ဝန်ထုပ်ဝန်ပိုးအားဖယ်ရှားခြင်း
ကောလိပ်တက်စဥ်က William Shakespeare (ဝီလျမ်ရှိတ်စပီးယား)၏ စာပေများကို စာသင်နှစ်ဝက်တစ်ခုစာ ကျွန်မလေ့လာသင်ယူခဲ့ရသည်။ ထိုအတန်း၌ ရှိတ်စပီးယားရေးသားခဲ့သမျှ စာပေအားလုံးပါသည့် ပြဌာန်းစာအုပ်ကြီးတစ်အုပ်ကို သင်ကြားခဲ့သည်။ ထိုစာအုပ်သည် ပေါင်ချိန်များစွာလေးပြီး တစ်ခါတစ်ရံ ထိုစာအုပ်ကို နာရီပေါင်းများစွာ သယ်ခဲ့ရသည်။ လေးလွန်းသည့် စာအုပ်ကြောင့် ကျွန်မခါးနာသွားပြီး နောက်ဆုံး စာအုပ်ထည့်သည့်အိတ်ရှိ သတ္တုပတ္တာပင် ကျိုးသွားခဲ့သည်။
အချို့အရာများသည် ကျွန်မတို့ သယ်ဆောင်ရန်အတွက် အင်မတန် လေးလံလွန်းသည်။ ဥပမာအားဖြင့် အတိတ်က နာကျင်ခဲ့ရမှု၏ ခံစားချက်ဝန်ထုပ်ဝန်ပိုးက ခါးသီးမှု၊ မုန်းတီးမှုများဖြင့် ကျွန်မတို့အား ဖိစီးနိုင်သည်။ သို့ရာတွင် အခြားသူတို့အား ခွင့်လွှတ်ခြင်း၊ ဖြစ်နိုင်လျှင် ထိုသူတို့နှင့် ပြန်လည်သင့်မြတ်ခြင်းတို့အားဖြင့် ကျွန်မတို့လွတ်မြောက်မှုရရှိစေရန် ဘုရားသခင်အလိုရှိသည် (ကော ၃:၁၃)။ ဝေဒနာ နက်ရှိုင်းလေလေ ခွင့်လွှတ်နိုင်ရန် ပိုကြာလေလေဖြစ်သည်။ သို့သော် ကိစ္စမရှိပါ။ သူ၏သားဦးအရာနှင့် ကောင်းချီးမင်္ဂလာကို ခိုးယူမှုအတွက် (က ၂၇:၃၆) ယာကုပ်အား…
ယေရှုခရစ်၌ တည်ခြင်း
အမေရိကန်နိုင်ငံရှိ Balsora Baptist Church (ဘယ်လ်ဆိုရာ နှစ်ခြင်းအသင်းတော်) မီးလောင်ခဲ့သည်။ မီးငြိမ်းသွားပြီးနောက် အရေးပေါ်ဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့ဝင်များ စုဝေးနေကြစဉ် မီးခိုးနှင့်ပြာများအကြားတွင် မီးကျွမ်းနေသော မတ်မတ်ရပ်နေသည့် လက်ဝါးကပ်တိုင်တစ်ခုကို တွေ့ရသဖြင့် အံ့အားသင့်ခဲ့ရသည်။ မီးသတ်သမားက မီးသည် “အဆောက်အအုံကို လောင်ကျွမ်းသွားသော်လည်း လက်ဝါး ကပ်တိုင်ကိုဖြင့် မလောင်ကျွမ်း။ အဆောက်အအုံသည် လူတို့ဆောက်ထားသော အဆောက်အအုံတစ်ခုသာဖြစ်ကြောင်း [သတိပေးချက်ဖြစ်ပြီး]၊ အသင်းတော် မူကား ဝတ်ပြုကိုးကွယ်သူအသိုင်းအဝန်း ဖြစ်သည်” ဟု မှတ်ချက်ပေးခဲ့သည်။
အသင်းတော်သည် အဆောက်အအုံတစ်ခု မဟုတ်ဘဲ၊ အသေခံပြီး သင်္ဂြိုဟ်ခြင်းခံရကာ၊ တစ်ဖန်ရှင်ပြန်ထမြောက်သော ခရစ်တော်၏လက်ဝါးကပ်တိုင် အားဖြင့် စည်းလုံးစွာဖြစ်တည်သော လူမှုအဖွဲ့တစ်ခုဖြစ်သည်။ သခင်ယေရှု လောက၌ အသက်ရှင်စဉ်၊ ကမ္ဘာလုံးဆိုင်ရာအသင်းတော်ကို သူတည်ဆောက်မည်ဖြစ်ပြီး၊ ၎င်းကို မည်သည့်အရာကမျှ ဖျက်ဆီး၍ ရမည်မဟုတ်ကြောင်း ပေတရုအား ပြောခဲ့သည် (မ ၁၆:၁၈)။ သခင်ယေရှုသည် ကမ္ဘာတစ်ဝန်းမှ ယုံကြည်သူများအား…
အသစ်တစ်ဖန် အားသစ်လောင်းခြင်း
လင်းယုန်ငှက်နှစ်ကောင်သည် ကျွန်ုပ်အိမ်မှ မိုင်အနည်းငယ်အကွာအဝေးရှိ သစ်ပင်ကြီးပေါ်တွင် အသိုက်ကြီးကြီးတစ်ခုကို ဆောက်လုပ်ခဲ့သည်။ များမကြာမီတွင် ထိုဧရာမငှက်များ၌ ငှက်ပေါက်လေးများ ရှိလာသည်။ ၎င်းတို့နှစ်ကောင်သည် သားပေါက်များကို အတူပြုစုစောင့်ရှောက်ရင်း လင်းယုန်ငှက် တစ်ကောင်မှာ ကားတိုက်မိပြီး ဝမ်းနည်းဖွယ်ရာ သေဆုံးသွားသည်။ အသက်ရှင်ကျန်ရစ်သည့် လင်းယုန်ငှက်သည် ရက်အတန်ကြာမျှ ပျောက်ဆုံးနေသည့်အဖော်ကို ရှာဖွေနေသကဲ့သို့ အနီးနားရှိ မြစ်တွင် အပေါ်ပျံလိုက် အောက်ဆင်းလိုက် လုပ်နေခဲ့သည်။ နောက်ဆုံးတွင် ထိုလင်းယုန်သည် အသိုက်သို့ပြန်လာပြီး သားပေါက်ကလေးများကို ကြည့်ရှုစောင့်ရှောက်ရန် အပြည့်အဝ တာဝန်ယူခဲ့သည်။
မည်သည့်အခြေအနေမျိုး၌မဆို တစ်ဦးတည်း ရင်သွေးငယ်များကို အုပ်ထိန်း စောင့်ရှောက်ရခြင်းက စိန်ခေါ်မှု ဖြစ်နိုင်ပါသည်။ ကလေးငယ်တစ်ဦး၏ ပျော်ရွှင်မှုအတွက် ငွေကြေးတတ်နိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာဖိအားများ ပေါင်းစပ်ပါဝင်သည့် အတွေ့အကြုံအမျိုးမျိုးကို ဖန်တီးဖြစ်ပေါ်စေနိုင်ပါသည်။ သို့သော် ဤအရေးကြီးသည့်တာဝန်ကို ယူနေရသူများနှင့် စိုးရိမ်စရာကောင်းသော အခြေအနေတစ်ခုကို စီမံခန့်ခွဲနိုင်အောင် ကြိုးစားနေရသူများအတွက် မျှော်လင့်ချက်ရှိပါသည်။
ကျွန်ုပ်တို့ မောပန်းနွမ်းနယ်ပြီး စိတ်ဓာတ်ကျသောအခါများတွင်…
မုသာနှင့် သမ္မာတရား
ကြီးမားသည့် မုသာအလိမ်အညာများသည် သေးငယ်သည့်မုသာများထက် ပို၍ အစွမ်းထက်သည်ဟု Adolf Hitler (အဒေါ့ဖ်ဟစ်တလာ)က ယုံကြည်ခဲ့ပြီး၊ သူ၏ ထင်မြင်ယူဆချက်မှန်ကန်ကြောင်း စမ်းသပ်အောင်မြင်ခဲ့ခြင်းက ဝမ်းနည်းဖွယ် ဖြစ်သည်။ သူ၏နိုင်ငံရေးသမားဘဝ အစောပိုင်းကာလ၌ သူသည် အခြားသူတို့၏ ပြင်းပြသည့်ဆန္ဒ ရည်မှန်းချက်များကို ကူညီပံ့ပိုးပေးရန် နှစ်သက်သူဖြစ်သည်ဟု ဖော်ထုတ်ပြောဆိုခဲ့သည်။ သူ အာဏာရရှိလာသည့်အခါ သူ၏ပါတီသည် မည်သူ့ကိုမှ ညှဥ်းပန်းနှိပ်စက်ရန် မရည်ရွယ်ခဲ့ပါဟု သူပြောခဲ့သည်။ နောက်ပိုင်းတွင် သူသည် သတင်းမီဒီယာများကို အသုံးချပြီး သူ့ကိုယ်သူ နိုင်ငံ့ဖခင်ကြီးနှင့် အကျင့်သိက္ခာပြည့်ဝသော ခေါင်းဆောင်ကြီးအဖြစ် ပုံဖော်ခဲ့သည်။
စာတန်သည် မုသာကိုအသုံးပြုလျက် ကျွန်ုပ်တို့၏အသက်တာများကို ထိန်းချုပ်နိုင်ရန် ကြိုးစားသည်။ သူသည် “မုသာစကား၌ ကျင်လည်သောသူ၊ ... မုသာ၏ဖခင်” ဖြစ်သောကြောင့် (ယော ၈:၄၄) ဖြစ်နိုင်သမျှအချိန်တိုင်းတွင် ကြောက်ရွံ့မှု၊ အမျက်ဒေါသနှင့် စိတ်ပျက်ခြင်းတို့ကို နှိုးဆွပေးသူဖြစ်သည်။ သခင်ယေရှုပြောသကဲ့သို့ စာတန်၌ သမ္မာတရား…
သခင်ယေရှု၌ အတူတကွ အစေခံခြင်း
ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ပိုင်းရှိ Micronesia (မိုက်ခရိုနေးစီးယား) ကျွန်းစုများ၏ ကျွန်းတစ်ကျွန်းတွင် သောင်တင်နေသောလူနှစ်ယောက်ကို ကူညီရန် ကယ်ဆယ် ရေးလုပ်သားများသည် အတူပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဖွဲ့လိုက် ချိတ်ဆက်လုပ်ဆောင်မှု လိုအပ်သည်။ ပြန့်နှံ့နေသော ကျန်းမာရေးကပ်ဆိုက်ကာလဖြစ်ခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုကို ကန့်သတ်ရန် လိုအပ်ခဲ့သည်။ သောင်တင်နေသူများကို ပထမဦးဆုံးမြင်သော လေယာဥ်မှူးက အနီးအနားရှိ ဩစတြေးလျ ရေတပ်သင်္ဘောသို့ ရေဒီယိုဖြင့် အသိပေးခဲ့သည်။ ထိုရေတပ်သင်္ဘောမှ အစာရေစာနှင့် ဆေးဝါးအထောက်အပံ့များ ဖြည့်တင်းထားသည့် ရဟပ်ယာဥ် နှစ်စီးကို စေလွှတ်ခဲ့သည်။ ထို့နောက် အမေရိကန် ကမ်းရိုးတန်းစောင့်တပ်မှ ထိုသူတို့ကို စစ်ဆေးရန် ရောက်ရှိလာပြီး ရေဒီယိုတစ်လုံး ပေးခဲ့သည်။ နောက်ဆုံးတွင် မိုက်ခရိုနေးစီးယား ကင်းလှည့်သင်္ဘောမှ သူတို့သွားရောက်လိုသည့်နေရာသို့ ပို့ဆောင်ပေးခဲ့သည်။
ကျွန်ုပ်တို့ အတူတကွ လုပ်ဆောင်သောအခါ အမှုအရာများစွာကို အကောင်အထည် ဖော်နိုင်သည်။ တမန်တော်ရှင်ပေါလုကို ထောက်ပံ့ရန် ဖိလိပ္ပိအသင်းတော်ရှိ ယုံကြည်သူများတို့ အသီးသီး အားစိုက်ပါဝင်ခဲ့ကြသည်။ လုဒိနှင့်သူမ၏မိသားစုသည် သူတို့၏ အိမ်တွင်တည်းရန်…
ခရစ်တော်အတွက် စိတ်လှုပ်ရှားမှုကို ဝေမျှပါ
ကျွန်ုပ်တို့၏အိမ်နီးချင်း ဟင်နရီနှင့် ပထမဆုံးတွေ့စဥ်က သူလွယ်ထားသည့် အိတ်ထဲမှ ဟောင်းနွမ်းနေသော ကျမ်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး တောက်ပ သော မျက်လုံးများဖြင့် ကျမ်းစာလေ့လာဆွေးနွေးချင်လားဟု မေးခဲ့သည်။ ကျွန်ုပ်တို့ ခေါင်းညိတ်လိုက်ပြီး၊ အမှတ်အသားပြုထားသော စာပိုဒ်အချို့ကို သူလှန်လိုက်သည်။ သူ၏လေ့လာတွေ့ရှိချက်များနှင့် ပြည့်နှက်နေသော မှတ်စုစာအုပ်တစ်အုပ်ကို ကျွန်ုပ်တို့အား ပြပြီး အခြား ဆက်စပ်သော အချက်အလက်များ အပြည့်ရှိသည့် ကွန်ပြူတာတင်ပြချက်တစ်ခုကိုလည်း သူပြုလုပ်ထားကြောင်း ပြောပြသည်။
ဟင်နရီသည် ခက်ခဲသော မိသားစုအခြေအနေမှ ကြီးပြင်းလာခဲ့ပြီး၊ အဆိုးဆုံးအချိန်တွင် သခင်ယေရှု၏ သေခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကို သူ၏ ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်အဖြစ် သူတစ်ဦးတည်းသာ လက်ခံခဲ့ကြောင်း (တ ၄:၁၂) ပြောပြခဲ့သည်။ သမ္မာတရား၏ပညတ်ချက်များကို လိုက်နာရန် သန့်ရှင်းသောဝိညာဥ်တော်၏မစမှုဖြင့် သူ့အသက်တာ ပြောင်းလဲခဲ့သည်။ ဟင်နရီသည် နှစ်ပေါင်းများစွာကတည်းက သူ၏အသက်တာကို ဘုရားရှင်ထံ အပ်နှံခဲ့သော်လည်း သူ၏စိတ်အားထက်သန်မှုသည် လန်းဆန်းတက်ကြွပြီး အားပြည့်နေမြဲဖြစ်သည်။
သခင်ယေရှုနှင့်အတူ နှစ်ပေါင်းများစွာ လျှောက်လှမ်းခဲ့သူ ဟင်နရီ၏စိတ်အားထက်သန်မှုက…
နှိမ့်ချခြင်း၌ ထူးချွန်သော
ကစားပွဲအပြီးတွင် ကောလိပ်ဘတ်စကက်ဘော ကြယ်ပွင့်တစ်ဦးသည် ခွက်အလွတ်များနှင့် အစားအစာထုပ်များ စွန့်ပစ်ရာတွင် အလုပ်သမားများအား ကူညီရန် နောက်ချန်နေခဲ့သည်။ သူ၏လှုပ်ရှားမှု ဗီဒီယိုဖိုင်ကို ပရိသတ်တစ်ဦးက တင်ခဲ့ရာ ကြည့်ရှုသူ ရှစ်သောင်းကျော်ရှိခဲ့သည်။ လူတစ်ယောက်က “[ဒီလူငယ်]ဟာ ဘဝမှာ တွေ့ဖူးသမျှ အနှိမ့်ချဆုံးလူတွေထဲက တစ်ယောက်ပါ” ဟုမှတ်ချက်ပေးခဲ့သည်။ ထိုကစားသမားအတွက် အသင်းဖော်များနှင့်အတူ ထွက်သွားပြီး အသင်းအောင်ပွဲခံခြင်းက ပို၍လွယ်ကူပါသည်။ ထိုသို့ပြုမည့်အစား သူသည် ကျေးဇူးတင်မခံရသည့် အလုပ်အတွက် စေတနာ့ဝန်ထမ်း လုပ်ခဲ့သည်။
ကောင်းကင်ဘုံရှိ မြင့်မြတ်သောရာထူးကို စွန့်ခွာပြီး မြေကြီးပေါ်ရှိ အစေခံကျွန်၏သဏ္ဌာန်ကို ဆောင်ယူရန် မွေးဖွားလာသော သခင်ယေရှု၌ အတုမရှိသောနှိမ့်ချခြင်းစိတ်ဓာတ်ကို တွေ့ရသည် (ဖိ ၂:၇)။ ထိုသို့လုပ်ရန် မလိုအပ်သော်လည်း၊ သခင်ယေရှုသည် သူ့ကိုယ်သူ လိုလိုလားလား နှိမ့်ချခဲ့သည်။ လောကမြေ၌ သူ၏ အမှုဆောင်ခြင်းများတွင် သွန်သင်ခြင်း၊ အနာရောဂါငြိမ်းစေခြင်း၊ လူတို့ကို ကယ်တင်ရန်နှင့် သေခြင်းမှထမြောက်ခြင်းဟူသည့် လူသားအားလုံးကိုချစ်ခြင်းတို့ ပါဝင်သည်။
ခရစ်တော်၏စံနမူနာက…
တီးတိုးလေသံမျှသာ
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ Grand Central ဘူတာရုံရှိ တီးတိုးနံရံ (whispering wall)သည် ဆူညံသည့် ထိုဧရိယာ၏ အသံအိုအေစစ်ဖြစ်သည်။ ထူးခြားသည့်ထိုနေရာသည် လူတစ်ဦးနှင့်တစ်ဦး ပေ (၃၀) အကွာမှပင် အသံတိုးတိုးဖြင့် ဆက်သွယ်နိုင်အောင် လုပ်ဆောင်ပေးသည်။ ကျောက်ဖျာဝင်ပေါက်၌ ရပ်ပြီး နံရံ၌ နူးညံ့စွာစကားပြောလိုက်လျှင် ခုံးနေသည့်ကျောက်တုံးမှတစ်ဆင့် အသံလှိုင်းများသည် အခြားတစ်ဘက်ရှိ နားထောင်နေသူထံ ရောက်သွားသည်။
ယောဘ၏ဘဝ၌ အရာအားလုံးနီးပါး ဆုံးရှုံးခဲ့ရသည့်အဖြစ်ဆိုး ဆူညံသံတို့ဖြင့် ပြည့်နေချိန် သူသည် တိုးညင်းသော သတင်းစကားကို ကြားခဲ့သည် (ယောဘ ၁:၁၃-၁၉၊ ၂:၇)။ သူ့မိတ်ဆွေများက သူတို့၏အမြင်များကို ဇွတ်တရွတ်ပြောကြသည်။ ယောဘ၏ကိုယ်ပိုင်အတွေးများ အတိုင်းအဆမဲ့ပြိုလဲကုန်သည်။ သူ၏ဘဝကဏ္ဍတိုင်း၌ ဒုက္ခပြဿနာများဝင်ရောက်လာသည်။ သို့သော် သဘာဝတရားကြီးက ဘုရားသခင်၏ အံ့ဖွယ်တန်ခိုးတော်အကြောင်း သူ့အား တီးတိုးပြောဆိုခဲ့သည်။
ကောင်းကင်၏ထည်ဝါမှု၊ အာကာသတွင် ချိတ်ဆွဲခံထားရသည့် ကမ္ဘာဂြိုဟ်၏ဆန်းကြယ်မှု၊ မိုးကုတ်စက်ဝိုင်း၏တည်ငြိမ်မှုတို့က ကမ္ဘာကြီးသည် ဘုရားသခင်၏လက်ထဲတွင်ရှိကြောင်း…
ခမ်းနားထယ်ဝါသောဒီဇိုင်း
နိုင်ငံတကာသုတေသနအဖွဲ့တစ်ခုသည် ပျံလွှားငှက်ကိုအတုယူပြီး တောင်ပံခတ်သည့် ဒရုန်းတစ်စင်းကို ဖန်တီးခဲ့သည်။ ပျံလွှားငှက်သည် တစ်နာရီ မိုင် (၉၀) နှုန်းဖြင့်ပျံသန်းနိုင်ပြီး ဝဲနိုင်သည်၊ ထိုးဆင်းနိုင်သည်၊ လျင်မြန်စွာ လှည့်နိုင်သည်၊ ရုတ်တရက် ရပ်တန့်နိုင်သည်။ သို့ရာတွင် ထိုအတောင်ပံပါသည့် ဒရုန်းသည် ပျံလွှားငှက်နှင့်ယှဥ်လျှင် အဆင့်နိမ့်နေဆဲဖြစ်သည်။ သုတေသီတစ်ဦးက “ငှက်များ၌ ကြွက်သားပုံစံအမျိုးမျိုးရှိပြီး အံ့ဖွယ်အမြန်နှုန်းနှင့် ပျံနိုင်အောင်၊ တောင်ပံရုတ်နိုင်အောင်၊ လှည့်ပြန်နိုင်အောင်၊ အမွေးအတောင်တို့ကို သူ့နေရာ နှင့်သူ ဖွင့်ဆန့်နိုင်အောင်၊ အားကို ချွေတာနိုင်အောင် ထောက်ကူပေးသည်” ဟု ဆိုသည်။ သူ့အဖွဲ့၏အားထုတ်မှုသည် “သက်ရှိငှက်တစ်ကောင်၏ (၁၀) ရာခိုင်နှုန်း”ခန့် ကိုသာ ပုံတူပွားနိုင်သည်ဟု သူဝန်ခံခဲ့သည်။
ဘုရားသခင်သည် သတ္တဝါများအား အံ့ဖွယ်စွမ်းရည်အမျိုးမျိုးကို ပေးထားပါသည်။ သတ္တဝါများ၏အသိဗီဇများကို စောင့်ကြည့်ဆင်ခြင်ခြင်းက ကျွန်မတို့အတွက် ပညာအရင်းအမြစ် ဖြစ်စေနိုင်ပါသည်။ ပရွက်ဆိတ်များက စုဆောင်းခြင်းနှင့်စပ်လျဥ်း၍ သင်ပေးသည်၊ ရှာဖန်ယုန်များက အမှီပြုနိုင်သည့်ခိုလှုံရာ၏ တန်ဖိုးကို ပြသသည်၊…
လမ်းညွှန်မှုကို လက်ခံခြင်း
ကျွန်မသူငယ်ချင်း မီရှဲက ကျွန်မသမီးကို မြင်းစီသင်ပေးသည့် တင်းကုပ်၌ ကျွန်မတို့ရပ်နေစဥ် သားရေနှင့် အုတ်ဂျုံအနံ့ကို ရခဲ့ကြသည်။ မြင်းပု၏ သွားအနောက်တွင် မြင်းဇက်သွားကို မည်သို့တပ်ဆင်ရမည်ကို သူမပြသောအခါ မီရှဲ၏အဖြူရောင်မြင်းပု၏ ပါးစပ်ဟသွားသည်။ သူမသည် မြင်းဇက်ကြိုးကို နားရွက်သို့ဆွဲတင်ရင်း၊ မြင်းစီးသူများအတွက် မြင်းကို အရှိန်လျော့ရန်နှင့် ဘယ်၊ ညာလှည့်ပြီး ထိန်းကျောင်းရန်အတွက် မြင်းဇက်သွားသည် အရေးပါကြောင်းကို မီရှဲရှင်းပြခဲ့သည်။
လူ၏လျှာကဲ့သို့ပင် မြင်းဇက်သွားသည် သေးငယ်သော်လည်း အရေးကြီးသည်။ နှစ်ခုစလုံးသည် ကြီးမားပြီး အင်အားကြီးသောအရာအပေါ် လွှမ်းမိုးမှုကြီးမားသည်။ မြင်းဇက်သွားက မြင်းကို၊ လျှာက ကျွန်မတို့၏စကားလုံးများကို (ယာ ၃:၃၊ ၅) လွှမ်းမိုးသည်။
ကျွန်မတို့၏စကားလုံးများသည် ဦးတည်ချက်အမျိုးမျိုးသို့ ဦးတည်နိုင်သည်။ “ငါတို့သည် လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းချီးပေးတတ်ကြ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းသောလူတို့ကို လျှာဖြင့် ကျိန်ဆဲတတ်ကြ၏” (:၉)။ စကားလုံးများက စိတ်နှလုံးထဲမှ ထွက်လာခြင်းဖြစ်သောကြောင့် ကျွန်မတို့၏စကားများကို…