စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Karen Huang

ခရစ်တော်အတွက် နှလုံးသားတစ်ခု

မင်းပါးစပ်ပိတ်ထားသရွေ့ မင်းဘာအမှားမှ လုပ်မှာ မဟုတ်ဘူးဟု ကိုယ်ကိုယ်ကိုပြောခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦး၏စကားကြောင့် နားလည်မှုလွဲခဲ့ပြီးနောက် သူမအပေါ်ကျွန်မ၏ဒေါသကို အပြင်ပန်း၌ ချုပ်တည်းခဲ့သည်။ သူမနှင့် နေ့စဉ်နှင့်အမျှ တွေ့ရသောကြောင့် သူမနှင့်ဆက်ဆံမှုကို ကန့်သတ်ထားရန် (အသံတိတ်ပြုမူခြင်းဖြင့် လက်တုံ့ပြန်ရန်) ကျွန်မဆုံးဖြတ်ခဲ့သည်။ တိတ်ဆိတ်သောပြုမူပုံသည် အဘယ်သို့ မှားနိုင်အံ့နည်း။

သခင်ယေရှုက အပြစ်သည် နှလုံးထဲက ထွက်လာ၏ (မ ၁၅:၁၈-၂၀)ဟု ဆိုခဲ့သည်။ ကျွန်မ၏တိတ်ဆိတ်မှုသည် အားလုံးကောင်းနေသည်ဟု လူအများကို လှည့်စားနိုင်သော်လည်း ဘုရားသခင်ကိုတော့ မလှည့်စားနိုင်ပါ။ ဒေါသနှင့်ပြည့်နေသောနှလုံးသားကို ကျွန်မဖုံးကွယ်ထားသည်ကို ကိုယ်တော်သိသည်။ ကျွန်မသည် ဘုရားသခင်ကိုနှုတ်ခမ်းဖြင့် ချီးမွမ်းသော်လည်း နှလုံးသားများကကိုယ်တော်နှင့် ဝေးကွာနေသည့် ဖာရိရှဲများနှင့် (:၈) တူနေသည်။ ကျွန်မ၏ အပြင်ပန်းသွင်ပြင်သည် ကျွန်မ၏ခံစားချက်အစစ်အမှန်ကို မဖော်ပြသော်လည်း ခါးသီးမှုက ကျွန်ုပ်ရင်ထဲ၌ အကျိတ်အခဲဖြစ်နေသည်။ ကောင်းကင်ဘုံရှင်အဘနှင့် အစဉ်အမြဲ တွေ့ကြုံခံစားခဲ့ရသော ပျော်ရွင်မှုနှင့် ရင်းနှီးမှုများ ကွယ်ပျောက်ခဲ့ပြီ။ အပြစ်ကို ပျိုးထောင်ခြင်းနှင့် ဖုံးကွယ်ခြင်းသည် ဤကဲ့သို့…

သခင်ယေရှု ရပ်တန့်သောအခါ

ကျွန်မအလုပ်လုပ်သည့်နေရာအနီး သေတ္တာပုံးထဲတွင် နေမကောင်းသောကြောင်လေးက ကွေးနေပြီး‌ အော်နေခဲ့သည်။ လမ်းမပေါ်တွင် စွန့်ပစ်ခံထားရသော ကြောင်လေးကို ဂျွန် (Jun) မ‌တွေ့မီအထိ ဖြတ်သွားသောသူ အများအပြားက သတိမပြုမိခဲ့ပေ။ လမ်းဘေးတံမြက်စည်းလှည်းသမား ဂျွန် သည် ယခင်က ခွေးလေခွေးလွင့် နှစ်ကောင်ကိုလည်း သူ့အိမ်၌ စောင့်ရှောက်ထားပြီး ထို‌ကြောင်ကိုလည်းအိမ်သို့ ခေါ်သွားခဲ့သည်။

“ဘယ်သူမှ သတိမပြုမိတဲ့ သတ္တဝါတွေ့ဖြစ်လို့ သူတို့ကို ကျွန်ုပ်စောင့်ရှောက်ဂရုစိုက်တာပါ။ သူတို့ကိုကြည့်ပြီး ကျွန်တော် ကိုယ့်ကိုကိုယ် ပြန်မြင်မိတယ်။ လမ်းဘေး တံမြက်စည်းလှည်းသမားတစ်ယောက်ကို ဘယ်သူမှ သတိမထားမိဘူးလေ” ဟု ဂျွန် က ပြောသည်။ “

ယေရုရှလင်မြို့သို့ သခင်ယေရှုသွားသည့်ခရီးလမ်း၌ ယေရိခေါမြို့သို့ကြွတော်မူစဥ် မျက်မမြင်တစ်ယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားနေသည်။ မည်သူမှသူ့ကို သတိမထားမိဟု သူလည်း ခံစားရသည်။ အထူးသဖြင့် ထိုနေ့တွင် အားလုံး ခရစ်တော်ကိုသာအာရုံစိုက်ကြပြီး ဖြတ်သန်းသွားသည့် လူအုပ်ကြီးကလည်း မည်သူမျှရပ်ပြီး ထိုသူတောင်းစားကို မကူညီကြပေ။…

သခင်ယေရှု၌ အရွယ်ရောက်လာခြင်း

ကျွန်မကလေးဘဝက အရွယ်ရောက်ပြီးသူများသည် ပညာရှိပြီး မရှုံးနိုင်သူများဟု ထင်မြင်ခဲ့ပါသည်။ “ဘာလုပ်ရမည်ကို သူတို့အမြဲသိနေသည်၊ တစ်နေ့ ကျွန်မကြီးပြင်းအရွယ်ရောက်လာချိန်တွင် ကျွန်မ ဘာလုပ်ရမည်ကို ကျွန်မအမြဲသိမည်” ဟု ထင်မှတ်ခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီး ထို “တစ်နေ့” ရောက်လာသောအခါ၊ ကျွန်မသင်ယူမိသမျှမှာ အချိန်များစွာတွင် ကျွန်မဘာလုပ်ရမည်ကို မသိသေးခြင်းပင်ဖြစ်သည်။ မိသားစုတွင် ဖျားနာသည်ဖြစ်စေ၊ အလုပ်ခွင်တွင် ပြဿနာများရှိသည်ဖြစ်စေ၊ သို့မဟုတ် ဆက်ဆံရေးတွင် ပဋိပက္ခရှိသည်ဖြစ်စေ၊ ထိုသို့သော အချိန်များတွင် ကိုယ်ပိုင်ထိန်းချုပ်မှုနှင့်ခွန်အားတို့သည် လှည့်စားမှုပါလားဟူ၍ ရုန်းကန်လုံးပမ်းခဲ့ရပြီး၊ မျက်လုံးစုံမှိတ်ကာ “သခင်၊ ကူညီတော်မူပါ။ ကျွန်မဘာလုပ်ရမှန်းမသိပါ” ဟု တိုးတိုးလေး ‌ရေရွတ်ဆုတောင်းရသည့် ထွက်ပေါက်တစ်ခုသာ ‌ကျန်ရှိသည်

တမန်တော်ရှင်ပေါလုသည် ‌မျှော်လင့်ချက်မဲ့သောခံစားချက်ကို နားလည်သည်။ ကိုယ်ခန္ဓာဆိုင်ရာ အားနည်းမှုဖြစ်စေသည့် သူ၏ဘဝတွင်ရှိသော “ဆူး”က သူ့ကိုစိတ်ပျက်အားလျော့စေပြီး နာကျင်မှုများစွာ ခံစားခဲ့ရပါသည်။ သို့သော်၊ ထိုဆူးမှတစ်ဆင့် ပေါလုသည် သူ၏ အခက်အခဲများကို ခံနိုင်ရည်ရှိပြီး ကျော်လွှားရန်အတွက် လုံလောက်သော…

သခင်ယေရှု၌ ဇွဲကောင်းခြင်း

လွန်ခဲ့သည့်နှစ်များစွာက ကျွန်မကျမ်းစာကျောင်းတက်စဉ် အပတ်စဉ် ဝတ်ပြုစည်းဝေးကို တက်ကြရသည်။ တစ်ခုသောဝတ်ပြုချိန်တွင် ကျောင်းသားများက ‘Great Is the Lord’ (ကိုယ်တော်သည် ကြီးမြတ်တော်မူ) သီချင်းကို ကျူးဧနေစဉ် ‌ကျောင်းသားများချစ်သော ပါမောက္ခ သုံးဦးလည်း စိတ်အားထက်သန်စွာ လိုက်ပါဆိုနေသည်ကို ကျွန်မတွေ့လိုက်သည်။ သူတို့၏မျက်နှာထက်တွင် ဘုရားကို ယုံကြည်ခြင်းအားဖြင့် ရရှိလာသည့် ဝမ်းမြောက်မှုတို့ ဖြာထွက်နေသည်။ နှစ်များစွာ ကုန်လွန်ပြီးနောက် သူတို့တစ်ယောက်စီသည် ဆိုးရွားသော ဖျားနာမှုကို ခံစားနေရချိန်၌ ခံနိုင်ရည်ရှိပြီး အခြားသူများကို နှစ်သိမ့်ပေးနိုင်ခြင်းမှာ ထိုယုံကြည်ခြင်းကြောင့်ပင် ဖြစ်သည်။

ယနေ့ အမှုရေးများနှင့် ကျွန်မ ကြုံရချိန်တွင် ဆရာများ၏သီချင်းဆိုပုံ အမှတ်တရက ရှေ့ဆက်နိုင်ရန် တွန်းအားပေးသည်။ ကျွန်မအတွက် သူတို့သည် အတုယူဖွယ်ရာ ယုံကြည်ခြင်းနှင့်သာ ရှင်သန်ခဲ့သူအချို့ဖြစ်သည်။ ဟေဗြဲသြဝါဒစာ ၁၂:၂-၃ တွင် ဖော်ပြထားသကဲ့သို့ “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံသော”…

ကျွန်ုပ်၏ဘုရားသည် အနီးအပါးတွင် ရှိသည်

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ အသံပိုင်းဆိုင်ရာ ဆရာမ လော်ဒက်စ်သည် တပည့်များအား အနှစ် (၃၀) ကျော်မျှ မျက်နှာချင်းဆိုင် သင်ကြားခဲ့သည်။ အွန်လိုင်းသင်တန်းပေးရန် ဖြစ်လာသည့်အခါ “ကျွန်မ ကျွန်ပြူတာ မကျွမ်းကျင်ဘူး။ ကျွန်မ လက်ပ်တော့ပ် က ဟောင်းနေပြီ။ ကျွန်မက ဗီဒီယိုမှဆွေးနွေးသင်ကြားတဲ့ ဆော့ဖ်ဝဲလ်တွေကိုလည်း မကျွမ်းကျင်ဘူး” ဟု စိုးရိမ်ခဲ့သည်။ အချို့အတွက် အသေးအမွှားကိစ္စဖြစ်သော်လည်း သူမအတွက်တော့ တကယ်စိတ်ဖိစီးခဲ့ရသည်။ “ကျွန်မက တစ်ယောက် တည်းနေတာ၊ ကူပေးမယ့်သူ မရှိဘူး။ ‌ကျောင်းသားတွေ သင်တန်းက ထွက်ကုန်မှာ ကျွန်မ စိတ်ပူခဲ့တယ်။ ပြီးတော့ ကျွန်မက အဲ့ဒီဝင်ငွေကို လိုအပ်တယ်” ဟု ပြောသည်။

သင်တန်းချိန် မစမီတိုင်းတွင် လော်ဒက်စ်သည် သူ၏ကွန်ပြူတာကောင်းစွာအလုပ်လုပ်ရန် ဆုတောင်းသည်။ “ကွန်ပြူတာဖန်သားပြင်တွင် ဖိလိပ္ပိဩဝါဒစာ ၄:၅-၆ ကို တင်ထားကာ ကျွန်မ အဲ့ဒီ့ကျမ်းပိုဒ်ကို ဖက်တွယ်ထားတယ်” ဟု…

ဘုရားသခင် သင့်ကို မမေ့ပါ

ငယ်ငယ်က တံဆိပ်ခေါင်းများ စုဆောင်းခဲ့သည်။ ကျွန်မ၏ အန်ကွန် (angkong) (တရုတ်ဒေသခံစကားတစ်ခုဖြစ်သည့် ဖူကီနီးစ်လို “အဖိုး”) သည် ကျွန်မ၏ဝါသနာကိုသိသောအခါ၊ သူ့ရုံးဝင်စာမှ တံဆိပ်ခေါင်းများကို သူနေ့တိုင်း စုသိမ်းပေးခဲ့သည်။ အဘိုးအဘွားများထံ အလည်သွားတိုင်း အန်ကွန်က ကျွန်မအား တံဆိပ်ခေါင်းလှလှလေးများ အမျိုးစုံစွာ ထည့်ထားသည့်စာအိတ်ကို ပေးသည်။ အဖိုးက “ငါအမြဲအလုပ်များနေပေမယ့် မင်းကိုတော့ မမေ့ဘူး” ဟု တစ်ခါပြောဖူးသည်။

အန်ကွန် သည် ကျွန်မကိုချစ်ကြောင်း လူသိရှင်ကြား မဖော်ပြသော်လည်း သူချစ်သည်ကို ကျွန်မနက်ရှိုင်းစွာခံစားခဲ့ရသည်။ အတိုင်းအဆမဲ့ နက်နဲစွာဖြင့် ဘုရားသခင်သည် “သင့်ကို ငါမမေ့လျော့” (ဟေရှာ ၄၉:၁၅) ဟုအတိအလင်း ပြောပြီး ဣသရေလလူမျိုးတို့အား သူ၏ချစ်ခြင်းမေတ္တာကို ဖော်ပြခဲ့သည်။ လွန်ခဲ့သောအတိတ်က ရုပ်တုကိုးကွယ်မှုနှင့် မနာခံမှုတို့ကြောင့် ဗာဗုလုန်တွင် ဆင်းရဲဒုက္ခခံနေရသောကြောင့် ဘုရားလူမျိုးတော်က “ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီ” (:၁၄) ဟုမြည်တမ်းခဲ့ကြသည်။ သို့သော် သူ့လူများအပေါ်…

ဘုရားသခင်ကို ယုံကြည်ခြင်း

ဆေးဝါးနှစ်ခုကို ကျွန်မ အရေးတကြီး လိုအပ်ခဲ့သည်။ တစ်ခုက အမေ၏ ဓာတ်မတည့်မှုအတွက်ဖြစ်ပြီး၊ နောက်တစ်ခုက တူမလေး၏နှင်းခူနာအတွက်ဖြစ်သည်။ သူတို့၏ မသက်မသာဖြစ်မှုက ပိုဆိုးလာပြီး ဆေးဆိုင်တွင်လည်း ထိုဆေးဝါးများ ပြတ်နေခဲ့သည်။ စိုးရိမ်ပြီး ကူကယ်ရာမဲ့စွာနှင့် “အရှင်ဘုရား၊ သူတို့ကို ကယ်မတော်မူပါ” ဟု ကျွန်မ ထပ်ခါထပ်ခါဆုတောင်းနေခဲ့မိသည်။

ရက်ပေါင်းများစွာကြာပြီးနောက် သူတို့၏အခြေအနေများသည် ထိန်းချုပ်နိုင်သည့်အနေအထားသို့ ‌ရောက်လာသည်။ “ဆေးဝါးတွေကို အသုံးပြုပြီး ငါကုသပေးနေတဲ့ အချိန်တွေရှိတယ်။ ဒါပေမဲ့ ဆေးဝါးက နောက်ဆုံးအဖြေ မဟုတ်ဘူး။ ရလဒ်ကိုပေးတာ ငါပဲ။ ဆေးဝါးကိုပဲ အားကိုးမနေနဲ့။ ငါ့ကိုပဲ ယုံကြည်ပါ” ဟု ဘုရားရှင် ကျွန်မကို ပြောနေသယောင်ပင်။

ဆာလံ ၂၀ တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်အပေါ်ယုံကြည်ကိုးစားနိုင်မှုမှ နှစ်သိမ့်သက်သာမှုကို ရယူခဲ့သည်။ ဣသရေလလူမျိုးတွင် ခွန်အားကြီး သောစစ်တပ်ရှိသော်လည်း သူတို့၏အကြီးမားဆုံးသောခွန်အားသည် “ထာဝရ ဘုရား၏နာမတော်” မှလာကြောင်း သူတို့သိသည်…

ယေရှုကို မှီခိုပါ

ရုံးလှေကားထစ်၌ ကျွန်မခေါင်းမူးသွားသည်။ လှေကားက ချာချာလည်နေပုံ‌ပေါ်သဖြင့် လက်ကိုင်တန်းကို မြဲမြဲကိုင်ထားလိုက်သည်။ နှလုံး တဒိန်းဒိန်းခုန်၍ ခြေထောက် ခွေကျလာခြင်းကြောင့် လက်တန်းကို တင်းတင်းဆုပ်ကိုင်ရင်း ၎င်း၏ခိုင်ခံ့မှုအတွက် ကျေးဇူးတင်မိသည်။ ဆေးစစ်ချက်များအရ ကျွန်မ သွေးအားနည်းနေကြောင်း သိခဲ့ရသည်။ အခြေအနေက မပြင်းထန်သလို ကျွန်မ၏ပြဿနာ ပြေလည်သွားသော်လည်း ထိုနေ့က ကျွန်မအလွန်အားနည်းခဲ့ကြောင်းကို ဘယ်တော့မှ မမေ့နိုင်ခဲ့တော့ပါ။

ထို့ကြောင့် သခင်ယေရှုကို တို့ထိသော အမျိုးသမီးကို ကျွန်မ လေးစားမိသည်။ သူမ၏ အားနည်းသောအခြေအနေနှင့် လူအုပ်ကြားတွင် တိုးဝှေ့ခြင်းသာမက ကိုယ်တော်ထံချဉ်းကပ်ရန် အရဲစွန့်ခြင်းဖြင့် သူမ၏ယုံကြည်ခြင်းကို ပြသခဲ့သည် (မ ၉:၂၀-၂၂)။ သူမကြောက်လန့်ဖို့ အကြောင်းပြချက်ကောင်းရှိပါသည်။ ဂျူးဥပဒေအရ သူမသည် မသန့်ရှင်းသူအဖြစ် သတ်မှတ်ခံရပြီး အခြားသူများ‌ရှေ့၌ သူမ၏ မသန့်ရှင်းမှုကို ဖော်ထုတ်ခြင်းဖြင့် ပြင်းထန်သောအကျိုးဆက်ကို ရင်ဆိုင်ရနိုင်သည် (ဝတ် ၁၅:၂၅-၂၇)။ သို့သော် ‘ကိုယ်တော်၏ပန်းပွားတော်ကိုသာ ထိရလျှင်’ ဆိုသည့်…

ဘုရားသခင်ကို ယုံကြည်၍ ရသည်

ကျွန်မ၏ကြောင်လေး Mickey (မစ်ကီ) မျက်လုံးထဲပိုးဝင်စဉ်က သူ့ကို နေ့စဥ် မျက်စဉ်း ခတ်ပေးရသည်။ သူ့ကို ရေချိုးဘေစင်ပေါ် တင်လိုက်တိုင်း ထိတ်လန့်နေသည့် မျက်လုံးများနှင့် ကျွန်မကိုကြည့်ကာ မျက်စဉ်းဆေး တစ်စက်အတွက် သူ့ကိုယ်သူ အားတင်းထားပုံပေါ်သည်။ “တော်လိုက်တဲ့ ကောင်လေး” ဟု ကျွန်မချီးကျူးမိသည်။ ကျွန်မ ဘာလုပ်ပေးနေသည်ကို သူနားမလည်သည့်တိုင် ကျွန်မအပေါ် ဘယ်တော့မှ ခုန်အုပ်၊ ရန်လိုကာ ကုတ်ခြစ်ခြင်းမျိုး မရှိပေ။ ထိုအစား သူ့အား အနေခက်အောင် လုပ်တော့မည့် ကျွန်မဆီသို့သာ ပိုမိုတိုးကပ်လာသည်။ ကျွန်မကို ယုံကြည်၍ရကြောင်း သူသိသည်။

ဒါဝိဒ်သည်လည်း ဆာလံကျမ်း ၉ ကို ရေးသားခဲ့စဉ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားတို့ကို ကြုံတွေ့ခဲ့ရပြီးဖြစ်လိမ့်မည်။ ရန်သူများ၏အန္တရာယ်မှ လွတ်ကင်း‌အောင် ဘုရားရှင်ထံ ခိုဝင်ခဲ့ပြီး၊ ကိုယ်တော်သည်လည်း ဒါဝိဒ်ကိုယ်စား တုံ့ပြန်လုပ်ဆောင်ပေးခဲ့သည် (:၃-၆)။ ဒါဝိဒ် လိုအပ်ချိန်တိုင်း ဘုရားသခင် ရှိနေပေးခဲ့သည်။…

ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းကျောက်ဆူး

အလင်းရောင်သိပ်မရှိသောလမ်းကြားတစ်ခုထဲတွင် ကတ်ထူပြားများခြုံ၍ အိပ်နေကြသည့် အိမ်ယာမဲ့လူများ၏ပုံကို ကျွန်မကိုင်ပြလိုက်ပြီး “သူတို့ ဘာတွေလိုအပ်မလဲ” ဟု ဆန်းဒေးစကူးလ်မှ (၆) တန်းကလေးများအား ကျွန်မမေးလိုက်သည်။ “အစားအသောက်”၊ “ပိုက်ဆံ” စသည်ဖြင့် ဖြေကြသည်။ ယောကျ်ားလေးတစ်ဦးက “လုံခြုံသောနေရာတစ်ခု” ဟု စဉ်းစဉ်းစားစားဖြေသည်။ ထိုနောက် မိန်းကလေးတစ်ဦးက “မျှော်လင့်ချက်” ဟု ထဖြေပြီး၊ “မျှော်လင့်ခြင်းဆိုတာ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ စောင့်စားတာပါ” ဟု သူမက ရှင်းပြသည်။

စိန်ခေါ်မှုများကြောင့် ဘဝတွင် ကောင်းသောအရာများကို စောင့်စားရန် ခက်ခဲနိုင်သော်လည်း သူမက ထိုသို့ ‘စောင့်စားရန်’ ပြောခြင်းကို ကျွန်မစိတ်ဝင်စားမိသည်။ သမ္မာကျမ်းစာကမူ မျှော်လင့်ခြင်းနှင့်ပတ်သက်၍ ကျွန်မတပည့်နှင့် သဘောတူသည့်ပုံစံမျိုး ဖော်ပြပါသည်။ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်း” ဖြစ်လျှင် (ဟေဗြဲ ၁၁:၁) ခရစ်တော်၌ယုံကြည်သူ ကျွန်မတို့သည် ကောင်းသောအရာများဖြစ်လာနိုင်ရန် မျှော်လင့်နိုင်ပါသည်။

ခရစ်တော်၌ ယုံကြည်သူများအနေနှင့် ယုံကြည်စိတ်ချစွာ…