စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Karen Huang

ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းကျောက်ဆူး

အလင်းရောင်သိပ်မရှိသောလမ်းကြားတစ်ခုထဲတွင် ကတ်ထူပြားများခြုံ၍ အိပ်နေကြသည့် အိမ်ယာမဲ့လူများ၏ပုံကို ကျွန်မကိုင်ပြလိုက်ပြီး “သူတို့ ဘာတွေလိုအပ်မလဲ” ဟု ဆန်းဒေးစကူးလ်မှ (၆) တန်းကလေးများအား ကျွန်မမေးလိုက်သည်။ “အစားအသောက်”၊ “ပိုက်ဆံ” စသည်ဖြင့် ဖြေကြသည်။ ယောကျ်ားလေးတစ်ဦးက “လုံခြုံသောနေရာတစ်ခု” ဟု စဉ်းစဉ်းစားစားဖြေသည်။ ထိုနောက် မိန်းကလေးတစ်ဦးက “မျှော်လင့်ချက်” ဟု ထဖြေပြီး၊ “မျှော်လင့်ခြင်းဆိုတာ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ စောင့်စားတာပါ” ဟု သူမက ရှင်းပြသည်။

စိန်ခေါ်မှုများကြောင့် ဘဝတွင် ကောင်းသောအရာများကို စောင့်စားရန် ခက်ခဲနိုင်သော်လည်း သူမက ထိုသို့ ‘စောင့်စားရန်’ ပြောခြင်းကို ကျွန်မစိတ်ဝင်စားမိသည်။ သမ္မာကျမ်းစာကမူ မျှော်လင့်ခြင်းနှင့်ပတ်သက်၍ ကျွန်မတပည့်နှင့် သဘောတူသည့်ပုံစံမျိုး ဖော်ပြပါသည်။ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်း” ဖြစ်လျှင် (ဟေဗြဲ ၁၁:၁) ခရစ်တော်၌ယုံကြည်သူ ကျွန်မတို့သည် ကောင်းသောအရာများဖြစ်လာနိုင်ရန် မျှော်လင့်နိုင်ပါသည်။

ခရစ်တော်၌ ယုံကြည်သူများအနေနှင့် ယုံကြည်စိတ်ချစွာ…

လက်လွှတ်လိုက်ပါ

ကိသ် အလုပ်လုပ်နေသည့် စာအုပ်ဆိုင်ပိုင်ရှင်သည် အားလပ်ရက်ခရီးထွက်သွားသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း ၎င်း၏လက်ထောက်ဖြစ်သူ ကိသ် မှာ စိုးရိမ်ထိတ်လန့်နေပြီဖြစ်သည်။ လုပ်ငန်းလည်ပတ်မှု ချောမွေ့သော်လည်း ကိသ် သည် စတိုးဆိုင်ကြီးကြပ်ရသည့်အလုပ်ကို ကောင်းမွန်စွာ မလုပ်နိုင်မှာကို စိုးရိမ်နေ ပြီး၊ ကမူးကရှူးထိုးနှင့် သူတတ်နိုင်သမျှ အသေးစိတ် ကြီးကြပ်လုပ်ဆောင်ခဲ့သည်။
နောက်ဆုံး သူ့သူဌေးက ဗီဒီယိုဖုန်းခေါ်၍ “‌ေတော်တော့။ မင်းအလုပ်က မင်းကို ငါနေ့စဉ် အီးမေးလ်နဲ့ပို့ပေးတဲ့ ညွှန်ကြားချက်တွေကို လိုက်လုပ်ရုံပဲ။ စိတ်ပူမနေနဲ့ ကိသ်။ တာဝန်ရှိတဲ့သူက ငါဖြစ်တယ်။ မင်းမဟုတ်ဘူး” ဟု ပြောခဲ့သည်။

အခြားတိုင်းနိုင်ငံများနှင့် ပဋိပက္ခဖြစ်ချိန်၌ ဣသရေလလူမျိုးတို့သည် ဘုရားသခင်ထံမှ “ငြိမ်ဝပ်လျက်နေကြလော့” (ဆာ ၄၆:၁၀) ဟု အလားတူစကားများကို လက်ခံရရှိခဲ့သည်။ တစ်နည်းအားဖြင့် “ကိုယ့်အစွမ်းနဲ့ ရုန်းကန်နေတာကို ရပ်လိုက်။ ငါပြောတာကို လိုက်နာ၊ မင်းအတွက် ငါတိုက်ပွဲဝင်ပေးမယ်” ဟု ပြောနေခြင်းဖြစ်သည်။…

သင်နွမ်းနယ်သောအခါ

တစ်နေ့တာအလုပ်ပြီးသွားပြီးနောက် ကွန်ပြူတာကို ရှေ့မှာထားပြီး ကျွန်မ ငြိမ်သက်နေမိသည်။ တစ်နေ့တာအတွက် အလုပ်ပြီးသွား၍ ကျွန်မလန်းဆန်း ပျော်ရွှင်နေသင့်သော်လည်း ကျွန်မ မပျော်ပါ။ ကျွန်မ ပင်ပန်းနေသည်။ အလုပ်မှ ပြဿနာတစ်ခုနှင့်ပတ်သက်၍ စိတ်လေးလံရမှုကြောင့် ကျွန်မပုခုံးများကိုက်ခဲနေပြီး အဆင်မပြေဖြစ်နေသော ဆက်ဆံရေးတစ်ခုအကြောင်း တွေးနေမိသည်။ ထိုအမှုအရာများမှ ကျွန်မလွတ်မြောက်လိုခဲ့ပြီး၊ ထိုညက ကျွန်မ၏အတွေးများ ယောင်လည်လည်နှင့် တီဗီကြည့်လိုခဲ့သည်။

သို့သော် မျက်လုံးများကို မှိတ်ပြီး “ဘုရားသခင်” ဟု ရေရွတ်မိသည်။ ပင်ပန်းလွန်းသောကြောင့် ကျွန်မ ဘာမှဆက်မပြောနိုင်ပါ။ ကျွန်မ၏ပင်ပန်းမှုအားလုံးသည် ထိုစကားလုံးထဲရောက်သွားသည်။ မည်သို့ပင်ဖြစ်ဖြစ် ထိုသို့သာ ဖြစ်သင့်သည်ဟု ကျွန်မချက်ချင်းသိလိုက်သည်။

ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့အား သခင်ယေရှုက “ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်” ဟုဆိုပါသည် (မ ၁၁:၂၈)။ ညဘက်ကောင်းမွန်စွာအိပ်စက်ပြီးရရှိသည့် ချမ်းသာမျိုးမဟုတ်။ တီဗီကြည့်၍ လက်တွေ့လောကကို မေ့နိုင်သည့် ချမ်းသာမျိုး မဟုတ်။ ပြဿနာတစ်ခုကို ဖြေရှင်းပြီးသွား၍ စိတ်သက်သာရာရခြင်းမျိုးပင် မဟုတ်။ ဤအရာများသည်…

မိမိ၏ရည်ရွယ်ချက်က ဘာလဲ

“မုဆိုးဖိုလည်းဖြစ်၊ အငြိမ်းစားလည်းဖြစ်၊ ကလေးတွေကလည်း သူတို့မိသားစုနဲ့သူတို့ အလုပ်ရှုပ်နေပြီး၊ နံရံပေါ်က အရိပ်တွေကိုကြည့်ပြီး ညနေခင်းတွေကို တိတ်တဆိတ် ကုန်ဆုံးစေရတာ ကျွန်တော် လုံးဝအသုံးမကျသလို ခံစားရတယ်” ဟု Harold (ဟယ်ရို) က ဆိုသည်။ “အဖေအသက်ကြီးပြီ၊ ဘဝကို အပြည့်အဝ နေထိုင်ခဲ့ပြီးပြီ။ အဖေ့မှာ ရည်ရွယ်ချက်မရှိတော့ဘူး။ ဘုရားက အဖေ့ကို အချိန်မရွေး ခေါ်သွားနိုင်ပြီ” ဟု သူ့သမီးကို မကြာခဏပြောလေ့ရှိသည်။

သို့သော် တစ်နေ့နေ့လည်ခင်းတွင် သူ့အိမ်နီးချင်းနှင့်စကားစမြည်ပြောရင်း ဟယ်ရို စိတ်ပြောင်းလဲခဲ့သည်။ “ကျွန်တော့်အိမ်နီးချင်းမှာ သူ့ကလေးတွေနဲ့ ပြဿနာတစ်ချို့ရှိတာကြောင့် သူ့အတွက် ဆုတောင်းပေးခဲ့တယ်။ နောက်တော့ သူ့ကို ဧဝံဂေလိတရား ဝေမျှခဲ့တယ်။ အဲဒီမှာ ကျွန်တော့်မှာ ရည်ရွယ်ချက် ရှိနေဆဲ ဆိုတာ သဘောပေါက်လိုက်တယ်။ ယေရှုအကြောင်း မကြားရသေးတဲ့သူ ရှိနေသရွေ့ ကယ်တင်ရှင်အကြောင်း သူတို့ကို ပြောပြရမှာပေါ့” ဟု ဟယ်ရို က…

သင်အထီးကျန်သောအခါ

ည (၇) နာရီတွင် Hui-Liang (ဟွေ့လရန်း)သည် သူ၏ မီးဖိုချောင်၌ ထမင်းနှင့် ငါးအသားလုံး အကျန်ကို စားနေသည်။ တစ်ဘက်ခန်းရှိ Chua (ချွား) မိသားစုသည်လည်း ညစာစားနေကြပြီး၊ သူတို့၏ရယ်မောသံများနှင့် စကားသံများက ဇနီးကွယ်လွန်သွားကတည်းက တစ်ယောက်တည်း နေထိုင်ခဲ့သည့် ဟွေ့လရန်း အခန်း၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ အထီးကျန်ခြင်းနှင့်နေတတ်ရန် သင်ယူခဲ့ပြီး ဤနှစ်များအတွင်း သူ၏နာကျင်မှုက ဓားနှင့်ထိုးသကဲ့သို့ တစစ်စစ် ထိုးနှက်သည့်ဝေဒနာ ဖြစ်လာသည်။ သို့သော် ယနေ့ညတွင် စားပွဲပေါ်ရှိ ပန်းကန်လုံးတစ်လုံးနှင့် တူတစ်စုံ မြင်ကွင်းက သူ့ကို နက်နက်ရှိုင်းရှိုင်း ထိုးနှက်ခဲ့သည်။

ထိုညသူအိပ်ရာမဝင်မီ ဟွေ့လရန်း သည် သူ့အကြိုက်ဆုံး ဆာလံ ၂၃ ကို ဖတ်ခဲ့သည်။ သူ့အတွက် အရေးအကြီးဆုံးမှာ “ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်” (:၄) ဟူသည့်အချက်ဖြစ်သည်။ သိုးများအပေါ် သိုးထိန်း၏ လက်တွေ့ကျသော…

သင့်ကို နားညောင်းနေသည်

‘Physics’ (ရူပဗေဒ) ဟူသည့် စာအုပ်ထဲတွင် Charles Riborg Mann (ချားလ်စ်ရိုင်ဘောဂ်မန်း)နှင့် George Ransom Twiss (ဂျော့ရှ်ရန်စမ်တွစ်) တို့က “အထီးကျန်တောအုပ်ထဲတွင် သစ်ပင်တစ်ပင်ပြိုလဲသွားတာကို ကြားဖို့ အနီးအနား ၌ မည်သည့် တိရစ္ဆာန်မျှမရှိပါက အသံထွက်ပါမည်လား” ဟု မေးထားသည်။ နှစ်အတော်ကြာအောင် ထိုမေးခွန်းသည် အသံ၊ သဘောထားအမြင်နှင့် ဖြစ်တည်မှုဆိုင်ရာဒဿနနှင့် သိပ္ပံနည်းကျဆွေးနွေးမှုများကို လှုံ့‌ဆော်ပေးခဲ့သည်။ သို့သော်လည်း တိကျသေချာသောအဖြေတစ်ခု ထွက်ပေါ်ခြင်းမရှိ‌သေးပါ။

တစ်ညတွင် အခြားမည်သူ့ကိုမှ မပြောပြဖြစ်သေးသည့် ပြဿနာတစ်ခုကြောင့် အထီးကျန်ပြီး ဝမ်းနည်းစွာခံစားရချိန်မှာ ၎င်းမေးခွန်းကို ကျွန်မပြန်သတိရမိကာ “ကျွန်မအကူအညီတောင်းသံကို ဘယ်သူမှမကြားတဲ့အချိန် ဘုရားသခင်ရော ကြားသလား” ဟုတွေးမိလိုက်သည်။

သေခြင်းတရား၏ခြိမ်းခြောက်မှုကို ရင်ဆိုင်ရကာ ဆင်းရဲဒုက္ခများက သူ့ကို လွှမ်းမိုးသောအခါ ဆာလံကျမ်း ၁၁၆ ကို ‌ရေးသားသူက စွန့်ပစ်ခံရသည်ဟု ခံစားရကောင်းခံစားရနိုင်သည်။ ထို့ကြောင့် သူသည် ဘုရားသခင်က…

အစဥ်အမြဲယုံကြည်ကိုးစားထိုက်သော

ကျွန်မသည် စိုးရိမ်ပူပန်တတ်သူတစ်ဦး ဖြစ်သည်။ မနက်စောစောအချိန်ဆိုလျှင် မိမိအတွေးများနှင့် တစ်ဦးတည်းဗျာများနေခြင်းကြောင့် အဆိုးဆုံးဖြစ်သည်။ ထို့ကြောင့် “အသက်ရှင်သော ဘုရားတစ်ပါးရှိတယ်။ သမ္မာကျမ်းစာထဲမှာ သူစကားပြောခဲ့တယ်။ သူ့စကားတော်များကို သူပြောတဲ့အတိုင်း အလေးနက်ဆိုလိုပြီး၊ သူကတိပေးထားတဲ့အရာအားလုံးကိုလည်း လုပ်ဆောင်မှာဖြစ်တယ်” ဟူသည့် သာသနာပြုဆရာကြီး Hudson Taylor (ဟဒ်ဆန်တေလာ)၏ စကားကို ကျွန်မ စိုးရိမ်ကြောက်ရွံ့မှုခံစားရချိန်၌ မြင်နိုင်မည့်နေရာဖြစ်သည့် ရေချိုးခန်းကြည့်မှန်၌ ကပ်ထားလိုက်သည်။

ဆရာကြီးတေလာ၏စကားများသည် နှစ်ပေါင်းများစွာ ဘုရားရှင်နှင့်လျှောက်လှမ်းခဲ့သည့် အသက်တာမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဘုရားသခင် မည်သူမည်ဝါဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ဖျားနာခြင်း၊ ဆင်းရဲမွဲတေခြင်း၊ အထီးကျန်ခြင်းနှင့် ဝမ်းနည်းရခြင်း စသည့်အချိန်များ၌ ကိုယ်တော်မစပေးနိုင်သည့် အရာများအကြောင်း သတိပေး လျက်ရှိသည်။ ဘုရားရှင်သည် ယုံကြည်ကိုးစားထိုက်ကြောင်းကို သူ‘သိ’ရုံမျှမက၊ ယုံကြည်ကိုးစားထိုက်မှုကို သူ‘တွေ့ကြုံခံစား’ခဲ့ရသည်။ ဘုရားကတိတော်များအား သူယုံကြည်လျက် နာခံလိုက်လျှောက်ခြင်းကြောင့် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးတို့သည် သခင်ယေရှုထံ သူတို့၏အသက်တာကို ယုံကြည်အပ်နှံခဲ့ကြသည်။

ဘုရားသခင်နှင့် ကိုယ်တော်၏နည်းလမ်းများကို တွေ့ကြုံခံစားခဲ့ရခြင်းက…

ဤမေတ္တာသည် စစ်မှန်ပေ

“အလိမ်ခံရလို့ ကျွန်မရှိသမျှကုန်ဆုံးသွားပြီလို့ ကျွန်မခံစားလိုက်ရတယ်။ အဖြစ်မှန်ကို တွေ့ရှိလိုက်လို့ အံ့ဩတုန်လှုပ်သွားတာ ကိုယ့်ကို လက်သီးနဲ့ထိုးချလိုက်သလိုပါပဲ” ဟု Jojie (ဂျိုဂျီ) ကဆိုသည်။ သူ့ခင်ပွန်းလောင်းက အခြားသူတစ်ဦးနှင့် ဖောက်ပြန်နေသည်ကို သိလိုက်ရသောကြောင့်ဖြစ်သည်။ ယခင်ရည်းစားနှင့်လည်း ထိုနည်းလည်းကောင်း ဖြစ်သောကြောင့် အဆက်ပြတ်သွားခဲ့သည်။ ထို့ကြောင့် ကျမ်းစာသင်တန်း၌ ဘုရားသခင်၏မေတ္တာအကြောင်း ကြားသိခဲ့ရသောအခါ “နောက်ထပ် အလိမ်အညာများနဲ့ကြုံရဦးမှာလား။ ငါ့ကိုချစ်တယ်လို့ ဘုရားသခင်ပြောတဲ့အခါ သူ့ကို ယုံလိုက်ရင် ငါနာကျင်ခံစားရမလား” စသည်ဖြင့် သူမတွေးဘဲ မနေနိုင်ခဲ့ပါ။

လူတစ်စုံတစ်ဦး၏ မေတ္တာကတိစကားအပေါ် သတိထားစေသည့် (သို့) စိုးကြောက်စေသည့် ခံစားချက်များကို ဖြစ်စေသည့် စိတ်သောကရောက်ရသည့် ဆက်ဆံရေးများကို ဂျိုဂျီနည်းတူ ကျွန်ုပ်တို့ခံစားကြုံတွေ့ဖူးမည်။ မြှုပ်ကွက် ဘယ်မှာလဲ၊ ဘယ်နေရာမှာ အငိုက်မိမလဲဟုတွေးရင်း ဘုရားသခင်၏မေတ္တာအပေါ်၌လည်း ထိုနည်းတူ ခံစားရနိုင်သည်။ သို့သော် မည်သည့်မြှုပ်ကွက်မှမရှိပါ။ “ငါတို့သည် အပြစ်ရှိစဥ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည်…

ဘုရားသခင်ထံ အိမ်ပြန်လာတော့

တစ်ခုသောညနေခင်းအစောပိုင်းတွင် ကျွန်မတို့ရပ်ကွက်ထဲရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီး ကျွန်မအပြေးလေ့ကျင့်ခန်းလုပ်နေစဉ် ပိန်ခြောက်ညစ်ပေနေသော ကြောင်ပေါက်လေးတစ်ကောင်သည် အော်သံပြုကာ ကျွန်မအိမ်သို့လိုက်လာခဲ့သည်။ ယနေ့တွင် မစ်ကီသည် ကျန်းမာပြီး ချောမောသော အရွယ်ရောက်ကြောင်တစ်ကောင်ဖြစ်လာကာ ကျွန်မတို့အိမ်၌ အဆင်ပြေပြေနေရသည့်ဘဝကို ကျေနပ်လျက် ကျွန်မတို့မိသားစု၏ သည်းသည်းလှုပ်အချစ်ခံနေရသည်။ ကျွန်မ သူ့ကို တွေ့ခဲ့သည့်နေရာတွင် အပြေးလေ့ကျင့်ခန်းလုပ်လိုက်တိုင်း “မစ်ကီလေး လမ်းပေါ်မှာနေရတဲ့ဘဝက လွတ်ပြီး အခုနေစရာအိမ်ရှိနေပြီဖြစ်လို့ ကျေးဇူးတင်ပါတယ်၊ ကိုယ်တော်” ဟု ကျွန်မ မကြာခဏတွေးဖြစ်သည်။

ဆာလံကျမ်း ၉၁ တွင် “အမြင့်ဆုံးသောဘုရား၏ ကွယ်ကာရာဌာနတော်၌” နေသူ (:၁)၊ ဘုရားနှင့်အတူ အိမ်ကိုဆောက်လုပ် နေထိုင်ကြသူများအကြောင်းကို ပြောထားသည်။ “Dwells” (နေသည်) ဟူသောစကားလုံး၏ ဟေဗြဲအနက်မှာ “ဆက်လက်တည်ရှိသည်၊ အမြဲနေထိုင်သည်” ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့ ဘုရားရှင်၌ တည်နေသောအခါ ကိုယ်တော်၏ပညာတော်အတိုင်း ကျွန်ုပ်တို့နေနိုင်ရန်၊ အရာအားလုံးထက် သူ့ကိုချစ်နိုင်ရန် မစသည် (:၁၄၊ ယော ၁၅:၁၀)။…

အရှုံးမရှိ

ကျွန်မ၏သူငယ်ချင်း ရူအယ်လ်သည် သူ့အတန်းဖော်တစ်ဦး၏အိမ်၌ ပြုလုပ်သော အထက်တန်းကျောင်းသားဟောင်းများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံ၊ မနီလာ ပင်လယ်အော် အနီးရှိ ကမ်းနားပေါ်မှအိမ်ကြီးသည် လူဦးရေ (၂၀၀) မျှ လက်ခံနိုင်ပြီး ထိုအိမ်ကြီးကြောင့် ရူအယ်လ်အနေဖြင့် သိမ်ငယ်မှုခံစားခဲ့ရသည်။

“ဝေးလံတဲ့ဒေသတွေမှာရှိတဲ့ အသင်းတော်တွေမှာ သင်းအုပ်လုပ်ခဲ့ရတဲ့ ပျော်ရွှင်စရာအချိန်တွေ ကျွန်တော့်မှာ အများကြီးရှိခဲ့တယ်။ မဖြစ်သင့်မှန်းသိပေမယ့် ကျွန်တော့်အတန်းဖော်ရဲ့ ရုပ်ပစ္စည်းပိုင်ဆိုင်မှုအပေါ် အားကျတဲ့စိတ်ကို ထိန်းချုပ် မရနိုင်ခဲ့ဘူး။ တကယ်လို့သာ ကျွန်တော်ရထားတဲ့ဘွဲ့နဲ့ စီးပွားရေးသမားတစ်ဦးဖြစ်အောင် ကြိုးစားခဲ့မယ်ဆိုရင် ကျွန်တော့်ဘဝက ဘယ်လိုခြားနားမှုဖြစ်နေမလဲဆိုပြီး အတွေးလွင့်သွားမိပြန်တယ်”ဟု ရူအယ်လ်က ကျွန်မကိုပြောသည်။

“ဒါပေမယ့် ဘာကိုမှ လိုချင်တပ်မက်စရာမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးခဲ့တယ်။ ဘုရားသခင်ကို အစေခံခြင်းဖြင့် ကျွန်တော့်ရဲ့ဘဝကို ရင်းနှီးမြှုပ်နှံခဲ့ပြီး ရလဒ်တွေက ထာဝရကာလအထိ တည်နေမှာဖြစ်တယ်” ဟု ရူအယ်လ်ပြုံးလျက် ဆက်ပြောသည်။ ထိုစကားများကိုပြောစဥ် ဖြစ်ပေါ်လျက်ရှိသော သူ၏ ငြိမ်းချမ်းသည့်အသွင်သဏ္ဌာန်ကို…