အဘိဂဲလ၏ သတိပေးချက်
စည်းစိမ်ဥစ္စာကြွယ်ဝသော်လည်း မောက်မာရက်စက်သူ `နာဗလ´ က ဒါဝိဒ်ကို အကူအညီ မပေး၊ ထို့ကြောင့် ဒါဝိဒ်နှင့်သူ၏စစ်သည်တော် ၄၀၀ တို့က သူရှိရာသို့ ချီတက် လာသည်။ နာဗလ၏ဇနီး အဘိဂဲလနှင့် အရင်မတွေ့ပါက ဒါဝိဒ်သည် `နာဗလ´ အား
လုပ်ကြံသတ်ဖြတ်မည်ဖြစ်သည်။ အဘိဂဲလသည် စစ်တပ်တစ်တပ် စားလောက်သော အစားအစာ အလုံအလောက်ကို ထုပ်ပိုးပြီး စစ်သည်များအား တွေ့ဆုံရန်ခရီးပြုခဲ့ပြီး ကျရောက်လာနိုင်မည့် အန္တရာယ်ဆိုးကို ပယ်ဖျက်လိုက်နိုင်ရန် မျှော်လင့်ထားသည်။ ကြံစည်ထားသည့် အတိုင်း လက်စားချေလုပ်ဆောင်ပါက အပြစ်မကင်းသည့် စိတ်ဖြင့် လိပ်ပြာမသန့်ဖြစ်ရတော့မည်ဟု အဘိဂဲလ က လေးလေးစားစားနှင့် ဒါဝိဒ်ကိုသတိပေးခဲ့သည် (၁ရာ ၂၅း၃၁)။
သူ့စကားမှန်ကန်ကြောင်း ဒါဝိဒ်ဝန်ခံပြီး သူ၏မှန်ကန်စွာ ဆုံးဖြတ်စီရင်ချက်အတွက် ဒါဝိဒ်သူ့ကို ကောင်းချီးပေးခဲ့သည်။
ကန္တာရထဲတွင် နာဗလ၏သိုးထိန်းများကို ဒါဝိဒ် ကာကွယ်ပေးလည်း(း၁၄-၁၇)၊ ကောင်းမှုကို မကောင်းမှုနှင့် တုံ့ပြန်ခံရသည့်အတွက် ဒါဝိဒ်ဒေါသထွက်၊ စိတ်ဆိုးခြင်းက…
အလင်းဘက်သို့ ယိုင်ခြင်း
တစ်နေ့တွင် ပန်းရောင်ကျူးလစ်ပန်းတစ်စည်းကို ကျွန်မလက်ခံရရှိခဲ့ပြီး မီးဖိုချောင်ရှိ စားပွဲတွင် ပန်းအိုးထိုးလိုက်သည်။ ပန်းပွင့်များက ရိုးတံပေါ်တွင် လှုပ်ရမ်းနေကြသည်။ နောက်တစ်နေ့တွင်း ပန်းပွင့်များသည် အခြားတစ်ဘက်သို့ မျက်နှာမူနေသည်ကို ကျွန်မ သတိထားမိသည်။ အပေါ်ဘက်သို့ မျက်နှာမူနေသောပန်းပွင့်များသည် ယခုအခါ အနီးရှိ ပြတင်းပေါက်မှဖြာဆင်းလာသော အလင်းတန်းရှိရာ ဘက်သို့ ယိုင်နေသည်ကို တွေ့ရသည်။ သင်ခန်းစာကား ကျွန်မတို့အားလုံးကို ထိုပန်းပွင့်များ ကဲ့သို့ဖြစ်ရန် ကိုယ်တော်ဖန်ဆင်းထားသည်။ သူ၏မေတ္တာ အလင်းသို့မျက်နှာမူရန် ဘုရားသခင် ကျွန်ုပ်တို့အား ခေါ်ယူသည်။ ခေါ်ယူစေစားခံရသည့် အံ့ဖွယ်အမှုကို "မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်သို့ ခေါ်ယူ ခံရခြင်း ဟု ရှင်ပေတရု ရေးသားထားသည် (၁ပေ ၂း၉)။ ဘုရားသခင်ကို မသိမီက အပြစ်၏မှောင်မိုက်နှင့်သေခြင်းထဲ၌ ကျွန်မတို့ ကျင်လည် ကြသည် (ဧဖက် ၂း၁-၇)။ သို့သော်လည်း ဘုရားသခင်၏ကရုဏာနှင့် မေတ္တာကြောင့် သားတော်ယေရှု၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ၀ိညာဉ်ရေးရာ မှောင်မိုက်မှလွတ်မြောက်နိုင်သည့်လမ်းတစ်လမ်းကို…
မြင်ကွင်းကောင်းကောင်း
ကျွန်မငယ်စဉ်က သစ်ပင်ပေါ်တက်၍ ဆော့ရသည်ကို နှစ်ခြိုက်လှသည်။ မြင့်မြင့် တက်လေ ပို၍ ရှင်းလင်းစွာ မြင်ရလေဖြစ်သည်။ မြင်ကွင်းကောင်းကောင်း မြင်ရအောင် မကြာခဏဆိုသလို အကိုင်းဖျားထိ တရွေ့ရွေ့တိုးသွားခြင်းကြောင့် သစ်ကိုင်းညွတ်ကျ သွားရလေသည်။ သို့သော် သစ်ပင်တက်ဆော့ရသည့်အချိန်က ကုန်လွန်သွားပြီ။ ကျွန်မ ကြီးပြင်းလာသည်နှင့်အမျှ အပင်ကသိပ်စိတ်မချရတော့သလို မတင့်တယ်တော့ဟု ကျွန်မခံစားရခြင်းကြောင့် ဖြစ်သည်။
သူဌေးဇက္ခဲကမူ သူ့ဂုဏ်သိက္ခာကို ဘေးဖယ်ပြီး (သူ့ လုံခြုံမှုကိုလည်း ဂရုမစိုက်တော့ဘဲ) တစ်နေ့တွင် ယေရိခေါ
မြို့၌ သစ်ပင်တစ်ပင်ပေါ်သို့ တက်ခဲ့သည်။ သခင်ယေရှုက
မြို့ထဲသို့ဝင်လာသဖြင့် ထိုပုဂ္ဂိုလ်ကို သူမြင်တွေ့လိုသည်။ သို့သော် သူ့အရပ်ကပုပြီး ပရိတ်သတ်များကလည်း ကွယ် နေသည် (လု ၁၉း၃)။ သို့သော် ဘယ်အရာကမှ သူ့အား သခင်ယေရှုကို မမြင်ရအောင်၊ ခရစ်တော်နှင့်စကားမပြောအောင် မတားဆီးနိုင်ခဲ့ပါ။ ဇက္ခဲ၏ အကြံ အောင်မြင်သွားသည်။ သခင်ယေရှုကို ဇက္ခဲမြင်ရသောအခါ သူ့ဘ၀…
အရာခပ်သိမ်း၏အထက်ရှိ ယေရှု
ကျွန်မမိတ်ဆွေ၏သားက တစ်နေ့တွင် ကျောင်းဝတ်စုံပေါ်မှ အားကစားဂျာစီအင်္ကျီ ထပ်ဝတ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုညတွင် ကစားမည့် သူအားပေးသည့်အသင်းကို ထောက်ခံအားပေးကြောင်း သူပြသလိုသည်။ အိမ်မှမထွက်မီ အားကစားဂျာစီပေါ်၌ ထပ်ဝတ်ဆင်လိုက်သောအရာကား ‘‘ယေရှု’’ ဟု ရေထိုးထားသည့် ဆွဲပြားဖြစ်သည်။ သူ၏သာမန်အပြုအမူလေးမှ ဖော်ပြသည့် သာ၍နက်နဲသော သမ္မာတရားကား ကျွန်ုပ်တို့၏အသက်တာကဏ္ဍတိုင်း၊ ဘ၀ စာမျက်နှာတိုင်းတွင် သခင်ယေရှုသည် ပထမဦးစားပေး ဖြစ်ရမည်တည်း။
သခင်ယေရှုသည် အရာခပ်သိမ်း၏အထက်၌ရှိသည်။ ‘‘သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မီ ဖြစ်တော် မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏’’ (း၁၇)။ ‘‘ဝေနေယျသတ္တ၀ါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏’’ (း၁၅-၁၆)။ ‘‘အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်းဖြစ်တော်မူ၏’’(း၂၀)။ ဤအချက်များကြောင့် အရာခပ်သိမ်းတွင် သခင်သည် ပထမဦးစားပေး ဖြစ်ရပါမည်။
ကျွန်မတို့၏ဘ၀စာမျက်နှာတိုင်း၌ သခင်ယေရှုကို အမြင့်ဆုံး ဦးစားပေးချီးမြှောက် သောအခါ ဤအမှန်တရားကို ကျွန်မတို့ပတ်ဝန်းကျင်ရှိ လူတို့ မြင်တွေ့လာမည်။ အလုပ်ခွင်၌ ဘုရားကို…
ဖြစ်လာမည့်အရာ
သင်နှင့် ကျွန်ုပ်တွင် တူညီသောအချက်မှာ ရှုပ်ထွေးပွေလီလျက် ပျက်စီးနေသောလောက၌ ရှင်သန်နေရပြီး ထူးပြီးသိသောအရာ ဘာမှမရှိပါ။ သို့သော် အာဒံနှင့် ဧ၀တို့ကမူ ကျိန်ခြင်း အမင်္ဂလာမတိုင်မီက ဘ၀ကိုဖြင့် မှတ်မိနိုင်ကောင်းသည်။ ကမ္ဘာမြေသည် ဘုရားသခင် ကြိုတင် ရည်ရွယ်ထားသည့်အတိုင်း သေခြင်း၊ ခက်ခဲပင်ပန်းခြင်း၊ နာကျင်ခြင်းများ
ကင်းဝေးရာ နေရာဖြစ်ကြောင်း သူတို့ ပြန်ပြောင်းသတိရ နိုင်သည် (က ၃း၁၆-၁၉)။ အပြစ်၌ မကျဆုံး မပျက်စီးမီ ဧဒင်အရပ်၌ ဆာလောင်ငတ်မွတ်မှု၊ အလုပ်လက်မဲ့၊ ရောဂါဝေဒနာစသည့် ပြဿနာများ မရှိပါ။ ဘုရားသခင်၏
ဖန်ဆင်းခြင်းတန်ခိုးတော်၊ လူသားများနှင့် ဆက်ဆံရင်းနှီးမှု အတွက် ကိုယ်တော်၏ အကြံအစည်တော် အပေါ် မည်သူမျှ စောဒကမတက်၊ မေးခွန်း မထုတ်ပါ။
သို့သော် ယခု ကျွန်ုပ်တို့ ပိုင်ဆိုင်ရရှိသည့် ကမ္ဘာမြေကြီးမှာ ဘုရားသခင်၏ ပြည့်ဝစုံလင်သော ဥယျာဉ်တော်နှင့် မဆိုစလောက်သာ တူတော့သည်။…
အဲဒါဘာလဲ
ကျွန်မမိခင်သည် နှစ်ပေါင်းများစွာ ဆန်းဒေးစကူး သင်ကြားခဲ့သည်။ တစ်ပတ်တွင် ဣသရေလလူတို့ တော၌လှည့်လည်စဉ် ဘုရားသခင်က အစာပြင်ဆင်ပေးသနားပုံ အကြောင်းကို သင်ကြားရန်ပြင်ဆင်သည်။ ထိုဇာတ်ကြောင်း အသက်ဝင်လာအောင် သူ့အတန်းရှိ ကလေးများအတွက် မန္နမုန့် “Manna” ကို ပုံဆောင်မည့်မုန့်ကို တီထွင် ပြင်ဆင်ခဲ့သည်။ ပေါင်မုန့်ကို အတုံးသေးလေးဖြစ်အောင် လှီးပြီး ပျားရည်ဖြင့် မံလိုက်သည်။ ထိုမုန့်အားဖြင့် “ပျားရည်နှင့် ရောသော မုန်ကြွပ်နှင့်အရသာတူ၏” (ထွက် ၁၆း၃၁) ဟူသည့်
မန္နမုန့်အကြောင်းကို စိတ်ဝင်စားဖွယ် ဆွဲဆောင်ခဲ့သည်။
တပ်အပြင်ဘက် မြေမျက်နှာပြင်၌ ဘုရားသခင် ပေးသနားသော ကောင်းကင်မှမုန့်ကို နှင်းခဲသေးသေး လုံးလုံးအဖြစ်တွေ့ခဲ့ရပြီး “ထိုအရာကို ဣသရေလ အမျိုးသား
တို့သည် မြင်သောအခါ အဘယ်အရာနည်းဟု မသိ သောကြောင့် တစ်ယောက်ကိုတစ်ယောက် မေးကြ၏ (း၁၅)။ ဟေဗြဲဘာသာစကား၌ “man” ဟူသည် “ဘာလဲ”
ဟူသည့် အဓိပ္ပာယ်သက်ရောက်သည်။…
သူငယ်များအတွက် သင်ခန်းစာများ
သမီးက သူ့ကျောင်းထမင်းစားဆောင်၌ အခက်တွေ့နေသည့် ပြဿနာတစ်ခုကို ပြောပြသောအခါ ထိုပြဿနာကို မည်သို့ဖြေရှင်းပေးရမည်နည်းဟု ချက်ခြင်းတွေးမိ သည်။ သို့သော် အခြားအတွေး တစ်စ၀င်လာသည်။ ဘုရားသခင်က ထိုပြဿနာအားဖြင့် သူလှုပ်ရှားနေကြောင်း သိစေရန်၊ သူကိုပို၍ အကျွမ်းဝင်သိလာရန် အခွင့်ပေးခြင်း ဖြစ်သည်။ ချက်ခြင်းဖြေရှင်းပေးခြင်းထက် သူနှင့်အတူ ဆုတောင်းရန် ကျွန်မဆုံးဖြတ်ခဲ့သည်။ သို့နှင့် ကျွန်မ ၀င်ရောက် မပတ်သက်ဘဲနှင့် ပြဿနာပြေလည်သွားသည်။
ထိုအခြေအနေ အဖြစ်အပျက်က သမီးလေးအပေါ် ဘုရားသခင်သည် ဂရုစိုက်ကြောင်း သူဆုတောင်းသောအခါ နားညောင်းကြောင်း၊ ဆုတောင်းချက်ကို အဖြေပေးကြောင်း ပြသသည်။ ဤသင်ခန်းစာများကို ဘ၀၏အစ ငယ်ရွယ်စဉ်မှာ ပင်သင်ယူရန် သမ္မာ ကျမ်းစာမှ အထူးပြုဖော်ပြချက်ရှိသည်။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ လိုက်သွားလိမ့်မည်” (သု ၂၂း၆)။ သခင်ယေရှုနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ကလေးသူငယ်များ သိကျွမ်းအောင် ကျွန်မတို့…
မင်းအရင်
တိဘက်ဖွား Sherpa Nawang Gombu နှင့် အမေရိကန်နိုင်ငံသား ဂျင်းမ် ၀တ်တိတ်ခါ တို့သည် ၁၉၆၃ ခု မေ ၁ရက်နေ့တွင် ဧ၀ရတ်တောင်ထိပ်သို့ ရောက်ရှိ ခဲ့သည်။ တောင်ထိပ်နှင့်နီးလာစဉ် နှစ်ဦးလုံးက ဧ၀ရတ်တောင်ထွတ်သို့ ပထမဦးဆုံး ခြေချနိုင်သူအဖြစ် ဂုဏ်ပြုခံရန် တွေးမိကြသည်။ ၀တ်တိတ်ခါက ဂွမ်ဘူကို ရှေ့ဆက် သွားရန် မျက်ရိပ်ပြလိုက်သော်လည်း ဂွမ်ဘူက အပြုံးနှင့် ငြင်းလိုက်ပြီး “မင်းအရင်တက်လိုက် ဂျင်းမ်ကြီးရာ” ဟု ပြောသည်။ နောက်ဆုံးတွင် သူတို့နှစ်ဦးသား တောင်ထိပ်သို့ တပြိုင်နက် လှမ်းတက်လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤသို့သောနှိမ့်ချမှုမျိုးကို ဖော်ပြကြရန် ရှင်ပေါလုက ဖိလိပ္ပိရှိ ယုံကြည်သူများအား တိုက်တွန်းအားပေးခဲ့သည်။ “ကိုယ်အမှုအရာကို သာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့” ဟု ပြောကြားခဲ့သည် (ဖိ ၂း၎)။ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ဘ၀င်မြင့်ခြင်းက လူများကို ကွဲပြားစေ၏။…
ခိုလှုံရာနေရာ
ဗြိတိသျှတို့အုပ်စိုးခဲ့သော ကိုလံဘီယာ ပြည်နယ် ဗန်ကူးပါးမြို့၌ အိမ်ယာမဲ့များသည် ၎င်းတို့ ညအချိန်တွင် အိပ်စရာနေရာကို ရှာတွေ့နိုင်ပြီဖြစ်သည်။ ‘‘Rain City Housing’’ အမည် ရှိ ပရဟိတအဖွဲ့တစ်ခုက ထိုင်ခုံတန်းများကို အမိုးအကာနှင့် ယာယီနားခိုနိုင်သော နေရာအဖြစ် ပြောင်းလဲနိုင်အောင် တီထွင်ပေးခဲ့သည်။ ထိုခုံတန်းရှည်၏ နောက်မှီကို ဆွဲထုတ်၍ ထောင်လိုက်လျှင် လူတစ်ဦးအတွက် မိုးနှင့်လေမှ
ကာကွယ်ပေးမည့် အမိုးအကာဖြစ်သွားသည်။ ထိုအိပ်စရာ နေရာများကို ညဘက်တွင် ရှာတွေ့နိုင်သည်။ အဘယ် ကြောင့်
ဆိုသော် အမှောင်ထဲ၌ အလင်းပြန်စတစ်ကာဖြင့် ‘‘အိပ်ခန်း’’ ဟု ရေးထားသည့်စာသားကို ရှာတွေ့နိုင်သောကြောင့်တည်း။
ရုပ်ပိုင်းဆိုင်ရာအတွက် ခိုလှုံရာ အကွယ်အကာ လိုအပ်သကဲ့သို့ ၀ိညာဉ်ပိုင်းဆိုင်ရာအတွက်လည်း လိုအပ် သည်။ ကျွန်ုပ်တို့ ဒုက္ခအခက်အခဲနှင့်တွေ့ရသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ၀ိညာဉ်အတွက် ခိုလှုံရာဖြစ်သည်။ ဒါဝိဒ်မင်းက ‘‘စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။…
အပြစ်ဒဏ်လက်မှတ်
အမျိုးသမီးတစ်ဦးတည်း သူ့သမီးလေးကို ကားအတွင်း၌ ကလေးထိုင်ခုံမရှိဘဲ ရိုးရိုး
စီးနင်းလိုက်ပါစေခြင်းကြောင့် ရဲအရာရှိမှ သူ့ကို တားဆီးစစ်ဆေးခဲ့သည်။ သူမကို ယာဉ်စည်းကမ်းချိုးဖောက်မှုဖြင့် အပြစ်ဒဏ်လက်မှတ် ဖြတ်နိုင်သော်လည်း ထိုသို့ မလုပ်ဘဲ၊ အနီးရှိ စတိုးဆိုင်၌ သူ့ကိုလာတွေ့ရန် ပြောလိုက်သည်။ စင်စစ် ထိုမိခင်မှာ ငွေကြေး အခက်အခဲရှိသောကြောင့် ထိုင်ခုံ မ၀ယ်နိုင်ခဲ့ပါ။ ထို့ကြောင့် ရဲအရာရှိက ငွေစိုက်ထုတ်ပြီး လိုအပ်သော ကလေးထိုင်ခုံကို ၀ယ်ပေးရန်ဖြစ်သည်။
ယာဉ်စည်းကမ်းချိုးဖောက်မှုအတွက် ဒဏ်ငွေတပ်ခံ သင့်သော်လည်း ဒဏ်ငွေအစား လက်ဆောင်ရသွားသည်။ ခရစ်တော်ကို သိကျွမ်းသူတို့လည်း အလားတူ အတွေ့အကြုံ မျိုးကို ခံစားကြရသည်။ ဘုရားသခင်၏ ဥပဒေသ ပညတ် များကို ချိုးဖောက်လွန်ကျူးခြင်းအတွက် ကျွန်ုပ်တို့အားလုံး အပြစ်ဒဏ်ခံရရန်ရှိသည် (ဒေ ၇း၂၀)။ သို့သော် သခင် ယေရှုကြောင့် ဘုရားသခင်၏မထိုက်တန်သည့် မျက်နှာသာ ပေးမှုကို ခံစားရသည်။ ဤမျက်နှာသာပေးမှုကြောင့် သေခြင်း၊…