ဘုရားသခင်ကို ချီးမြှောက်သောစကားများ
ကျွန်မ၏မိတ်ဆွေ အဲလက်စ်သည် စာအုပ်များတည်းဖြတ်ပေးသည့်အယ်ဒီတာတစ်ဦးဖြစ်ပြီး၊စာရေးသူတစ်ဦး၏ဒေါသနှင့်ပို့လာမည့်အီးမေးလ်စာ ရောက်လာ မည်လားဟု စိုးရိမ်လျက် သူ၏အီးမေးလ်အဝင်ကို စစ်နေခဲ့သည်။ သူသည် အလုပ်အပ်လာသူတစ်ဦး၏လက်ရေးစာမူကိုတည်းဖြတ်ပေးပြီး၊ (ပုံနှိပ်ရန်ကိစ္စကို) ထင်ရှားသော စီးပွားရေးခေါင်းဆောင်တစ်ဦးနှင့် လပေါင်းများစွာ စီစဥ်ခဲ့သည်။ မမျှော်လင့်ဘဲ၊ ကုမ္ပဏီပြဿနာများကြောင့် ထုတ်ဝေသူက စာအုပ်ထုတ်မည့် ကိစ္စကို ရပ်နားရန် ဆုံးဖြတ်ခဲ့၍ ထိုသတင်းဆိုးကို စာရေးသူထံ အီးမေးလ်ပို့ပြီးနောက် အဲလက်စ် သည် မိမိကိုယ်ကို မပြိုလဲအောင် အားတင်းနေရသည်။
တစ်ပတ်ကြာမှ စာရေးသူက “ဘယ်လိုစကားလုံးတွေနဲ့တုံ့ပြန်ရမလဲဆိုတာ အရင်စဉ်းစားချင်လို့ ကျွန်တော် ချက်ချင်းစာမပြန်ခဲ့တာ”ဟု ပြန်စာ၌ ရေးခဲ့သည်။ သူစိတ်ပျက်မိကြောင်းပြောပြီး၊ ထုတ်ဝေသူမှ ပြဿနာကို မည်သို့ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း သူ၏အမြင်ကို တည်ငြိမ်စွာ ဖော်ပြခဲ့သည်။
စာရေးသူ၏ပညာရှိရှိ၊ ချင့်ချိန်တုံ့ပြန်ပုံက ကျွန်မစိတ်ကို နက်ရှိုင်းစွာ တို့ထိခဲ့သည်။ အထူးသဖြင့် ဒေါသထွက်နေချိန်တွင် ကျွန်မတို့ မည်သို့ပြောဆိုဆက်ဆံသင့်ကြောင်း သမ္မာကျမ်းစာ၏ဖော်ပြချက်ကို သူ၏သဘောထားက ထင်ဟပ်ပြသည်။ တမန်တော်ယာကုပ်က စကားများကြောင့် အလွယ်တကူ…
ဘုရားသခင်၏ကတိတော်အတိုင်း လုပ်ဆောင်ခြင်း
Pieter (ပီတာ) သည် ဘောင်သွင်းထားသည့် သူ၏သက်ကြီးရွယ်အို မိဘနှစ်ပါး၏ ဓာတ်ပုံကို ညတိုင်းနမ်းလေ့ရှိသည်။ သူသည် မိဘများနှင့် နှစ်ပေါင်းများစွာဝေးကွာ နေခဲ့သည်။ သူသည် လူပျိုအရွယ်တွင် ယေရှု၏နောက်လိုက်တစ်ဦး ဖြစ်လာသောအခါ သူ၏ယုံကြည်ခြင်းအသစ်ကို စွန့်လွှတ်ရန် မိသားစုနှင့် လူမှုဝန်းကျင်က ဖိအားပေးခဲ့ကြသည်။ သူက မစွန့်လွှတ်သောအခါ မိဘများက သူ့ကို သားအဖြစ်မှ စွန့်လွှတ်ခဲ့သည်။ “ခက်ခဲတဲ့အချိန်မှာ ဘုရားသခင်က သူ့ရဲ့သားသမီးတွေကို ကူညီမယ့်အကြောင်း ကျမ်းစာထဲမှာ ကတိပေးထားတယ်။ ကျွန်တော်လည်း ကိုယ်တော့်ကို ယုံကြည်ခဲ့တယ်။ ကိုယ်တော့်နောက်လိုက်ဖို့ ရွေးချယ်ခဲ့တာက ဆင်းရဲဒုက္ခတွေ ကြုံရစေပေမဲ့၊ ကျွန်တော့်ကို သည်းခံကျော်ဖြတ်နိုင်အောင် ကိုယ်တော် မစခဲ့ပါတယ်”ဟု ပီတာက ပြောသည်။
ဘုရားသခင်သည် သူ၏ကတိအတိုင်း ကတိတည်သူဖြစ်ကြောင်း ပီတာ စိတ်ချမှုရှိသောကြောင့် ဘုရား၏ကတိတော်များအပေါ် ယုံကြည်ကိုးစားလျက် လုပ်ဆောင်နိုင်ခဲ့သည်။ ကမ္ဘာဦးကျမ်းတွင်လည်း ယောသပ်သည် သူ့ဘဝ၏ နောက်ဆုံးအချိန်၌ ဘုရားသခင်၏ကတိတော်များအပေါ် ယုံကြည်စိတ်ချမှု…
ခရစ်တော်နှင့်အတူရှိရမည့် ကျွန်ုပ်တို့၏အနာဂတ်
ဆွစ်ဇာလန်သို့ သွားရောက်လည်ပတ်ရန်မှာ အဖေ့၏ဘဝအိပ်မက်ဖြစ်သည်။ သူ၌ သူငယ်ပြန်ရောဂါတွေ့ရှိပြီးနောက်၊ သူသွားနိုင်လာနိုင်ချိန်တွင် သူနှင့်အတူ ဆွစ်ဇာလန်သို့ လိုက်သွားရန် အမေဆုံးဖြတ်ခဲ့သည်။ “တစ်နေ့တော့ Titlis(ထစ်လစ်) တောင်ပေါ်မှာရှိတုန်း ငါတို့ပတ်ပတ်လည်မှာ နှင်းတွေကျနေတာ။ အဲဒီ့အချိန် သမီးအဖေရဲ့မျက်နှာက အရမ်းပျော်နေတာကို အမေမြင်ခဲ့တယ်။ သူ့အိပ်မက် အမှန်တကယ်ဖြစ်လာလို့ အရမ်းပျော်နေတဲ့ အပျော်မျိုးပေါ့”ဟု အမေက ပြန်ပြောပြခဲ့သည်။ သို့သော် နောက်ပိုင်းတွင် “ငါတို့ဘယ်ကို ရောက်နေတာလဲ”ဟု အဖေမေးသည့်အခါ အမေမျက်ရည်ကျခဲ့ရသည်။
ဆွစ်ဇာလန်၌ သူရောက်နေကြောင်း အဖေမေ့သွားသော်လည်း “သွားလည်ခဲ့ရတာ တန်ပါတယ်။ အနည်းဆုံးတော့ တဒင်္ဂလေးမှာ သူသိပြီး ပျော်ရွှင်နေခဲ့တယ်”ဟု အမေက ဆိုခဲ့သည်။
ဘုရားသခင်သည် ကျွန်မတို့ထံမှ ဝမ်းမြောက်ခြင်းကို ဘယ်တော့မှ ပြန်နှုတ်ယူမည်မဟုတ်ကြောင်း ကတိတော် ရှိထားသည်။ ရှင်ယေရှုအပေါ်ထားရှိသည့် ကျွန်မတို့၏မျှော်လင့်ခြင်းကြောင့် အပြစ်နှင့်သေခြင်းတို့မှ ထာဝစဉ် ကင်းလွတ်မည့် (ရော ၅:၁၂) “ကောင်းကင်သစ်နှင့်မြေကြီးသစ်”ကို(ဗျာ ၂၁:၁) ကျွန်မတို့ မျှော်လင့်စောင့်စားနိုင်သည်။…
ဘုရားသခင်၏ဂရုစိုက်မှုကို ဖြန့်ကျက်ခြင်း
ကျွန်မဆယ်ကျော်သက်အရွယ်က ဘုရားကျောင်းအတူတူတက်ခဲ့သူ လီဇာနှင့် ကျွန်မ ဆက်ဆံရေးတင်းမာခဲ့သဖြင့် ယခုသွားမည့်နွေရာသီသင်တန်းတွင် သူနှင့် ကျွန်မ တစ်ခန်းတည်းကျကြောင်းသိရသောအခါ ကျွန်မစိတ်ပျက်ခဲ့သည်။ ကျွန်မတို့၏ဆက်ဆံရေးခပ်တန်းတန်းဖြစ်သော်လည်း မေးထူးခေါ်ပြော ပြေလည်စွာ မှန်တန်းဆက်ဆံခဲ့ကြပြီး၊ တစ်ပတ်တာသင်တန်းကို ချောမောစွာဖြတ်ကျော်ခဲ့သည်။
ရက်သတ္တပတ်အဆုံးတွင် ကျင်းပသည့် မီးပုံပွဲက အများမျှော်လင့်ဆင်နွှဲသည့်ပွဲဖြစ်သည်။ သို့ရာတွင် ထိုညနေ၌ ကျွန်မကိုယ်ပူသဖြင့် စောစောအိပ်ရာဝင်ခဲ့သော်လည်း အပြင်မှ ရယ်သံမောသံများ၊ သီချင်းသံများကို ကြားနေရသည်။ တစ်နာရီခန့်အကြာတွင် လီဇာက ကျွန်မကို အပူချိန်လာတိုင်းပေး၍ ရုတ်တရက် ကျွန်မလန့် သွားသည်။ “မီးပုံပွဲမှာ ငါမပါတော့ဘူး။ နင်နေမကောင်းတာ နင်နဲ့အတူနေပေးရမှာပေါ့”ဟု သူမကပြောသည်။ လီဇာသည် ကျွန်မနှင့် မပတ်သက်ဘဲ ခပ်ခွာခွာနေ၍ရသော်လည်း ကျွန်မကိုဂရုစိုက်ရန် သူရွေးချယ်ခဲ့ပြီး၊ ၎င်းက ကျွန်မ၏စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့သည်။
နေမန်အကြောင်းတွင် အလားတူ ကူညီမစသူတစ်ဦး၏စံနမူနာကို တွေ့ရသည်။ ရှုရိစစ်တပ်မှဗိုလ်ချုပ်ကြီး နေမန်၏အိမ်တွင် သူ့ဇနီးအား ခစားသည့် ၎င်းတို့ဖမ်းခေါ်လာသော ဣသရေလအမျိုး မိန်းမငယ်လေးတစ်ဦး…
ဘုရားသခင်၏လမ်းအတိုင်း လိုက်လျှောက်ပါ
ခန်န်(Ken) သည် သူ၏အဆောက်အအုံတွင် ရွှေ့ပြောင်းအလုပ်သမားများကို ရှောင်ခဲ့သည်။ သူတို့၏အကျင့်နှင့် ဘဝနေထိုင်ပုံက သူနှင့်အလွန်ခြားနားသဖြင့် သူ့စိတ်အနှောင့်အယှက် ဖြစ်ရသည်။ သို့သော် တစ်နေ့တွင် ခန်န် ဆုတောင်းနေစဉ် “သူတို့က မင်းနဲ့အိမ်နီးချင်းဖြစ်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ။ ဒါပေမယ့် သူတို့ကို တစ်ခါမျှ သတင်းကောင်း မင်းမဝေမျှခဲ့ဖူးဘူး။ သူတို့အပေါ်ထားတဲ့ မင်းရဲ့သဘောထားကို သေချာစဉ်းစားပါ”ဟူသော အတွေးတစ်ခုက ဝင်လာသည်။
ဘုရားသခင်သည် ဣသရေလလူတို့အား “ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့”(ဟဂ္ဂဲ ၁:၇)ဟု အလားတူ သတိပေးချက်နှင့် ထိပ်တိုက်တွေ့စေခဲ့ကြောင်း သမ္မာ ကျမ်းစာက ပြောထားသည်။ ဗာဗုလုန်တွင် ကျွန်ပြုဖမ်းခေါ်ခံရပြီးနောက် ကိုယ်တော်၏ လူများ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ရန် တာဝန်ဖြင့် ယေရုရှလင်သို့ ပြန်လာခဲ့သည်။ ဘုရားသခင်သည် ပေရသိရှင်ဘုရင် ကုရုမင်းကို နှိုးဆော်တော်မူသောအားဖြင့် (ဧဇ ၁:၁) အိမ်တော်ကို တည်ဆောက်ရမည်အကြောင်းနှင့် အလှူများကို မစရန် (:၂-၄) ဖြစ်သည်။ သို့သော်…
သမ္မာကျမ်းစာကို လိုက်နာကျင့်သုံးသူများ
ကျွန်မ၏စားပွဲပေါ်တွင် သတိပေးချက် မှတ်စုတိုဘုတ်ပြားတစ်ခုရှိပြီး၊ လွန်ခဲ့သည့်နှစ်များက အာဟာရမဂ္ဂဇင်းတစ်ခုမှ ဖြတ်ယူထားသော “ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်း ၁၀ ခု” စာရင်းတစ်ခုရှိသည်။ ၎င်းကို ကျွန်မ နေ့တိုင်းမြင်နေသော်လည်း လေးချက်ကိုသာ မှတ်မိသဖြင့် ကျွန်မအံ့သြမိခဲ့သည်။ ထိုစာရင်းကို ကျွန်မ အသေချာမကြည့်၊ လိုက်မလုပ်သော်လည်း ၎င်းသည် ကျွန်မ၏ နေ့စဉ်ပတ်ဝန်းကျင်တွင် အကျွမ်းတဝင်ရှိသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
၎င်းနှင့်အလားသဏ္ဌာန်တူသည့် သမ္မာကျမ်းစာအပေါ် ယုံကြည်သူများစွာတို့၏ သဘောထားကို ရှင်ယာကုပ်က“တရားကို မကျင့်ဘဲ နာရုံမျှသာပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို... အခြားသို့ သွား၍ မိမိ အဆင်းသဏ္ဌာန်ကို ချက်ခြင်းမေ့လျော့တတ်၏” (ယာ ၁:၂၃-၂၄)ဟူ၍ ဖော်ပြထားသည်။ ခရစ်တော်နောက်လိုက်များစွာတို့သည် သမ္မာကျမ်းစာ၌ ပြောထားသောအရာကို သတိပြုသိရှိကြပါသည်။ သို့သော် ကျွန်မတို့သည် “နှုတ်ကပတ်တော်ကို နာရုံမျှသာပြုသောသူ”များ ဖြစ်နိုင်ပြီး(:၂၂)၊ ကျွန်မတို့၏နာခံမှုသည် ထိုနေရာ၌သာ အဆုံးသတ်သွားနိုင်သည်။ ဤသို့ဖြင့် နှုတ်ကပတ်တော်သည် “(ကျွန်မတို့အား) လွှတ်ခြင်းနှင့်ဆိုင်၍ စုံလင်သောတရား”ကို…
အသေးစိတ်ဂရုစိုက်တော်မူသော ဘုရားသခင်
ကျွန်မ၏တူမသည် မယ်သစ်လွင်ကောလိပ်ကျောင်းသူဖြစ်ပြီး ကျောင်းစာများ၊ နေရာအသစ်နှင့် အသားကျအောင် လုပ်နေရသဖြင့် အလုပ်များနေသည်။ လတ်တလောတွင် လုံခြုံရေးပြဿနာများကြောင့် ယာဉ်ဝင်ခွင့်လက်မှတ် လျှောက်ထားရန် လိုလာသည်။ ဤကိစ္စက သူမ၏ရှည်လျားလှသော လုပ်ဆောင်ရန်စာရင်းတွင် နောက်ထပ်အလုပ်တစ်ခု ထပ်တိုးလာမည်ဖြစ်၍ ကူညီရန် ကျွန်မကမ်းလှမ်းခဲ့သည်။ ကျောင်းရုံးခန်း၌ ကျွန်မမိနစ်အနည်းငယ်သာ ကြာခဲ့၍ သူမအံ့ဩသွားပြီး “ကျေးဇူးတင်ပါတယ်”ဟု သူမ ပြောခဲ့သည်။
ရိုးရှင်းပုံရသော ဤကိစ္စအတွက် ရုံးနှင့်ချိတ်ဆက်ဆောင်ရွက်ကာ၊ လျှောက်လွှာ၌ အမှားပြင်၊ မမျှော်လင့်ထားသောစာရွက်စာတမ်းများကို သွားယူ စသည်ဖြင့် နေ့တစ်ဝက်နီးပါး အချိန်ကုန်ခဲ့ခြင်းတို့ကို သူမ မသိပါ။ သို့သော် သူမကို ဤအကြောင်းများ မပြောခဲ့ဘဲ၊ “ရပါတယ်”ဟုသာ ပြောလိုက်သည်။
ချစ်ခြင်းမေတ္တာသည် အသေးစိတ်အချက်အလက်များကို အလေးထားသည်။ တူမလေးကို ကူညီသည့်ကိစ္စတွင် သူမသိလိုက်သော အသေးစိတ်ကိစ္စများကို ဂရုစိုက်ပေးခြင်းသည်ပင် ချစ်ခြင်းမေတ္တာဖြစ်သည်။ ဣသရေလလူမျိုးတို့ တောကန္တာရတွင် နေထိုင်စဉ် သူတို့၏အဝတ်အစားနှင့် ဖိနပ်များဟူသည့် အသေးအမွှားဟုထင်ရသော အသေးစိတ်ကိစ္စနှစ်ခု၌…
ဘုရားသခင်ကို အာရုံစိုက်ခြင်း
“အနည်းဆုံးတော့ အောင်သင့်တယ်”ဟု မေးခွန်းစာရွက်ကိုကိုင်ရင်း ဂျက်တွေးမိသည်။ သားကို သင်္ချာဘာသာရပ်တွင် ကူညီပေးခဲ့ပြီး၊ နောက်ပိုင်းတွင် အလုပ် တာဝန်ပိုများလာခြင်း၊ နိစ္စဓူဝအိမ်အလုပ်များကြောင့် အချိန်ယူပြီး အတူစာလုပ်ရန် ခက်သွားသည်။ စိတ်ဓာတ်ကျလျက် “လစ်ဆာ၊ မင်းကတော့ ဘယ်လို လုပ်ရမလဲဆိုတာသိတယ်။ ငါကတော့ မင်းလို အိမ်ထောင်ကို ကောင်းကောင်း မထိန်းသိမ်းနိုင်ဘူး”ဟု ကွယ်လွန်သွားသောသူ့ဇနီးကို သတိရမိသည်။
ပိုကြီးမားသောအတိုင်းအတာနှင့် ပြောရပါက ဤသို့စိတ်ဓာတ်ကျခြင်းသည် ဇေရုဗဗေလ ခံစားရသောအရာ ဖြစ်နိုင်သည်။ ဗာဗုလုန်ကျွန်ခံရာမှ ပြန်လာသည့် ဣသရေလလူမျိုးတို့အား ဗိမာန်တော်ပြန်တည်ဆောက်ရာ၌ ဦးဆောင်ရန် ဘုရားသခင်က ယုဒမြို့ဝန်အား စေစားခဲ့သည်။ “အသက်ကြီး၍ အရင်ဗိမ္မာန်တော်ကို မြင်ဘူးသော(သူ)...တို့သည် နောက်ဗိမာန်တော် တိုက်မြစ် ကျလျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသောအသံနှင့် ငိုကြွေးကြ၏” (ဧဇ ၃:၁၂)။ ပိုသေးသော ဗိမာန်တော်ကို ပြန်တည်ဆောက်ရင်း ရှောလမုန်မင်း၏ ဘုန်းကြီးသောဗိမ္မာန်တော်ကို ပြန်မှတ်မိကြ၍ ဇေရုဗဗေလအပါအဝင် အားလုံး က…
ဘုရားသခင်၏လက်ဆောင်အတွက် ကျေးဇူးတင်ပါ
စတိုးဆိုင်တစ်ခုတွင် သက်ကြီးပိုင်းလူကြီးတစ်ဦးသည် ကလေးကျောပိုးအိတ်ကို ကြာမြင့်စွာ ရပ်ကြည့်နေသည်။ “ကျွန်တော့်မြေးမလေးမွေးနေ့ပါ။ ကျွန်တော့်ရဲ့ လက်ဆောင်ကို သူသဘောကျမယ်လို့ မျှော်လင့်တယ်”ဟု သူက ကျွန်မကို ပြောသည်။ ငွေရှင်းကောင်တာတွင် ကာတွန်းအရုပ်လေးများနှင့် ပန်းရောင်ကျောပိုးအိတ်ကို ကျစ်ကျစ်ပါအောင် သူဆုပ်ထားသည်။ သူစိတ်လှုပ်ရှားနေပုံပေါ်ပါသည်။
ထို့နောက် စားသောက်ဆိုင်တစ်ခုတွင် ကလေးမနှင့်၊ သူ့မိဘများနှင့် ထိုလူကြီးကို ပြန်တွေ့သည်။ ကလေးမက လက်ဆောင်ကိုဖွင့်ကြည့်ပြီး “ဒီအရုပ်တွေကို မကြိုက်ဘူး။ ပန်းရောင်ကိုလည်း မုန်းတယ်”ဟုပြောသဖြင့် မိဘများက အဘိုးကို တောင်းပန်စေသော်လည်း သူမကတော့ မကျေမနပ်ဖြစ်နေဆဲပင်။ သူ့အဘိုးအတွက် ကျွန်မစိတ်ကြေကွဲခဲ့ရသည်။
ဘုရားသခင်ပေးသောလက်ဆောင်အပေါ် တစ်ခါတစ်ရံ ကျွန်မ၏တုံ့ပြန်မှုနှင့်ပတ်သက်၍ ထိုအဖြစ်အပျက်က ကျွန်မအတွက် သတိပေးချက်ဖြစ်ခဲ့သည်။ အခြားအရာကို လိုချင်၍ မကျေနပ်မှုကို ပြသခြင်းကြောင့် ကျွန်မအတွက် ဘုရားရှင် ကိုယ်တိုင် မေတ္တာဖြင့် ပြင်ဆင်ပေးသော မိမိအရှေ့ရှိ အံ့ဖွယ်လက်ဆောင်မွန်ကို ကျွန်မ မမြင်ဘဲ လွဲချော်သွားခဲ့ရသည်။ ဣသရေလလူမျိုးတို့သည်လည်း ထိုနည်းတူပြုမူခဲ့ကြသည်။…
ဘုရားသခင်၏ သစ္စာတည်သောချစ်ခြင်းမေတ္တာ
ကျွန်ုပ်တို့၏ဘုရားကျောင်းမှ ဘိုးဘွားရိပ်သာတစ်ခုသို့ ဧဝံဂေလိအစီအစဥ်ဖြင့် သွားရောက်ခဲ့စဉ်၊ သက်ကြွယ်အဖိုးအိုတစ်ဦးက သူ၏သမီးသည် လွန်ခဲ့သည့်နှစ် အတန်ကြာက သူ့ကို လူသွားစင်္ကြံ၌ထားခဲ့ကြောင်း ပြောပြခဲ့သည်။ အက်ဒ်(Ed) သည် ဘီးတပ်ကုလားထိုင်တွင် နေရသူဖြစ်သောကြောင့် သူမနောက်သို့ ပြေးမလိုက် နိုင်ပေ။ သူမလည်း နောက်လှည့်မကြည့်ဘဲ ကားပေါ်ပြန်တက်ကာ မောင်းထွက်သွားခဲ့သည်။ “ကျွန်မတို့ ဟိုတယ်ကောင်းကောင်းကို သွားကြမယ်”ဟု သူမ ပြောခဲ့သော်လည်း၊ ထိုနေ့မှာ သူမကို နောက်ဆုံးတွေ့ခဲ့သည့်နေ့ပင်။
မိဘဘိုးဘွားများကို ပြုစုစောင့်ရှောက်သည့် မေတ္တာနှင့်ပြည့်သော မိသားစုများနှင့် အလွန်ကွာခြားသည့် ဤအဖြစ်အပျက်ကြောင့် အက်ဒ်မှာ စိတ်ဒဏ်ရာ ရခဲ့ပြီး၊ ၎င်းနေ့နှင့်ပတ်သက်၍ အိပ်မက်ဆိုးကို ခံစားနေရဆဲဖြစ်သည်။
ရှေးရာစုနှစ်များစွာက ယောသပ်ဆိုသောလူငယ်တစ်ဦးကို သူ့အစ်ကိုများက ရေတွင်းထဲပစ်ချပြီး၊ အီဂျစ်ပြည်သို့သွားသောကုန်သည်များထံ ရောင်းစားခဲ့ခြင်းကြောင့် သူစိတ်ဒဏ်ရာရခဲ့သည်(က ၃၇:၁၂-၃၆)။ သို့သော် “ထာဝရဘုရားသည် ယောသပ်ဘက်၌ရှိတော်မူသဖြင့်”(၃၉:၂)၊ယောသပ်သည် သူ မကျွမ်းသောပြည်၌ သူ၏သခင်အိမ်နှင့်(:၇-၁၀)၊ ထောင်ထဲတွင်ပါ ဘုရား၏အမြင်၌ မှန်သောအရာကို ရဲရဲဝံ့ဝံ့…