စာရေးသူ

အားလုံးမြင်နိုင်ရန်
Elisa Morgan

အဲလီစာမော်ဂန်

အဲလီစာမော်ဂန် (Elisa Morgan)သည် The NIV Mom's Devotional Bible၊ The Beauty of Broken၊ Hello၊ Beauty Full၊ She Did What She Could၊ နှင့် The Prayer Coin စသည့် စာအုပ်များအပါအဝင် စာအုပ်ပေါင်း ၂၅ အုပ်ကျော်မျှ ရေးသားခဲ့သည်။ သူမသည် အပြည်ပြည်ဆိုင်ရာ MOPS (Mothers of Preschoolers) အဖွဲ့အစည်းတွင် CEO အဖြစ် နှစ်ပေါင်း ၂၀ ကြာ လုပ်ကိုင်ခဲ့သည်။ သူမသည် Our Daily Bread Ministries အတွက် Our Daily Bread ဝတ်ပြုကိုးကွယ်ခြင်းစာစဥ်များကို ရေးသားသည်သာမက Discover the Word - နေ့စဥ် ရေဒီယိုအစီအစဥ်၏ တွဲဖက်အစီအစဥ်မှူး အနေနှင့်သော်လည်းကောင်း၊ ၂၀၂၀ ခုနှစ်မှစ၍ God Hears Her – podcast အစီအစဥ်၏ တွဲဖက်အစီအစဥ်မှူး အဖြစ်သော်လည်းကောင်း ဆက်ကပ်ဆောင်ရွက်လျက်ရှိသည်။ အဲလီစာသည် Evan (vice-president of Online Learning for Our Daily Bread Ministries) နှင့် လက်ထပ်ခဲ့သည်။ သူတို့တွင် အရွယ်ရောက် သားသမီးနှစ်ဦးနှင့် မြေးများရှိပြီး အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒဲန်ဗာမြို့ (Denver)တွင် နေထိုင်လျက် ရှိသည်။ သူမအား Really (elisamorgan.com) blog အင်တာနက်စာမျက်နှာတွင် ဆက်သွယ်နိုင်ပြီး Facebook နှင့် Instagram (@elisamorganauthor) နှင့် Twitter (@elisa_morgan) တို့တွင် follow လုပ်နိုင်ပါသည်။

စာမူ/ အကြောင်းအရာ များ အဲလီစာမော်ဂန်

လိုနေသူများကို ကျွေးမွေးပါ

လီဆာနှင့်ဖရယ်ဒီမက်မီလန်တို့သည် အမေရိကန်နိုင်ငံ အဲလ်ဘားမားပြည်နယ် ဘရူးတွန်မြို့တွင် (Alabama, Brewton) ထူးခြားသည့် စားသောက်ဆိုင်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူတို့သည် လာရောက်တန်းစီသူမှန်သမျှကို အခကြေးငွေမယူဘဲ၊ အစားအသောက် ပူပူနွေးနွေးကို တည်ခင်းကျွေးမွေးခဲ့သည်။ ရံဖန်ရံခါ နပ်မှန်အောင်ပင် မစားသောက်နိုင်သူနှင့် စားသောက်ဆိုင်၌ စားသောက်ရသည့် အရသာကို မခံစား ဖူးသည့် အငြိမ်းစားအရွယ် သက်ကြွယ်များအတွက် ထူးထူးခြားခြား လုပ်ပေးလိုခြင်းကြောင့် သူတို့၏စုငွေများကို ရင်းနှီးလျက် ဆိုင်ဖွင့်ခဲ့ကြသည်။ တစ်ခါတစ်ရံ ဆိုင်၌ချထားသည့် အလှူခံပုံးမှ အလှူငွေများ ရရှိသည်။ “တစ်ခါတစ်လေ ပုံးထဲမှာ ကျွန်မတို့ ဘာမှမတွေ့ဘူး။ တစ်ခါတစ်လေ ကျေးဇူးတင်စာ၊ တစ်ခါတစ်လေကျတော့ ဒေါ်လာ ၁၀၀၀ ရတယ်။ ကျွန်မတို့လိုအပ်တဲ့အရာတွေကို အမြဲတမ်းရတယ်။ ကျွန်မတို့ရဲ့ရည်ရွယ်ချက်က လိုအပ်နေသူတွေကို ကျွေးမွေးရင်း သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်တည်ဆောက်ပေးပြီး၊ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ဖို့ပါပဲ”ဟု လီဆာက ပြောပါသည်။

ဘုရားသခင်အပေါ် အမှီမပြုမချင်း လိုအပ်နေသူများကိုဂရုစိုက်ရန်မှာ လေးသည့်ကိစ္စဖြစ်နေသယောင်ပင်။…

ဘုရားသခင်၏အကြံအစည်နှင့် သူ၏လူများ

ကျမ်းစာကျောင်းတစ်ခု၏ အုပ်ချုပ်စီမံရေးအဖွဲ့တွင် ကျွန်မပါဝင်ပြီးနောက် ကြာမြင့်စွာ ဦးဆောင်ခဲ့သော ခေါင်းဆောင်က အငြိမ်းစားယူမည့်အကြောင်းကို ကြေညာခဲ့သည်။ ဥက္ကဋ္ဌသစ်ကို ရှာဖွေရန် တာဝန်ပေးခံရသူများထဲတွင် ကျွန်မလည်းပါဝင်ခဲ့ပြီး၊ အံ့မခမ်းသောအရည်အချင်းစာရင်းကို ကျွန်မတို့အတူတကွ ပြုစုခဲ့ကြသည်။ ဤကဲ့သို့ ရှုပ်ထွေးပြီး အရေးကြီးသောအခန်းကဏ္ဍနှင့် သင့်တော်မည့်သူကို ကျွန်မတို့မည်ကဲ့သို့ရှာတွေ့နိုင်မည်နည်း။

ထိုနည်းတူ တဲတော်၏မီးခုံများကို ရွှေစင်ဖြင့် ထုလုပ်ရန်၊ ခွက်၊ ဘူးသီး၊ ကြာပွင့်များ၊ အလက်ခြောက်လက်တို့ကို တစ်စပ်တည်းထုရန် ဘုရားသခင်၏ အသေးစိတ်ဖော်ပြချက်များကို ဖတ်ရသည်နှင့်ပင် အံ့သြမိသည် (ထွ ၂၅:၃၁-၃၆)။ ပြီးလျှင် တဲတော်ဝင်း ကာရန် “ကုလားကာ(တပ်ဆင်ရန်) တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်” ပြီးစေရမည် (၂၇:၉-၁၀)။ ဤကဲ့သို့တာဝန်များကို မည်သူ ဆောင်ရွက်ပေးနိုင်မည်နည်း။

ဘုရားသခင်က “ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။. . . သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်…

ဆားပါသော အဖြေများ

ဘာ့ထ် (Bert) သည် သူ၏ ငွေထုတ်ကတ်ကို စားသောက်ဆိုင်ငွေပြေစာပေါ်တွင် တင်လိုက်သည်။ စားပွဲထိုးသည် ကတ်ကို ယူလိုက်ပြီး “ခဏလေး၊ “ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” လို့ ပြောတဲ့ ဒီလူက ဘယ်သူလဲ၊ သူပြောထားတာ တိုတိုနဲ့လိုရင်းရောက်တယ်” ဟု ပြောလိုက်သည်။ သူ၏ခရစ်ယာန်ဘဏ္ဍာရေးကုမ္ပဏီက ရိုက်နှိပ်ထားသည့် ယောဟန် ၁၄:၆ မှ သခင်ယေရှု၏နှုတ်ကပတ်တော်ကို စားပွဲထိုးက တုံ့ပြန်နေခြင်းဖြစ်ကြောင်း ဘာ့ထ် သဘောပေါက်သွားသည်။ “ဒီလူ” မည်သူဖြစ်ကြောင်းနှင့် ကျွန်မတို့ကို ဘုရားသခင်ထံဆောင်ကြဉ်းရန် မည်သို့စတေးခံခဲ့ကြောင်း ဘာ့ထ်က ရှင်းပြခဲ့သည်။

မိမိ၏ယုံကြည်ခြင်းအကြောင်း ဘာမျှမသိသူတို့နှင့် ကျွန်မတို့တွေ့သောအခါ ကျွန်မတို့က လှောင်ခြင်း၊ အထင်သေးခြင်းနှင့် တုံ့ပြန်နိုင်ပါသည်။ သို့သော်လည်း “သင်တို့မျှော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား ... ပြန်ပြောခြင်းငှာ အသင့်ရှိနေကြလော့” ဟု တမန်တော်ကြီးပေတရုက ကျွန်မတို့ကို စိန်ခေါ်ပါသည် (၁ ပေ…

ထာဝရကာလအလွန်

ကာတွန်းရုပ်ရှင် Toy Story ၌ ကလေးငယ်တစ်ဦး၏ ကစားစရာအရုပ်များသည် အိပ်ခန်းထဲမှ သူထွက်သွားချိန် (သို့) သူအိပ်ပျော်သွားချိန်တိုင်းတွင် အသက်ဝင်လှုပ်ရှားလာကြသည်။ ဘဇ်လိုက်ရီးယား (Buzz Lightyear) ဟု ခေါ်သည့် ဇာတ်ကောင် အရုပ်တစ်ရုပ်သည် အိပ်ရာအနီးအနား၌ ပျံသန်းရင်း “ထာဝရကာလအလွန်သို့” ဟူသည့် သူ၏ ရေပန်းစားသော စကားလုံးကို အော်ပြောသည်။

ထိုစကားစုသည် လူများစွာကို ရှုပ်ထွေးစေသည်။ ထာဝရကာလသည် ကျွန်မတို့ အဝေးဆုံးသွားနိုင်သည့် နေရာမဟုတ်လား။ ထာဝရကာလ“အလွန်”၌ မည်သည့် အရာရှိနိုင်အုံးမည်နည်း။ ရှေးဂရိအတွေးအခေါ် ပညာရှင်များ၏ ဉာဏ်ပညာကို မှီငြမ်း၍ သင်္ချာပညာရှင် အီယန်စတီးဝပ်(Ian Stewart) က ထာဝရကာလအလွန်၌ ရှိသည့် အရာမှာ ပို၍ ပို၍ကြီးမားသော ထာဝရကာလများဖြစ်ပြီး၊ အဆုံးမရှိ ဆက်၍ ဆက်၍ သွားနေတော့သည်ဟု အဆိုပြုသည်။

သခင်ယေရှုသည် ခွင့်လွှတ်ခြင်းနယ်ပယ်၌ ထိုကဲ့သို့သော ဆတိုးအားထုတ်မှုမျိုးကို အသုံးချပုံပေါ်သည်။…

ကျောက်ခဲတို့၏ ကြွေးကြော်သံကို နားထောင်ပါ

ကျွန်မတို့မိသားစုသည် အဖေ့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို မြစ်ကမ်းဘေးနား၌ ကျင်းပပြီးနောက် သူ့ကို အမှတ်ရစေရန် ကျောက်ခဲတစ်ခဲစီ ကောက်ခဲ့ကြသည်။ သူ့ဘဝသည် စစ်တုရင်ထိုးသကဲ့သို့ အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများကို တွေ့ ကြုံခဲ့ရသော်လည်း သူ့နှလုံးသားသည် ကျွန်မတို့အတွက်ဖြစ်ကြောင်း ကျွန်မတို့ သိသည်။ ချောမွေ့သော ကျောက်ခဲ၏မျက်နှာပြင်ကို လက်ဖြင့် ပွတ်သတ်ရင်း အဖေ့ကို အနီးကပ်ဆုပ်ကိုင်ထားရန် လက်ချောင်းလေးများက သတိပေးနေသည်။

လု ၁၉ တွင်၊ ယေရုရှလင်မြို့သို့ သခင်ယေရှု ဝင်ရောက်စဉ် လူအုပ်က စွန်ပလွံခက်များ ဝှေ့ယမ်းကာ “ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ခဲ့သည်(:၃၈၊ ယော ၁၂:၁၂-၁၃ကို ရှု)။ သူ့ကိုယ်ကို ကယ်တင်ရှင်ဟုဆိုကာ ဘုရားသခင်ကို ပြစ်မှားသည်ဟု ဖာရိရှဲများမှတ်ယူသဖြင့်၊ သူတို့က တပည့်တော်များကို တိတ်ဆိတ်စွာနေဖို့ ပြောရန် သခင်ယေရှုအား အမိန့်ပေးရာ၊ ယေရှုက “ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည်…

ဆင်ကို ကူညီသူများ

တစ်ညသောအခါတွင် ဆင်သားငယ်လေးတစ်ကောင် ရေတွင်းထဲသို့ ပြုတ်ကျနေကြောင်း ကင်ညာနိုင်ငံ ဆင်ဘေးမဲ့တောစခန်းသို့ ဖုန်းဝင်လာသည်။ စိတ်ပျက်ဖွယ် အော်သံများ ဖုံးလွှမ်းနေသည့် ညအမှောင်ထုထဲသို့ ကယ်ဆယ်ရေးအဖွဲ့တို့ ချဥ်းနင်းဝင်ရောက်ချိန်တွင် ခွေးအ(hyenas)များ၏ကိုက်ဖြတ်မှုကြောင့် နှာမောင်းသုံးပုံနှစ်ပုံ ပြတ်သွားသည့် ဆင်ကလေးကို သူတို့တွေ့ရှိခဲ့သည်။ ထိုဆင်သားငယ်လေးကို လုံခြုံသော စခန်းသို့သယ်ဆောင်လာပြီး ၎င်းအား “တစ်ခုခုပြတ်တောက်နေသော’’ ဟု အဓိပ္ပာယ်ရသည့် လောင်းအူရို(Long’uro) ဟူသောအမည်ဖြင့် မှည့်ခေါ်လိုက်သည်။ သူသည် နှာမောင်း သုံးပုံတစ်ပုံကိုသာပိုင်ဆိုင်သော်လည်း ကုသမှုကို ခံယူပြီးနောက် ကျန်းမာလာသောအခါ ထိုစခန်းတွင်းရှိ အခြားသောဆင်များ၏နွေးထွေးကြည်ဖြူ မှုကို ရရှိခဲ့သည်။ ဆင်များသည် မွေးရာပါပင်ကိုယ်ဗီဇအရ အချင်းချင်းကို လိုအပ်ကြသည့်အတွက် သူတို့သည် တစ်ကောင်နှင့်တစ်ကောင် ကူညီဖေးမကြပါသည်။

ခရစ်တော်၏ကိုယ်ခန္ဓာတွင် ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး အချင်းချင်းကို ကူညီမစရန် လိုအပ်ကြောင်း ရှင်ပေါလုက ၁ ကော ၁၂ တွင် မီးမောင်းထိုးပြထား သည်။ ကိုယ်ခန္ဓာတစ်ခု ကောင်းစွာ…

ဘုရားသခင်ထံတော်မှ ထွက်ပြေးခြင်း

ဒေးဗစ်ဗက်တာ(David Vetter)သည် သူ့တစ်ဘဝလုံးကို ပူဖောင်းထဲတွင် ဖြတ်သန်း ခဲ့ပြီးနောက် အသက် ၁၂ နှစ်တွင် ကွယ်လွန်ခဲ့သည်။ သူ့ကို “ပူဖောင်းကောင်လေး” ဟု ခေါ်ကြပြီး၊ သူသည် ပြင်းထန်သောကိုယ်ခံအားကျဆင်းမှု immunodeficiency (SCID)ဖြင့် မွေးဖွားလာသူဖြစ်သည်။ သားဦးကို ရောဂါနှင့်ဆုံးရှုံးခဲ့ရ၍ ဒုတိယကလေးကို ကာကွယ်ရန် သူ့မိဘများက ဆုံးဖြတ်ခဲ့ကြသည်။ သူကြာကြာအသက်ရှည်အောင်နှင့် ပြင်ပကမ္ဘာ၌ ဒေးဗစ်ကို သူ့မိဘများ ပွေ့ချီထိန်းနိုင်အောင် နာဆာအင်ဂျင်နီယာများက ပလတ်စတစ်အကာအကွယ်ပူဖောင်းအပြင် အာကာသ ဝတ်စုံကိုပါ ဒီဇိုင်းထုတ်ပေးခဲ့သည်။ မိမိချစ်ရသူများကို ကျွန်ုပ်တို့ မည်မျှကာကွယ်ချင်လိုက်သနည်း။

အဘိဂဲလ၏မိုက်မဲသောခင်ပွန်းနာဗလသည် ရှင်ဘုရင်ဒါဝိဒ်အပေါ်အမှားလုပ်ခဲ့သည်။ ခဲယဥ်းဆိုးယုတ်သောအချိန်တွင် ဒါဝိဒ်သည် သူကိုယ်တိုင်ကလဲ့စား ချေရန် ရှာကြံခဲ့သည်။ အဘိဂဲလသည် အလျင်အမြန်ထလျက် ဒါဝိဒ်အား တွေ့ပြီး “ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် ကျွန်မသခင်၏အသက်ကို အသက်ထုပ်၌ နှောင်ဖွဲ့တော်မူလိမ့်မည်”(၁ရာ ၂၅:၂၉)ဟု အမြော်အမြင်ဖြင့် သတိပေးခဲ့သည်။ “အထုပ်”နှင့်စပ်လျဥ်းသည့် အယူအဆမှာ အဖိုးတန်ပစ္စည်းများကို ပိုင်ရှင်မှ…

“သေးငယ်သော” အံ့ဩဖွယ်နမိတ်လက္ခဏာများ

ကျွန်မတို့၏ မင်္ဂလာဆောင်လက်ဆောင်ပေးပွဲတွင် ရှက်ကြောက်တတ်သောသူငယ်ချင်း ဒေ့ဗ် က ထောင့်တစ်နေရာတွင် ထိုင်နေပြီး၊ စက္ကူဖြင့်ပတ်ထားသည့် ရှည်မျောမျော ပစ္စည်းတစ်ခုကို ကိုင်ထားသည်။ သူ့အလှည့်ရောက်သောအခါ သူယူလာသည့်လက်ဆောင်ကို ကျွန်မတို့ဖြည်လိုက်သောအခါ စက်ဝိုင်းပုံအရစ်များပါသည့် ရှည်မျောမျောသစ်သားပြားဖြစ်ပြီး၊ ၎င်းတွင် “ဘုရားသခင်၏အချို့သော အံ့ဩဖွယ်ရာများသည် သေးငယ်သည်” ဟူသော စာတန်းလေးပါရှိသည်။ ကျွန်မတို့အိမ်တွင် ထိုသစ်သားပြားကို ချိတ်ထားသည်မှာ ၄၅ နှစ် ရှိခဲ့ပြီဖြစ်ပြီး၊ သေးငယ်သောကိစ္စရပ်များတွင်ပင် ဘုရားသခင်သည် အလုပ်လုပ်နေကြောင်းကို ကျွန်မတို့အား ထပ်ခါထပ်ခါ အမှတ်ရစေပါသည်။ အခွန်အခပေးဆောင်စရာများပေးခြင်း၊ ထမင်းတစ်နပ်ကျွေးမွေးခြင်း၊ အအေးမိသည်ကို ပျောက်ကင်းစေခြင်း စသည်တို့ကို စုပေါင်းလိုက်လျှင် ဘုရားသခင်၏ ကောင်းချီးမှတ်တမ်းသည် အထင်ကြီးစရာ‌ပေ။

ယေရှုရှလင်မြို့နှင့်ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ယုဒပြည်ကို အုပ်ချုပ်သူ ဇေရုဗဗေလသည်လည်း အလားတူသတင်းစကားမျိုးကို ပရောဖက် ဇာခရိမှတဆင့် ဘုရားသခင်ထံမှ ရရှိခဲ့သည်။ ဣသရေလလူမျိုးများသည် ဗာဗုလုန်တွင် ကျွန်ခံပြီးနောက်ပြန်လွတ်လာသောအခါ သူတို့တွင် သာယာဝပြောမှု မရှိ၍…

ကြိုဆိုရေးခြေသုတ်ဖုံ

ရပ်ကွက်လက်လီကုန်စုံစတိုးဆိုင်ကြီးတွင် ပြသထားသည့်ခြေသုတ်ဖုံများကို လိုက်ကြည့်ရင်း၊ ၎င်းမျက်နှာပြင်များပေါ်၌ ရိုက်နှိပ်ထားသည့် စာများကို ကျွန်မသတိထားမိသည်။ “မင်္ဂလာပါ”(Hello)၊ “အိမ်” (Home) စာလုံးများရှိ “အို”အက္ခရာကို အသဲပုံဖြင့် ဖော်ပြထားသည်။ ထုံးစံအတိုင်း “ကြိုဆိုပါ၏” (welcome) ခြေသုတ်ဖုန်ကို ကျွန်မ ရွေးခဲ့သည်။ ‌ခြေသုတ်ဖုန်ကို နေရာတကျထားပြီးနောက် ကျွန်မ၏ စိတ်နှလုံးကို စစ်ဆေးလိုက်သည်။ ကျွန်မ၏အိမ်သည် ဘုရားသခင်အလိုရှိသောပုံစံအတိုင်း အမှန်ပင် လက်ခံကြိုဆိုပါသလား။ ကျောင်းအစီအစဉ်အတွက် ချော့ကလက် လိုက်ရောင်းသောကလေး၊ အကူအညီလိုနေသော အိမ်နီးချင်း၊ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာသော အခြားမြို့ရှိ မိသားစုဝင်တစ်ဦး၊ ထိုသူတို့ကို ကျွန်မကြိုဆိုပါသလား။

မာကု ၉ တွင်၊ သခင်၏ပုံပန်းသဏ္ဌာန်ပြောင်းလဲသွားသောတောင်ပေါ်တွင် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် သန့်ရှင်းသောမျက်မှောက်တော်၌ မှင်သက်ထိတ်လန့်ခဲ့ကြသည်(:၁-၁၃)။ ယေရှုသည် မျှော်လင့်ချက်ပျောက်ဆုံးနေသောဖခင်တစ်ဦး၏ နတ်ဆိုးစွဲသောသားကို ကုသရန် (:၁၄-၂၉) ထိုတောင်မှနေ၍ ကြွသွားလေသည်။ ထို့နောက် ယေရှုသည် သူအသေသတ်ခြင်း…

အလိုတော်အတိုင်း အစေခံခြင်း

Andrew Card (အန်ဒရူး ကဒ်)သည် အမေရိကန်သမ္မတ George W. Bush (ဂျော့ ဒဗလျူ ဘုရှ်)၏ ဝန်ထမ်းအကြီးအကဲဖြစ်ခဲ့သည်။ အိမ်ဖြူတော်တွင် အင်တာဗျူးတစ်ခု၌ သူ၏အခန်းကဏ္ဍအကြောင်း သူက “ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးစီ၏ရုံးခန်းမှာ ‘ကျွန်တော်တို့သည် သမ္မတ၏စိတ်သဘောအလိုအတိုင်း တာဝန်ထမ်းဆောင်ကြသည်’ ဆိုတဲ့ တာဝန်ထမ်းဆောင်ခြင်း ရည်ရွယ်ချက်ကို ဘောင်ခတ်ချိတ်ဆွဲထားပြီး၊ ထိုထုတ်ပြန်ချက်က သမ္မတ သဘောကျကျေနပ်မှုအတိုင်း (သို့) သူနှစ်သက်ရာကို ဆောင်ရွက်ပေးခြင်းကို မဆိုလိုဘဲ၊ သူ့တာဝန်ကျေပြွန်နိုင်ရေး သူသိထားသင့်တဲ့အရာကို ပြောပြဖို့ ကျွန်တော်တို့ အစေခံပေးနေခြင်းဖြစ်တယ်” ဟု ရှင်းပြခဲ့သည်။ သမ္မတ၏ တာဝန်မှာ အမေရိကန်ပြည်ထောင်စုကို အုပ်ချုပ်ရန်ဖြစ်သည်။

ကျွန်ုပ်တို့၏အခန်းကဏ္ဍများနှင့် ဆက်ဆံရေးများစွာတွင် တမန်တော်ရှင်ပေါလု မကြာခဏ တိုက်တွန်းသည့်အတိုင်း အချင်းချင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းအစား လူတို့ကို ကျေနပ်ပျော်ရွှင်စေလိုခြင်းပုံစံသို့ ကျွန်ုပ်တို့ ပြောင်းသွားတတ်ကြသည်။ ဧဖက်သြဝါဒစာ ၄ တွင် ရှင်ပေါလုက “ထိုသခင်(ခရစ်တော်)သည် လူအချို့တို့ကို တမန်တော်အရာ…