စာရေးသူ

အားလုံးမြင်နိုင်ရန်
James Banks

ဂျိမ်းစ်ဘန့်စ်

ဆရာကြီး ဒေါက်တာ ဂျိမ်းစ်ဘန့်စ် (Dr. James Banks) တို့ဇနီးမောင်နှံတွင် အရွယ်ရောက်သားသမီးနှစ်ဦးရှိပြီး ဆရာကြီး ကြည့်ရှုနေသည့် Peace Church တည်ရှိရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဒါဟမ်းဒေသ၌ နေထိုင်လျက်ရှိသည်။ ဆရာကြီးသည် <em?The Lost Art of Praying Together, Praying the Prayers of the Bible, Prayers for Prodigals နှင့် Prayers for Your Children အစရှိသည့် စာအုပ်များကို ရေးသားသူလည်း ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျိမ်းစ်ဘန့်စ်

အသေးစိတ်ကြည့်ရှုတော်မူသော ဘုရား

ကျွန်တော်၏ခွေးလေး ချော့ကလက် အသက် ၃ လ ပြည့်စဉ်က ကာကွယ်ဆေးထိုးရန်နှင့် ကျန်းမာရေး ဆေးစစ်မှုပြုလုပ်ပေးရန် တိရိစ္ဆာန်ဆေးကုဆရာဝန်ထံ ခေါ်သွားခဲ့သည်။ ဆရာဝန်မလေး၏ဂရုတစိုက်ကြည့်ရှုပေးမှုကြောင့် ခွေးလေး၏ဘယ်ဘက် နောက်ခြေဖ၀ါးတွင်အဖြူရောင်အမှတ် အမွှေးလေးများကို တွေ့လိုက်ရသည်။ ‘‘ဒီနေရာက ခွေးလေးကို ချော့ကလက်အနှစ်ရည်ထဲ နှစ်လိုက်တုန်းက ဘုရားသခင် ကိုင်ခဲ့တဲ့ နေရာလေးပဲဖြစ်မယ်’’ဟုသူက ပြုံးပြီး ပြောခဲ့သည်။

ရယ်ချင်စိတ်ကို ထိန်းမရဘဲ ကျွန်တော် ရယ်ခဲ့သည်။ဆရာဝန်မလေး၏စကားက မထင်မှတ်ဘဲ သတ္တ၀ါတိုင်း အပေါ်၌ထားရှိသည့် ဘုရားသခင်၏နက်နက်နဲနဲ ဂရုစိုက် စိတ်ဝင်စားမှုကို အဓိပ္ပာယ်ရှိရှိ ထောက်ပြနေသည်။

‘‘သင်တို့၏ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏’’ ဟု (မ ၁၀း၃၀)တွင် သခင်ယေရှုမိန့်ကြားသည်။ ထာဝရဘုရားသည် ကျွန်ုပ်တို့အသက်တာ၏ အဆုံးမရှိ
သော အချက်အလက်များကို အသေးစိတ် ရေတွက် ရယူနိုင်သည့် ဘုရားဖြစ်သည်။ ကိုယ်တော်သတိမထားမိလောက်အောင် သေးငယ်လွန်း သောအရာဟူ၍ မရှိ။ အသေးအဖွဲကိစ္စဟူ၍လည်း သူအာရုံမထားဘဲလည်း မနေ။…

နှစ်သိမ့်သက်သာခြင်းကို မျှဝေခြင်း

ချီကာဂို သို့ ဆိုက်ရောက်လာသည့် လေယာဉ်ပေါ်မှအထွက် ကျွန်တော့်ရှေ့မှ အမျိုးသမီးက‘‘ဒီညမှာ ဘုရားသခင်က ရှင့်ကို ကျွန်မဆီ စေလွှတ်ပေးလိုက်တယ်’’ဟု ပြောသည်။ ၎င်းသည် ကျွန်တော်တို့၏နှုတ်ဆက်ခွဲခွာခြင်းစကားဖြစ်သည်။ သူက ထိုနေ့၌ နေ့ချင်းပြန် လေယာဉ်အသွားအပြန်ခရီးကို စီးလျက် ယခု အိမ်အပြန်ခရီးစဉ်ဖြစ်သည်။ ကျွန်တော်က ‘‘ဘာကြောင့် ဒီလိုမြန်မြန်ဆန်ဆန် နေ့ချင်းပြန်ခရီးသွားရတာလဲ’’ ဟု မေးလိုက်သည်။ သူက မျက်လွှာချကာ‘‘ကျွန်မသမီးက မူးယစ်ဆေးစွဲနေလို့ ဒီနေ့ သူ့ကို ပြန်လည် ထူထောင်ရေးစခန်းကို အခုပဲသွားပို့ပြီး ပြန်လာတာလေ’’ဟု ဖြေခဲ့သည်။

ထိုအချိန်လေး၌ ကျွန်တော့်သား ဘိန်းဖြူစွဲပြီး ရုန်းကန်ခဲ့ရပုံ၊ သခင်ယေရှုက သူ့ကိုမည်သို့ လွတ်မြောက်ခွင့် ပေးပုံများကို သူ့အား ညင်သာစွာ စာနာနားလည်မှုဖြင့် ပြောပြဝေမျှခဲ့သည်။ သူနားထောင်နေရင်း မျက်ရည်များကြားမှ အပြုံးတစ်ပွင့် ဖူးပွင့်လာ ခဲ့သည်။ လေယာဉ်ဆိုက်ပြီးနောက် မခွဲခွာမီတွင် ကျွန်တော်တို့အတူတကွ ဆုတောင်းပြီး သူ့သမီးကို ချည်နှောင်မှုများမှ လွတ်မြောက်ပေးရန်…

ဆုတောင်းခြင်းဆုကျေးဇူးကိုပေးခြင်း

လော်ရာ၏မောင်လေး ကင်ဆာဝေဒနာ ကုသမှုခံယူစဉ် ကျွန်တော်တို့ဘုရားကျောင်းမှ လူများ သူ့အတွက် ဆုတောင်းပေးသည့်အတွက် ကျွန်တော်တို့ကို ကျေးဇူးတင်စကား ပြောပါသည်။ ‘‘ဆုတောင်းခြင်းဆုကျေးဇူးဟာ ဘယ်လောက်လေးနက်ကြောင်း ကျွန်မ မောင်လေး နေမကောင်းဖြစ်ပြီး ရှင်တို့အားလုံး ၀ိုင်းပြီး ဆုတောင်းပေးတဲ့အချိန်အထိ  နားမလည်ခဲ့ဘူး။ ရှင်တို့ဆုတောင်းချက်တွေဟာ ဘယ်လောက် ထိ သက်သာနှစ်သိမ့်စေသလဲဆိုတာ ပြောမပြနိုင်လောက် အောင်ပါပဲ။ ရှင်တို့ရဲ့ဆုတောင်းပေးမှုဟာ မောင်လေးရဲ့ အခက်ခဲဆုံးအချိန်မှာ သူ့အတွက် အားဖြစ်စေသလို၊ ကျွန်မတို့ မိသားစုတစ်ခုလုံးအတွက်ပါ ခွန်အားပေးမှု ဖြစ်စေပါတယ်’’ ဟု မျက်ရည်ကျရင်း လော်ရာက ပြောပြခဲ့သည်။

သူတစ်ပါးကို အကောင်းဆုံး မေတ္တာပြနိုင်သောနည်းမှာ ဆုတောင်းပေးခြင်း ဖြစ်သည်။ ဆုတောင်းခြင်းနှင့်ပတ်သက်၍ သခင်ယေရှုသည် အကောင်းဆုံးပုံသက်သေ ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ကိစ္စတော်တော်များများ၌ သခင်သည် အခြားသူများအတွက် ဆုတောင်းပေးခြင်းအကြောင်း ဖော်ပြထားပြီး ခမည်းတော်ထံတွင် ကျွန်ုပ်တို့ကိုယ်စား ဆုတောင်းပေးနေကြောင်း ဖော်ပြထားပါသည်။ ရောမ ၈း၃၄ ၌ ခရစ်တော်သည် ‘‘ဘုရားသခင်၏လက်ျာတော်ဘက်၌နေလျက်…

ကိုယ်တော်အတွက်တန်ဖိုးရှိသူဖြစ်ပါစေ

သူ့အမည်ရင်းမှာ ဒေးဗစ်ဖြစ်သည်။ သို့သော်လည်း သူ့အား “လမ်းပေါ်မှတယောပညာရှင်” ဟုခေါ်ဝေါ်ကြသည်။ ဒေးဗစ်သည် ဖရိုဖရဲနေတတ်သော အသက်ကြီးသူတစ်ဦးဖြစ်ပြီး မြို့ပေါ် လူစည်ကားသည့်နေရာများတွင် ဖြတ်သွားဖြတ်လာသူများအား သူ၏တယောဖြင့် ကျွမ်းကျင်စွာ တီးခတ်ဖျော်ဖြေပေးသူတစ်ယောက်ဖြစ်သည်။ နားထောင်သူများကလည်း သူ၏တီးခတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် သူရှေ့တွင်ချထားသော တယောအိတ်ထဲသို့ ငွေများကိုထည့်ပေးသည်။ ဒေးဗစ်က ပြုံးပြီး ခေါင်းငြိမ့်ကာ တယောကို ဆက်၍ တီးခတ်သည်။ မကြာမီက ဒေးဗစ် ကွယ်လွန်သွားသည့်အခါ သတင်းစာတွင် သူ၏နာရေးကြော်ငြာပါလာသည်။ သူသည် ဘာသာစကားများစွာ ပြောတတ်သူ၊ အထင်ကရတက္ကသိုလ် တစ်ခုမှ ဘွဲ့ရထားသူ၊ ထို့ထက်မက သူသည် လွန်ခဲ့သော နှစ်များက လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက် အရွေးခံသူတစ်ယောက်လည်း ဖြစ်ခဲ့သည်။ အချို့သူများက သူ၏အပြင်ပန်းသဏ္ဌာန်ကိုသာကြည့်ပြီး အကဲဖြတ်ခဲ့ကြ၍ သူ၏အောင်မြင်မှုများအတွက် အံ့သြမိကြသည်။

ကျမ်းစာမှ “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့် အညီ လူကိုဖန်ဆင်းတော်မူ၏။” (က၁း၂၇)ဟု ကျွန်ုပ်တို့အား ဖော်ပြထားသည်။ ထိုအချက်က…

ခွန်အားအစွမ်းရမည့်အရပ်သို့ ပြေးခြင်း

‘‘တိုက်ကွက် - ၄’’  အထက်တန်းကျောင်း၌ ကျွန်ုပ် ဓားသိုင်းအားကစား စတင်ကစားစဉ်ကကျွန်ုပ်၏နည်းပြက သူရွှေ့လိုက်သည့် တိုက်ကွက်ကို ပြန်လည်ခုခံရန် မှန်ကန်သည့် အနေအထား တိုက်ကွက်ကို အော်ပြောပေးသည်။ သူ ပြင်းပြင်းထန်ထန် ဖိတိုက်လာသော် ပြန်လည်တိုက်ခိုက်နိုင်ရန် ကျွန်ုပ်မှာ နားစိုက်ထောင်ကာ ချက်ခြင်းတုံ့ပြန်ရသည်။

ထိုသို့ နိုးနိုးကြားကြားနှင့် နားစိုက်ထောင်ခြင်းက မတရားသောမေထုန်ပြုရန် ဖြားယောင်းခံရစဉ် ကျမ်းစာ၏ သွန်သင်ချက်ကို ချက်ခြင်းနာခံတတ်ရန် စေ့ဆော်ပေးသည်။ ၁ ကော ၆း၁၈ ၌ ရုပ်တုကိုးကွယ်သူများ၏ဗိမာန်ရှိ လိင်ကျွန်ဘုရားမများနှင့်  ဆက်ဆံရန် သွေးဆောင်ခံရသည့် ယုံကြည်သူများကို ရှင်ပေါလုက ‘‘မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့’’ဟု မိန့်ကြားခဲ့သည်။ ရံဖန်ရံခါ ခက်ခဲ သော အခြေအနေများ၌ ကျွန်ုပ်တို့ ‘‘ခိုင်ခိုင်မာမာ’’  ရပ်တည် ရသော်လည်း (ဂလာ ၅း၁၊ ဧ ၆း၁၁)၊ ဤနေရာတွင် ကျမ်းစာက ‘‘ရှောင်ပြေးကြလော့’’ ဟု  ကျွန်ုပ်တို့အတွက်…

မျှော်လင့်ခြင်း အစစ်အမှန်

မကြာသေးမီက မိတ်ဆွေတစ်ဦးနှင့်အတူ Empire State အဆောက်အဦးသို့ ကျွန်တော် သွားရောက်လည်ပတ်ခဲ့သည်။ လာရောက်လည်ပတ်ကြသည့် ဧည့်သည်များ စီတန်း၍ သွားနေသည့်လူတန်းကြီးက သိပ်မရှည်ဟု ထင်ရသော်လည်း ကျွန်တော်တို့အထဲသို့ ရောက်သောအခါ ဧည့်ခန်းမ၌လည်း လူအပြည့်၊ လှေကား၌ တက်ဆင်းလျက်၊ တစ်ခန်းဝင်တစ်ခန်းထွက် လှည့်ပတ်ကြည့်ရှုနေကြသည့် လူများစွာကို တွေ့ရသည်။ အကွေ့တစ်ကွေ့မှ ထွက်လိုက် တိုင်း ဆက်သွားစရာ၊ ဆက်ကြည့်စရာများ ရှိနေကြောင်းပြသနေသည်။ ဆွဲဆောင်နေသည့် အခင်းအကျင်းများ၊ ကြည့်ရှုစရာ ခေါင်းစဉ်များဖြင့် ဧည့်ပရိသတ်များ သိပ်မများ သည့် ပုံပေါ်အောင် လုပ်ဆောင်ထားသော်လည်း အကွေ့ ထောင့်တစ်တစ်နေရာဆုံးတိုင်း ဆက်သွားရဦးမည်ဖြစ်၍ စိတ်ပျက်မှုကို ခံစားရတော့သည်။

တစ်ခါတစ်ရံ ဘ၀လောကဓံ၏ စိတ်ပျက်စရာများကပိုဆိုးပါသည်။ မိမိမျှော်လင့်သည့်အလုပ်ကို မရ၍ စိတ်ပျက်ရသည်။ စိတ်ချယုံကြည်မိသည့် မိတ်ဆွေက စိတ်ပျက်စရာဖြစ်ရသည်။ အချစ်ရေးကလည်း ထင်သလို ဖြစ်မလာ၊ ထိုသို့ စိတ်ပျက်အားလျော့စရာများကြားတွင် ဘုရားသခင်၏နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ရွှင်လန်းစေသည့်…

နောက်ကျသောသူသည် အရင်ကျလိမ့်မည်

မကြာသေးမီက ကျွန်ုပ်သည် ခရီးသည်တင်ဂျက်လေယာဉ်ကြီးပေါ်သို့ တက်ရောက်ရန်တန်းစီနေသည့် လူအုပ်ကြီး၏နောက်ဆုံးတွင်ရှိနေပြီး ထိုင်ခုံနေရာ အတိအကျမရ သေးပါ။ နောက်မှ လေယာဉ်တောင်ပံအနီး အလယ်ခုံတွင် နေရာရသည်။ သို့သော် ကျွန်ုပ်၏လက်ဆွဲအိတ်ကိုထားရန်နေရာမရှိ၊ သို့နှင့် လေယာဉ်အဆုံးပိုင်းရှိ ပစ္စည်း ထားသည့်အကန့်၌သာ ထားခဲ့ရသည်။ ဆိုလိုသည်မှာ ခရီးသည်များ အကုန်ဆင်းသွားသည်အထိ စောင့်ပြီးမှ အနောက်သို့သွားကာ အိတ်ကိုပြန်ယူနိုင်မည်ဖြစ်သည်။
ထိုင်ခုံတွင် နေရာတကျထိုင်ရင်း ကျွန်ုပ်ရယ်မိပြီး ခေါင်းထဲအတွေးတစ်ခု ၀င်လာသည်။ ‘‘စောင့်လိုက်ရလို့ မင်းဘာမှမထိခိုက်ပါဘူး။ မင်းအတွက် အကျိုးဖြစ်စေမှာပါ။’’ ဘုရားသခင်ထံမှလာသည့် အတွေးဖြစ်မည်ထင်ပါသည်။ သို့နှင့် ကျွန်ုပ်လည်း စောင့်ရမည့်အချိန်ကို လိုလားကျေနပ် ကြည်နူးစွာလက်ခံရန် ဆုံးဖြတ်လိုက်ပြီး လေယာဉ်ဆိုက်သော် အခြားခရီးသည်များ၏ အိတ်များကို ကူချပေးသည်။ လေယာဉ်မယ်တစ်ဦးကိုလည်း အမှိုက်များကူရှင်းပေးခဲ့ သည်။ နောက်ဆုံး ကျွန်ုပ်၏အိတ်ကို ပြန်သွားယူသည့်အခါ လူတစ်ဦးက ကျွန်တော့်ကို လေယာဉ်ဝန်ထမ်းဟု ထင်လိုက်သည့်အတွက် ရယ်ရသေးသည်။
ထိုနေ့အတွေ့အကြုံက ‘‘အရင်အဦးဖြစ်လိုသောသူမည်သည်ကား နောက်ဆုံး…

တူတူပုန်းတမ်း

ကလေးငယ်များ တူတူပုန်းတမ်း ကစားကြသောအခါ သူတို့၏မျက်လုံးများကို ဖုံးပိတ်ထားလိုက်ရုံနှင့် သူတို့ ပုန်းအောင်းပြီးသွားပြီဟု ရံဖန်ရံခါ ယုံကြည်ထားတတ်သည်။ သူတို့က သင့်ကို မတွေ့နိုင်ပါက သင်လည်း သူတို့ကို မတွေ့နိုင်ဟု သူတို့ယူဆကြသည်။
လူကြီးများအတွက် ၎င်းသည် ရိုးအသောအတွေးဖြစ်သော်လည်း ကျွန်ုပ်တို့ လည်း ရံဖန်ရံခါ ဘုရားသခင်ကို ထိုနည်းတူ ပြုလုပ်တတ် သည်။ မှားမှန်းသိသော်လည်း ထိုအမှားကို လုပ်ချင်ပြီဆိုလျှင် ဘုရားသခင်ကို မမြင်ရအောင် ကျွန်ုပ်တို့ မျက်လုံးစုံမှိတ်ကာ မိမိစိတ်ကြိုက် မိမိအလိုအတိုင်း လုပ်တတ်ကြသည်။
လူမျိုးတော်တို့ ဗာဗုလုန်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင် ကျွန်ပြုခံရမည့်အကြောင်း ဘုရားသခင်မိန့်ကြားစဉ် ဤအမှန် တရားကို ပရောဖက်ယေဇကျေလ တွေ့မြင်ခဲ့သည်။ ‘‘အချင်းလူသား၊ ဣသရေလအမျိုး အသက်ကြီးသူ အသီးအသီးတို့ သည် အမှောင်မိုက်ထဲမှာ ပုံရေးသောအခန်းတို့၌ ပြုသော အမှုကို မြင်ပြီလော။ သူတို့က ထာဝရဘုရား မမြင်ဟု ဆိုကြ သည်’’ဟု…

ကျွန်ုပ်တို့၏ဆုတောင်းခြင်းနှင့် ဘုရားသခင်၏အချိန်

တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဆုတောင်းခြင်းကို အဖြေပေးရန် ဘုရားသခင်သည် အချိန်ယူ အချိန်စောင့်နေခြင်းကို ကျွန်ုပ်တို့ လွယ်လွယ်နှင့် နားမလည်နိုင်၊ ယဇ်ပရောဟိတ် ဇာခရိသည်လည်း ထိုသို့ဖြစ်ခဲ့သည်။ ယေရုရှလင်ဗိမာန်တော်၌ ကောင်းကင်တမန် ဂါဗြေလသည် သူ့အား ယဇ်ပလ္လင်အနီး၌ ကိုယ်ထင်ပြခဲ့သည်။ ‘‘ကောင်းကင်တမန် ကလည်း ဇာခရိ၊ ကြောက်ရွံခြင်းမရှိနှင့်။ သင်ပြုသော ပတ္ထနာကို နားခံတော်မူပြီ။ သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်’’ (လု ၁း၁၃) ဟု မိန့်တော်မူသည်။
ယခင်က ဇာခရိသည် ဘုရားသခင်ထံ သားဆုပန်ခဲ့ဖူး ပါလိမ့်မည်။ သို့သော် ယခုတွင် ဂါဗြေလ၏စကားကြောင့် သူနားမလည်နိုင်ဖြစ်နေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယခုတွင် ဧလိရှဗက်သည် သားဖွားသည့်အရွယ် လွန်ခဲ့ပြီ ဖြစ်သည်။ သို့သော် ဘုရားသခင်သည် သူ့ဆုတောင်းကို အဖြေပေးခဲ့သည်။
ဘုရားသခင်၏မှတ်ဉာဏ်တော်က အကောင်းဆုံး ဖြစ်သည်။ နှစ်ချီကြာလည်း ကျွန်ုပ်တို့၏ဆုတောင်းသံကို မှတ်မိနေသည်သာမက ကျွန်ုပ်တို့၏ဘ၀အသက်တာများ လွန်သွားလည်း…

အလှတရားများ မဆုံးနိုင်သောအချိန်

Grand Canyon ချိုင့်ဝှမ်းဒေသမှ ရှုမျှော်ခင်းကို ကျွန်တော် အလွန်သဘောကျသည်။ ကျောက်တောင်စွန်းပေါ်မှ လှမ်းမျှော်ကြည့်လိုက်တိုင်း ကျွန်တော့်ကို အံ့သြမိန်းမောသွား စေသည့် ဘုရားသခင်၏လက်ရာတော် စုတ်ချက် အသစ်အသစ်ကို တွေ့ရသည်။
Grand Canyon ချိုင့်ဝှမ်းဒေသသည် မြေပြင်ပေါ်ရှိ ကြီးမားသော ချိုင့်ကလိုင် မျှသာ ဖြစ်သော်လည်း ၎င်းကို ကြည့်ပြီး ကောင်းကင်နိုင်ငံကို
ကျွန်တော် ဆင်မြင်မိသည်။ အသက် ၁၂ နှစ်အရွယ် ကလေး တစ်ဦးက ရိုးသားစွာ ‘‘ကောင်းကင်နိုင်ငံက ပျင်းစရာ ကောင်းမနေဘူးလား။ ဘုရားသခင်ကို တစ်ချိန်လုံး ချီးမွမ်း ရတာ ငြီးငွေ့စရာလို့ မထင်မိဘူးလား’’ ဟုမေးဖူးသည်။ သို့သော် မြေကြီးပေါ်မှ ချိုင့်ကလိုင်တစ်ခုကို ကြည့်မ၀နိုင်၊ အံ့မခန်းအလှများကို ခံစားရသည်ဆိုပါလျှင် အလှတရား၏ အရင်းအမြစ်၊ ကျွန်တော်တို့၏ ချစ်ဖွယ်သော ဖန်ဆင်းရှင်ကို ပြီးပြည့်စုံသော အံ့ဖွယ်ဖန်ဆင်းခြင်း အသစ်များနှင့် တစ်နေ့ တစ်ချိန်တွင်…