတ်ကြတယ်။ ပြီးတော့ မေးခွန်းထုတ်ကြတယ်။ ‘ဘာတွေ
ခံစားခဲ့ရတယ်၊ ဘာတွေ ပေးဆပ်ခဲ့တယ်’ ဆိုတာကို အခု
နားလည်ပါပြီလို့ ပြောကြတယ်’’ ဟု ကာရိုးက ပြောသည်။
ရောမမြို့တွင် တမန်တော်ရှင်ပေါလု အကျဉ်းကျခံ
နေရပြီး မကြာမီ သူ့ဘ၀ အဆုံးသတ်တော့မည်ကို…
စုရုံးဆုံစည်းခြင်း
၁၉၁၅-၁၉၁၇ ခုနှစ်အတွင်း အီဂျစ်ပြည်၌ ၀ိုင်အမ်စီအေအဖွဲ့၏ နယ်လှည့်တရားဟောဆရာ အဖြစ် အမှုဆောင်စဉ်က ဆရာအော့ဝဲလ် ချိန်းဘားသည် ပထမကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သားများ၏အသက်တာကို တို့ထိသက်သာစေခဲ့သည်။ ၁၉၁၆ ခု၊ နိုဝင်ဘာလ၆ရက်၌ သူ၏ ဒိုင်ယာရီထဲတွင် ဆရာက ဤသို့ရေးသားထားသည်။ “ထဒ်စထရက် ကျဆုံးသွားကြောင်း နယူး ဇီလန်သား မိတ်ဆွေထံမှ အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။ ထဒ်စထရက်သည် ‘သခင် ယေရှုနှင့်အတူရှိရန် ပြန်နှင့်ပြီ။’ သူလည်း ထိုသို့ပင် ဆိုလိမ့်မည်။... (သူသည်) စိတ်ထား အလွန်လှ သူ၊ ကျေးဇူးပြုတတ်သူ၊ ကြောက်စိတ်ကင်းပြီး၊ ချစ်ဖွယ်ကောင်းသော သူတော်စင်လေးပင်။ သူနှင့် ပတ်သက်သောအမှတ်တရများအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ... ကောင်းကင်ဘုံ မှာ သူတို့တစ်ယောက်ပြီးတစ်ယောက် စုရုံးရောက်ရှိကြပြီ။”
မိမိချစ်ရသူများ သေဆုံးသွားခြင်းကြောင့် ကြေကွဲဝမ်းနည်းရချိန်မှာပင် သင်္ချိုင်းဂူမှ လွန် သော် ရရှိမည့်အသက်တာနှင့် ပတ်သက်၍ ယေရှုသခင်၏ကတိတော်ကို…
သင့်အတွက်နေရာ
ဇနီးမောင်နှံနှစ်ဦးတို့သည် အိုမင်းမစွမ်းဖြစ်နေသော သူတို့၏အဒေါ်ကို သူတို့နှင့်အတူ နေထိုင်ရန် ခေါ်လာသောအခါ ယခင် သူနေခဲ့သောအိမ်ကဲ့သို့ မခံစားရမှာကို စိုးရိမ်ကြသည်။ ထို့ကြောင့် သူ့ကိုထားမည့်အခန်းကို သူ ယခင်နေထိုင်ခဲ့သည့် အခန်းပုံစံအတိုင်း ပြင်ဆင်ပေးခဲ့ သည်။ အဒေါ်ရောက်ရှိလာသော် အိမ်ထောင်ပရိဘောဂများ၊ ပန်းချီးကားချပ်များနှင့် သူမနှစ်သက် သည့် အခြားပစ္စည်းများကြောင့် သူ့အိမ်ကဲ့သို့ နွေးထွေးစွာကြိုဆိုသည့်နှယ် ခံစားရလေသည်။
ယော ၁၃း၃၆-၁၄း၎ တွင် နောက်ဆုံးညစာစားပွဲ၌ သခင်ယေရှုသည် တပည့်တော်များနှင့် စကားပြောပြီး သူ၏အသေခံခြင်းနှင့်စပ်လျဉ်းပြီး တပည့်တော်များကို ပြင်ဆင်ခဲ့သည်။ ရှိမုန်ပေတရု က “ကိုယ်တော်သည် ဘယ်အရပ်သို့ကြွတော်မူမည်နည်း”ဟု မေးသောအခါ ယေရှုက “ငါသွားရာ အရပ်သို့ သင်သည်ယခုမလိုက်နိုင်၊ နောက်မှလိုက်ရလိမ့်မည်”ဟု မိန့်တော်မူခဲ့၏ (၁၃း၃၆)။ တစ်ဖန် “ငါ့အဘ၏အိမ်တော်၌ နေစရာအခန်းများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့ အား ငါမပြောဘဲမနေ၊ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသည်သွားရ၏။ ငါသည်…
ခမည်းတော်ဘုရားသခင်၏ ကမ်းလှမ်းချက်
ဓမ္မဟောင်းကျမ်းပါ ယေဇကျေလကျမ်း၌ နာခံခြင်းမရှိသော လူမျိုးတော်အား ဘုရားသခင် က စီရင်ခြင်းအကြောင်းကို ဖော်ပြထားသည်။ ဘုရားသခင်က သူတို့အား “ငါ့ကိုပုန်ကန်တတ်သော အမျိုး” (၂း၃) နှင့် “ရဲသောမျက်နှာနှင့် ခိုင်မာသောနှလုံးရှိသောအမျိုးသား” (း၎) ဟု ခေါ်ဆိုသည်။ သူတို့ လွန်ကျူးသောအပြစ်များကို ခရေစေ့တွင်းကျ ဖော်ပြလျက် သူတို့အပေါ် ကျရောက်မည့် ပြင်းထန်သည့်စီရင်ခြင်းသည် အတော်ပင် ဆိုးရွားလှသည်။ ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်ခံရ သော လူမျိုးတော်အတွက် ဘုရားသခင် ကြေကွဲလျက် ၀မ်းနည်းခြင်းအမှောင်ကျနေချိန်တွင် ရှင်သန်ခြင်းလမ်းသို့ ပြန်လည်လျှောက်လှမ်းရန် ကမ်းလှမ်းသော ဘုရားသခင်၏ မေတ္တာတော် အလင်းကို မြင်တွေ့ရသည်။
“သင်တို့သည် ပြုသမျှသော လွန်ကျူးခြင်းအမှုတို့ကို စွန့်ပစ်၍ အသစ်သောနှလုံး၊ အသစ် သောစိတ်သဘောကို ပြင်ဆင်ကြလော့။ အို ဣသရေလအမျိုး၊ သင်တို့သည် အဘယ်ကြောင့် အသေသတ်ခြင်းကို ခံလိုသနည်း။ အသေခံရသောသူ၏ အသေခံခြင်းအမှု၌ ငါသည် ပျော်မွေ့ခြင်း…
သင်၌ဖြစ်စေလိုသည့်အတိုင်း
မင်းသားဝီလျှံနှင့် ကိတ် မစ်ဒယ်တန်တို့၏မင်္ဂလာပွဲ၌ လန်ဒန်မှ ဘုန်းတော်ကြီးက “ဘုရား သခင် အလိုကျဖြစ်စေလိုသောသူအဖြစ် အသက်ရှင်ပြီး လူအများက နှစ်သက်မြတ်နိုးတဲ့ အောင်မြင်ထင်ရှားတဲ့သူဖြစ်ပါ”ဟူသော Siena မှ St. Catherine ၏အဆိုကို ကိုးကား၍ ဒေသနာ ဝေငှခဲ့သည်။ လောကသားများကို ချစ်လွန်း၍ ယေရှုခရစ်တော်အဖြစ် လူ့ဇာတိခံခဲ့သည့် ဘုရား သခင်၏ရှေ့တော်မှောက်၌ လက်ထပ်ရန် ရွေးချယ်ဆုံးဖြတ်ခဲ့သူနှစ်ဦးကို ဘုန်းတော်ကြီးက အတည်ပြု ထိမ်းမြားပေးရာ တီဗွီမှ ကြည့်ရှုနေကြသော ဧည့်ပရိသတ်များသည် ကြည်နူးခံစားရ သည်။ ပြီးနောက် သူက ထိုစုံတွဲနှစ်ဦးအား သူတို့ကြားဖြစ်တည်နေသော ချစ်ခြင်းထက် သာလွန် သည့် မေတ္တာ၌သာ ဗဟိုပြု လက်ကိုင်ထားရန် တိုက်တွန်းခဲ့၏။
သတို့သမီး၏မောင်မှ ရောမ ၁၂း၁-၂ ကျမ်းပိုဒ်ကို ဖတ်ကြားသည်။ “ညီအစ်ကိုတို့ အသက် ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူခြင်းနှင့် ပြည့်စုံသော ယဇ်ကို…
ဆက်ကပ်အပ်နှံရန်ဖိတ်ခေါ်
ကာယနှင့်ကျန်းမာရေးစင်တာများ၌ ဇန်န၀ါရီလတွင် လူများစွာ လာရောက်စာရင်းပေးသွင်း ပြီး အကြိမ်အနည်းငယ်သာ လာရောက်လေ့ကျင့်ကြသည်။ ထို့ကြောင့် ၀င်ကြေးပေးပြီး တစ်ခါမှ လာမကစားလျှင်လည်း ငွေရပြီးဖြစ်၍ ကိစ္စမရှိပါ။ သို့သော် ကာယလေ့ကျင့်ရေးဆရာ ဂျက်စီ ဂျုံးစ် က ထိုသို့လက်မခံ။ စာရင်းလာပေးပြီး လာရောက်ကစားခြင်း၊ လေ့ကျင့်ခြင်းမရှိလျှင် သူက အဖွဲ့ဝင် အဖြစ်မှ ပယ်လိုက်ပြီး “ငွေကို ချွေတာစုထားပါ။ တကယ် ကစားချင်တယ်ဆိုမှ ပြန်လာခဲ့ပါ။ နောက် ၃ လစာ သင်တန်းကြေးလိုချင်လို့မဟုတ်ဘူး။ ... ကိုယ့်ပန်းတိုင်ကို အရောက်သွားမယ့် လူကိုပဲ လေ့ကျင့်မွေးထုတ်ချင်ပါတယ်”ဟု ပြောလိုက်သည်။
လု ၉း၅၇-၆၂ တွင် ယေရှုနောက်သို့လိုက်လိုသည့် လူသုံးဦးကို တွေ့ရပြီး ယေရှုထံမှ ပြင်းထန်သော တုံ့ပြန်မှုကို ၄င်းတို့ရရှိခဲ့သည်။ “လူသားမူကား ခေါင်းချရာမျှမရှိ” (း၅၈)၊ “လူသေတို့ သည် မိမိလူသေတို့ကို သဂြုင်္ိဟ်ပါလေစေ” (း၆၀)၊ “ထွန်ကိုင်းကိုကိုင်လျက်…
Einfühlsam-2
Generalmajor Mark Graham war zwei Jahre Kommandant von Fort Carson in Colorado und bei Mitarbeitern und Untergebenen gleichermaßen beliebt. Ein Kollege sagt: „Ich kenne keinen anderen Offizier, der so einfühlsam ist und dem das Wohl der Soldaten und ihrer Familien so am Herzen liegt.“ Mark und seine Frau Carol haben selbst einen Sohn im Kampf verloren. Ein anderer beging Selbstmord. Das war für sie der Auslöser, anderen Soldaten und ihren Familien zu helfen, mit arbeitsbedingtem Stress, Depressionen und Verlust umgehen zu lernen.
ဘုရားသခင်၏ မပျက်ကွက်သောမေတ္တာတော်
ဓမ္မဟောင်းကျမ်းမှ ဟောရှေအနာဂတ္တိကျမ်းသည် သစ္စာမဲ့သော သူ့လူများအပေါ်ထားသော ဘုရားသခင်၏သစ္စာတည်သော မေတ္တာတော်အကြောင်းဖြစ်သည်။ ထာဝရဘုရားက ဟောရှေအား သူ့အပေါ် ထိမ်းမြားလက်ထပ်ဝန်ခံချက်ကို ချိုးဖောက်ပြီး သူ့ကို ၀မ်းနည်းစေမည့် ဂေါမာအား လက်ထပ်ရန် မိန့်ကြားရာ ကျွန်ုပ်တို့အတွက် အထူးအဆန်းဖြစ်ရသည်။ တစ်ဖန် သူ့ကိုစွန့်ပြီး အခြား ယောက်ျားနောက် လိုက်ခဲ့ပြီးသည့်နောက်ပိုင်း သူ့ဇနီးကို ပြန်သိမ်းရန် မိန့်ကြားပြန်သည်။ ၄င်းသည် အခြားတစ်ပါးသော ဘုရားများနောက် လိုက်ပါကြသည့် သူ့သားသမီး ဣသရေလတို့အပေါ်ထား သည့် ဘုရားသခင်၏မေတ္တာကို သရုပ်ပြခြင်းပါ (၃း၁)။
ဣသရေလလူတို့သည် ထာဝရဘုရားအား ပုန်ကန်ဆန့်ကျင်ခြင်းကြောင့် တိုင်းတစ်ပါးသို့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရလိမ့်မည်ဟု ဟောရှေ ပြောကြားရပြန်သည်။ “ရှာလမန်မင်း သည် ... စစ်တိုက်သောအခါ ဖျက်ဆီးသကဲ့သို့ သင်၏ရဲတိုက်ရှိသမျှတို့သည် ပျက်စီးရကြလိမ့် မည်” (၁၀း၁၄)။
အပြစ်နှင့်စီရင်ခြင်းများကြားတွင် သူ့သူများအပေါ်ထားသော ဘုရားသခင်၏ကျေးဇူးတော် က ဘယ်တော့မှ မကုန်ခမ်းသွားပါ။ “ကိုယ်အဖို့…
အတူတကွ ပူးပေါင်းစို့
မီးပုရွက်ဆိတ်များ၏ခန္ဓာသည် ရေထက်သိပ်သည်းဆပိုများရာ ရေလွှမ်းမိုးလျှင် ၄င်းတို့ သေကြေ ပျက်စီးမည်ဖြစ်သော်လည်း ၄င်းတို့မသေဘဲ ရှင်သန်နိုင်သည်ကို သိပ္ပံပညာရှင်များက အံ့သြစိတ်ဝင်စားခဲ့ သည်။ သီတင်းပတ်ကြာကြာ ရေပေါ်တွင် ဖောင်ကဲ့သို့ အုပ်စုလိုက်ဖွဲ့ပြီး မည်သို့နေထိုင်ကြသနည်း။ ဂျော်ဂျီယာနည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာများက ပုရွက်ဆိတ်ကိုယ်ပေါ်ရှိ အလွန်သေးငယ်သော အမွှေးအမျှင်များသည် လေလုံးလေးများကို ပိတ်ဆို့ထားသည်ဟု လေ့လာတွေ့ရှိခဲ့သည်။ ဤသို့သော အားဖြင့် ထောင်ပေါင်းများစွာသော ပုရွက်ဆိတ်လေးများမှာ တစ်ကောင်ချင်းစီ အသက်လုခြင်းထက် တစ်ကောင်နှင့်တစ်ကောင် ချိတ်ဆက်၍ အတူတကွ ပူးပေါင်းလျှင် ရေလွှမ်းမိုးချိန်တွင် ရှင်သန်နိုင်ခြင်းဖြစ် သည်။
ဝိညာဉ်ပိုင်းတွင် ရှင်သန်လျက် ကြီးထွားအောင် ကျွန်ုပ်တို့သည် အခြားသောခရစ်တော် နောက်လိုက် ယုံကြည်သူများနှင့် အတူတကွ ဆက်သွယ်မှုရှိရန် ဓမ္မသစ်ကျမ်းတွင် မကြာခဏ ဖော်ပြထား သည်။ ဧဖက် ၄ တွင် “အကြောင်းမူကား သူတစ်ပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့သွေးဆောင်ခြင်း ငှာ လှည့်ဖြားပြောဆိုသဖြင့် ငါတို့သည် နောက်တစ်ဖန်…
ကမ္ဘာ့အရှည်လျားဆုံးစားပွဲ
၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်၊ တနင်္ဂနွေနေ့က ဥရောပတိုက်ရှိ လူစည်ကားဆုံး အဝေးပြေးလမ်းမကြီးမှာ “ကမ္ဘာ့အရှည်လျားဆုံးစားပွဲ” အဖြစ်သို့ ပြောင်းလဲသွားသည်။ အာဏာပိုင် များသည် ဂျာမနီနိုင်ငံ Ruhr ဒေသရှိ ၆၀ ကီလိုမီတာ (၃၇ မိုင်) ရှည်လျားသော A 40 Autobahn လမ်းအပိုင်းကို ပိတ်လိုက်သည်။ လူများစွာတို့သည် ထိုပိတ်ထားသောလမ်းအပိုင်းတွင် လမ်းလျှောက်၊ စက်ဘီးစီးကြပြီး လမ်းတစ်လျှောက်ရှိ စားပွဲအလုံး ၂၀၀၀၀ တွင် ကြိုက်သည့်နေရာ ၀င်ထိုင်နိုင်သည်။ ထိုအပန်းဖြေရေးအစီစဉ်ကို စီမံညွှန်ကြားသူက ခန့်မှန်းခြေလူ ၂ သန်းမျှ လာရောက်ပြီး နိုင်ငံများစွာ မှလူမျိုးစုံ အလွှာစုံ အရွယ်စုံ ယာဉ်ကျေးမှုအစုံစုံတို့ကို တွေ့ဆုံ ချိတ်ဆက်ပေးနိုင်မည်ဟု မျှော်လင့်မိကြောင်းဖော်ပြထားသည်။
ဤ့ဖြစ်ရပ်မှ ယုံကြည်သူများအတူ ၀န်းရံ စားသောက်မည့် ပိုမိုခမ်းနားသည့် သခင်ဘုရား၏ ပွဲတော်ကို သတိရမိသည်။ ပွဲတော်မင်္ဂလာ၌…