စာရေးသူ

အားလုံးမြင်နိုင်ရန်
James Banks

ဂျိမ်းစ်ဘန့်စ်

ဆရာကြီး ဒေါက်တာ ဂျိမ်းစ်ဘန့်စ်တို့ဇနီးမောင်နှံတွင် အရွယ်ရောက်သားသမီးနှစ်ဦးရှိပြီး ဆရာကြီး ကြည့်ရှုနေသည့် Peace Church တည်ရှိရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဒါဟမ်းဒေသ၌ နေထိုင်လျက်ရှိသည်။ ဆရာကြီးသည် The Lost Art of Praying Together, Praying the Prayers of the Bible, Prayers for Prodigals, and Prayers for Your Children. အစရှိသည့် စာအုပ်များကို ရေးသားသူလည်း ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျိမ်းစ်ဘန့်စ်

ခိုင်ခံ့သေချာသော မျှော်လင့်ခြင်းအုတ်မြစ်

ပေါင် ၁၁၀ ရှိသော Labrador Retriever ခွေးအမဲလေး Bear ထံမှရရှိသော သင်ခန်းစာကဲ့သို့ ယုံကြည်ခြင်းသင်ခန်းစာများသည် မထင်မှတ်သောနေရာများမှ လာတတ်ပါသည်။ Bear ၏ရေခွက် သံပန်းကန်လုံးကြီးသည် မီးဖိုချောင်၏ထောင့်တွင် ရှိသည်။ ပန်းကန်လုံးထဲတွင် ရေကုန်သွားပါက သူသည် ဟောင်လည်းမဟောင်၊ မကုတ်ခြစ်ပါ။ သို့သော် သူသည် ထိုပန်းကန်လုံးဘေးတွင် အသာလေး လှဲကာ ရေထည့်မည့် အချိန်ကို စောင့်သည်။ တစ်ခါတစ်ရံ Bear သည် မိနစ် အတန်ကြာအောင် စောင့်နေရတတ်သည်။ သို့သော် နောက်ဆုံးတွင် ကျွန်တော် မီးဖိုချောင်ထဲသို့ ဝင်လာပြီး သူ့ကို မြင်မည်၊ ပြီးလျှင် သူ၏ လိုအပ်မှုကို ဖြည့်ဆည်းပေးမည်ဟု သူယုံကြည်သည်။ ၎င်းကို သူသင်ယူခဲ့သည်။ ကျွန်တော့်အပေါ် ၎င်း၏ ရိုးစင်းသော ယုံကြည်ခြင်းသည် ဘုရားသခင်အား တိုး၍ ကိုးစားယုံကြည် ပုံအပ်ရန်လိုကြောင်း သတိပေးနေပါသည်။

နှုတ်ကပတ်တော်၌…

အရာအားလုံးအသစ်

ကားအမှိုက်ပုံဝင်းက ကျွန်တော့်ကို ဆွဲဆောင်သည်။ ကားအဟောင်းများနှင့် အလုပ်ရှုပ် ရသည်ကို ကျွန်တော်နှစ်သက်ပြီး အိမ်အနီးနားရှိ ကားအမှိုက်ပုံသို့ မကြာခဏ သွားရောက် လည်ပတ်လေ့ရှိသည်။ ဝင်းက တိတ်ဆိတ်သည်။ တစ်ချိန်က တန်ဖိုးထား ပိုင်ဆိုင်ခြင်းခံရပြီး ယခုစွန့်ပစ်ခံရသော ကားအဟောင်းများကြားတွင် လေပြေညင်းကဖြည်းညင်းစွာ တိုက်ခတ်လျက်ရှိသည်။ ကားဟောင်း ကားပျက် အမျိုးစုံစွာရှိပြီး အချို့က အသုံးဝင်သည်ထက် ပို၍ အသုံးပြုခြင်း ခံခဲ့ရသည်။ ကားအဟောင်း များကြား၌ ဖြတ်လျှောက်သွားရင်း ကျွန်တော့်အာရုံက ကားတစ်စီး၌ ကျရောက်လေ့ရှိပြီး ၎င်း၏သက်တမ်းအတွင်းက စွန့်စားခန်းများအကြောင်းကို ကျွန်တော်တို့ စဉ်းစားမိသည်။ ကားအသီးသီး၌ ဇာတ်လမ်းတစ်ခုစီရှိသည်။ နောက်ဆုံးပေါ် မော်ဒယ်ကို လူတို့ ငမ်းငမ်းတက်လိုချင်ခဲ့ကြပြီး မလွန်ဆန် နိုင်သော အချိန်၏တိုက်စားမှုကြောင့် နောက်ဆုံး ထိုကားကို စွန့်ပစ်ကြသည်ပင်။

ကားအစိတ်အပိုင်းဟောင်းတစ်ခုကို အသက်သွင်း ရခြင်းကို ကျွန်တော် နှစ်သက် ဂုဏ်ယူမိသည်။ စွန့်ပစ်ထားသော အစိတ်အပိုင်းတစ်ခုကို ယူ၍…

အချိန်အခိုက်အတန့်ကို အစိုးရသော ဘုရားသခင်

မကြာသေးမီအချိန်က ၃ နာရီခရီးအကွာအဝေးရှိ ကျွန်တော့်သားအိမ်၌ အိမ်ပြင်သည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ကြီးကြပ်ပေးခဲ့သည်။ အလုပ်က ထင်ထားသည်ထက် ရက်ပိုကြာခဲ့သည်။ နံနက်တိုင်းတွင် နေဝင်ချိန်၌ အလုပ်များပြီးပါစေဟု ကျွန်တော် ဆုတောင်းသည်။ သို့သော် နေဝင်သွားတိုင်း၌ လုပ်စရာများ ကျန်နေဆဲဖြစ်သည်။

အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အလုပ်ကြန့်ကြာရသည့် အကြောင်းရင်း တစ်ခုခုရှိသလား ဟု ကျွန်တော် တွေးမိ
သည်။ နောက်တစ်နေ့တွင် အဖြေ သိရပါပြီ။ အလုပ်စရန် ပစ္စည်းကရိယာများ ကောက်ကိုင်လိုက်စဉ် ဖုန်းဝင်လာသည်။
လူစိမ်းတစ်ဦးထံမှဖြစ်ပြီး သူ့အသံက အလျင်လိုနေသည်။ ‘‘ခင်ဗျားသမီး မတော်တဆယာဉ်တိုက်မှုဖြစ်လို့၊ အခုချက်ခြင်း လာခဲ့ပါ’’ ဟု ပြောသည်။ သမီးက သား၏ အိမ်နှင့် ၁၄ မိနစ် အကွာအဝေးတွင်သာ နေထိုင်သည်။ ကျွန်တော်သာ အလုပ်များပြီး၍ ကျွန်တော့်အိမ်သို့ ပြန်သွား ပါက ၃ နာရီ ခရီးအကွာအဝေးတွင်…

မည်သူမောင်းနှင်နေသနည်း

မောရစ် စန်ဒက် ရေးသားသည့် Where the Wild Things Are ကလေးစာအုပ်တွင် ‘‘အရိုင်း’’ (wild thing) ဆိုသော ဇာတ်ကောင်လေးပါရှိသည်။ ကျွန်တော့် အိမ်နီးချင်း တင်းမ် က ‘‘အရိုင်း’’ အရုပ်လေးကို သူ့ကားထဲမှာ ထားထားသည်။ မကြာသေးမီက တင်းမ်သည် ကျွန်တော့်ကား နောက်မှ သူ့ကားကို လိုက်ပါမောင်းနှင်ရင်း ကျွန်တော့်ကားကို မှီအောင် သူရုတ်တရက် အရှိန်တင်မောင်းခဲ့သည်။ လိုရာခရီး ရောက်သော် ကျွန်တော်က သူ့အား “အရိုင်း ကားမောင်း နေတာလား’’ဟု နောက်လိုက်သည်။

ထို့နောက် တနင်္ဂနွေနေ့တွင် ကျွန်တော်၏ တရားဟောမှတ်စုအိမ်၌ ကျန်ခဲ့သဖြင့် အသည်းအသန် ကားမောင်း အိမ်ပြန်ယူခဲ့ရပြီး လမ်း၌ တင်းမ်၏ကားကိုလည်း တွေ့ခဲ့သေးသည်။ နောက်ပိုင်း ကျွန်တော်တို့ ပြန်တွေ့ ကြချိန်တွင် တင်းမ်က ‘‘ အရိုင်း ကားမောင်းတာလား’’ ဟု…

ကျွန်ုပ်အလို မဟုတ်၊ သခင့်အလိုပါ

ကမ်မီနှင့် ဂျိုးဝဲလ်တို့၏ ၈ နှစ်သမီးလေး ရီမာသည် ရှားပါးသွေးကင်ဆာတစ်မျိုး ခံစားနေရကြောင်း အဖြေထွက်သောအခါ သူတို့နှစ်ဦး ဆောက်တည်ရာမရဖြစ်သွားသည်။ ထိုရောဂါကြောင့် လေဖြတ်သကဲ့သို့ ဖြစ်သွားပြီး ရီမာတစ်ယောက် မလှုပ်မယှက် မျောသွားသည်။ ဆေးရုံမှ ဆေးကုသရေးအဖွဲ့က ရီမာအသက်ရှင်ခွင့် ၁ ရာခိုင်နှုန်းမျှပင် မပေးဘဲ မိဘနှစ်ပါးကို ရီမာ၏အသုဘအစီအစဉ်များ ဆောင်ရွက်ရန် အကြံပြုကြသည်။

ကမ်မီနှင့် ဂျိုးဝဲလ်တို့ အစာရှောင်ဆုတောင်းလျက် နိမိတ်လက္ခဏာတောင်းခံသည်။ ‘‘ဆုတောင်းရင်းနဲ့ ဘာဘဲဖြစ်ဖြစ် ဘုရားသခင်ကိုပဲ အားကိုးယုံကြည်ဖို့ လိုတယ်၊ ပြီးတော့ သခင်ယေရှု ဆုတောင်းသလို ကျွန်ုပ် အလိုအတိုင်း မဟုတ်ဘဲ၊ ကိုယ်တော့်အလိုအတိုင်း ဖြစ်ပါစေလို့ ဆုတောင်းတယ်’’ ဟု ကမ်မီက ပြောသည်။ ‘‘ဘုရားသခင် ရီမာကို အနာငြိမ်းပေးဖို့ကိုပဲ ကျွန်တော်တကယ်လိုချင်ခဲ့တယ်’’ ဂျိုးဝဲလ်က ရိုးသားစွာ ဝန်ခံသည်။ ‘‘ဟုတ်တယ်လေ၊ ငါတို့ အဲဒီလိုပဲ တောင်းသင့်တာပေါ့... ဒါပေမဲ့ ...…

သူ့အား ဦးစွာ ယုံကြည်ကိုးစားပါ

“မလွှတ်လိုက်နဲ့ဖေဖေ”
“မလွှတ်ပါဘူးကွာ။ ဖေဖေကိုင်ထားပါတယ်။ ဖေဖေ ကတိပေးပါတယ်။”

ကျွန်တော်ငယ်စဉ်က ရေကို အလွန်ကြောက်ပါသည်။ သို့သော် အဖေက ကျွန်တော် ရေကူးတတ်စေချင်သည်။ သို့နှင့် အဖေက သူတစ်ဦးတည်းကိုသာ ကျွန်တော် အားကိုးနိုင်သည့် နေရာ - ကျွန်တော့်ခေါင်းမြုပ်သည့် ရေနက်ပိုင်းသို့ ခေါ်သွားသည်။ ထို့နောက် ကျွန်တော့်ကို အကြောလျှော့နည်း၊ ကိုယ်ဖော့နည်းတို့ကို သင်ပေးသည်။

ထိုအခြင်းအရာသည် ရေကူးနည်း တစ်ခုတည်း ကိုသာ သင်ပေးခြင်းမဟုတ်ဘဲ လူတစ်ဦးတစ်ယောက်အပေါ် ယုံကြည်ကိုးစားခြင်းကိုလည်း သင်ကြားပေးသည်။ ဖေဖေသည် ကျွန်တော့်ကို အလွန်ချစ်ပြီး ကျွန်တော့်ကို ထိခိုက် နာကျင်စေရန် မရည်ရွယ်သော်လည်း ထိုစဉ်က ကျွန်တော် အမှန်ပင် ကြောက်ရွံ့မိသည်။ ကျွန်တော်က အဖေ့လည်ပင်း ကို တင်းကျပ်စွာ ဆုပ်ကိုင်သောအခါ သူက ဘာမှမဖြစ် ကြောင်း ကျွန်တော်စိတ်ချမှုရှိအောင် ပြောသည်။ နောက်ဆုံးတွင် သူ၏စိတ်ရှည်မှု၊ ကြင်နာမှုကြောင့် ကျွန်တော်…

မေတ္တာအမွေအနှစ်

ကျွန်တော့်ဘွားဘွားကြီး၏ကျမ်းစာအုပ်ကို လှန်လှောကြည့်နေစဉ် ကတ်အပိုင်းအစလေး တစ်ခု ပေါင်ပေါ်ကျလာ၍ ကြည့်လိုက်ရာ ကလေးလက်ရေးဖြင့် ‘‘စိတ်နှလုံးနှိမ့်ချသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတ္တံ့’’ (မ ၅း၃-၄)ဟူသည့် ရွှေကျမ်းချက်ကို ရေးထားပြီး ကျွန်တော့်အမေ၏ ပဲပင်ပေါက်လက်မှတ်ရေးထိုးထားသည်ကို တွေ့လိုက် ရသည်။

ကျွန်တော့်ဘွားဘွားကြီးသည် သူ့မြေးများ ကျမ်းစာ အလွတ်ကျက်ပြီး စိတ်နှလုံး၌သိုထားရန် ကျမ်းပိုဒ်များကို ရေးသားစေသည့် အလေ့အကျင့်ကို လုပ်ဆောင်ခဲ့သည်။ သို့သော် ဤကျမ်းပိုဒ်လေး၏ နောက်ကွယ်ရှိ ဇာတ်လမ်းက ကျွန်တော့်ကို မျက်ရည်ကျစေသည်။ အမေ့အဖေသည် အမေအလွန်ငယ်သေးသည့်အရွယ်တွင် ကွယ်လွန်သွားပြီး၊ ရက်သတ္တပတ်အနည်းငယ်တွင် အမေ့၏မောင်လေး ဆုံးသွား ပြန်သည်။ ထိုသို့ ဝမ်းနည်းကြေကွဲနေချိန်တွင် အမေ့အဘွားကအမေ့ကို ထိုကျမ်းပိုဒ်လေးသင်ပေးပြီး သခင်ယေရှုနှင့် သခင် တစ်ပါးတည်းသာပေးနိုင်သော နှစ်သိမ့်မှုကို ပြညွှန်ခဲ့သည်။

ရှင်ပေါလုက…

မပြောင်းလဲသောမေတ္တာ

အထက်တန်းကျောင်းသားဘဝက ကျွန်တော် တင်းနစ် ကစားခဲ့သည်။ အိမ်မှ ၂ လမ်း ကျော်ရှိ ကွန်ကရစ်ကွင်း ၄ ခု၌ တင်းနစ်ကျွမ်းကျင်လာအောင် ကြိုးစားရင်း ဆယ်ကျော်သက်အရွယ်၏ အချိန်များစွာကို ကုန်လွန်စေခဲ့သည်။

ထိုမြို့သို့ နောက်ဆုံးရောက်ရှိခဲ့စဉ်က ကျွန်တော်ပထမဆုံးပြုမိသည့်အရာမှာ တင်းနစ်ကွင်းသို့ ကားမောင်းသွားခဲ့ခြင်း ဖြစ်သည်။ အခြား ကစားသမားများ တင်းနစ်ရိုက်နေခြင်းကို ကြည့်ပြီး ယခင်က ကစားခဲ့သည့်အတိတ်ကို စဉ်းစားမည်ဟု မျှော်လင့်လျက်သွားခဲ့သော်လည်း ကျွန်တော့်မှတ်ဉာဏ်၌ အလွန်ရင်းနှီး အကျွမ်းဝင်ခဲ့သော ကွင်းဟောင်း မရှိတော့ပါ။ ကွင်းက ကွင်းလွတ်ကွင်းပြင်ကြီးဖြစ်နေပြီး၊ လေထဲလွင့်လူးနေသော အလေ့ကျ ပေါင်းပင်များက နေရာယူထားသည်။

ထိုနေ့လယ်ခင်း၌ ဘ၀အသက်တာ၏ တိုတောင်းမှုကို သတိပေးသည့် နှိုးဆော်မှုက ကျွန်တော့် အတွေးထဲ ထင်ကျန်နေခဲ့သည်။ ကျွန်တော့်၏ လူငယ်ဘဝကို အကောင်းဆုံးဖြတ်သန်းခဲ့သော နေရာလေးသည် ယခု မရှိတော့ပါ။ နောက်ပိုင်း ထိုအတွေ့အကြုံကို ပြန်ပြောင်းသတိရစဉ် အသက်ကြီးရင့် နေပြီဖြစ်သော…

ကိုးစားတတ်ရန် သင်ယူခြင်း

ကျွန်တော် ဆယ်ကျော်သက်အရွယ်က ယုံကြည်ခြင်းစိတ်ရှိရန် အမေက အားပေးလျှင် တစ်ခါတစ်ရံ အမေ့ကို ကျွန်တော် ပြန်စိန်ခေါ်ခဲ့သည်။ ‘‘ဘုရားသခင်ကို ယုံကြည်ကိုးစားပါ။ ကိုယ်တော် စောင့်ထိန်းတော်မူမည်’’ ဟု အမေကဆိုလျှင် ‘‘အဲဒီလောက် မရိုးရှင်းဘူးနော် အမေ၊ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်တဲ့သူကိုပဲ ဘုရားက မစမှာ’’ ဟု ကျွန်တော် ပြန်ခံပက်လေ့ရှိသည်။

သို့သော် ထိုအချက်ကို ကျမ်းစာ၏မည်သည့်နေရာ၌မျှ မတွေ့ရပါ။ ကျွန်တော်တို့၏ နေ့စဉ်လိုအပ်ချက်များအတွက် ဘုရားသခင်၌ အမှီပြုရန်သာ နှုတ်ကပတ်တော်မှ သွန်သင် ထားသည်။ ‘‘မိုးကောင်းကင်၌ ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက် မကြဲ။ စပါးကို မရိတ်၊ ကျီ၌ မစုမသွင်း၊ သို့သော်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန် မြတ်သည် မဟုတ်လော။ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့်…

အိမ်တော်သို့ညွှန်ပြသောဆုတောင်း

ကျွန်တော်ငယ်စဉ်အခါက မိဘများထံမှ ပထမဦးဆုံး သင်ကြားခဲ့ရသည့်ဆုတောင်းမှာ ‘‘ကျွန်ုပ် အိပ်စက်ပါတော့မည်။ ကျွန်ုပ်၏ဝိညာဉ်ကို လုံခြုံစေပါ...’’ ဟူ၍ ဖြစ်သည်။ ထိုမှတစ်ဆင့် ကျွန်တော်၏သားသမီးများအား ဤဆုတောင်းလေးကို လက်ဆင့်ကမ်း ပေးခဲ့သည်။ ကလေးတစ်ယောက်အနေဖြင့် ဤဆုတောင်းချက်လေးနှင့် အိပ်ယာဝင်ရ ခြင်းသည် ဘုရားလက်တော်၌ တစ်ညတာလုံး လုံခြုံစေသည် ဟု ခံစားရသည်။

သမ္မာကျမ်းစာ၏ ဆုတောင်းခြင်းစာအုပ် ဖြစ်သည့် ဆာလံကျမ်းထဲတွင် ဤသို့ခပ်ဆင်ဆင် ဆုတောင်းချက်လေး တစ်ခုကို တွေ့ရသည်။ အချို့သော ကျမ်းတတ်ပညာရှင် များက ‘‘သစ္စာစောင့်တော်မူသော ဘုရားသခင်၊ ကိုယ်တော် သည် အကျွန်ုပ်ကို ရွေးနုတ်တော်မူသည်ဖြစ်၍ အကျွန်ုပ် ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏’’ (ဆာ ၃၁း၅) ဆိုသည့် ကျမ်းချက်ကို ခရစ်တော်ပေါ်ထွန်းစဉ်ကာလက အိပ်ယာဝင် ဆုတောင်းအဖြစ် ကလေးငယ်များကို သင်ပေး သည်ဟု မှတ်ယူကြသည်။

ဤဆုတောင်းချက်လေးသည် သခင်ခရစ်တော် ကားတိုင်ပေါ်၌ နောက်ဆုံး…