စာရေးသူ

အားလုံးမြင်နိုင်ရန်
David C. McCasland

ဒေးဗစ် စီ မက်ကာ့စ်လန်

ဒေးဗစ် စီ မက်ကာ့စ်လန် (David C. McCasland)သည် ၁၉၉၅ ခုနှစ်မှ စ၍ ၂၀၁၈ ခုနှစ်တိုင် Our Daily Bread အတွက် စာမူများရေးသားပေးသူဖြစ်သည်။ Discovery House ပုံနှိပ်တိုက်မှ ဆရာ၏ Oswald Chambers: Abandoned to God နှင့် Eric Liddell: Pure Gold စာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဆရာနှင့်ဇနီး ဆရာမ လူအန်း(Luann) တို့သည် ကော်လိုရာဒိုပြည်နယ်၊ ကော်လိုရာဒို စပရင်းမြို့၌ နေထိုင်ကြပြီး ၎င်းတို့တွင် သမီး ၄ ဦးနှင့် မြေး ၆ ဦးရှိသည်။

စာမူ/ အကြောင်းအရာ များ ဒေးဗစ် စီ မက်ကာ့စ်လန်

ငါ့ဝိညာဉ်၏တိတ်ဆိတ်ည

‘‘တိတ်ဆိတ်ည’’ သီချင်းကို Joseph Mohr နှင့် Franz Gruber တို့ မစပ်ဆိုမီ Angelus Silesius က အောက်ပါ တေးကဗျာကို အရင်ရေးစပ်ခဲ့သည်။

‘‘တိတ်ဆိတ်ည’’ သီချင်းကို Joseph Mohr နှင့် Franz Gruber တို့ မစပ်ဆိုမီ Angelus Silesius က အောက်ပါ တေးကဗျာကို အရင်ရေးစပ်ခဲ့သည်။‘‘အို တိတ်ဆိတ်ညတစ်ညမှာ ခရစ်တော်ဘုရား ဖွားမြင်လာ၊ယခင်က ပျောက်ဆုံးခဲ့သောအရာများ အသစ်တစ်ဖန် ပြန်လည်အသက်ဝင်ခဲ့၊ အို စိတ်ဝိညာဉ် ငြိမ်ဝပ်လေ၊ အရာခပ်သိမ်းကို ပြန်လည်တည့်မတ်ရန် ဘုရားရှင် ဖွားမြင်မည်’’

ပိုလန်ဘုန်းတော်ကြီး Silesius သည် ထိုကဗျာကို ၁၆၅၇ ခုနှစ်တွင် The Cherubic Pilgrim စာအုပ်ထဲ၌ ပုံနှိပ် ထုတ်ဝေခဲ့သည်။ ကျွန်ုပ်တို့အသင်းတော်၏ ခရစ်စမတ် အကြိုည ၀တ်ပြုကိုးကွယ်ခြင်းအစီအစဉ်၌ ‘‘Could But…

သူရဲကောင်းထက်သာလွန်၍

Star Wars သိပ္ပံရုပ်ရှင်ဇာတ်ကားကို နှစ်သက်သော ကမ္ဘာတစ်ဝန်းမှပရိသတ်များသည် အပိုင်း(၈) The Last Jedi ကို စောင့်စားနေကြစဉ် ဤသိပ္ပံရုပ်ရှင်များသည် ၁၉၇၇ နှစ်မှစ၍ အဘယ်ကြောင့် အလွန်နာမည်ကြီးလာရသည်ကို လူတို့သုံးသပ်ကြသည်။ CNNMoney စီးပွားရေးသတင်းလိုင်းမှ သတင်းထောက် ဖရန့်ပေါ်လော့တာ က Star Wars ရုပ်ရှင်များ နာမည်ကြီးရခြင်းမှာ “မျှော်လင့်ချက်အသစ် နှင့် ကမ္ဘာကြီး၏ကောင်းကျိုးကို ဆောင်ကြဉ်းနိုင်မည့် သူရဲကောင်းများကို လိုလားတောင့်တနေသူများ”နှင့် ပတ်သက် ဆက်နွယ်နေသောကြောင့်ဖြစ်သည်ဟုဆိုသည်။Star Wars သိပ္ပံရုပ်ရှင်ဇာတ်ကားကို နှစ်သက်သော ကမ္ဘာတစ်ဝန်းမှပရိသတ်များသည် အပိုင်း(၈) The Last Jedi ကို စောင့်စားနေကြစဉ် ဤသိပ္ပံရုပ်ရှင်များသည် ၁၉၇၇ နှစ်မှစ၍ အဘယ်ကြောင့် အလွန်နာမည်ကြီးလာရသည်ကို လူတို့သုံးသပ်ကြသည်။ CNNMoney စီးပွားရေးသတင်းလိုင်းမှ သတင်းထောက် ဖရန့်ပေါ်လော့တာ က Star Wars ရုပ်ရှင်များ နာမည်ကြီးရခြင်းမှာ “မျှော်လင့်ချက်အသစ်…

ကိုယ်ချင်းစာနာလျက် အစားဝင်ခံစားပေးခြင်း၏အစွမ်း

R70i သက်ကြီးဝတ်စုံကို ၀တ်ဆင်လိုက်သည်နှင့် အသက် ၄၀ ကျော်အရွယ်၏ အိုစာမှုကို ခံစားရတော့သည်။ အမြင်အာရုံ မှုန်ဝါးလျက် နားလည်း မကြားရတော့ပါ။ လှုပ်ရှားမှု များလည်း နှေးကွေးကျဆင်းသွားသည်။ ထိုဝတ်စုံကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ၀န်ထမ်းများက ၎င်းတို့၏သက်ကြီးလူနာများအပေါ် ပိုနားလည်စာနာနိုင်အောင် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ Wall Street Journal
ကိုယ်စားလှယ် ဂျော့ဖရီ ဖောင်းလာ သည် ထိုဝတ်စုံကို ၀တ်ဆင်ခဲ့ပြီးနောက် ဤသို့ရေးသားခဲ့သည်။ ‘‘မမေ့နိုင်စရာ အတွေ့အကြုံ၊ စိတ်ပျက်အားလျော့မှုကို ခံစားရသည့် အချိန်၌ ဤအတွေ့အကြုံက အသက်ကြီးလာစဉ် မည်သို့ ဖြစ်သည်ကို ထောက်ပြသည်သာမက ကိုယ်ချင်းစာလျက် အစားဝင် ခံစားပေးနိုင်အောင် ဤ၀တ်စုံက အထောက်အကူ ပြုသည်။ ကျွန်ုပ်တို့၏အနီးဝန်းကျင်ကမ္ဘာလေးအပေါ် မိမိ၏ အထင်အမြင်များကို ပုံသွင်းပြုပြင်ပေးနိုင်သည်’’။
အခြားသူတစ်ဦး၏ ခံစားချက်ကို နားလည်ခြင်း၊ မျှဝေခံစားပေးခြင်းသည် အစွမ်းတန်ခိုးတစ်မျိုးဖြစ်သည်။ သခင်ယေရှု၏နောက်တော်လိုက်များ ပြင်းထန်စွာ…

မေပယ်စေ့များ

ကျွန်တော့်ကလေးများ ငယ်စဉ်က အိမ်နီးချင်းခြံထဲရှိ မေပယ်ပင်မှ ကြွေကျလာသည့် တောင်ပံနှစ်ခုသဏ္ဌာန် မေပယ်ပွင့်များကို ပြေးလွှားဖမ်းဆော့ရသည်ကို ၎င်းတို့ အလွန် သဘောကျသည်။ မေပယ်ပွင့်၏အတောင်ပံသည် မေပယ်စေ့ဖြစ်သည်။ နွေဦးရာသီ နှောင်းပိုင်းတွင် မေပယ်ပွင့်များသည် ရဟပ်ယာဉ်၏ဒလက်များပမာ ချာချာလည်ပြီး မြေပေါ်သို့ ကြွေကျသည်။ ၎င်းမေပယ်စေ့များ၏သဘာဝမှာ လေဟုန်နှင့် စီးမျောရန် မဟုတ်ဘဲ မြေပေါ်သို့ကျလျက် အပင်ပေါက် ရှင်သန်ရန် ဖြစ်သည်။
ကားတင်သတ်ခြင်း မခံရမီတွင် သခင်ယေရှုသည် တပည့်တော်များအား ‘‘လူသားသည် ဘုန်းပွင့်ရသောအချိန် ရောက်လာပြီ။ ငါအမှန်အကန်ဆိုသည်ကား မြေ၌ကျသော စပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင် မူကား များစွာသောအသီးကို သီးတတ်၏’’ (ယော ၁၂း၂၃-၂၄) ဟု မိန့်တော်မူခဲ့သည်။
တပည့်တော်များက သခင်ယေရှုကို မေရှိယအဖြစ် ချီးမြှောက်ရန် ဆန္ဒရှိသော်လည်း သခင်သည် အသက်ပေးရန် ကြွလာတော်မူပြီး သူ့ကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ ခွင့်လွှတ်ခြင်းခံရကာ အသစ်ဖြစ်စေသည်။…

...သာ၍ ပေးတော်မူမည်

ပထမကမ္ဘာစစ်အတွင်း ၁၉၁၅ ခုနှစ် အောက်တိုဘာတွင် အော့စ်ဝေါလ် ချိမ်းဘားစ်သည် ဗြိတိသျှဓနသဟာယအဖွဲ့ စစ်သည်တော်များအတွက် YMCA သင်းအုပ်ဆရာအဖြစ် တာဝန်ထမ်းဆောင်ရန် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အနီးရှိ ဇေတော်န် စစ်လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိခဲ့သည်။ တစ်ပတ်တာ ညဦးဝတ်ပြုအစီအစဉ်ရှိကြောင်း ချိမ်းဘားစ် က ကြေညာလိုက်ရာ၊ “ဆုတောင်းခြင်း၏ ကောင်းကျိုးက ဘာလဲ”ဟူသည့် တရားတော်ကို နာယူရန် YMCA ရွက်ဖျင်တဲကြီးတွင်လူပေါင်း ၄၀၀ ဖြင့် ပြည့်နှက်သွားသည်။ ထိုသို့သော စစ်မက်ကာလကြီးတွင် ဘုရားသခင်ကို သိကျွမ်းလိုသူ လူတစ်ဦးချင်းစီကို သူတွေ့ဆုံသည်။ အကြံပေးမစသည်။ ထိုသို့ မစရာတွင် အော့စ်ဝေါလ် သည် “သင်တို့သည် အဆိုး ဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသော ဝိညာဉ်တော်ကို သာ၍ပေးတော်မူမည် မဟုတ်လော” ဟူသော လု ၁၁း၁၃…

လူမသိသူမသိ ဘ၀ရှင်သန်ခြင်း

လွန်ခဲ့သော နှစ်ပေါင်းများစွာက စာရေးဆရာမ Jane Yolen ရေးသားသည့် ‘‘Working Up to Anon’’ (Anonymous) စာတမ်းကို The Writer မဂ္ဂဇင်းမှ ကျွန်ုပ်ဖြတ်ညှပ်ကပ် ယူထားသည်။ ထိုစာကို မကြာခဏ ဖတ်ဖြစ်ပြီး အတော်ဟောင်းနွမ်းနေပြီဖြစ်သည်။ ‘‘အကောင်းဆုံး အတော်ဆုံးစာရေးဆရာဆိုတာ တကယ်တော့ မျှော်လင့်ချက် ပြင်းပြစွာနဲ့ အမည်မသိစာရေးဆရာလို့ အခေါ်ခံချင်တဲ့ သူတွေဘဲ။ ရေးသား တဲ့ အကြောင်းအရာကသာ အရေးပါပြီး စာရေးသူက အဓိက မဟုတ်ပါ’’ ဟုသူရေး ခဲ့သည်။
ကျွန်ုပ်တို့ပြောနေသည့်အကြောင်းမှာ ကျွန်ုပ်တို့ အတွက် အသက်ပေးသော ကယ်တင်ရှင်ယေရှုအကြောင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသော ယုံကြည်သူများနှင့် အတူ သခင်ဘုရား အတွက် အသက်ရှင်ပြီး အခြားသူများအား သခင့် မေတ္တာတော်ကို မျှဝေသည်။
ရောမသြ၀ါဒစာ ၁၂း၃-၂၁ တွင် သခင်ယေရှု၏ နောက်တော်လိုက်အချင်းချင်း…

နက်နဲအံ့သြဖွယ်ရာများကို သိရှိနားလည်ခြင်း

Peanuts ကာတွန်းဖန်တီးရှင် ချားစ်ခရုဇ်၏ ဟာသဉာဏ်၊ ထိုးထွင်းဉာဏ်ကို ကျွန်တော် အမြဲသဘောကျသည်။ သူရေးဆွဲသည့် ကာတွန်းတစ်ကွက်မှာ အသင်းတော်မှ လူငယ်များ အကြောင်းကို သရုပ်ဖော်ထားသည်။ ကာတွန်းတွင် လူငယ်လေးတစ်ဦးသည် ကျမ်းစာအုပ်ကို ကိုင်ရင်း သူငယ်ချင်းတစ်ဦးနှင့် ဖုန်းပြောနေသည်။ သူပြောသည့်စကားမှာ ‘‘ဓမ္မဟောင်းကျမ်းရဲ့ နက်နဲအံ့သြဖွယ်ရာကို သိရအောင် ငါ ပထမခြေလှမ်း လှမ်းလိုက်ပြီ။ ... ငါကျမ်းစာ စဖတ်တော့ မလို့လေ’’ ဟူ၍ဖြစ်သည် (Teen-Ager Is Not a Disease)။
၁၁၉ ခုမြောက်သော ဆာလံကျမ်းတွင် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏နှုတ်ကပတ်တော်တန်ခိုးကို ခံစားနားလည် လိုသည့် ဆာလံဆရာ၏ဆာလောင်မှုများ ပြည့်လျှံနေသည်။ ‘‘ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက် ပါ၏။ တစ်နေ့လုံးဆင်ခြင် အောက်မေ့လျက်နေပါ၏’’ (း၉၇)။ ထိုပြင်းပြစိတ်က ဉာဏ်ပညာနှင့် နားလည်နိုင်သောဉာဏ်ကို တိုးစေသည်။ ဘုရားသခင်ကို တိုး၍ နာခံစေသည် (း၉၈-၁၀၀)။…

အမှတ်တမဲ့ တွေ့ခဲ့သော ကျောက်တုံးများ

စစ်မက်နှင့် ယိုယွင်းပျက်စီးမှုများနောက်ပိုင်း ခေတ်သစ်ယေရုရှလင်မြို့တော်သည် အရှိအတိုင်းဆိုရလျှင် ကျောက်အုတ်အကျိုးအပဲ့များနှင့် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်သည်။ ကျွန်တော်တို့မိသားစု ယေရုရှလင်မြို့သို့ သွားရောက်လည်ပတ်ကြစဉ် ဗီအာ ဒိုလောရိုဇာ (၀မ်းနည်းခြင်းလမ်း) ကို လျှောက်သွားခဲ့ကြသည်။ ထိုလမ်းသည် သခင်ယေရှုလျှောက်ခဲ့သော ကားတိုင်လမ်းဟု ဆိုကြသည်။ နေက ပူသဖြင့် Sisters of Zion သီလရှင်ကျောင်းသို့ဝင်ပြီး အေးမြသော မြေအောက်ခန်း၌ ဆင်းနားကြသည်။ ထိုကျောင်း၌ မကြာမီက ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်စဉ် တွေ့ရှိခဲ့သည့် လမ်းခင်းကျောက်ကို ကျွန်တော် အလွန်စိတ်ဝင်စားသွားသည်။ ကျောက်တုံးပေါ်တွင် ရောမ စစ်သားများ အားလပ်သည့်အချိန်တိုင်းတွင် ဆော့ကစားသည့် ကစားနည်းကို ထွင်းထုထားသည်။
သခင်ယေရှု ပေါ်ထွန်းသည့်ခေတ်နှောင်းပိုင်း ထွန်းကားခဲ့သည်ဟု မှတ်ယူရသည့် ထိုကျောက်တုံးများကို ကြည့်ပြီး ကျွန်တော်၏၀ိညာဉ်ရေးအသက်တာအတွက် ပြန်လည်ဆင်ခြင်စရာ ဖြစ်ခဲ့သည်။ ပျင်းရိငြီးငွေ့နေသည့် စစ်သားများက ၎င်းတို့ အလုပ်တာဝန်မရှိသည့်အချိန်များတွင် အချိန်ဖြုန်းကြသကဲ့သို့ ကျွန်တော်လည်း ဘ၀ကို သာယာရောင့်ရဲလျက်…

နှိုးစက်အသံ

မကြာခဏ နိုင်ငံအနှံ့လှည့်လည်ကာ ခရီးသွားပြီး အခြားတစ်နေရာရာ (သို့) ဟိုတယ်၌ တည်းခိုတိုင်း ကျွန်တော့်ကို ခေါ်နိုးရန် ဧည့်ကြိုကောင်တာ၌ မှာကြားသည်။ ထိုသို့ လူကိုယ်တိုင်လာခေါ်နိုးခြင်းအပြင် အိပ်ရာမှထပြီးလှုပ်ရှားရန်အတွက် တတီတီမြည်သော ဖုန်း၏အကူအညီကိုလည်း လိုအပ်သည်။
ဗျာဒိတ်ကျမ်းမှ အာရှိပြည်တစ်ဝိုက်ရှိ အသင်းတော် ၇ ပါးသို့ ရှင်ယောဟန် ရေးသားပေးပို့သောစာများတွင် ၀ိညာဉ်ရေးရာ၌ နိုးထမှုရှိရန် ရေးခဲ့သည်။ သာဒိမြို့ရှိ အသင်းတော်အတွက် သခင်ယေရှု၏သတင်းစကားမှာ ‘‘သင်၏အကျင့်ကို ငါသိ၏။ သင်သည် အသက်ရှင်ဟန် ရှိသော်လည်း သေလျက်နေသည်ကို ငါသိ၏။ မအိပ်ဘဲ စောင့်၍နေလော့။ ကျန်ရစ်၍ သေလုသောအရာတို့ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင့်ရှေ့၌ မစုံမလင်ရှိသည်ကို ငါတွေ့ပြီ’’ (ဗျာ ၃း၁-၂)ဟု ဆိုထားသည်။
ဝိညာဉ်ရေး၌ မောပန်းနွမ်းနယ်ချိန်တွင် မိမိနှင့် ဘုရားသခင်အကြား ဆက်ဆံရေးသည် ယိုယွင်းလာကြောင်း ကျွန်တော်တို့ သတိမပြုမိတတ်ပါ။ သို့သော် ဘုရားသခင်က ကျွန်တော်တို့ကို…

ကျွန်ုပ်တို့အပေါ်မှာ လက်တော်ဖြင့် လွှမ်းခြုံလျက်

ဘက်တီ၏သမီးသည် နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်လာပြီး နေမကောင်းဖြစ်နေသည်။ သူ မခံမရပ်နိုင်ဖြစ်သည့်အဆုံး ဘက်တီ တို့ဇနီးမောင်နှံတို့ သူ့ကို ဆေးရုံအရေးပေါ်ခန်းသို့ ခေါ်သွားသည်။ ဆရာဝန်နှင့်သူနာပြုများက လုပ်ဆောင်စရာများကိုလုပ်ပြီး အချိန် အတန်ကြာပြီးနောက် သူနာပြုတစ်ယောက်က ‘‘သမီးလေး ပြန်ကောင်းလာပါလိမ့်မယ်။ သူနေကောင်းပြီး ပြန်လည်ကျန်းမာလာအောင် ကျွန်မတို့ သူ့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ထားပါတယ်’’ ဟု ပြောလာချိန်တွင် ဘက်တီ သည် ငြိမ်သက်ခြင်းရရှိပြီး သူ့အပေါ်မေတ္တာများ လွှမ်းခြုံသွားသည့်နှယ် ခံစားလိုက် ရသည်။ သမီးလေးအတွက် သူစိုးရိမ်တကြီး ဖြစ်နေစဉ်မှာ ဘုရားရှင်သည် ခက်ခဲချိန်တိုင်းတွင် သူ၏သားသမီးများ အပေါ် အကောင်းဆုံးသောမိဘအဖြစ် ကျွန်ုပ်တို့ကို ကွယ်ကာစောင်မနေကြောင်း သူသိလိုက်ရသည်။
တရားဟောရာကျမ်းတွင် လူမျိုးတော်တို့ ကန္တာရထဲ လှည့်လည်ခဲ့ရစဉ် ဘုရားသခင်သည် ချစ်နှစ်သက်ဖွယ် မိဘကဲ့သို့ သူ့သားသမီးများအပေါ် မည်သို့လွှမ်းမိုးကာကွယ်စောင်မခဲ့ကြောင်း ဖော်ပြ ထားသည်။ ၎င်းတို့ကို ဘယ်သောအခါမှ မစွန့်မပစ်၊ ‘‘ရွှေလင်းတသည် အတောင်တို့ကို…