သာမန်လူသား
အလွန်ချူချာသော ဝီလီယံ ကယ်ရီ သည် အင်္ဂလန်နိုင်ငံ နော့သမ်တမ်မြို့အနီးတွင် နေထိုင်သော အညတရမိသားစုမှမွေးဖွားလာသူဖြစ်သည်။ သူ၏အနာဂတ်မှာ မရေရာ မသေချာပါ။ သို့သော်ငြားလည်း ဘုရားသခင်က သူအတွက် အစီအစဉ် ရှိထားနှင့်သည်။ ဆိုးရွားသောမပြေလည်မှုများကို ကြံ့ကြံ့ခံပြီး အိန္ဒိယသို့ ပြောင်းရွှေ့နေထိုင်ကာ လူမှုရေးရာများကို အံ့မခမ်း ပြုပြင်ပြောင်းလဲပေးခဲ့ပြီး သမ္မာကျမ်းစာကိုလည်း အိန္ဒိယတိုင်းရင်းသား ဘာသာစကား များစွာသို့ ပြန်ဆိုပေးခဲ့သည်။ သူသည် ဘုရားသခင်ကို ချစ်သည်။ လူသားများကို ချစ်ခင်လေးစားသည်။ ကိုယ်တော်
အတွက် အမှုများစွာကို ပြီးစီးအောင်မြင် ဆောင်ရွက်ပေးခဲ့သည်။
ယေရှဲ၏သား ဒါဝိဒ်သည် မိသားစုတွင် အသက် အငယ်ဆုံးသော သာမန်လူငယ်တစ်ဦးသာဖြစ်ပြီး ဗက်လင် ကုန်းမြင့်ပေါ်တွင် မထင်မရှား သိုးကျောင်းနေသူတစ်ဦးသာ ဖြစ်သည် (၁ရာ ၁၆း၁၁-၁၂)။ သူ၏စိတ်နှလုံးကို ဘုရားသခင် မြင်တော်မူပြီး သူ့အတွက် ကိုယ်တော်၌ အစီအစဉ်ရှိသည်။ ရှောလုမင်းသည် နာခံခြင်းမရှိသည့်အတွက် ဘုရားရှင်…