ပန်းရောင်ကုတ်အင်္ကျီ
ဘရန်ဒါသည် စျေးဆိုင်တန်း၏ထွက်ပေါက်သို့ ဦးတည်သွားနေစဥ် သူ့အမြင်အာရုံ၌ မှန်ပြခန်းမှ စိတ်လှုပ်ရှားဖွယ် ပန်းရောင်လေးကို ဖြတ်ကနဲ တွေ့လိုက်ရသည်။ သူမ ရပ်လိုက်ပြီး အညှို့ခံရသည့်ပမာ ပန်းရောင်ချည်သား ကုတ်အင်္ကျီကို စွဲမက်စွာကြည့်ရင်း “အို ဟိုလီ အရမ်းကြိုက်မှာပဲ” ဟု တွေးမိသည်။ သူမ၏လုပ်ဖော်ဆောင်ဖက် သူငယ်ချင်းဟိုလီမှာ တစ်ကိုယ်တော်မိခင်ဖြစ်ပြီး ငွေကြေး မပြေလည်ရှာပါ။ ဟိုလီ၌ အနွေးထည်လိုအပ်နေကြောင်း ဘရန်ဒါသိပြီး၊ တစ်ချိန်တည်းမှာပင် သူ့သူငယ်ချင်းသည် သူ့လိုအပ်မှုအတွက်ပင် ငွေသုံးမည်မဟုတ်ကြောင်း တပ်အပ်သိနေပြန်သည်။ ခေတ္တမျှ ချီတုံချတုံဖြစ်ပြီးနောက် ဘရန်ဒါသည် ပြုံးလျက် သူ့ပိုက်ဆံအိတ်ကိုထုတ်ပြီး ကုတ်အင်္ကျီကိုဝယ်ပြီး ဟိုလီ၏အိမ်သို့ ပါဆယ်ဖြင့်ပို့ပေးရန် စီစဥ်ကာ သူ့နာမည်ကို မဖော်ပြဘဲ “မင်းက အရမ်းအချစ်ခံရတယ်ကွယ်” ဟူသည့် စာတိုလေးပါ ရေးပေးခဲ့သည်။ သူ့ကားဆီသို့ ပြန်လာသည့် ဘရန်ဒါ၏ခြေလှမ်းများက မြူးကြွလှသည်။
ဝမ်းမြောက်ခြင်းသည် ဘုရားသခင်က အသာတို့ထိနှိုးဆော်မှုဖြင့် ပေးကမ်းခြင်း၏ ဘေးထွက်အကျိုးကျေးဇူးဖြစ်သည်။ ပေးကမ်းခြင်းနှင့်စပ်လျဥ်း၍ ကောရိန္သုမြို့သားတို့အား…
အသင့်စားအစာဖြင့်ခွန်အားပေးမှု
မာရီယာသည် သူမ၏အသင့်စားနေ့လယ်စာကို သယ်ပြီး စားပွဲလွတ်တစ်ခုသို့ သွားလိုက်သည်။ သူမ ဘာဂါကိုကိုက်ရင်း စားပွဲခပ်လှမ်းလှမ်းတွင် ထိုင်နေသော လူငယ်တစ်ယောက်ဆီသို့ သူမ၏မျက်လုံးများ အာရုံစိုက်မိသွားသည်။ သူ့အဝတ် အစားများက ညစ်ပတ်နေပြီး၊ ဆံပင်ဖရိုဖရဲနှင့် စက္ကူခွက် အလွတ်တစ်လုံးကို ဆုပ်ကိုင်ထားသည်။ သူဗိုက်ဆာနေကြောင်း အတပ်ပြောနိုင်ပါသည်။ သူမ မည်သို့ကူညီနိုင်မည်နည်း။ ငွေသားပေးခြင်းက မသင့်လျော်၊ စားစရာ တစ်နပ်စာဝယ်ပြီး လက်ဆောင်ပေးလျှင် သူရှက်နေမည်လား။
ထိုအခိုက် ရုသ၏ ဇာတ်လမ်းကို မာရီယာ သတိရသွားသည်။ မြေပိုင်ရှင် သူဌေးကြီး ဗောဇသည် ဆင်းရဲနွမ်းပါးသော ရွှေ့ပြောင်းလာသူ မုဆိုးမအား သူ့လယ်ကွက်၌ ကောက်သင်းကောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဗောဇသည် သူ၏လူတို့အား “ထိုမိန်းမသည် ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါစေ၊ အရှက်မခွဲကြနှင့်။ ရိတ်ပြီးသောစပါးအချို့ကိုလည်း သူ့အဖို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏” (ရု ၂:၁၅-၁၆)။ အမျိုးသမီးများ၏ အသက်ရှင်ရပ်တည်နိုင်ရေးသည် အမျိုးသားများနှင့်ပတ်သက်ဆက်နွယ်မှုအပေါ်…
နံရံရှိ အပေါက်တစ်ပေါက်
တစ်စုံတစ်ရာက ကျွန်မ၏ပန်းများကို ကိုက်စားနေပါပြီ။ ထိုသို့ ကိုက်စားခြင်း မခံရမီ ပန်းပွင့်များသည် ဦးမော့ကာ မော်ကြွား ပွင့်လန်းနေခဲ့သည်။ ယခုမူ အပွင့်မဲ့ ရိုးတံများအဖြစ်သာ ကျန်ခဲ့သည်။ ကျွန်မ၏ခြံဝင်းပတ်လည်တွင် လိုက်ရှာကြည့်ရာ ယုန်ဝင်ပေါက်တစ်ခုကို သစ်သားခြံစည်းရိုး၌ တွေ့ရှိခဲ့သည်။ ယုန်လေးများသည် ချစ်စရာကောင်းသော်လည်း ထိုအနှောင့်အယှက်ပေးနိုင်သည့် တိရိစ္ဆာန်လေးများသည် မိနစ်ပိုင်းအတွင်း ပန်းခြံတစ်ခုလုံးကို ကုန်သွားစေနိုင်ပါသည်။
ကျွန်မ၏အသက်တာ၌လည်း ဘုရားသခင်၏စရိုက်လက္ခဏာပန်းများ မပွင့်နိုင်အောင် ဖျက်ဆီးနိုင်သည့် “ကျူးကျော်သူများ” ရှိနေပြီလားဟု ဆင်ခြင်မိသည်။ “ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့် တူ၏”ဟု သုတ္တံကျမ်း ၁၅:၂၈ က ဆိုသည်။ ရှေးခေတ်ကာလများတွင် မြို့ရိုးသည် ကျူးကျော်သူတို့ရန်မှ မြို့ကိုကာကွယ်ပေးသည်။ မြို့ရိုးရှိ သေးငယ်သောအပေါက်တစ်ပေါက်ပင်လျှင် တစ်မြို့လုံးအတိုက်ခံရနိုင်သည့် အားနည်းချက်ဖြစ်နိုင်သည်။
သုတ္တံကျမ်းအခန်းကြီးများစွာတွင် မိမိကိုယ်ကိုယ် ထိန်းချုပ်ခြင်းအကြောင်း ဖော်ပြထားသည်။ “ပျားရည်ကိုတွေ့သလော။ ဝရုံသာစားတော့” ဟု သုတ္တံဆရာက ဆိုသည် (၂၅:၁၆)။…
ရွှေငါးလေး မွန်စထရို
လေစီစကော့သည် သူ့မြို့ရှိ အိမ်မွေးတိရစ္ဆာန်ဆိုင်တွင် သနားစရာကောင်းသော ငါးလေးတစ်ကောင်ကို ကန်အောက်ခြေတွင် ရုတ်တရက်တွေ့လိုက်သည်။ ငါးလေး၏အကြေးခွံများမှာ မည်းနေပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများစွာ ရှိနေ သည်။ အသက် (၁၀)နှစ် ရှိပြီဖြစ်သော ထိုငါးလေးကို လေစီ ကယ်တင်ခဲ့ပြီး “Pinocchio” (ပင်နိုချီယို) ပုံပြင်လေးထဲမှ ဝေလငါးကို အစွဲပြုကာ “မွန်စထရို”ဟုနာမည်ပေးလျက် ၎င်းကို “ဆေးကု”ကန်လေး၌ ထည့်ထားပြီး နေ့စဉ်ရေလဲပေး သည်။ မွန်စထရို၏အခြေအနေက တဖြည်းဖြည်းတိုးတက်လာပြီး ရေကူးနိုင်ကာ အရွယ်အစားလည်း ကြီးလာသည်။ သူ၏အမည်းရောင် အကြေးခွံများသည်လည်း ရွှေရောင်သို့ ပြောင်းလဲသွားသည်။ လေစီ၏ ကောင်းစွာဂရုစိုက်မှုနှင့်အတူ မွန်စထရိုသည် အသစ်ပြုပြင်ခြင်းသို့ ရောက်ခဲ့ရသည်။
ရှင်လုကာခရစ်ဝင် ၁၀ တွင် သေလုမြောပါး အရိုက်ခံရပြီး လုယက်ခံရသော ခရီးသွား တစ်ယောက်အကြောင်းကို သခင်ယေရှု ပြောပြသည်။ ယဇ်ပရောဟိတ်နှင့် လေဝိလူသည် ထိုသူ၏ဒုက္ခကို လျစ်လျူရှူ၍ ကျော်သွားကြသည်။ သို့သော်…
ချစ်ကြောင်းပြောသောအစားအစာ
ကျွန်မသွားရောက်ခဲ့သည့် မွေးနေ့ပွဲတွင် အိမ်ရှင်မက အိမ်အပြင်အဆင်၊ လက်ဆောင်များ၊ အကောင်းဆုံးအစားအစာ၌ “သူ့အကြိုက်” ဆိုသည့်အချက်လေး ပေါ်လွင်နေအောင် ဖန်တီးစီစဥ်ထားသည်။ မွေးနေ့ရှင်ကလေးမလေးက အမဲသားကင်နှင့်အရွက်သုပ်၊ အဖြူရောင်ချောကလက်နှင့်ရတ်စ်ဘယ်ရီသီး ကိတ်မုန့်ကို ကြိုက် နှစ်သက်သဖြင့်၊ မိခင်က အမဲသားကင်နှင့်ဟင်းနုနယ်ကို ပြင်ဆင်ထားပြီး အကြိုက်ဆုံးကိတ်မုန့်ကို မှာပေးထားသည်။ သူ့အကြိုက်ဆုံးအစားအစာများက “သမီးကို ချစ်တယ်” ဟူ၍ အဓိပ္ပာယ် ပေါ်လွင်နေသည်။
သမ္မာကျမ်းစာထဲတွင် ဘုရားသခင်၏ သစ္စာတော်နှင့်ပြည့်စုံခြင်းအတွက် ဂုဏ်ပြုချီးမွမ်းခြင်းနှင့်တွဲပြီး စားသောက်ပွဲများကျင်းပကြသဖြင့် စားသောက်ပွဲကြီးများနှင့် ပွဲတော်များအကြောင်း ဖော်ပြထားသည်။ စားသောက်ပွဲကျင်းပခြင်းသည် ယဇ်ပူဇော်ခြင်းဖြင့် ဝတ်ပြုကိုးကွယ်သော ဣသရေလလူမျိုးတို့၏အလေ့အထ ဖြစ်သည်။ ပသခါပွဲတော်ကို (၇)ရက် (သို့) (၈)ရက် ကျင်းပပြီး၊ လဆန်းပွဲတော်ကို တစ်လတစ်ကြိမ် ကျင်းပသည် (တော ၂၈:၁၁-၃၁)။ ဆာလံကျမ်း ၂၃:၅ တွင် သူ၏ ကရုဏာနှင့်ချစ်ခြင်းမေတ္တာတို့ ပြည့်လျှံသည့် စားကောင်းသောက်ဖွယ် အလျှံပယ်နှင့် စားသောက်ပွဲကို ဘုရားရှင်ပြင်ဆင်ပေးကြောင်း…
အသီးကောင်းက အပင်ရောင်းရသည်
ပျိုးပင်စိုက်ခင်း ပိုင်ရှင်တစ်ဦးသည် မက်မွန်ပျိုးပင်ကိုရောင်းရန် ဖြစ်နိုင်ခြေနည်းလမ်း အမျိုးမျိုးကို စဥ်းစားသည်။ အရွက်ဝေဖြာ ပျိုးပင်ငယ်များကို ဆာလာအိတ်ထဲတွင် တန်းစီပြီး လှလှပပ ခင်းကျင်းပြသရမည်လား။ ရာသီအလိုက်ပေါက်ရောက်သော အရောင်အသွေးစုံသည့် မက်မွန်ပင်ပုံများနှင့် စာအုပ်ဖန်တီးရမည်လား။ နောက်ဆုံးတွင် မက်မွန်ပင် ရောင်းထွက်စေမည့်အရာကို သူသိသွားသည်။ အနံ့ချိုမွှေးပြီး လိမ္မော်ရင့်ရောင် အမွှေးထူအခွံနှင့် မက်မွန်သီး ဖြစ်သည်။ မက်မွန်ပင်ကို ရောင်းရန် အကောင်းဆုံးနည်းလမ်းမှာ မက်မွန်သီးမှည့်ကို ခူး၊ အချိုရည်များ လက်ပေါ်သို့ အစက်စက်ကျသည်အထိ အသီးကိုခွဲပြီး ဝယ်ယူသူအား အသီးတစ်စိတ် ကမ်းပေးကာ အရသာကိုမြည်းစေခြင်းဖြစ်သည်။ အရသာကို မြည်းစမ်းပြီးနောက် မက်မွန်ပင်ကို သူတို့ဝယ်ချင်သွားမည် ဖြစ်သည်။
ဘုရားသခင်က သူသည် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း” ဟူသော ဝိညာဥ်အသီးများ လွှမ်းခြုံထားသူအဖြစ် သူ့ကိုယ်သူ ထင်ရှားဖွင့်ပြခဲ့သည် (ဂလ…
ဆုတောင်းချိန်၌ စကားလုံးမဲ့ခြင်း
မွေးကင်းစမောင်လေး ခွဲစိတ်ခန်းဝင်ရသောအခါ ကျွန်မစိတ်ပူပန်ခဲ့ရသည်။ ‘Tongue-tied’ (ankyloglossia - တင်းကြပ်နေသာတစ်ရှူးများကြောင့် လျှာထိပ်နှင့် ပါးစပ်ကြမ်းပြင်ကြား ချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေခြင်း) ဆိုသည့် မွေးရာပါ လျှာဖွဲ့စည်းပုံချို့ယွင်းသော ရောဂါကြောင့် အကူအညီမပါလျှင် စားသောက်ခြင်း၊ စကားပြောဆိုခြင်းများ ဖြည်းဖြည်းချင်း နှောင့်နှေးသွားနိုင်သည်။ ယခုခေတ်တွင် ‘tongue-tied’ ဆိုသည့် အသုံးအနှုန်းကို ပြောစရာစကားလုံး ရှာမတွေ့သော အခါမျိုး သို့မဟုတ် စကားပြောရန် ရှက်နေသောအချိန်မျိုးတွင် သုံးလေ့ရှိသည်။
တစ်ခါတစ်ရံ ကျွန်မတို့ဆုတောင်းသောအခါ လျှာအချုပ်ခံထားရသကဲ့သို့ ဘာပြောရမှန်းမသိ ဖြစ်တတ်သည်။ ဝိညာဉ်စာစုများ၊ အဖန်တစ်ရာထပ်နေသော စကားလုံးများနှင့် မိမိခံစားချက်များကို လေးမြှားကဲ့သို့ ကောင်းကင်ဘုံသို့ ပစ်ခွင်းပြီး ဆုတောင်းလျှင် ဘုရားသခင်နားညောင်းမည်ဟု ကျွန်မတို့ထင်မှတ်လျက် အတွေးများက ဦးတည်ရာမဲ့လမ်းကြောင်းပေါ်၌ ကွေ့ကောက် ပြေးလွှားနေသည်။
တမန်တော်ရှင်ပေါလုသည် ပထမရာစုနှစ်က ခရစ်တော်ကိုယုံကြည်သော ရောမလူမျိုးများထံ စာရေးကာ မည်သို့ဆုတောင်းရမှန်းမသိ ဖြစ်နေပါက သန့်ရှင်းသောဝိညာဉ်တော်ထံမှ မစမှုတောင်းရန် ပြောခဲ့သည်။…
တောင်းပန်စရာမလိုသည့်မျက်ရည်စက်များ
“တောင်းပန်ပါတယ်” ဟု ခယ်ရန်က မျက်လုံးမှစီးဆင်းလာသော မျက်ရည်အတွက်တောင်းပန်သည်။ သူမသည် ခင်ပွန်းသည်ဆုံးခဲ့ပြီးနောက် ဆယ်ကျော်သက်အရွယ်ကလေးများကို ပြုစုပျိုးထောင်လျက် အစွမ်းကုန် ရုန်းကန်နေရသည်။ သူမ၏မိသားစု အပန်းဖြေနိုင်အောင်၊ သူလည်း အနားရအောင် အသင်းတော်မှအမျိုးသားများက စနေ၊ တနင်္ဂနွေစခန်းချ ခရီးစဥ်လေးစီစဥ်ပေးသဖြင့် ခယ်ရန် အလွန်ဝမ်းမြောက် ကျေးဇူးတင်ပြီး မျက်ရည်ကျမိသည့်အတွက် အဖန် တလဲလဲတောင်းပန်သည်။
ကျမျက်ရည်များအတွက် ကျွန်မတို့အဘယ်ကြောင့် တောင်းပန်ကြသနည်း။ ဖါရိရှဲရှိမုန်က သခင်ယေရှုကို ညစာစားပွဲသို့ခေါ်ဖိတ်ခဲ့သည်။ စားသောက်ပွဲ၌ သခင်ယေရှု လဲလျောင်းနေစဉ် အပြစ်၌ ကျင်လည်ခဲ့သော အမျိုးသမီးတစ်ဦးသည် ဆီမွှေး နံ့သာထည့်ထားသည့် ကျောက်ဖြူခွက်ကို ယူလာကာ “ကိုယ်တော်၏နောက်တော်၌ ခြေတော်အနီးမှာရပ်လျက် ငိုကြွေး၍ ခြေတော်ပေါ်သို့ မျက်ရည်ကျလျှင် မိမိဆံပင်နှင့်သုတ်လေ၏။ ခြေတော်ကိုလည်းနမ်း၍ ဆီမွှေးနှင့်လိမ်းလျက်နေလေ၏” (လု ၇: ၃၈)။ တောင်းပန်ခြင်းမရှိဘဲ သူမ၏ဆံပင်အထုံးကိုဖြေလျက် သခင့်ခြေတော်ခြောက် သွားအောင် ဆံပင်ဖြင့် သုတ်ပေးခြင်းဖြင့် သခင့်အပေါ်ထားသည့်မေတ္တာကို ဖော်ပြ…
ဘုရားသခင်၏လက်ယာလက်
ကျွန်မ၏ခွေးအိုကြီးဝီလ်ဆင်ကို မြက်တောထဲ လွှတ်လိုက်ပြီး တစ်ဆက်တည်း ခွေးပျိုလေးခို့ချ်ကို လည်ပတ်ကြိုးဖြေပေးလိုက်သည်။ ခို့ချ်၏ လည်ပတ်ကြိုးကို ကုန်းကောက်လိုက်စဉ် သူက ယုန်တစ်ကောင်ကို တွေ့ပြီး လိုက်သဖြင့် ကျွန်မ၏ညာလက်မှ ခွေးလည်ပတ်ကြိုးလွတ်သွားပြီး လက်သူကြွယ်ကို ပတ်ရစ်ဆွဲသွားသည်။ ကျွန်မလည်း မြက်ပေါ်လဲကျသွားပြီး နာကျင်စွာ အော်ညည်းမိခဲ့သည်။
အရေးပေါ်ကုသမှုပြီးနောက် ခွဲစိတ်ကုသရန် လိုအပ်ကြောင်းသိလိုက်ရသဖြင့် “ကျွန်မက စာရေးဆရာလေ။ ဘယ်လိုစာရိုက်ရမလဲ။ ကျွန်မရဲ့နေ့စဉ်တာဝန်တွေကို ဘယ်လိုလုပ်ရမလဲ” ဟု ဘုရားရှင်၏မစမှုကို တောင်းခံခဲ့သည်။ ကိုယ်တော်က သူ့နည်းလမ်းအတိုင်း နေ့စဉ်သမ္မာကျမ်းစာဖတ်ရှုခြင်းမှ ကျွန်မကို စကားပြောခဲ့ သည်။ “သင်၏ဘုရားသခင် ထာဝရဘုရားက မစိုးရိမ်နှင့်။ ငါမစမည်ဟု သင့်အားဆိုလျက် သင်၏လက်ယာလက်ကို ကိုင်မည်” (ဟေရှာ ၄၁:၁၃)။ ထိုကျမ်းပိုဒ်၏ ရှေ့နောက်အကြောင်းအရာကို ဖတ်ကြည့်သောအခါ ဟေရှာယမှ ဘုရားသခင်၏ သတင်းစကားကို ယုဒပြည်ရှိ ကိုယ်တော်၏လူများအား ကြားပြောပေးသည့် အကြောင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားရှင်နှင့် အထူးတလည်ဖြစ်သည့်…
ပူဆွေးမှုအတွက် အဘိဓာန်
Hugh (ဟုဂျ်) နှင့် DeeDee (ဒီးဒီး) တို့သည် သူတို့၏တစ်ဦးတည်းသောကလေး ကောင်းကင်သို့ထွက်ခွာသွားပြီးနောက် မည်သို့ပြောရမှန်းမသိသည့် ဝေဒနာနှင့်ရုန်းကန်ခဲ့ရသည်။ အင်္ဂလိပ်ဘာသာ၌ သားသမီးကိုဆုံးရှုံးလိုက်ရသည့် မိဘကိုဖော်ပြရန် တိကျသည့် စကားလုံးမရှိပါ။ ခင်ပွန်းဆုံးသွားသည့်မိန်းမဆိုလျှင် မုဆိုးမ၊ ဇနီးဆုံးသွားသည့် ယောက်ျားဆိုလျှင် မုဆိုးဖို၊ စွန့်ပစ်ခံရသည့် ကလေးဆိုလျှင် မိဘမဲ့ဖြစ်သည်။ ရင်သွေးကို ဆုံးရှုံးလိုက်ရသည့်မိဘများသည် ပြောမပြတတ်သည့်နာကျင်မှုကို ခံစားရပါသည်။
ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးကင်းစကလေးသေဆုံးခြင်း၊ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်း၊ ဖျားနာခြင်း၊ မတော်တဆဖြစ်ခြင်း စသည်ဖြင့် သေခြင်းတရားသည် ဤကမ္ဘာမြေမှ ကလေးငယ်ကို ခိုးယူပြီး သက်ရှင်ကျန်ရစ်သည့် မိဘများကို ဖွဲ့နွဲ့ မကုန်နိုင်အောင်ခံစားရစေသည်။
ဘုရားသခင်၏ တစ်ပါးတည်းသောသားတော် သခင်ယေရှုသည် လက်ဝါးကပ်တိုင်၌ သေလုဆဲဖြစ်ချိန်တွင် "အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏" (လု ၂၃:၄၆)ဟု ကိုယ်တော့်ကို ဟစ်ခေါ်ခဲ့သည့်အတွက် ဆိုးရွားလှသည့် ပူဆွေးမှုကြီးကို ဘုရားသခင်ကိုယ်တိုင်က နားလည်ပြီးသားဖြစ်သည်။ သခင်ယေရှုကို…