ဝက်ဝံနှစ်ကောင်
လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်တော့်ဇနီး ကယ်ရိုလင်းနှင့်အတူ ၀ါရှင်တန် ပြည်နယ်ရှိ ရိန်းနီးယား တောင်တန်း တစ်ဖက်တစ်ချက်တွင် စခန်းချပြီး ရက်အနည်းငယ် နေထိုင်ခဲ့သည်။ တစ်ညနေတွင် ကျွန်တော်စခန်းသို့ အပြန်လမ်းရှိ မြက်ခင်းပြင်တွင် ၀က်ဝံနှစ်ကောင်ရန် ဖြစ်နေသည်ကို တွေ့လိုက်ရ၍ ကျွန်တော်တို့လည်း ရပ်ပြီး ကြည့်နေ လိုက်သည်။
တောင်တက်သမားတစ်ဦးကို တွေ့၍ `ဘာလို့ ရန်ဖြစ်
နေကြတာလဲ´ ဟု ကျွန်တော် မေးလိုက်ရာ `၀က်ဝံမလေး ကြောင့်´ ဟု သူက ဖြေသည်။ `အဲဒီ အမ ကရော´ ဟု ထပ်မေးရာ သူက ရယ်ပြီး `အိုး …. လွန်ခဲ့တဲ့ မိနစ် ၂၀
လောက်က ထွက်သွားပြီ´ ဟု ပြောသည်။ သို့နှင့် ဤရန်ပွဲက
ဝက်ဝံမလေးကြောင့် မဟုတ်ဘဲ ဘယ်သူ ပိုကြမ်းလဲဆိုတာ သိဖို့ အားစမ်း ရန်ဖြစ်နေခြင်းဟု…
အစွန်းအဖျားနားဝယ်
အိုင်ဒါဟိုနယ်-ကူနာ ဒေသ တောင်ပိုင်းတွင် မြေအောက်ချော်ရည်ပူ တွင်းခေါင်း တစ်ခုရှိ
သည်။ ထိုအကြောင်းကြောင့် ဒေသတွင်း အတော်လေး မကောင်းသတင်းကျော်သည်။
ကျွန်ုပ် သိသရွေ့ ယင်း၏ တစ်ခုတည်းသောဝင်ပေါက်သည် အမှောင်ထုထဲသို့ တိုးဆင်း
နစ်ဝင်သွားသော ပွင့်ဟနေသည့် တွင်းခေါင်းဖြစ်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ထိုချော်ရည်ပူ
တွင်းဝ တွင် မတ်တပ်ရပ်ကာ အောက်သို့ငုံ့ကြည့်ရာ အရဲစွန့်
အနီးကပ်ကြည့်ရန် ဆွဲဆောင်ခံရပြီး အနီးကပ်သွားလိုက်ရာ
ဟန်ချက်ပျက်လုမတတ် ဖြစ်သွားသည်။ ရင်တဒိတ်ဒိတ် ခုန်ပြီး
စိုးရိမ်စိတ်တို့ တဒင်္ဂလွှမ်းမိုးခံစားရကာ တွင်းဝမှ နောက်ဆုတ်
ပြန်ခဲ့သည်။
အပြစ်သည်လည်း ထိုနည်းတူပင်။ စူးစမ်းလိုစိတ်က
ကျွန်ုပ်တို့ကို အမှောင်ထုထဲသို့ ဆွဲခေါ်သွားနိုင်သည်။ အစွန်းဖျားနားထိ နီးကပ်စွာ
ရောက်ရှိပြီး ဟန်ချက်ပျက်ကာ အမှောင်ထုသို့ လူယောက်ျား၊ မိန်းမတို့ ဘယ်နှစ်ကြိမ်
ပြုတ်ကျခဲ့ပြီလဲ။ စမ်းကြည့်ရုံလေးနှင့် အစပြုပြီး အဆင့်တက်ကာ အတွေးထဲ စိုးမိုးလျက်…
မာန်မာနနှင့် ဘက်လိုက်ခြင်း
၁၉၃၀ ပြည့်နှစ်များက ကျွန်တော့်ကလေးဘ၀က နေခဲ့သောအိမ်လေးမှာ မေတ္တာလွှမ်း လျက် ပျော်စရာအတိပါ။ သို့သော် မိဘများက မကြာခဏခရီးထွက်သဖြင့် ထိုအချိန်မျိုးတွင် မီးဖို ဆောင်နှင့် ပိန်သေးသေးနှင့် ရွှင်လန်းနေတတ်သူ ကျွန်တော်တို့၏အိမ်ထိန်း အယ်နီက အိမ်ကို နွေးထွေးမှုနှင့် လွှမ်းခြုံပေးသည်။
ကျွန်တော်က အယ်နီနှင့်အတူ မီးဖိုဆောင်စားပွဲ၌ထိုင်ကာ စာအုပ်များဖတ်၊ အရုပ်များနှင့် ကစား၊ အယ်နီဆိုညည်းသည့် ၀ိညာဉ်ရေးဓမ္မတေးများကို နားထောင်ရင်း အယ်နီနှင့်အတူ အချိန် များစွာကုန်ဆုံးခဲ့ပါသည်။ သူ့နှလုံးသားမှ ဥာဏ်ပညာ၊ ရွှင်လန်းဝမ်းမြောက်ခြင်းနှင့် တေးသံများ မပြတ်စီးဆင်းထွက်ပေါ်သည်။
တစ်မနက်တွင် ကျွန်တော် ကြားသိခဲ့သည့် လူမျိုးရေး ပုတ်ခတ်ရှုတ်ချသည့်စကားတစ်ခွန်း ကို အဓိပ္ပာယ်နားမလည်ဘဲ ပြောလိုက်သည်။ “အို အဲဒီလိုမပြောရဘူး”ဟု အယ်နီကဆိုပြီး သူ ထိခိုက်နာကျင်ခံစားရကြောင်း သူ့စိတ်ထဲခံစားရသမျှ ညင်သာစွာဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။ သူ့မျက်လုံးများ၌ ၀မ်းနည်းရိပ်များအပြည့်ပင်။ ထိုစကားကို ကျွန်တော်ဘယ်တော့မှ မပြောတော့ပြီ။
အစွန်းရောက် ခံယူချက်များဖြင့်…
လေရဟတ်အိုကြီး
အနောက်တက္ကဆက်ရှိ မွေးမြူရေးခြံတွင် ကြီးပြင်းလာသောလူတစ်ဦးက သူ၏စပါးကျီနှင့် ယှဉ်လျက် တည်ရှိသော ခနော်နီခနော်နဲ့ လေရဟတ်အိုတစ်ခုအကြောင်းကို ပြောပြခဲ့သည်။ ၄င်းသည် နေရာအတော်များများကို ရေပေးဝေသည့် တစ်ခုတည်းသော ရေအရင်းအမြစ်ကြီး ဖြစ်သည်။
လေပြင်းပြင်းတိုက်သောအခါ ထိုလေရဟတ်က ကောင်းစွာလည်ပတ်သော်လည်း လေပြေ လေညင်းသာဖြစ်ပါက ထိုလေရဟတ်မလည်တော့ပေ။ လေလာရာလမ်းကြောင်းတည့်တည့် ရှိနေ ရန်အတွက် ပန်ကာဒလက်များကို လက်ဖြင့် တည့်မတ်လှည့်ပေးရသည်။ အနေအထားမှန်မှသာ လေရဟတ်ကြီးက မွေးမြူရေးခြံများအတွက် ရေပေးဝေနိုင်မည်ဖြစ်သည်။
ဝေးလံခေါင်သီသောဒေသရှိ အသင်းတော်ငယ်လေးများမှ သင်အုပ်များနှင့် တွေ့ဆုံရချိန်၌ ထိုအကြောင်းအရာလေးကို စဉ်းစားမိသည်။ သင်းအုပ်အများစုက သူတစ်ပါးကို ပြုစုသူများဖြစ် သော်လည်း မည်သူကမျှ သူတို့ကို ဂရုမစိုက်ဘဲ အထီးကျန်၍ အထောက်အကူမဲ့နေသကဲ့သို့ ခံစား နေရသည်။ ထို့ကြောင့်အသင်းတော်ရှိလူများအတွက် ၀ိညာဉ်ရေကို သယ်ဆောင်ရင်း ကိုယ်တိုင်က အားမရှိ၊ ပင်ပန်းနွမ်းလျနေတော့သည်။ ထိုသင်းအုပ်များအား လေရဟတ်အိုကြီးအကြောင်းနှင့် မိမိ ကိုယ်ကို အနေအထားမှန်အောင် နေ့စဉ်ချိန်ညှိရန်လိုကြောင်း…
ရှည်လျားကွေ့ကောက်သောခရီးလမ်း
တစ်ခါတစ်ရံတွင် ဘ၀လမ်းသည် မခံနိုင်လောက်အောင် ခက်ခဲကြမ်းတမ်းလှပြီး ဆက်သွား ရန် ခွန်အားနှင့်ဆန္ဒ မရှိသလောက်ပင်။ သို့သော် ဤလမ်းသို့ မလျှောက်မီကပင် ထိုလမ်းသည် ရှည်လျားသည်ကို ဘုရားသခင် ကြိုတင်သိနှင့်ပြီးဖြစ်ကြောင်း ကျွန်ုပ်သတိရမိသည်။ ကြုံတွေ့ရ သော အခက်အခဲများ၊ သူတစ်ပါးကိုပင် ရှင်းပြ၍မရနိုင်သော နာကျင်မှုများကို ဘုရားသခင်သည် အမြဲတမ်း နားလည်သိရှိသည်။ ကိုယ်တော်သည် အရာရာကို သိရှိပြီး ကျွန်ုပ်တို့နှင့်အတူ အစဉ်အမြဲ ရှိနေသည်။ ယနေ့သင်သည် နာကျင်စွာ စိတ်ထိခိုက် ခံစားကောင်း ခံစားနေရမည်။ ခက်ခဲသော အမှု တော်လုပ်ငန်းကြောင့်၊ အိမ်ထောင်ရေးသောကကြောင့်၊ ခက်ခဲစွာ ရုန်းကန်နေရသောကလေးကို သနားခြင်းကြောင့်၊ သက်ကြီးရွယ်အို မိဘများအား ဂရုစိုက်ရခြင်းကြောင့်၊ အခြားအခြားသော ဘ၀၌ ကြုံတွေ့လာရသော အခက်အခဲများ စသည်ဖြင့် ဖြစ်ကောင်းဖြစ်မည်။ “တကယ်တော့ ဘုရားသခင်က ငါ့ကို ဒီလမ်းမလျှောက်ခိုင်းသင့်ဘူး၊ ပိုပြီးလွယ်ကူချောမွေ့တဲ့ နောက်တစ်လမ်း ဧကန်မုချရှိမှာပါ”ဟု သင်ပြောနိုင်ပါသည်။…
လှပသောဒဏ်ရာ
လွန်ခဲ့သောနှစ်အတန်ကြာက ဆော်လမွန်မြစ်အတိုင်း ကျွန်တော်ခြေလျင်ခရီးသွားခဲ့ရာ အခေါက် များ တစ်ဝက်တစ်ပျက် ကွာနေသည့်ထင်းရှူးပင်အုပ်ကြီးကို တွေ့ခဲ့ရသည်။ ရှေးယခင်က ဤဒေသ၌ အမဲ လိုက်ရင်း ကျင်လည်ခဲ့သည် အမေရိကန်ဒေသခံ လူရိုင်းများက ထင်းရှူးသား၏အပြင်ခေါက်ကိုခွာပြီး အတွင်းအလွှာကို ပီကေလုပ်ကြကြောင်း သစ်တောဝန်ထမ်း သူငယ်ချင်းထံမှ သိခဲ့ရသည်။ သစ်ခေါက် အကွက်အချို့မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသော်လည်း အချို့က ကြည်လင်သန့်စင်သောသစ်စေးများ နှင့် ပြည့်နေပြီး လေနှင့်ရာသီဥတုတို့၏အရောင်တင်ပေးမှုဖြင့် ရှားပါးပြီး အလွန်လှပသည့် ပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအဖြစ်က ကျွန်ုပ်တို့၏အပြစ်ကျူးလွန်ခြင်းသဘောနှင့်တူနေ၏။ အတိတ်က အပြစ်ကြောင့် ကျွန်ုပ်တို့ ဒဏ်ရာ၊ အမာရွတ်များ ရှိကောင်းရှိနေမည်။ သို့သော် ဘုရားသခင်၏ခွင့်လွှတ်ခြင်းကျေးဇူးကို ခံရရန် အပြစ်များကို နောင်တနှင့် ၀န်ချလျှင် ကျန်ခဲ့သည့်ဒဏ်ရာက လှပသော အမှတ်တရများ ဖြစ်လာပါ လိမ့်မည်။
လူအချို့က အပြစ်၏ခါးသီးမှုတွေကို မြည်းစမ်းခဲ့ရပြီး ယခုတွင်မူ အပြစ်ကို ရွံရှာလျက် မကောင်းမှု ကို…
ကူညီတတ်လွန်းခြင်းလား
အကူအညီပေးလွန်းခြင်းဟူသည် ဖြစ်နိုင်ပါသလား။ မိမိ၏ကူညီတတ်ခြင်းက အခြားသူများ အတွက် ပို၍အနှောင့်အယှက်ဖြစ်စေနိုင်ပါသလား။ အကယ်၍ မိမိ၏အကူအညီပေးမှုက စိတ်ရှုပ် စရာ၊ မရမက ၀င်ရောက်လုပ်ဆောင်ခြင်း၊ လွှမ်းမိုးခြင်း၊ ကြိုးဆွဲသည့်သဘောများ ပါဝင်လာပါက ထိုသို့ဖြစ်နိုင်ပါ၏။ မိမိပေးသောအကူအညီက စိတ်ပူပြီး အတင်းကူညီခြင်းဖြစ်ပါက မိမိစိတ်အလို ပြည့်အောင် ကြိုးစားနေခြင်းသာဖြစ်လိမ့်မည်။
မိမိ၏စိတ်သဘောနှင့် အကူအညီပေးသည့်လုပ်ရပ်က ခြွင်းချက်မရှိသော ဘုရားသခင်၏ မေတ္တာတော်ကို စစ်မှန်စွာ ဖော်ညွှန်းခြင်း ဟုတ် မဟုတ်ကို မည်ကဲ့သို့ သိနိုင်ပါမည်နည်း။ ဖြူစင် စိတ်ရင်းနှင့် မည်ကဲ့သို့ ချစ်နိုင်ပါမည်နည်း (သု ၁၆း၂၊ ၂၁း၂၊ ၁ ကော ၄း၅)။
တစ်ပါးသူတို့အား တစ်နည်းနည်းဖြင့် ထိခိုက်နစ်နာစေခြင်း၊ အနှောင့်အယှက်ပေးမိခြင်း ရှိ မရှိကို ဖော်ပြပေးရန် (ဆာ ၁၃၉း၂၃-၂၄)၊ “စိတ်ရှည်၊ ကျေးဇူးပြုသော၊ ဂုဏ်ပြိုင်ဝါကြွားခြင်း မရှိသော၊ မလျောက်ပတ်စွာမကျင့်၊ ကိုယ်ကျိုးမရှာ၊ ဒေါသမထွက်၊ မတရားသောအမှု၌…