စာရေးသူ

အားလုံးမြင်နိုင်ရန်
David H. Roper

ဒေးဗစ် ရော့ပါ

ဒေးဗစ် ရော့ပါ သည် သင်းအုပ်အဖြစ်နှစ်ပေါင်း ၃၀ ကျော် အစေခံခဲ့ပြီး ယခုတွင် အိုင်ဒါဟို တောင်ပေါ် သာသနာကို ဦးဆောင်လျက် သင်းအုပ်ဇနီးမောင်နှံတို့ကို အားပေးစောင်မသည့် အားသစ်လောင်းသင်တန်းများ ပို့ချပေးသည်။ ဆရာကြီးသည် ဇနီး ကယ်ရိုလိုင်း နှင့်အတူ မြစ်ချောင်းကမ်းပါးတစ်လျှောက် ငါးမျှားခြင်း ၀ါသနာရှိပေသည်။

စာမူ/ အကြောင်းအရာ များ ဒေးဗစ် ရော့ပါ

အဖေနှင့်သားများ

ကျွန်တော့်ဖခင်သည် ဖခင်ကောင်းတစ်ဦးဖြစ်သလို ကျွန်တော်ကလည်း တာဝန်ကျေပြီး သိတတ်လိမ္မာသောသားဖြစ်သည်။ သို့သော် ကျွန်တော့်ဖခင် တောင့်တသောအရာတစ်ခုကို ကျွန်တော် မပေးခဲ့ပါ။ ၎င်းမှာ မိမိကိုယ်ကို ဖွင့်ပြခြင်းဖြစ်သည်။ အဖေက အေးဆေးသူ ဖြစ်ပြီး ကျွန်တော်ကလည်း နှုတ်နည်းသည်။ ကျွန်တော်တို့ သားအဖနှစ်ဦးသည် ဘေးချင်းယှဉ်လျက် နာရီများစွာ အလုပ်လုပ်ခဲ့ချိန်များ ရှိခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး စကားတစ်ခွန်းမျှပင် မပြောပါ။ အဖေက ဘယ်တော့မှ မမေးမြန်း မစပ်စုသလို ကျွန်တော်၏ အတွင်းစိတ်ခံစားချက်၊ စိတ်ကူးယဉ်အိမ်မက်၊ မျှော်လင့်ချက်၊ ကျွန်တော်စိုးရိမ်သည့်အရာများကို ကျွန်တော် လုံးဝမပြောခဲ့ပါ။

ထိုသို့ မပွင့်တစ်ပွင့် အုံ့ပုံးအနေအထားမှ ကျွန်တော် အချိန်မီနိုးထခဲ့ပါသည်။ ကျွန်တော့် သားကြီးမွေးလာချိန်နှင့် သားများ လောကထဲသို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားချိန်များ၌ ကျွန်တော် အသိတရားဝင်ခဲ့သည်။ အဖေ့အတွက် သားတစ်ဦးထက်ပိုကောင်းရန် ကျွန်တော်ယခုမှ တောင့်တမိသည်။

အဖေ့ကို ပြောပြတိုင်ပင်နိုင်သည့်အရာများကို ကျွန်တော်တွေးရင်း ‘အဖေလည်း ငါ့ကို…

အစဉ်အဆက်ထက်ကောင်းသော

ဤအဖြစ်အပျက်သည် ဆော်လမွန်ငါးဖမ်းသမားများ တစ်နေကုန် ပင်ပန်းစွာ ငါးဖမ်း ပြီးနောက် ၎င်းတို့နားခိုရာ စကော့တည်းခိုခန်းတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက် ဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ယောက်က ငါးဖမ်းသည့်ပုံကို သရုပ်ပြမည်ပြုရာ သူ့လက်နှင့် စားပွဲကို တိုက်မိသဖြင့် ဖန်ခွက်မှအချိုရည်များ နံရံပေါ် စွန်းထင်းသွားသည်။ ထိုလူက ပိုင်ရှင်ကို တောင်းပန်ပြီး အပျက်အစီးအတွက် အလျော်ပေး သော်လည်း နံရံမှာ စွန်းထင်းပျက်စီးသွားပြီဖြစ်၍ သူဘာမှ မတတ်နိုင်၊ သူ့နံဘေး၌ ထိုင်သောလူတစ်ဦးက “စိတ်မပူနဲ့” ဟုပြောကာ အိတ်ထဲမှ ပန်းချီစုတ်တံများကို ထုတ်လိုက်ပြီး အကျည်းတန်လှသော အစွန်းအကွက်တွင် ပုံစဆွဲပါတော့ သည်။ ဖြည်းဖြည်းချင်းဖြင့် အံသြဖွယ် သမင်ခေါင်းပုံ ပေါ်လာ ပါတော့သည်။ ထိုသူသည် စကော့တလန်နိုင်ငံ၏ တိရစ္ဆာန်ပုံ ရေးဆွဲသည့် အကျော်ကြားဆုံး ပန်းချီဆရာ Sir E.H. Landseer ပင် ဖြစ်သည်။

ဆာလံ ၅၁…

တည်မြဲသော ပျော်ရွှင်မှု

မိမိစိတ်ကြိုက်လုပ်ရလျှင် ကျွန်ုပ်တို့ ပျော်ရွှင်သည်ဟု ပြောသံများကြားဖူးသည်။ စင်စစ် ထိုပျော်ရွှင်မှုသည် အစစ်အမှန် မဟုတ်ပါ။ ထိုအတွေးအခေါ်က ဗလာနတ္တိဖြစ်ခြင်း၊ စိုးရိမ်ပူပန်မှုနှင့် ခေါင်းကိုက်စရာများကိုသာ ဖြစ်လာစေနိုင်သည်။

ကဗျာဆရာ ဒဗလျူအိပ်(ရှ်)အော်ဒင် က အပျော်အပါးများနှင့် ထွက်ပေါက် ရှာတတ်ကြသူများကို သူလေ့လာမိသည်။ ထိုသူများသည် ခြောက်ခြားစရာတောနက်ထဲ၌ လမ်းပျောက်နေသူ၊ ညအချိန် ကို ကြောက်ရွံ့သည့် ကလေးငယ်၊ တစ်ခါမှ ပျော်ရွှင်မှုမရှိသူ၊ ကောင်းမွန်သူ မဟုတ်ဟု ရေးသားခဲ့သည်။

ကျွန်ုပ်တို့၏ မပျော်ရွှင်မှုနှင့် အကြောက်တရားများကို ကုစားရန် ဆာလံဆရာဒါဝိဒ်က သီချင်းတစ်ပုဒ် သီကုံးခဲ့ သည်။ ‘‘ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင် တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့ အထဲက ငါ့ကို ကယ်နုတ်တော်မူ၏’’ (ဆာ၃၄း၎)။ ပျော်ရွှင်မှုဆိုသည်မှာ ဘုရားသခင်၏အလိုတော်နှင့်အညီ အသက်ရှင် လိုက်လျှောက်ခြင်းဖြစ်ပြီး ထိုသို့အသက်ရှင်လျှင် နေ့ရက် စဉ်တိုင်း သက်သေကို ရလိမ့်မည်။…

ကျွန်ုပ်တို့ကဲ့သို့သောအပြစ်သားများ

အီးဒစ်သည် ဘာသာရေးကို အလေးအနက်မထားသူဖြစ်သည်။ သို့သော် တနင်္ဂနွေနေ့ တစ်မနက်တွင် သူ၏ကျေနပ်ရောင့်ရဲမှုမရှိသော စိတ်နှလုံးအတွက် နှစ်သိမ့်မှုရရှိရန် သူ၏ အိမ်အနီးရှိ အသင်းတော်တစ်ပါးသို့ လမ်းထွက်လျှောက်ရင်း ဝင်ကြည့်သည်။ ထိုနေ့၏ ရွေးချယ်ထားသော နှုတ်ကပတ်တော်သည် ရှင်လုကာ ၁၅း၁-၂ ဖြစ်ပြီး သင်းအုပ်ဆရာက the King James Version: မှ ကောက်နုတ်၍ ဖတ်သည်။ “အခွန်ခံသောသူတို့နှင့် ဆိုးသောသူအပေါင်းတို့သည် နားထောင်ခြင်းငှာ အထံတော်သို့ ချဉ်းကပ်သည်ဖြစ်၍၊ ဖာရိရှဲနှင့် ကျမ်းပြုဆရာ တို့က ဤသူသည် ဆိုးသောသူတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားပါသည်တကားဟု ကဲ့ရဲ့ အပြစ်တင်ကြ၏။”

ကျမ်းစာက ထိုကဲ့သို့ ဆိုသည်။ သို့သော် အီးဒစ်၏နား၌ကြားလိုက်သည်မှာ “ထိုပုဂ္ဂိုလ်သည် အပြစ်သားများနှင့်အတူရှိပြီး အီးဒစ်သည်လည်း ထိုအပြစ်သားများနှင့်အတူ ရှိနေသည်” ဟူ၍ဖြစ်သည်။ သူသည် ခုံတန်းရှည်ပေါ်တွင် မတ်မတ်ထိုင်ရင်း သူ့အမှားကို ဖြည်းဖြည်းချင်းသဘောပေါက်လာ သည်။…

စွဲမက်စိတ်စွဲလန်းရာ

ကျွန်တော့်ကို ငွေသွင်းငွေထုတ် ပြုလုပ်ပေးသည့် ဘဏ်ဝန်ထမ်းတစ်ဦးသည် သူ၏ ပြတင်းပေါက်၌ ဖို့ဒ်ကားကုမ္ပဏီထုတ် စွမ်းဆောင်ရည်မြင့် ရှယ်ဘီကော်ဘရာ အမိုးဖွင့်ကား ဓာတ်ပုံတစ်ပုံကို ကပ်ထားသည်။

တစ်နေ့တွင် ငွေသွင်းငွေထုတ်လုပ်ရင်း ‘‘အဲဒါ မင်းကားလား’’ ဟု ကျွန်တော် မေးလိုက်သည်။ ‘‘မဟုတ်ပါဘူး၊ အဲဒါကျွန်တော် စွဲမက် စိတ်စွဲလန်းတဲ့အရာလေ။ သူ့ကြောင့် ကျွန်တော်နေ့တိုင်း စောစောထပြီး အလုပ်လာနေရတာပေါ့။ တစ်နေ့ကျရင် အဲဒီကားမျိုး ကျွန်တော် ပိုင်ဆိုင်ချင်လို့’’ ဟု ဖြေသည်။

ဤလူရွယ်၏ စိတ်စွဲလန်းမှုကို ကျွန်ုပ်နားလည်သည်။ ကျွန်တော့် သူငယ်ချင်းတစ်ဦး၌ ထိုကားရှိသည်။ ထိုကားကို
ကျွန်တော် တစ်ကြိမ်မောင်းဖူးသည်။ တကယ့်ကားကောင်း ကြီးပါ။ ရှယ်ဘီကော်ဘရာမက အခြားရုပ်ပစ္စည်းများစွာက လောကကြီးကို နေချင်စဖွယ် နေရတာတန်အောင် လုပ်ပေး သည်။ သို့သော် ဘုရားသခင်မှတစ်ပါး အခြားရုပ်ပစ္စည်းများ ကို ကိုးစားသူတို့သည် ‘‘နှိမ့်ချ၍လဲကြလိမ့်မည်’’ (ဆာ ၂၀း၈)။

ကျွန်ုပ်တို့သည်…

ရုပ်သွင်များ

မြေးမလေး ဆာရာ ငယ်စဉ်က လူတစ်ယောက်သေလွန်ပြီးနောက် မည်သို့ဖြစ်သွား သည်ကို ကလေးအသိနှင့် ကျွန်တော့်ကို ရှင်းပြခဲ့ဖူးသည်။ ‘‘လူရဲ့မျက်နှာပဲ ကောင်းကင်ဘုံ ရောက်သွားတာ၊ ခန္ဓာမပါဘူး။ အဲဒီမျက်နှာနဲ့ပဲ ခန္ဓာအသစ်ရတာ” ဟူ ပြောခဲ့ဖူးသည်။

ကလေးအရွယ် ဆာရာ၏ ထာဝရဆိုသည့်အရာအပေါ် နားလည်မှုက ကလေး တစ်ဦး၏နားလည်မှု အဆင့်ဖြစ်သော်လည်း မှန်ကန်သည့် သမ္မာတရားကို သူဆုပ်ကိုင်မိသည်။ တစ်နည်းအားဖြင့် မြင်နေရသည့် ကျွန်တော်တို့၏မျက်နှာရုပ်သွင်သည် မမြင်ရ သည့် စိတ်ဝိညာဉ်ကို ထင်ဟပ်ပြသည်။

‘‘တစ်နေ့ကျရင် မင်းရဲ့မျက်နှာမှာ ဒေါသလွှမ်းတဲ့ ရုပ်သွင် ထင်ကျန်နေနိုင်တယ်” ဟု အမေက ကျွန်တော့်ကို ပြောလေ့ရှိသည်။ အမေက သူ့ကိုယ်သူသိသည်ထက် ပိုပြီး အမြော်အမြင် ကြွယ်ဝသည်။ စိုးရိမ်မှုထင်ဟပ်နေသည့် မျက်ခုံး၊ ဒေါသငွေ့ရှိသည့်နှုတ်ခမ်း၊ လှည့်ဖျားသည့်မျက်လုံးအစုံသည် စုတ်ပြတ်နေသည့် စိတ်နေသဘောထားများကို ဖော်ပြနေသည်။ အခြားတစ်ဘက်တွင် ကြင်နာသည့် မျက်ဝန်း၊ ဂရုဏာအကြည့်၊ နွေးထွေးဖော်ရွေသည့်…

ကတိတော်၌ တည်ရှိနေခြင်း

ကျွန်တော့်သူငယ်ချင်း၏အစ်ကိုသည် (သူတို့ငယ်စဉ်ကလေးဘ၀က) သူ့ညီမလေးအား ‘‘နင်ယုံတယ်ဆိုရင် ဒီထီးက နင့်ကိုယ်အလေးချိန်ကို ထိန်းနိုင်တယ်’’ ဟု အာမခံ လိုက်သည်။ သို့နှင့် ညီမလေးက ‘‘ယုံကြည်ခြင်းဖြင့်’’ စပါးကျီခေါင်မိုးပေါ်မှ ထီးဖွင့်ခုန်ချ လိုက်ရာ ထိခိုက်ဒဏ်ရာရခဲ့တော့သည်။

ဘုရားသခင်သည် သူကတိတော်ရှိထားသည့် အတိုင်း သူပြုမည်ဖြစ်သည်။ ကတိတော်ကို ကိုင်စွဲသည်တွင် ဘုရားသခင်၏ ကတိတော်စကားအတိုင်း ကျွန်တော်တို့ ကိုင်စွဲကြောင်း သေချာမှုရှိရမည်။ သို့မှ ဘုရားသခင်သည် သူကတိထားသည့်အတိုင်း ပြုမည်၊ ကျွန်တော်တို့ကို အဖြေ ပေးမည်ကို ကျွန်ုပ်တို့စိတ်ချရလိမ့်မည်။ ယုံကြည်ခြင်း၌ တန်ခိုး မရှိပါ။ ရှင်းလင်းသော၊ေ၀၀ါးမှုမရှိသော ဘုရား သခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းကို အခြေတည်သောအခါ စိတ်ချစရာ ဖြစ်လာသည်။ သို့မဟုတ် ပါက ယုံကြည်ခြင်းသည် တစ်စုံတစ်ရာကို လိုချင်တောင့်တသည့် ဆန္ဒစိတ်သာဖြစ်လိမ့်မည်။

အောက်ပါအချက်ကို လေ့လာကြည့်ပါ။ ‘‘သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်။ သင်တို့သည်…

စောင့်ဆိုင်းရသည့်အရာ

‘‘ငါးမျှားချိတ်တွင် ငါးလာဟပ်ရန် စောင့်စားရခြင်း၊ စွန်လွှတ်ရန် လေသင့်မည့်အချိန်ကို စောင့်စားရခြင်း၊ သောကြာနေ့ရောက်လာရန် စောင့်စားရခြင်း ... အစရှိသည်ဖြင့် လူသားအားလုံးသည် ငံ့လင့်စောင့်စားနေရသောသူများဖြစ်သည်’’ ဟု ကလေးစာပေ ရေးသားသူ စာရေးဆရာ Dr. Seuss က ပြောခဲ့ပါသည်။

အသက်တာ၏အချိန်အများစုတွင် ငံ့လင့်စောင့်စားနေရတတ်သည်။ သို့သော် ဘုရားရှင်သည် မည်သည့်အခါမျှ အလျင်မလို။ ကိုယ်တော်က အေးဆေးပဲဟုထင်ရသည်။ ‘‘ဘုရားရှင်၏အချိန်ရှိပြီး နှောင့်နှေးအချိန်ဆွဲတတ်ခြင်းလည်း ရှိသည်’’ ဟု လက်ခံနိုင်လောက်သည့် ဆိုရိုးလည်း ရှိသည်။ ထို့ကြောင့် ကျွန်တော်တို့ ငံ့လင့်စောင့်စားရခြင်းဖြစ်သည်။

ငံ့လင့်စောင့်စားရခြင်းက ခက်ခဲပါသည်။ လက်ချောင်း များကိုချိုး၊ ဟိုသွားလိုက် ဒီသွားလိုက်၊ မွန်းကြပ်မှုနှင့် သက်ပြင်းချလျက် မရေရာမှု များနှင့် ကျွန်တော်တို့ ပူပန်သောကရောက်နေတတ်ကြသည်။ ‘ဒီလိုစိတ်ပျက်ဖို့ကောင်းတဲ့လူနဲ့ဘာလို့နေနေရတာလဲ’၊ ‘ငြီးငွေ့စရာအလုပ်ကို ဘာလို့လုပ်နေရတာလဲ’၊ ‘ရှက်စရာ ကောင်းတဲ့အပြုအမူ ဘာလို့လုပ်မိတာလဲ’၊ ‘ဒီရောဂါမပျောက်နိုင်တော့ဘူးလား’၊ ဘုရား သခင်က ငါ့ကို…

အမွေအနှစ် ချန်ရစ်ထားခြင်း

လွန်ခဲ့သောနှစ်ပေါင်းများစွာက အိုင်ဒါဟိုပြည်နယ်၏ပြန်လမ်းမဲ့မြစ်တစ်စင်းဖြစ်သော ဆယ်လ်မွန်မြစ်ကမ်းနားတွင် ကျွန်တော်နှင့်သားများသည် လူမနေတော့သည့် ကျေးလက်စိုက်ပျိုးမွေးမြူရေးခြံ၌ တစ်ပတ်တာမျှ အတူနေထိုင်အချိန်ကုန်ဆုံးခဲ့သည်။

တစ်ရက်တွင် ခြံထဲဆင်းပြီး စူးစမ်းလေ့လာရာ သစ်သားမှတ်တိုင် စိုက်ထူ ထားသော ရှေးဟောင်းသင်္ချိုင်းဂူတစ်ခုကို ရှာတွေ့ခဲ့သည်။ မှတ်တိုင်၌ ကမ္ပည်းထိုးထားသောစာများလည်း ဆေးရောင် လွင့်ပြယ် ပျောက်ကုန်ပြီဖြစ်သည်။ တစ်စုံတစ်ယောက်သည် အသက်ရှင်သန်ခဲ့ပြီး သေဆုံးသွားခဲ့သည်။ ယခုတွင် သူ့ကို မေ့လျော့သွားကြပြီဖြစ်သည်။ ထိုအုတ်ဂူနေရာက ၀မ်းနည်းစရာဟု ကျွန်တော်ခံစားရသည်။ အိမ်ပြန်ရောက်ပြီး ဤစိုက်ပျိုးရေးခြံဟောင်းနှင့် ၎င်းနေရာဒေသတစ်ဝိုက် အကြောင်း သမိုင်းကြောင်းကို နာရီပေါင်းများစွာ ပြန်ရှာဖတ်ခဲ့ သော်လည်း ထိုနေရာ၌ မြှုပ်နှံခဲ့သောလူအကြောင်း အချက်အလက် တစ်ခုမှ မရရှိခဲ့ပါ။

အကောင်းဆုံးလူကို နှစ်တစ်ရာနီးပါး မှတ်မိကြသည် ဟု ဆိုရိုးပြောစမှတ်ပြုကြသည်။ ကျန်လူများကိုမူ မေ့ပျောက်ပစ်ကြသည်။ သင်္ချိုင်းမှတ်တိုင်များကဲ့သို့ပင် လွန်ခဲ့သောမျိုးဆက်၏အမှတ်တရများက မကြာမီတွင် ပျောက်ပြယ်သွားသည်။ သို့သော် ကျွန်တော်တို့၏အမွေအနှစ်များကို ဘုရားရှင်၏ မိသားစုမှတစ်ဆင့် လက်ဆင့်ကမ်းပေးခဲ့သည်။ မိမိရှင်သန်ခဲ့သည့်…

အပြစ်ကို ဖော်ပြကုစားပေးခြင်း

ကလေးတစ်ယောက်အနေနှင့် တစ်ခါမှမထွန်ယက်ရသေးသောမြေကို အဖေထွန်ယက် နေသည်ကို ကြည့်နေမိသည်။ ပထမတစ်ထယ်ထိုးပြီးသောအခါ သူမြေဆွခဲ့သောနေရာ၌ ကျောက်တုံးကျောက်ခဲကြီးများ ပေါ်လာပြီး ဖယ်ရှားပစ်ရသည်။ ထို့နောက်တစ်ခေါက်ပြီး တစ်ခေါက် မြေစိုင်များနှံ့ပြီးကြေမွသွားသည်အထိ ထွန်ယက်ခဲ့သည်။ တစ်ခါပြီးတိုင်း သူဖယ်လိုက်သော ဘေးမှမြေစာပုံက ကျောက်တုံးအပုံ  ဖြစ်သွားသည်။ လယ်ထွန်ခြင်းသည်  အခေါက်ပေါင်းများစွာ ထွန်ယက်ရသောအလုပ် ဖြစ်သည်။

ကျေးဇူးတော်ထဲ၌ ကြီးထွားခြင်းသည်လည်း အထက်ပါနည်းလမ်းအတိုင်းဖြစ်သည်။ ယုံကြည်သူဖြစ်ခါစ၌ ကြီးမားသောအပြစ်များ ပေါ်လာပါလိမ့်မည်။ ထိုအပြစ်များ အတွက် ၀န်ချတောင်းပန်ကာ ဘုရားရှင်ထံမှခွင့်လွှတ်ခြင်းကို ကျွန်ုပ်တို့တောင်းခံသည်။ သို့သော် နှစ်များကြာလာသည် နှင့်အမျှ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏အတွင်းနှလုံးသား၌ စိမ့်ဝင်စီးဆင်းလျက် သန့်ရှင်းသောဝိညာဉ်တော်က အခြားသောအပြစ်များကိုပါ ဖော်ပြသည်။ သေးငယ်သော ဒုစရိုက်၊ အရေးမကြီးဟု ထင်မှတ်ခဲ့သည့်အပြစ်များသည် အကျည်းတန်သော၊ ယိုယွင်းသော အတွေးသဘောနှင့် အပြုအမူများ ဖြစ်ကြောင်း ဖော်ပြလာသည်။ မာန်မာန ထောင်လွှားခြင်း၊ မိမိကိုယ်ကို သိမ်ငယ်ခြင်း၊ ညည်းတွားမြည်တမ်းခြင်း၊ ဘက်လိုက်ခြင်း၊ မုန်းတီးခြင်း၊ မိမိကိုယ်ကို အလိုလိုက်ခြင်းများသည်…