စာရေးသူ

အားလုံးမြင်နိုင်ရန်
James Banks

ဂျိမ်းစ်ဘန့်စ်

ဆရာကြီး ဒေါက်တာ ဂျိမ်းစ်ဘန့်စ် (Dr. James Banks) တို့ဇနီးမောင်နှံတွင် အရွယ်ရောက်သားသမီးနှစ်ဦးရှိပြီး ဆရာကြီး ကြည့်ရှုနေသည့် Peace Church တည်ရှိရာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဒါဟမ်းဒေသ၌ နေထိုင်လျက်ရှိသည်။ ဆရာကြီးသည် <em?The Lost Art of Praying Together, Praying the Prayers of the Bible, Prayers for Prodigals နှင့် Prayers for Your Children အစရှိသည့် စာအုပ်များကို ရေးသားသူလည်း ဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျိမ်းစ်ဘန့်စ်

အကောင်းဆုံး မိတ်ဆွေ

ကျွန်တော့် အသက် ၁၂ နှစ်တွင် ကျွန်တော်တို့မိသားစုသည် ကန္တာရအတွင်းရှိ မြို့တစ်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းအသစ်၌ ကာယလေ့ကျင့်ခန်းအချိန် ပြီးသည့်နောက် ကျွန်တော်တို့ ရေအိုးဆီသို့ အပြေးသွားခဲ့သည်။ ကျွန်တော်က အသက်ငယ်ပြီး ပိန်တာရိုးလေးဖြစ်သဖြင့် တန်းစီနေချိန်၌ တစ်ခါတစ်ရံ တွန်းထုတ်ခံရ သည်။ တစ်နေ့တွင် လူကောင်ကြီးပြီး အားရှိသည့် ကျွန်တော့် သူငယ်ချင်း ဂျိုးစ် က ထိုအဖြစ်ကို မြင်သွားသည်။ သူရုတ်ခြည်းဝင်လာကာ သူ့လက်ကြီးဖြင့် ကျွန်တော့်အတွက် လမ်းရှင်းပေးကာ `ဟိတ် ဘဲန်စ် အရင် ရေသောက်ပါစေ´ ဟုအော်လိုက်သည်။ ထိုအချိန်မှစပြီး ရေသောက်ချိန်၌ ကျွန်တော်အတွက် ပြဿနာမရှိတော့ပါ။
တစ်ပါးသူတို့၏ကြင်နာမှုကို မခံစားရသည့်အဖြစ်မျိုး ကြုံရသည်တွင် သခင်ယေရှု ထိုခံစားချက်ကို နားလည်သည်။ သမ္မာကျမ်းစာမှ ထိုသခင်သည် `မထီမဲ့မြင်ပြုခြင်းကိုခံ၍ လူတို့တွင် အယုတ်ဆုံးသောသူ´ ဟု ဆိုထားသည် (ဟေရှာ
၅၃း၃)။ သို့သော် သခင်ယေရှုသည်…

ချစ်မေတ္တာနှင့် ရှူးဖိနပ်ဟောင်းဖြင့်

တစ်ခါတစ်ရံတွင် ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့သည် စကားပြောရာ၌ တစ်ဦး၏စကားကို တစ်ဦးက ပံ့ပိုးဖြည့်ဆည်းပေးရသည်။ အိမ်ထောင်သက် အနှစ် ၃၀
ကျော်လာပြီဖြစ်၍ တစ်ဦး၏အတွေးနှင့် ပြောပုံဆိုပုံကို တိုး၍အထာသိလာသည်။ ကျွမ်းလာသည်။ တစ်ဦးနှင့်တစ်ဦး စကားဆုံးအောင် ပြောစရာမလိုဘဲ စကားတစ်ခွန်း၊ အကြည့်တစ်ချက်ဖြင့် ဘာကိုဆိုလိုသည်ကို သိရှိရန် လုံလောက်ပေသည်။
ရှူးဖိနပ်ဟောင်းက မိမိနှင့်အသားကျပြီး သက်သောင့် သက်သာရှိသဖြင့် ဆက်စီးဖြစ်သကဲ့သို့၊ တစ်ခါတစ်ရံ ကျွန်တော်တို့ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ယုယစွာဖြင့် “ငါ့ရဲ့ ရှူးဖိနပ်အဟောင်းလေး” ဟုတင်စား၍ နှုတ်ခွန်းဆက် သည်ကို အကြောင်းမသိသူများအဖို့ နားလည်နိုင်ရန် ခက်ပြီ။ နှစ်ပေါင်းများစွာ ဖြတ်သန်းလာသည့် နှစ်ဦးနှစ်ဘက်ကြား ဆက်ဆံရေးတွင် ကိုယ်ပိုင်အထာနှင့်ပြောသည့် စကားများ ဖြစ်တည်လာပြီး ၎င်းသည် နှစ်ချို့မေတ္တာနှင့် ယုံကြည်မှု စိတ်ချမှု၏ရလဒ်များ ဖြစ်သည်။
ဘုရားသခင်သည် ကျွန်တော်တို့ကို လေးနက်စွာ ချစ်ကြောင်းကို သိရသည့် အတွက် စိတ်ချမ်းသာကျေနပ်ရသည်။ ဒါဝိဒ်က…

ကိုယ်တော့်ထံ အမှီပြုခြင်း

ညဘက်ခေါင်းအုံးပေါ် ခေါင်းချပြီး ဆုတောင်းသောအခါ သခင်ယေရှု၏ ရင်ခွင်တော်ထဲ၌ လျောင်းနေသကဲ့သို့ ကျွန်တော်မြင်ယောင်စိတ်ကူးမိသည်။ ထိုသို့ဆုတောင်းတိုင်း တမန်တော် ရှင်ယောဟန်အကြောင်း ပြောထားသည့် နှုတ်ကပတ်တော်ကို ဆင်ခြင်မိ သည်။ ယောဟန်က “ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့် ...” (ယော ၁၃း၂၃) ဟူ၍ နောက်ဆုံးညစာ စားပွဲတွင် သခင်ယေရှု အနီးထိုင်နေသည့် သူ့အကြောင်းကို ရေးထား သည်။
သူ၏နာမည်ကို မရေးဘဲ “ယေရှုချစ်တော်မူသော တပည့်တော်” ဟု ယောဟန် သုံးသည်။ ထို့ပြင် ပထမရာစုနှစ် ဣသရေလလူတို့၏ ညစာစားပွဲသည် ယခုခေတ်ကဲ့သို့ မမြင့်ဘဲ ဒူးလောက်သာရှိကြောင်း ဖော်ပြထားသည်။ ကုလားထိုင် မရှိဘဲ ဖျာ (သို့) ကူရှင် အဖုံးပေါ်တွင် ထိုင်၍ လဲလျောင်းခြင်းသည် စားပွဲတွင် ထိုင်နေကျပုံစံ ဖြစ်သည်။ သခင်ယေရှုသည် သူနှင့် နီးကပ်စွာ နေသောကြောင့်…

ထိုအချိန်၌ သတိရပါ

ကျွန်တော်တို့၏သားဖြစ်သူ မူးယစ်ဆေးစွဲခဲ့သည့် ၇ နှစ်တာ ကာလအတွင်း ကျွန်တော် တို့ ဇနီးမောင်နှံနှစ်ယောက် ခက်ခဲသောနေ့ရက်များစွာကို ကျော်ဖြတ်ခဲ့ရသည်။ နေ့စဉ် ဆုတောင်းလျက် သေးငယ်သောအမှုအရာများ၌ပင် ကျေးဇူးတော် ချီးမွမ်းတတ်လာ သည်။ တစ်ရက်တာအတွင်းတွင် မည်သည့်ဆိုးရွားသောအမှုများ မဖြစ်ပျက်လျှင်ပင် “ဒီနေ့တော့ ကောင်းတဲ့နေ့လေးတစ်နေ့ပေါ့” ဟု တစ်ဦးကို တစ်ဦး ပြောမိကြသည်။ သေးငယ်သောအမှု၌ပင်လျှင် ဘုရားသခင်၏မစမှုကို ကျေးဇူးတင်ချီးမွမ်းတတ်ရန် အရေး ကြီးလှသည်။
ဘုရားရှင်၏ ကရုဏာတော်နှင့် ကျွန်တော်တို့အပေါ် ထားသည့် ထိုကရုဏာတော်သည် မည်မျှအရေးပါသည်ကို ဆင်ခြင်ရန် ဆာလံ ၁၂၆း၃ ၌ “ထာဝရဘုရားသည် ငါတို့အဘို့ ကြီးသောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်နေကြ၏” ဟူ၍ ရေးသားထားသည်။ ထိုကျမ်းပိုဒ်ကို နှလုံးသွင်းလျက် သခင်ယေရှု ကားတိုင်ပေါ်၌
ပြုပေးခဲ့သောအမှုကို ကျွန်တော်တို့ ပြန်လည် အောက်မေ့ သတိရအပ်သည်။ ကျွန်တော်တို့ နေ့စဉ်ကြုံတွေ့ရသော အခက်အခဲ…

ဂုဏ်ပြုချီးမွမ်းရမည့်သူ

နွားစာခွက်တွင် သခင်ယေရှု ဖွားမြင်တော်မူခြင်း မြင်ကွင်းအများစု၌ ဗက်လင်မြို့ သူငယ်တော် ယေရှုထံ လာရောက်ကြသော မာဂု ပညာရှိသုံးပါးနှင့်  သိုးထိန်းများကို တစ်ပါတည်း ဖော်ပြတတ်ကြသည်။ သို့သော် ဤအကြောင်းကို ရှင်မဿဲခရစ်ဝင်ကျမ်း တစ်ခုတည်း၌ ဖော်ပြထားပြီး ကျမ်းစာအရ မာဂုပညာရှိများသည်
နောက်ပိုင်းမှ ရောက်ရှိလာကြသည်။ ၎င်းတို့ရောက်လာချိန်၌ သူငယ်တော် ယေရှုသည် နွားတင်းကုပ်ရှိ နွားစာခွက်တွင် ရှိမနေ တော့ပါ။ အိမ်ထဲမှာ ရှိနေပါသည်။ “အိမ်သို့ဝင်လေသော် မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍ မိမိတို့ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန်တည်းဟူသော နံ့သာမျိုးကို လည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ် ပူဇော်ကြ၏” ဟု မ ၂း၁၁ က   ပြောထားပါသည်။
နှစ်သစ်ကို ကျွန်ုပ်တို့အစပြုသည်တွင် မာဂု ပညာရှိများ
နောက်ပိုင်းမှ ရောက်လာကြသည့် အကြောင်းကို သိရှိ ရခြင်းက ကျွန်ုပ်တို့အမှတ်ရရမည့်…

ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို အစေခံခြင်း

ဘုရားသခင်သည် သူ၏အလုပ်များ ပြီးမြောက်ရန်အတွက် ကျွန်ုပ်တို့၏ ဆုတောင်း ခြင်းကို မကြာခဏ အသုံးပြုသည်။ ဤအချက်ကို ပရောဖက်ဧလိယအား ဘုရားသခင် စကားပြောရာတွင် တွေ့ရသည်။ ဣသရေလတိုင်းပြည်တွင် သုံးနှစ်ခန့်ကြာမျှ မိုးခေါင်ရေရှားခြင်းကို အဆုံးသတ်ရန် “ငါသည်လည်း မြေပေါ်မှာ မိုးရွာစေမည်”
(ယာ ၅း၁၇) ဟု ကတိပေးပြီးပြီဖြစ်သော်လည်း “ဧလိယ သည် ကရမေလတောင်ပေါ်သို့ တက်၍၊ မြေ၌ ပြပ်ဝပ်လျက် မျက်နှာကို ဒူးကြား၌ ထားလျက်” မိုးရွာစေရန် အပြင်းအထန် ဆုတောင်းခဲ့သည် (၃ ရာ ၁၈း၄၂)။ ထိုနောက် သူဆက်လက် ဆုတောင်းခဲ့ပြီး “ခုနှစ်ကြိမ်” တိုင် မိုးရွာမည့် လက္ခဏာရှိမရှိ သူ့ကျွန်အား ပင်လယ်ကိုသွား၍ ကြည့်ရန် စေလွှတ်
ခဲ့သည် (း၄၃)။
ဘုရားသခင်သည် သူ၏အလုပ်၊ အမှုတော်တွင် ကျွန်ုပ်တို့ နှိမ့်ချလျက် ဇွဲကြီးစွာ ဆုတောင်းခြင်းဖြင့် ပူးပေါင်း…

ဆိတ်ငြိမ်သော စကားလက်ဆုံ

သင် တစ်ယောက်တည်း စကားပြောဖူးပါသလား။ တစ်ခါတစ်ရံ ပရောဂျက်များလုပ်ဆောင် ရသောအခါ ကျွန်တော်သည် ကားထဲထိုင်စဉ်းစားရင်း အကောင်းဆုံးဖြစ်အောင် မည်သို့ပြင်မည်၊ မည်သို့ပြောင်းမည်စသည်ဖြင့် တစ်ယောက်တည်းအသံထွက်ပြီး စကားပြောသည်။ ၎င်းက အထောက်အကူဖြစ်ပါသည်။ ယခုလို စကားပြောနေခြင်းကို တစ်ယောက်ယောက်က တွေ့သွားလျှင် ရှက်စရာဖြစ် သော်လည်း ကိုယ့်ဘာသာကိုယ် စကားပြောခြင်းသည် လူအများစုက နေ့စဉ်လုပ်နေသောအရာတစ်ခုဖြစ်သည်။
ဆာလံသီချင်း၌ ဆာလံဆရာများသည် မိမိဘာသာ တစ်ယောက်တည်း စကားပြောလေ့ရှိကြသည်။ ဆာလံ ၁၁၆ ကို ရေးခဲ့သူအား ကျွန်တော်တို့ ထိမ်ချန်ထား၍ မရပေ။ (း၇) တွင် သူက ‘‘အို ငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရဘုရားသည် သင်၌ ကျေးဇူးပြုတော်မူပြီ’’ ဟု ရေးစပ်ထားသည်။ အတိတ်က ဘုရားသခင် ပြုခဲ့သော ကျေးဇူးကရုဏာနှင့် သစ္စာတော်ကို သူ့ကိုယ်ကို သတိပေးခြင်းက လက်ရှိပစ္စုပ္ပန်ဘ၀တွင် သက်သာရာနှင့် အထောက်အပံ့ ရရှိစေပါသည်။…

အိမ်ကို တမ်းတလျက်

အခန်းထဲဝင်လာသည့် ဇနီးသည်က ရှေးဟောင်းနာရီကြီး၏ ကိုယ်ထည်အကန့်အတွင်း ခေါင်းနှစ်ထားသည့် ကျွန်တော့်ကို တွေ့ပြီး ‘‘ဘာလုပ်နေတာလဲ’’ဟု မေးသည်။ ‘‘ဒီနာရီရဲ့ အနံ့က မိဘအိမ်ရဲ့ အငွေ့အသက် အနံ့နဲ့တူတယ်’’ ဟု ကျွန်တော် ရှက်ကိုးရှက်ကန်း ပြန်ဖြေရင်း ‘‘မိဘအိမ်ကို ခဏလေးပြန်သွားတာလို့ ပြောရမှာပေါ့’’ ဟုပြောကာ တံခါး ပြန်ပိတ်လိုက်သည်။
အမွှေးရနံ့များက အမှတ်တရများစွာကို နိုးဆွပေး သည်။ လွန်ခဲ့သော အနှစ် ၂၀ ခန့်က ထိုနာရီကြီးကို ရွာရှိ ကျွန်တော့်မိဘများအိမ်မှ ပြောင်းရွေ့သယ်ယူခဲ့သည်။ သို့သော် ထိုသစ်သားရနံ့က ကျွန်တော့်၏ကလေးဘ၀ကို  ပြန်ပြောင်းသတိရရန် ကျွန်တော့်ကို ခေါ်ဆောင်သွားမြဲပင်။
ဟေဗြဲသြ၀ါဒစာ ရေးသူက တစ်မူထူးခြားစွာ အိမ်ကို
လွမ်းဆွတ်တမ်းတသူများအကြောင်းကို ဖော်ပြသည်။ ၎င်းတို့ သည် နောက်ကြောင်းပြန်လှည့်ခြင်းထက် ယုံကြည်ခြင်းဖြင့် ကောင်းကင်အိမ်ကို မျှော်ကြည့်ကြသည်။ ၎င်းတို့မျှော်လင့်သောအရာက မျှော်တိုင်းဝေး နေသေးသည့်တိုင် ဘုရားသခင်သည် သူနှင့်အတူရှိရန် ၎င်းတို့ကို…

မကုန်ခမ်းသော မေတ္တာ

မကြာမီက လေယာဉ်ဖြင့် ခရီးသွားခဲ့ရာ လေယာဉ်အဆင်းတွင် အနည်းငယ်ကြမ်းသွား သဖြင့် ကျွန်တော်တို့ ဘယ်ညာယိမ်းသွားသည်။ ခရီးသည်အချို့မှာ သိသိသာသာ ကြောက်သွားဟန်ပေါ်နေသည်။ သို့သော် ကျွန်တော့်နောက်မှ ကလေးမလေးနှစ်ဦး၏
‘‘ရေး...နောက်တစ်ခါထပ်ယိမ်းလိုက်ရအောင်’’ ဟူသည့် အသံကြောင့် စိုးရိမ်သောကများ
ပြယ်သွားတော့သည်။
အတွေ့အကြုံသစ်ကို ကလေးငယ်များ နှစ်သက်ပြီး
ဘ၀ကို နှိမ့်ချစိတ်၊ အံ့ဩစိတ်ဖြင့် ၎င်းတို့ ရှုမြင်ကြသည်။ ‘‘ဘုရားသခင်၏နိုင်ငံကို သူငယ်ကဲ့သို့ ခံယူရန်’’ (မာ ၁၀း၁၅) သခင်ယေရှုမိန့်ကြားစဉ်က အထက်ပါ သဘောတရားက သခင့်စိတ်ထဲရှိနှင့်ထားပုံပေါ်ပါသည်။
ဘ၀အသက်တာဟူသည် စိန်ခေါ်မှု၊ ခေါင်းခဲစရာ များနှင့် အပြည့်ဖြစ်သည်။ ‘‘ငိုကြွေးမြည်တမ်းသော ပရောဖက်’’ ဟု အခေါ်ခံရသည့် ပရောဖက်ယေရမိက ထိုအချက်ကို အသိဆုံးဖြစ်ပြီး သူကဲ့သို့သိသူ မရှိသလောက် ပါ။ သို့သော် ယေရမိ ခံစားရသည့် ဆင်းရဲဒုက္ခသောကများကြားတွင် ဘုရားသခင်က သူ့ကို အံ့ဖွယ်သမ္မာတရားနှင့် နှစ်သိမ့်ခဲ့သည်။ ‘‘ထာဝရဘုရားသည်…

သင်ဆုတောင်းသောကြောင့်

စိုးရိမ်ပူပန်စရာများနှင့် ကြုံတွေ့သောအခါ သင်ဘာလုပ်သနည်း။ သင့်အတွေးထဲသို့ ၀င်ခွင့်ပြုပါသလား (သို့) ဘုရားသခင်ထံအပ်နှံပါသလား။
ရက်စက်ကြမ်းကြုတ်သော အာရှုရိရှင်ဘုရင်သနာခရိပ်သည် ယေရုရှလင်မြို့ကို
တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်နေပြီး ယုဒနိုင်ငံသည်လည်း သူတိုက်ခိုက်သိမ်းပိုက် ခဲ့သော အခြားနိုင်ငံများနည်းတူ သိမ်းပိုက်ခြင်း ခံရလိမ့်မည်ဟု ဟေဇကိမင်းထံ အကြောင်းကြားစာ ပေးပို့သည်။
ဟေဇကိမင်းက ထိုစာကို ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့ ယူသွားခဲ့ပြီး ‘‘ထာဝရဘုရားရှေ့တော်၌ ဖြန့်ထားခဲ့သည်’’ (ဟေရှာ  ၃၇း၁၄)။ ထို့နောက် ဆုတောင်းကာ တန်ခိုးကြီး သော ဘုရားသခင်ထံမှ အကူအညီတောင်းခံခဲ့သည်။
မကြာမီ ဘုရားသခင်ထံမှ သတင်းစကားကို ပရောဖက် ဟေရှာယက ဟေဇကိမင်းထံ ပေးပို့ခဲ့သည်။ “ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်သည် အာရှုရိဘုရင် သနာခရိပ်အကြောင်း ကြောင့်၊ ငါ့ရှေ့မှာ ပဌနာပြုသည်ဖြစ်၍’’(ဟေ ၃၇း၂၁-၂၂) ဟေဇကိမင်း၏ဆုတောင်းသံသည် ထိုညမှာပင် အဖြေရရှိခဲ့ ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။…