အမည်မသိ အမျိုးသမီးများ
Shelia(ရှီလာ)သည် ပိုးသတ်သန့်စင်ဆေးဖြင့် စားပွဲများကို သုတ်ပြီးနောက်၊ တစ်ခါသုံးပန်းကန်ခွက်ယောက် အမှိုက်များနှင့် ပြည့်နေသော အမှိုက်အိတ်ကို ငုံ့၍ ချည်လိုက်ပြီး ပခုံးပေါ်တင်လိုက်ကာ၊ ဘုရားကျောင်း၏ဘက်စုံသုံးအခန်းကို လှည့်ကြည့်လိုက်သည်။ ၎င်းအခန်း၌ ပြုလုပ်မည့်နောက်အစီအစဥ်အတွက် လုပ်အားပေး သန့်ရှင်းရေးလုပ်ပေးခဲ့ပြီး အဆင်သင့်သုံးနိုင်ကြောင်း သေချာအောင် စစ်လိုက်ရင်း၊ သူမစိတ်၌“တစ်ယောက်ယောက်က ငါ့ကို သတိထားမိမှာလား”ဟု အတွေးတစ်စဝင်လာခဲ့သည်။
ဘုရားသခင်နိုင်ငံတော်အတွက် ကျွန်မတို့၏နေ့စဉ်ပါဝင်မှုများကို လူတို့တန်ဖိုးထားမထား တွေးတောရန် လွယ်လှသည်။ သန့်ရှင်းရေး၊ စာရင်းဇယားများ တွက်ချက်ပေးခြင်း၊ ကျမ်းစာသင်တန်းကို ဦးဆောင်ခြင်း၊ ငွေကြေးပါဝင်လှူဒါန်းခြင်း မည်သည့်အလုပ်ဖြစ်ပါစေ၊ မိမိပါဝင်အစေခံမှုကို လူတို့မမြင်၊ လူရှေ့ နာမည်တပ်ပြီး အချီးအမွမ်းမခံရသူ လူများစွာရှိပါသည်။
ရှင်လုကာ ၈:၁-၂ တွင်၊ သခင်ယေရှုအမှုတော်ဆောင်ချိန်တွင် သစ္စာစောင့်သိသော အမျိုးသမီးများ၏အစေခံမှုကို သမိုင်းဆရာလုကာက မှတ်တမ်းတင်ရာ၌ နတ်ဆိုးဘေးနှင့် အနာရောဂါဘေးများမှ ကင်းလွတ်သော မာဂဒလမာရိ၊ ဟေရုဒ်မင်း၏အိမ်မှုကိစ္စစီမံကွပ်ကဲသူ ခုဇ၏ဇနီး ယောဟန္န၊ ရှုရှန္န ဟူသည့် အမျိုးသမီးသုံးဦးတို့ကို…
လမ်းလျှောက်ရင်း ဆုတောင်း
ကျွန်မအကျဉ်းအကြပ်နှင့်တွေ့ပြီ။ ကျွန်မရေးနေသော ဝတ်ပြုကိုးကွယ်ခြင်း စာမူလေး တစ်ဝက်တစ်ပျက်တွင် ကျွန်မ၏စိတ်ကူးစိတ်သန်းများ ခမ်းခြောက်သွား၍၊ “ကိုယ်တော် ကျွန်မဘာဆက်လုပ်ရမလဲ”ဟု ဆုတောင်းလိုက်သည်။ ထိုနောက် လမ်းလျှောက်ခြင်းအားဖြင့် မိမိ၏တီထွင်ကြံဆနိုင်မှုစွမ်းရည် ၆၀% ပို၍ထွက်ပေါ်လာကြောင်း လေ့လာတွေ့ရှိချက်တစ်ခုကို သတိရမိလိုက်သဖြင့်၊ အိမ်အနောက်ဘက်ရှိ လူသွားလမ်းကျဥ်းလေးသို့ ဆင်းသွားပြီး လမ်းလျှောက်ကာ ဘုရားသခင်နှင့် ဆက်စကားပြောနေသည်။ မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် လန်းဆန်းလာပြီး၊ ကွန်ပြူတာရှေ့ပြန်ထိုင်ကာ ကျွန်မ၏ စာမူလေးကိုအပြီးသတ်နိုင်တော့သည်။
၄ ရာ ၄:၁၈-၃၅ တွင် ရှုနင်မြို့သူမိန်းမက သူမ၏သား သေဆုံးသွားသဖြင့် အကူအညီတောင်းခံရာ၊ ဧလိရှဲနှင့်သူ၏ကျွန် ဂေဟာဇိတို့၏ တုံ့ပြန်ကယ်တင်ပေးခဲ့သည့်အကြောင်းကို ဖတ်ရှုရသည်(၄:၂၀-၃၅)။ ဧလိရှဲညွှန်ကြားသည့်အတိုင်း (:၂၉)၊ ဂေဟာဇိသည် သူငယ်၏မျက်နှာပေါ်တွင် တောင်ဝှေးကို တင်လိုက်သည် (:၃၁)။ ဧလိရှဲက ဆုတောင်းသည်။ ထို့နောက် သူငယ်၏အပေါ်မှာ အိပ်ချလိုက်သည်။ နောက်ဆုံးတွင် “ဧလိရှဲသည် အခန်းထဲမှာ စင်္ကြံသွားပြီးလျှင် ချဉ်းပြန်၍ သူငယ်အပေါ်မှာ ကိုယ်ကို လှန်သဖြင့်…
ယေရှုကဲ့သို့ဖြစ်ပါ
ဂျက်လေယာဉ်က သေးသဖြင့် အရပ်မြင့်မြင့် ခရီးသည်တစ်ဦးက ကိုယ်ကိုကြုံ့ထားရာမှ ဆန့်ပြီး မတ်တပ်ရပ်လိုက်ပုံရသည်။ ထိုအခါ “ယေရှုနှင့်တူပါ” ဟူသည့် ထင်ရှားပေါ်နေသော သူ့စာအုပ်၏ခေါင်းစဉ်ကို ကျွန်မသတိပြုမိသည်။ မိနစ်အနည်းငယ်အကြာတွင် ထိုလူက အခြားသူများကို တွန်းဖယ်ကာ တွန်းလှည်းပေါ်မှ သူ့အိတ်ကို ဆွဲယူလိုက်ပြန်သည်။ ယေရှုကဲ့သို့ဖြစ်ပါသလား။ သူသည် ခရစ်တော်ကို သိသော “ညီအစ်ကို”အစစ် ဟုတ်မဟုတ် မသိသော်လည်း၊ ယေရှုကို လွဲမှားစွာကိုယ်စားပြုသော၊ တစ်ကိုယ်ကောင်းဆန်သော ဤအပြုအမူကြောင့် ကျွန်မစိတ်ပျက်သွားမိသည်။
စက်လှေကားပေါ်တွင် ထိုလူကို ထပ်တွေ့ပြီး၊ စာအုပ်အဖုံးကို မြင်နေရဆဲပင်။ ထိုစကားလုံးများက “အီလိုင်ဇာ၊ ယေရှုကဲ့သို့ဖြစ်ပါ။ မစီရင်ပါနဲ့”ဟု ကျွန်မနှလုံးသားကို လာထိသည်။ ကျွန်မ၏ဖြစ်တည်မှုသည် သခင်ယေရှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ထုတ်ပြနေသလားဟု တွေးမိသည်။
ယေရှုကဲ့သို့ ဖြစ်လာခြင်းဆိုသည်မှာ ပြောင်းလဲမှုဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ သခင်၏အလိုတော်ကို ကျွန်မတို့ဝန်ခံလိုက်နာသည့်အခါတွင် သူ၏သဘော သဘာဝကို ကျွန်မတို့အတွင်း၌ တဖြည်းဖြည်း တိုးတက်စေသည့် ဖြစ်စဉ်ဖြစ်သည်။ ရှင်ပေါလုက…
အချိုရည်ဗူးခွံအလွတ်
မူကြိုအရွယ် ကလေးမိခင်များအတွက် အမှုတော်လုပ်ငန်းကို ကျွန်မဦးဆောင်ခဲ့စဉ်တွင်၊ မိခင်များ ရင်ဆိုင်ရသော အဆုံးမရှိသည့် တာဝန်များကိုဖော်ပြရန် ကလေးသေးခံလဲပေးခြင်း၊ နှာခေါင်းသုတ်ပေးခြင်း၊ အရုပ်များကောက်သိမ်းခြင်း စသည်ဖြင့် တင်စားချက်ပုံရိပ်များကို ရှာဖွေခဲ့သည်။ သို့သော် မထင်မှတ်ဘဲ မျက်စိရှေ့ရှိ သောက်ပြီးသား ပိန်ရှုံ့နေသည့်အချိုရည်ဗူးခွံအလွတ်ကို တွေ့ခဲ့သည်။ မိခင်များသည် ပိန်ရှုံ့နေသည့် ဤဗူးခွံအလွတ်များကဲ့သို့ ခံစားနေကောင်းခံစားရနိုင်သည်။ ထိုအမှုတော်လုပ်ငန်းသည် မိခင်များအား သူတို့ကို ပြည့်ဝစေသူ -အသက်ရှင်သော ရေအရင်းအမြစ်ဖြစ်သည့် ယေရှုထံသို့ ပို့ဆောင်ပေးခဲ့သည်။
ယောဟန် ၇ တွင်၊ ဣသရေလလူမျိုးများအား တောကန္တာရတွင် ဘုရား သခင်၏ပို့ဆောင်မှုကို အောက်မေ့သော သကေနေပွဲသို့ သခင်ယေရှုသွားခဲ့သည် (:၁၀)။ ထိုပွဲတွင် ရေသွန်းခြင်းအခမ်းအနားပါဝင်ပြီး၊ အစိုဓာတ်သာလျှင် သီးပွင့်စေနိုင်ကြောင်းနှင့် မေရှိယဆောင်ကြဉ်းလာမည့် ဝိညာဉ်ရေးရာရေ၏ နိမိတ်အရိပ်ကို ဖော်ပြသည်။ သခင်ယေရှုသည် ထိုပွဲတော်၏စောင့်စား မျှော်လင့်ချက်ကို ပြည့်စုံစေသည်—“ရေငတ်သောသူရှိလျှင် ငါ့ထံသို့ လာ၍သောက်လော့။ ငါ့ကို ယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း…
အယောင်ဆောင်လက္ခဏာ
အတုအယောင်တစ်ခုကဲ့သို့ သင်ခံစားဖူးပါသလား။ သင်တစ်ယောက်တည်း မဟုတ်ပါ။ ၁၉၇၀ နှစ်နှောင်းပိုင်းကာလတွင်၊ သုတေသီနှစ်ဦးက မိမိ၏အရည်အချင်း၊
စွမ်းရည် (သို့) လုပ်ဆောင်နိုင်ခြင်းများကို သံသယဝင်ပြီး၊ မိမိကိုယ်ကို အတုအယောင်ပမာ အဓိပ္ပာယ်ကောက်ခြင်းကို “အယောင်ဆောင်လက္ခဏာ”ဟူ၍ သတ်မှတ်ခဲ့သည်။ အောင်မြင်ထက်မြက်သော လူများပင်လျှင် မပြည့်စုံမှုများနှင့် ရုန်းကန်နေရပြီး၊ သူတို့ဘဝ၏ကန့်လန့်ကာနောက်ကွယ်ကို တစ်စုံတစ်ယောက် ချောင်းကြည့်မိပါက သူတို့ဘာမှ မဟုတ်ကြောင်း မြင်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။
ပေါလုသည် ရောမမြို့ရှိ ပထမရာစုအသင်းတော်မှလူများအား “သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်းထက်လွန်၍မထင်ဘဲ၊ ဘုရားသခင်သည်လူအသီးသီး
တို့အား ယုံကြည်ခြင်းကို ဝေပေးတော်မူသည်နှင့်အညီ၊ ကိုယ်ကို လျောက်ပတ်စွာ ထင်ရမည်”ဟု (ရော ၁၂:၃) နှိမ့်ချမှုရှိရန် တိုက်တွန်းခဲ့သည်။ မိမိ၏စွမ်းရည်များကို ရှေ့တန်းတင်ခြင်းမပြုရန် အရေးကြီးကြောင်း ကျွန်ုပ်တို့နားလည်သည်။ သို့သော် မိမိ၏ကိုယ်ပိုင်တန်ဖိုးကို ကျွန်ုပ်တို့သံသယဝင်သောအခါ ဝမ်းနည်းဖွယ်ဖြစ်သည်။ ကိုယ်တော်အားအစေခံရာတွင် အသုံးပြုရန် ကျွန်ုပ်တို့အား ဘုရားပေးအပ်သည့် ဆုကျေးဇူးများဖြင့် အခြားသူတို့အား အစေခံရန်အခွင့် ဆုံးရှုံးရလေပြီ။…
စာနာထောက်ထားသောနာကျင်မှု
ကျွန်မ၏လက်သူကြွယ် ထိခိုက်ဒဏ်ရာရပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်ရန် လပေါင်းများစွာ နာကျင်မှုကို ခံရလိမ့်မည်ဟု ကျွန်မထင်ခဲ့သည်။ လိုအပ်သော လေ့ကျင့်ခန်းများ လုပ်ဆောင်စဉ်ကာလတွင် ၎င်းနှင့်နီးကပ်သည့် လက်သန်းလေးက တဒုတ်ဒုတ်ထိုး၍ နာလာသဖြင့် ဆရာဝန်ထံ သွားပြရာ၊ ဆရာက “ထောက်ထား စာနာသောနာကျင်မှုပါ”ဟု ပြောပြသည်။ လက်သန်းနှင့် လက်သူကြွယ်ကြား ဆက်သွယ်လျက်ရှိသည့် အာရုံကြောလေးများသည် တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုနေပြီး၊ လက်ချောင်းတစ်ချောင်းနာကျင်ပါက အခြားတစ်ချောင်းမှာ စာနာသောအားဖြင့် လိုက်၍ နာကျင်တတ်သည်။
တစ်မူထူးလျက် တစ်လုံးတစ်ဝတည်းဖြစ်သောဘုရားသခင်၏လူများကို တမန်တော်ရှင်ပေါလုက လူ့ခန္ဓာကိုယ်ဖြင့် ရုပ်လုံးဖေါ်ခဲ့သည်။ ၁ ကော ၁၂:၂၁-၂၆ တွင် ရှင်ပေါလုက ကျန်းမာကောင်းမွန်စွာ လည်ပတ်လှုပ်ရှားနေသည့် ပင်မကိုယ်ထည်ဖြစ်စေရန် အစိတ်အပိုင်းတစ်ခုချင်းစီသည် မည်မျှအရေးပါတန်ဖိုးရှိသည်ကို ခွန်အားပေးလျက်၊ ကျွန်မတို့တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ထားပါက စည်းလုံးမှု ရရှိမည်ဆိုသည့်အချက်ကို ဇောင်းပေး၍မိန့်ကြားခဲ့သည်။ “သို့ဖြစ်၍ အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကိုခံရလျှင် အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏” (:၂၆)။ အသင်းတော်၏အပြန်အလှန်ချိတ်ဆက်ရှိနေမှုနှင့်ပတ်သက်၍…
ဘုရားသခင်ပေးသော လွတ်လပ်ခြင်း
မြို့ပြဒီဇိုင်းဗိသုကာပညာရှင်များသည် မူကြိုကစားကွင်းခြံစည်း၌ ရိုးခတ်ခြင်း၏ အကျိုးဆက်များကို လေ့လာခဲ့သည်။ ခြံစည်းရိုးမရှိသော ကစားကွင်းတွင် ကလေးများသည် ကျောင်းအဆောက်အအုံနှင့်၊ ၎င်းတို့၏ဆရာအနီးတွင် စုရုံးလေ့ရှိကြပြီး လမ်းလွဲမသွားကြပေ။ သို့သော် ခြံစည်းရိုးခတ်ထားသော ကစားကွင်းတွင် သူတို့သည် ဧရိယာတစ်ခုလုံး၌ စိတ်ကြိုက်ကစားနိုင်ကြသည်။ နယ်နိမိတ်စည်းသည် ပိုမိုလွတ်လပ်သောခံစားမှုကို ဖန်တီးနိုင်သည်ဟု သုတေသီများက သုံးသပ်ခဲ့သည်။ စည်းကမ်းသည် ပျော်ရွှင်မှုကို ကန့်သတ်သည်ဟု ယူဆသော လူများစွာတို့အတွက် ၎င်းသည် ဆန့်ကျင်ဘက်ဖြစ်ပုံရသည်။ သို့သော် ခြံစည်းရိုးများသည် လွတ်လပ်မှုကို ပေးစွမ်းနိုင်ပါသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့အတွက်သူ၏စည်းမျဥ်းများမှ ပေးသော လွတ်လပ်မှုကို ထင်ရှားစေသည်။ ဣသရေလလူမျိုးသို့ ပညတ်တော်ဆယ်ပါးကို ပေးအပ်ရာတွင်၊ သူသတ်မှတ်ထားသောစည်းမျဥ်းအတွင်း အသက်ရှင်နေထိုင်ခြင်းဖြင့် “သာယာဝပြောသော” အသက်တာကိုရရှိမည်ဟု ကိုယ်တော် ကတိပြုခဲ့သည်။ “သင်တို့ဝင်စားလတံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက်၊ ချမ်းသာရ၍၊ အသက်တာရှည်မည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသောလမ်းအပေါင်းတို့၌ လျှောက်သွားရကြမည်” (တရား ၅:၃၃)။ ဤနေရာတွင်…
လိုနေသူများကို ကျွေးမွေးပါ
လီဆာနှင့်ဖရယ်ဒီမက်မီလန်တို့သည် အမေရိကန်နိုင်ငံ အဲလ်ဘားမားပြည်နယ် ဘရူးတွန်မြို့တွင် (Alabama, Brewton) ထူးခြားသည့် စားသောက်ဆိုင်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူတို့သည် လာရောက်တန်းစီသူမှန်သမျှကို အခကြေးငွေမယူဘဲ၊ အစားအသောက် ပူပူနွေးနွေးကို တည်ခင်းကျွေးမွေးခဲ့သည်။ ရံဖန်ရံခါ နပ်မှန်အောင်ပင် မစားသောက်နိုင်သူနှင့် စားသောက်ဆိုင်၌ စားသောက်ရသည့် အရသာကို မခံစား ဖူးသည့် အငြိမ်းစားအရွယ် သက်ကြွယ်များအတွက် ထူးထူးခြားခြား လုပ်ပေးလိုခြင်းကြောင့် သူတို့၏စုငွေများကို ရင်းနှီးလျက် ဆိုင်ဖွင့်ခဲ့ကြသည်။ တစ်ခါတစ်ရံ ဆိုင်၌ချထားသည့် အလှူခံပုံးမှ အလှူငွေများ ရရှိသည်။ “တစ်ခါတစ်လေ ပုံးထဲမှာ ကျွန်မတို့ ဘာမှမတွေ့ဘူး။ တစ်ခါတစ်လေ ကျေးဇူးတင်စာ၊ တစ်ခါတစ်လေကျတော့ ဒေါ်လာ ၁၀၀၀ ရတယ်။ ကျွန်မတို့လိုအပ်တဲ့အရာတွေကို အမြဲတမ်းရတယ်။ ကျွန်မတို့ရဲ့ရည်ရွယ်ချက်က လိုအပ်နေသူတွေကို ကျွေးမွေးရင်း သူတို့ရဲ့ဂုဏ်သိက္ခာကို ပြန်တည်ဆောက်ပေးပြီး၊ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ဖို့ပါပဲ”ဟု လီဆာက ပြောပါသည်။
ဘုရားသခင်အပေါ် အမှီမပြုမချင်း လိုအပ်နေသူများကိုဂရုစိုက်ရန်မှာ လေးသည့်ကိစ္စဖြစ်နေသယောင်ပင်။…
ဘုရားသခင်၏အကြံအစည်နှင့် သူ၏လူများ
ကျမ်းစာကျောင်းတစ်ခု၏ အုပ်ချုပ်စီမံရေးအဖွဲ့တွင် ကျွန်မပါဝင်ပြီးနောက် ကြာမြင့်စွာ ဦးဆောင်ခဲ့သော ခေါင်းဆောင်က အငြိမ်းစားယူမည့်အကြောင်းကို ကြေညာခဲ့သည်။ ဥက္ကဋ္ဌသစ်ကို ရှာဖွေရန် တာဝန်ပေးခံရသူများထဲတွင် ကျွန်မလည်းပါဝင်ခဲ့ပြီး၊ အံ့မခမ်းသောအရည်အချင်းစာရင်းကို ကျွန်မတို့အတူတကွ ပြုစုခဲ့ကြသည်။ ဤကဲ့သို့ ရှုပ်ထွေးပြီး အရေးကြီးသောအခန်းကဏ္ဍနှင့် သင့်တော်မည့်သူကို ကျွန်မတို့မည်ကဲ့သို့ရှာတွေ့နိုင်မည်နည်း။
ထိုနည်းတူ တဲတော်၏မီးခုံများကို ရွှေစင်ဖြင့် ထုလုပ်ရန်၊ ခွက်၊ ဘူးသီး၊ ကြာပွင့်များ၊ အလက်ခြောက်လက်တို့ကို တစ်စပ်တည်းထုရန် ဘုရားသခင်၏ အသေးစိတ်ဖော်ပြချက်များကို ဖတ်ရသည်နှင့်ပင် အံ့သြမိသည် (ထွ ၂၅:၃၁-၃၆)။ ပြီးလျှင် တဲတော်ဝင်း ကာရန် “ကုလားကာ(တပ်ဆင်ရန်) တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်” ပြီးစေရမည် (၂၇:၉-၁၀)။ ဤကဲ့သို့တာဝန်များကို မည်သူ ဆောင်ရွက်ပေးနိုင်မည်နည်း။
ဘုရားသခင်က “ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။. . . သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်…
ဆားပါသော အဖြေများ
ဘာ့ထ် (Bert) သည် သူ၏ ငွေထုတ်ကတ်ကို စားသောက်ဆိုင်ငွေပြေစာပေါ်တွင် တင်လိုက်သည်။ စားပွဲထိုးသည် ကတ်ကို ယူလိုက်ပြီး “ခဏလေး၊ “ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” လို့ ပြောတဲ့ ဒီလူက ဘယ်သူလဲ၊ သူပြောထားတာ တိုတိုနဲ့လိုရင်းရောက်တယ်” ဟု ပြောလိုက်သည်။ သူ၏ခရစ်ယာန်ဘဏ္ဍာရေးကုမ္ပဏီက ရိုက်နှိပ်ထားသည့် ယောဟန် ၁၄:၆ မှ သခင်ယေရှု၏နှုတ်ကပတ်တော်ကို စားပွဲထိုးက တုံ့ပြန်နေခြင်းဖြစ်ကြောင်း ဘာ့ထ် သဘောပေါက်သွားသည်။ “ဒီလူ” မည်သူဖြစ်ကြောင်းနှင့် ကျွန်မတို့ကို ဘုရားသခင်ထံဆောင်ကြဉ်းရန် မည်သို့စတေးခံခဲ့ကြောင်း ဘာ့ထ်က ရှင်းပြခဲ့သည်။
မိမိ၏ယုံကြည်ခြင်းအကြောင်း ဘာမျှမသိသူတို့နှင့် ကျွန်မတို့တွေ့သောအခါ ကျွန်မတို့က လှောင်ခြင်း၊ အထင်သေးခြင်းနှင့် တုံ့ပြန်နိုင်ပါသည်။ သို့သော်လည်း “သင်တို့မျှော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား ... ပြန်ပြောခြင်းငှာ အသင့်ရှိနေကြလော့” ဟု တမန်တော်ကြီးပေတရုက ကျွန်မတို့ကို စိန်ခေါ်ပါသည် (၁ ပေ…