စာရေးသူ

အားလုံးမြင်နိုင်ရန်
Jeff Olson

ဂျက်ဖ် အိုလ်စန်

ဂျက်ဖ်သည် မီချီဂန် ပြည်နယ်မှ လိုင်စင်ရ ကျွမ်းကျင် အကြံပေးပုဂ္ဂိုလ်ဖြစ်ပြီး၊ ၁၉၉၂ ခုနှစ်မှစ၍ ODBM အတွက် အကြံပေးပုဂ္ဂိုလ်နှင့် စာရေးဆရာအဖြစ် အမှုတော်ဆောင် ၀န်ထမ်းခဲ့ပါသည်။ မူးယစ်ဆေး/အရက်စွဲခြင်း၊ ၀မ်းနည်းကြေကွဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိမ်တွင်း အကြမ်းဖက်မှုစသည့်အကြောင်းအရာများနှင့် စပ်လျဉ်းသည့် Discovery Series စာအုပ်များစွာကို ရေးသားခဲ့သူဖြစ်သည်။ သူသည် မီချီဂန် အနောက်ပိုင်းဒေသတွင် အချိန်ပိုင်း အကြံပေးအဖြစ် ကိုယ်ပိုင်လုပ်ငန်းကိုလည်း လုပ်ကိုင်ပါသည်။ ဂျက်ဖ်နှင့် ဇနီးသည် ဒီယန်းတို့သည် ၁၉၈၆ ခုနှစ်က လက်ထပ်ခဲ့ပြီး ချစ်စဖွယ် သားသမီးနှစ်ဦးရှိပါသည်။ ဂျက်ဖ်သည် အပြင်ထွက်လည်ပတ်ရခြင်း၊ အိမ်ပြင်ပ၌ လုပ်ဆောင်ရသည့်အရာများကို အထူးစိတ်ဝင်စားသူဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ဂျက်ဖ် အိုလ်စန်

တူတူပုန်းတမ်း

“သူ ငါ့ကိုတွေ့တော့မယ်” ဟု ကျွန်တော်တွေးမိသည်။ ကျွန်တော်ပုန်းနေသည့်ထောင့် အနီးအနား၌ ၅ နှစ်အရွယ် ညီဝမ်းကွဲ၏ခြေသံကို ကြားနေရသည့်အတွက် ရင်ခုန်သံ မြန်လာသည်။ သူ ကျွန်တော်၏အနားသို့ ပို၍နီးလာပါပြီ။ ခြေလှမ်း ၅ လှမ်း အကွာ၊ နောက်သုံးလှမ်း၊ နောက်နှစ်လှမ်း။ “မင်းကိုတွေ့ပြီ”ဟု သူအော်လိုက်သည်။

တူတူပုန်းတမ်း ကစားနည်းကို ငယ်ရွယ်စဉ်က ကစားခဲ့သည့် အမှတ်တရများကို လူအတော်များများ ကြိုက်နှစ်သက်ကြသည်။ သို့သော် တစ်ခါတစ်ရံ ဘဝတွင် အခြားသူများ ကိုယ့်ကိုတွေ့သွားမည်ကို စိုးကြောက်မိကြ သည်။ သဘာဝအရ လွတ်မြောက်သည့် နေရာသို့ ထွက်ပြေး လိုသည့်စိတ်က အမြစ်တွယ်နေသည်။ အကြောင်းမှာ မြင်ရသည့်အရာကို လူတို့နှစ်သက်ချင်မှ နှစ်သက်မည်။

ဆုံးရှုံးသော ဤလောက၏ရင်သွေးများအနေဖြင့် ကျွန်ုပ်တို့သည် သူငယ်ချင်း တစ်ယောက်က နာမည်ပေးထားသကဲ့သို့ “ရောသမမွှေထားသည့် တူတူပုန်းတမ်း ကစားနည်း” ကို ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား ကစားလေ့ရှိသည်။…

မခံရပ်နိုင်သောအမှုများ၌ရှင်ကျန်ရစ်ခြင်း

၂၁ ရာစု အွန်လိုင်းလူမှုအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် The Experience Project သည် တစ်ခါက လူသန်းပေါင်းများစွာတို့က မိမိတို့ကိုယ်တွေ့ခံစားခဲ့ရသည့် နာကျင်မှုများကို ဝေမျှကြသည့် လူမှုမီဒီယာတစ်ခုဖြစ်ခဲ့သည်။ ကြေကွဲစရာအကြောင်း များကို ဖတ်ရှုရင်း ကျွန်ုပ်တို့၏နာကျင်ခံစားရမှုကို သိမြင်ပြီး နားလည်ပေးသူ တစ်ဦးဦးကို ကျွန်ုပ်တို့နှလုံးသားမှ အလွန်အမင်း တောင့်တကြောင်း ပြန်မြင်ယောင် ဆင်ခြင်မိသည်။

ကမ္ဘာဦးကျမ်းရှိ ကျွန်မိန်းမတစ်ဦး၏ဇာတ်လမ်းက အသက်ပေးသော ဤလက်ဆောင်အကြောင်းကို ဖော်ပြ ထားသည်။ ဟာဂရသည် ကျွန်တစ်ဦးဖြစ်ပြီး အဲဂုတ္တုပြည်၏ ဖာရောဘုရင်က အာဗြံ(အာဗြဟံ)ကို ချီးမြှင့်ခဲ့ပုံရသည် (က ၁၂း၁၆၊ ၁၆း၁)။ အာဗြံ၏ဇနီးစာရဲ(စာရာ)သည် ကလေးမရနိုင် သောကြောင့် အာဗြံအား ဟာဂရနှင့် ကလေးမွေးဖွားရန် တိုက်တွန်းခဲ့သည်။ စိတ်ပျက်စရာဖြစ်သော်လည်း ထိုခေတ်က ကျင့်သုံးလေ့ရှိသည့် ဓလေ့ဖြစ်၏။ သို့သော် ဟာဂရ ကိုယ်ဝန်ရလာသောအခါ တင်းမာမှုတို့ ပြင်းထန်လာပြီး စာရဲ၏နှိပ်စက်မှုမှ လွတ်မြောက်ရန် ကန္တရထဲသို့ ဟာဂရထွက်ပြေးခဲ့ရသည်(၁၆း၁-၆)။…

အသက်ပေးသော ဘုရားသခင်

ဆောင်းတွင်းကာလများအနက် အရိုးကွဲမတတ်ချမ်းအေးသည့်နှစ်တစ်နှစ်တွင် ပြင်းထန် ရှည်ကြာသည့် ဆောင်းရာသီအအေးဒဏ်ကို ကျွန်တော်တို့ တစ်မြို့လုံးခံစားခဲ့ရပြီးမှ နွေးထွေးသော နွေဦးကာလရောက်ရှိလာသည်။ ရက်သတ္တနှစ်ပတ် ဆက်တိုက် အိမ်အပြင်ရှိ သာမိုမီတာအပူချိန်တိုင်းကရိယာမှ သုညမှတ်အောက် အနုတ် (-၂၀ ဒီဂရီ စင်တီဂရိတ်၊ - ၅ ဒီဂရီ စင်တီဂရိတ်) သို့ ပြညွှန်နေသည်။

ဆိုးဆိုးဝါးဝါးအေးသည့် တစ်မနက်ခင်းတွင် ငှက်ကလေးများ၏အော်မြည်သံက တိတ်ဆိတ်မှုကို ဖြိုခွင်း လိုက်သည်။ ရာချီမဟုတ်သည့်တိုင် ငှက်အကောင်များစွာ တို့၏ရင်ဖွင့်သံများပင်ဖြစ်သည်။

ငှက်ပညာရှင်များ၏အဆိုအရ ဆောင်းတွင်း နှောင်းပိုင်း မနက်ခင်းများ၌ ကြားရသည့် တေးသီငှက်များ၏ တေးသံသည် အများအားဖြင့် ငှက်အဖိုများ၏အသံဖြစ်ပြီး၊ ငှက်အမကို ဆွဲဆောင်ခြင်းနှင့် ၎င်းတို့၏နယ်ပယ်ပိုင်နက် ဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည်။ ငှက်ကလေးများ၏ စိုးစီစိုးစီအော်မြည်သံများ ဘုရားသခင်သည် သူဖန်ဆင်းထားသည့် သတ္တ၀ါလေးများကို ထောက်မကျွေးမွေးလျက် အသက်ဆက်စေကြောင်း၊ ကြီးပွားစေကြောင်း ကျွန်တော့်ကို သတိပေးလာသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အသက်ကိုပေးသော…

ရှုခင်းအလှကို ခံစားခြင်း

‘‘နေ၀င်ဆည်းဆာချိန်’’ ဆိုလျှင် လူအများက လုပ်လက်စအလုပ်များရပ်ကာ ဆည်းဆာ၏ လှပသောရှုခင်းကို ငေးမောခံစားကြသည်။ ဓာတ်ပုံရိုက်ကြသည်။
မကြာသေးမီက ကျွန်တော်တို့ဇနီးမောင်နှံသည် မက္ကဆီကိုပင်လယ်ကွေ့တွင် နေ၀င်သွားပုံကို စောင့်ကြည့်ခဲ့ကြသည်။ ကျွန်တော်တို့အနီးတွင် အခြားသူများလည်း     ညဘက်ကူးပြောင်းသည့်ဖြစ်စဉ်ကြီးကို ကြည့်ရှုရန် စုဝေး ၀ိုင်းအုံ နေကြသည်။ နေလုံးကြီးက မိုးကုပ်စက်ဝိုင်းသို့လျှောဝင် သွားသောအခါ လူအုပ်ကြီးကလည်း လက်ခုပ်သြဘာပေး ကြသည်။
အဘယ်ကြောင့် လူတို့ထိုသို့ တုံ့ပြန်ကြသနည်း။ ဆာလံကျမ်း၌ အဖြေအတွက် သဲလွန်စလေးပေးထားသည်။ ‘ဘုရားသခင်သည် နေအား ၎င်းကိုဖန်ဆင်းထားသူကို ချီးမွမ်းရန် အမိန့်ပေးကြောင်း’ ဆာလံဆရာက ရေးသား ထားသည် (ဆာလံ ၁၄၈း၃)။ ကမ္ဘာမြေ၏မည်သည့် နေရာမဆို နေရောင်ခြည် ကျရောက်သည်ဖြစ်စေ၊  ထိုရောင်စဉ်များနှင့်အတူ လိုက်ပါချီးမွမ်းရန် လူတို့နိုးဆော်ခံရသည်။
သဘာဝတရားအားဖြင့် ကျွန်ုပ်တို့ခံစားရသည့် အလှတရားများက ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်ကို စကားပြောသည်။ ထိုအလှတရားများက  မိမိလုပ်လက်စအရာကို ရပ်တန့်စေသည်၊ အာရုံကို ဆွဲဆောင်ဖမ်းစားနိုင်သည်သာမက…