သင်၏လုံခြုံရာနေရာ
မိသားစုဆွေမျိုးများ ပြန်လည်တွေ့ဆုံခြင်းပွဲသို့ တက်ရောက်ရန် ကျွန်မ သမီးနှင့်အတူ စီစဉ်ခဲ့သည်။ သူသည် ခရီးစဉ်အတွက် စိတ်လှုပ်ရှားနေသဖြင့် ကျွန်မက ကားမောင်း ပေးမည်ဟု ပြောခဲ့သည်။ သူက “ကောင်းတယ်။ ဒါပေမဲ့ သမီးကားနဲ့ဆို ပိုစိတ်ချရတယ်။ မောင်းနိုင်တယ်မဟုတ်လား” ဟုမေးသည်။ သူ၏ကားက ကျွန်မ၏ ကျဉ်းကျဉ်းကြပ်ကြပ် ကားနှင့်စာလျှင် ကျယ်ကျယ်ဝန်းဝန်းရှိသည်ဟု သူယူဆ နေသလားဟုအထင်ဖြင့် သူအား “မေမေ့ကားက ကျဉ်းကျုံ့ နေလို့လား” ဟုမေးလိုက်သည်။ “မဟုတ်ပါဘူး၊ ကျွန်မ ကားက ကျွန်မအတွက် စိတ်ချရတဲ့နေရာဖြစ်လို့ပါ။ ကျွန်မ အတွက် လုံခြုံမှုရှိတယ်လို့ ခံစားရလို့ပါ”ဟုသူဖြေသည်။
သူ၏သုံးသပ်ချက်က ကျွန်မ၏ကိုယ်ပိုင် “လုံခြုံသည့်နေရာ” ကို စဉ်းစားရန် စိန်ခေါ်နေသည်။ ရုတ်ခြည်းပင် သုတ္တံကျမ်း ၁၈း၁၀ ကို ဆင်ခြင်မိသည်။ “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သော သူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။” ဓမ္မဟောင်း ခေတ်ကာလတွင်…
‘‘Nozomi’’ မျှော်လင့်ခြင်း
၂၀၁၁ ခုနှစ် တိုကျိုမြို့အရှေ့မြောက်ဘက်တွင် ပြင်းအား ၉ မက္ကနီကျူ့ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်ခဲ့သော ဆူနာမီ လှိုင်းလုံးကြီးများသည် အသက်ပေါင်း ၁၉,၀၀၀ နှင့် အိမ်ခြေ ၂၃၀,၀၀၀ ကို ဖျက်ဆီးခဲ့သည်။ ဤတွက်ချက်စိစစ်မှုများ ပြီးစီးသည့်နောက် လုံလောက်သော ဝင်ငွေ၊ ဝန်းကျင်၊ ဂုဏ်သိက္ခာနှင့် ၎င်းအရာများကို ပေးသနားသည့် ဘုရားသခင်ထံ မျှော်လင့်ခြင်း စသည့် အဓိပ္ပာယ်ကို ဆောင်သည့် ‘‘Nozomi’’ ပရောဂျက် ကို စတင်ခဲ့သည်။ ဂျပန်စကားလုံး ‘‘Nozomi’’ ၏အဓိပ္ပာယ်မှာ မျှော်လင့်ခြင်း ဖြစ်သည်။
Nozomi အမျိုးသမီးများသည် ပျက်စီးနေသော အိမ်နှင့် ပရိဘောဂပုံအကြားတွင် တရုတ်ကြွေထည် အပိုင်းအစ အကျိုးအပဲ့များကို ကော်ပတ်စားပြီးပုံစံခွက်တွင် ပုံသွင်းကာ၊ လက်ဝတ်လက်စားအဖြစ် ထုတ်လုပ်ကာ ကမ္ဘာအနှံ့တွင် ရောင်းချသည်။ ဤသို့ဖြင့် ခရစ်တော်၌ ယုံကြည်ခြင်းကို ပုံဆောင်သည့် လက်မှုပစ္စည်းလေးများက…