ဘုရားသခင်ကို ယုံကြည်ခြင်း
ဆေးဝါးနှစ်ခုကို ကျွန်မ အရေးတကြီး လိုအပ်ခဲ့သည်။ တစ်ခုက အမေ၏ ဓာတ်မတည့်မှုအတွက်ဖြစ်ပြီး၊ နောက်တစ်ခုက တူမလေး၏နှင်းခူနာအတွက်ဖြစ်သည်။ သူတို့၏ မသက်မသာဖြစ်မှုက ပိုဆိုးလာပြီး ဆေးဆိုင်တွင်လည်း ထိုဆေးဝါးများ ပြတ်နေခဲ့သည်။ စိုးရိမ်ပြီး ကူကယ်ရာမဲ့စွာနှင့် “အရှင်ဘုရား၊ သူတို့ကို ကယ်မတော်မူပါ” ဟု ကျွန်မ ထပ်ခါထပ်ခါဆုတောင်းနေခဲ့မိသည်။
ရက်ပေါင်းများစွာကြာပြီးနောက် သူတို့၏အခြေအနေများသည် ထိန်းချုပ်နိုင်သည့်အနေအထားသို့ ရောက်လာသည်။ “ဆေးဝါးတွေကို အသုံးပြုပြီး ငါကုသပေးနေတဲ့ အချိန်တွေရှိတယ်။ ဒါပေမဲ့ ဆေးဝါးက နောက်ဆုံးအဖြေ မဟုတ်ဘူး။ ရလဒ်ကိုပေးတာ ငါပဲ။ ဆေးဝါးကိုပဲ အားကိုးမနေနဲ့။ ငါ့ကိုပဲ ယုံကြည်ပါ” ဟု ဘုရားရှင် ကျွန်မကို ပြောနေသယောင်ပင်။
ဆာလံ ၂၀ တွင် ဒါဝိဒ်မင်းကြီးသည် ဘုရားသခင်အပေါ်ယုံကြည်ကိုးစားနိုင်မှုမှ နှစ်သိမ့်သက်သာမှုကို ရယူခဲ့သည်။ ဣသရေလလူမျိုးတွင် ခွန်အားကြီး သောစစ်တပ်ရှိသော်လည်း သူတို့၏အကြီးမားဆုံးသောခွန်အားသည် “ထာဝရ ဘုရား၏နာမတော်” မှလာကြောင်း သူတို့သိသည်…
ယေရှုကို မှီခိုပါ
ရုံးလှေကားထစ်၌ ကျွန်မခေါင်းမူးသွားသည်။ လှေကားက ချာချာလည်နေပုံပေါ်သဖြင့် လက်ကိုင်တန်းကို မြဲမြဲကိုင်ထားလိုက်သည်။ နှလုံး တဒိန်းဒိန်းခုန်၍ ခြေထောက် ခွေကျလာခြင်းကြောင့် လက်တန်းကို တင်းတင်းဆုပ်ကိုင်ရင်း ၎င်း၏ခိုင်ခံ့မှုအတွက် ကျေးဇူးတင်မိသည်။ ဆေးစစ်ချက်များအရ ကျွန်မ သွေးအားနည်းနေကြောင်း သိခဲ့ရသည်။ အခြေအနေက မပြင်းထန်သလို ကျွန်မ၏ပြဿနာ ပြေလည်သွားသော်လည်း ထိုနေ့က ကျွန်မအလွန်အားနည်းခဲ့ကြောင်းကို ဘယ်တော့မှ မမေ့နိုင်ခဲ့တော့ပါ။
ထို့ကြောင့် သခင်ယေရှုကို တို့ထိသော အမျိုးသမီးကို ကျွန်မ လေးစားမိသည်။ သူမ၏ အားနည်းသောအခြေအနေနှင့် လူအုပ်ကြားတွင် တိုးဝှေ့ခြင်းသာမက ကိုယ်တော်ထံချဉ်းကပ်ရန် အရဲစွန့်ခြင်းဖြင့် သူမ၏ယုံကြည်ခြင်းကို ပြသခဲ့သည် (မ ၉:၂၀-၂၂)။ သူမကြောက်လန့်ဖို့ အကြောင်းပြချက်ကောင်းရှိပါသည်။ ဂျူးဥပဒေအရ သူမသည် မသန့်ရှင်းသူအဖြစ် သတ်မှတ်ခံရပြီး အခြားသူများရှေ့၌ သူမ၏ မသန့်ရှင်းမှုကို ဖော်ထုတ်ခြင်းဖြင့် ပြင်းထန်သောအကျိုးဆက်ကို ရင်ဆိုင်ရနိုင်သည် (ဝတ် ၁၅:၂၅-၂၇)။ သို့သော် ‘ကိုယ်တော်၏ပန်းပွားတော်ကိုသာ ထိရလျှင်’ ဆိုသည့်…
ဘုရားသခင်ကို ယုံကြည်၍ ရသည်
ကျွန်မ၏ကြောင်လေး Mickey (မစ်ကီ) မျက်လုံးထဲပိုးဝင်စဉ်က သူ့ကို နေ့စဥ် မျက်စဉ်း ခတ်ပေးရသည်။ သူ့ကို ရေချိုးဘေစင်ပေါ် တင်လိုက်တိုင်း ထိတ်လန့်နေသည့် မျက်လုံးများနှင့် ကျွန်မကိုကြည့်ကာ မျက်စဉ်းဆေး တစ်စက်အတွက် သူ့ကိုယ်သူ အားတင်းထားပုံပေါ်သည်။ “တော်လိုက်တဲ့ ကောင်လေး” ဟု ကျွန်မချီးကျူးမိသည်။ ကျွန်မ ဘာလုပ်ပေးနေသည်ကို သူနားမလည်သည့်တိုင် ကျွန်မအပေါ် ဘယ်တော့မှ ခုန်အုပ်၊ ရန်လိုကာ ကုတ်ခြစ်ခြင်းမျိုး မရှိပေ။ ထိုအစား သူ့အား အနေခက်အောင် လုပ်တော့မည့် ကျွန်မဆီသို့သာ ပိုမိုတိုးကပ်လာသည်။ ကျွန်မကို ယုံကြည်၍ရကြောင်း သူသိသည်။
ဒါဝိဒ်သည်လည်း ဆာလံကျမ်း ၉ ကို ရေးသားခဲ့စဉ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားတို့ကို ကြုံတွေ့ခဲ့ရပြီးဖြစ်လိမ့်မည်။ ရန်သူများ၏အန္တရာယ်မှ လွတ်ကင်းအောင် ဘုရားရှင်ထံ ခိုဝင်ခဲ့ပြီး၊ ကိုယ်တော်သည်လည်း ဒါဝိဒ်ကိုယ်စား တုံ့ပြန်လုပ်ဆောင်ပေးခဲ့သည် (:၃-၆)။ ဒါဝိဒ် လိုအပ်ချိန်တိုင်း ဘုရားသခင် ရှိနေပေးခဲ့သည်။…
ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းကျောက်ဆူး
အလင်းရောင်သိပ်မရှိသောလမ်းကြားတစ်ခုထဲတွင် ကတ်ထူပြားများခြုံ၍ အိပ်နေကြသည့် အိမ်ယာမဲ့လူများ၏ပုံကို ကျွန်မကိုင်ပြလိုက်ပြီး “သူတို့ ဘာတွေလိုအပ်မလဲ” ဟု ဆန်းဒေးစကူးလ်မှ (၆) တန်းကလေးများအား ကျွန်မမေးလိုက်သည်။ “အစားအသောက်”၊ “ပိုက်ဆံ” စသည်ဖြင့် ဖြေကြသည်။ ယောကျ်ားလေးတစ်ဦးက “လုံခြုံသောနေရာတစ်ခု” ဟု စဉ်းစဉ်းစားစားဖြေသည်။ ထိုနောက် မိန်းကလေးတစ်ဦးက “မျှော်လင့်ချက်” ဟု ထဖြေပြီး၊ “မျှော်လင့်ခြင်းဆိုတာ ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ စောင့်စားတာပါ” ဟု သူမက ရှင်းပြသည်။
စိန်ခေါ်မှုများကြောင့် ဘဝတွင် ကောင်းသောအရာများကို စောင့်စားရန် ခက်ခဲနိုင်သော်လည်း သူမက ထိုသို့ ‘စောင့်စားရန်’ ပြောခြင်းကို ကျွန်မစိတ်ဝင်စားမိသည်။ သမ္မာကျမ်းစာကမူ မျှော်လင့်ခြင်းနှင့်ပတ်သက်၍ ကျွန်မတပည့်နှင့် သဘောတူသည့်ပုံစံမျိုး ဖော်ပြပါသည်။ “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်း” ဖြစ်လျှင် (ဟေဗြဲ ၁၁:၁) ခရစ်တော်၌ယုံကြည်သူ ကျွန်မတို့သည် ကောင်းသောအရာများဖြစ်လာနိုင်ရန် မျှော်လင့်နိုင်ပါသည်။
ခရစ်တော်၌ ယုံကြည်သူများအနေနှင့် ယုံကြည်စိတ်ချစွာ…
လက်လွှတ်လိုက်ပါ
ကိသ် အလုပ်လုပ်နေသည့် စာအုပ်ဆိုင်ပိုင်ရှင်သည် အားလပ်ရက်ခရီးထွက်သွားသည်မှာ နှစ်ရက်သာ ရှိသေးသော်လည်း ၎င်း၏လက်ထောက်ဖြစ်သူ ကိသ် မှာ စိုးရိမ်ထိတ်လန့်နေပြီဖြစ်သည်။ လုပ်ငန်းလည်ပတ်မှု ချောမွေ့သော်လည်း ကိသ် သည် စတိုးဆိုင်ကြီးကြပ်ရသည့်အလုပ်ကို ကောင်းမွန်စွာ မလုပ်နိုင်မှာကို စိုးရိမ်နေ ပြီး၊ ကမူးကရှူးထိုးနှင့် သူတတ်နိုင်သမျှ အသေးစိတ် ကြီးကြပ်လုပ်ဆောင်ခဲ့သည်။
နောက်ဆုံး သူ့သူဌေးက ဗီဒီယိုဖုန်းခေါ်၍ “ေတော်တော့။ မင်းအလုပ်က မင်းကို ငါနေ့စဉ် အီးမေးလ်နဲ့ပို့ပေးတဲ့ ညွှန်ကြားချက်တွေကို လိုက်လုပ်ရုံပဲ။ စိတ်ပူမနေနဲ့ ကိသ်။ တာဝန်ရှိတဲ့သူက ငါဖြစ်တယ်။ မင်းမဟုတ်ဘူး” ဟု ပြောခဲ့သည်။
အခြားတိုင်းနိုင်ငံများနှင့် ပဋိပက္ခဖြစ်ချိန်၌ ဣသရေလလူမျိုးတို့သည် ဘုရားသခင်ထံမှ “ငြိမ်ဝပ်လျက်နေကြလော့” (ဆာ ၄၆:၁၀) ဟု အလားတူစကားများကို လက်ခံရရှိခဲ့သည်။ တစ်နည်းအားဖြင့် “ကိုယ့်အစွမ်းနဲ့ ရုန်းကန်နေတာကို ရပ်လိုက်။ ငါပြောတာကို လိုက်နာ၊ မင်းအတွက် ငါတိုက်ပွဲဝင်ပေးမယ်” ဟု ပြောနေခြင်းဖြစ်သည်။…
သင်နွမ်းနယ်သောအခါ
တစ်နေ့တာအလုပ်ပြီးသွားပြီးနောက် ကွန်ပြူတာကို ရှေ့မှာထားပြီး ကျွန်မ ငြိမ်သက်နေမိသည်။ တစ်နေ့တာအတွက် အလုပ်ပြီးသွား၍ ကျွန်မလန်းဆန်း ပျော်ရွှင်နေသင့်သော်လည်း ကျွန်မ မပျော်ပါ။ ကျွန်မ ပင်ပန်းနေသည်။ အလုပ်မှ ပြဿနာတစ်ခုနှင့်ပတ်သက်၍ စိတ်လေးလံရမှုကြောင့် ကျွန်မပုခုံးများကိုက်ခဲနေပြီး အဆင်မပြေဖြစ်နေသော ဆက်ဆံရေးတစ်ခုအကြောင်း တွေးနေမိသည်။ ထိုအမှုအရာများမှ ကျွန်မလွတ်မြောက်လိုခဲ့ပြီး၊ ထိုညက ကျွန်မ၏အတွေးများ ယောင်လည်လည်နှင့် တီဗီကြည့်လိုခဲ့သည်။
သို့သော် မျက်လုံးများကို မှိတ်ပြီး “ဘုရားသခင်” ဟု ရေရွတ်မိသည်။ ပင်ပန်းလွန်းသောကြောင့် ကျွန်မ ဘာမှဆက်မပြောနိုင်ပါ။ ကျွန်မ၏ပင်ပန်းမှုအားလုံးသည် ထိုစကားလုံးထဲရောက်သွားသည်။ မည်သို့ပင်ဖြစ်ဖြစ် ထိုသို့သာ ဖြစ်သင့်သည်ဟု ကျွန်မချက်ချင်းသိလိုက်သည်။
ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့အား သခင်ယေရှုက “ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်” ဟုဆိုပါသည် (မ ၁၁:၂၈)။ ညဘက်ကောင်းမွန်စွာအိပ်စက်ပြီးရရှိသည့် ချမ်းသာမျိုးမဟုတ်။ တီဗီကြည့်၍ လက်တွေ့လောကကို မေ့နိုင်သည့် ချမ်းသာမျိုး မဟုတ်။ ပြဿနာတစ်ခုကို ဖြေရှင်းပြီးသွား၍ စိတ်သက်သာရာရခြင်းမျိုးပင် မဟုတ်။ ဤအရာများသည်…
မိမိ၏ရည်ရွယ်ချက်က ဘာလဲ
“မုဆိုးဖိုလည်းဖြစ်၊ အငြိမ်းစားလည်းဖြစ်၊ ကလေးတွေကလည်း သူတို့မိသားစုနဲ့သူတို့ အလုပ်ရှုပ်နေပြီး၊ နံရံပေါ်က အရိပ်တွေကိုကြည့်ပြီး ညနေခင်းတွေကို တိတ်တဆိတ် ကုန်ဆုံးစေရတာ ကျွန်တော် လုံးဝအသုံးမကျသလို ခံစားရတယ်” ဟု Harold (ဟယ်ရို) က ဆိုသည်။ “အဖေအသက်ကြီးပြီ၊ ဘဝကို အပြည့်အဝ နေထိုင်ခဲ့ပြီးပြီ။ အဖေ့မှာ ရည်ရွယ်ချက်မရှိတော့ဘူး။ ဘုရားက အဖေ့ကို အချိန်မရွေး ခေါ်သွားနိုင်ပြီ” ဟု သူ့သမီးကို မကြာခဏပြောလေ့ရှိသည်။
သို့သော် တစ်နေ့နေ့လည်ခင်းတွင် သူ့အိမ်နီးချင်းနှင့်စကားစမြည်ပြောရင်း ဟယ်ရို စိတ်ပြောင်းလဲခဲ့သည်။ “ကျွန်တော့်အိမ်နီးချင်းမှာ သူ့ကလေးတွေနဲ့ ပြဿနာတစ်ချို့ရှိတာကြောင့် သူ့အတွက် ဆုတောင်းပေးခဲ့တယ်။ နောက်တော့ သူ့ကို ဧဝံဂေလိတရား ဝေမျှခဲ့တယ်။ အဲဒီမှာ ကျွန်တော့်မှာ ရည်ရွယ်ချက် ရှိနေဆဲ ဆိုတာ သဘောပေါက်လိုက်တယ်။ ယေရှုအကြောင်း မကြားရသေးတဲ့သူ ရှိနေသရွေ့ ကယ်တင်ရှင်အကြောင်း သူတို့ကို ပြောပြရမှာပေါ့” ဟု ဟယ်ရို က…
သင်အထီးကျန်သောအခါ
ည (၇) နာရီတွင် Hui-Liang (ဟွေ့လရန်း)သည် သူ၏ မီးဖိုချောင်၌ ထမင်းနှင့် ငါးအသားလုံး အကျန်ကို စားနေသည်။ တစ်ဘက်ခန်းရှိ Chua (ချွား) မိသားစုသည်လည်း ညစာစားနေကြပြီး၊ သူတို့၏ရယ်မောသံများနှင့် စကားသံများက ဇနီးကွယ်လွန်သွားကတည်းက တစ်ယောက်တည်း နေထိုင်ခဲ့သည့် ဟွေ့လရန်း အခန်း၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ အထီးကျန်ခြင်းနှင့်နေတတ်ရန် သင်ယူခဲ့ပြီး ဤနှစ်များအတွင်း သူ၏နာကျင်မှုက ဓားနှင့်ထိုးသကဲ့သို့ တစစ်စစ် ထိုးနှက်သည့်ဝေဒနာ ဖြစ်လာသည်။ သို့သော် ယနေ့ညတွင် စားပွဲပေါ်ရှိ ပန်းကန်လုံးတစ်လုံးနှင့် တူတစ်စုံ မြင်ကွင်းက သူ့ကို နက်နက်ရှိုင်းရှိုင်း ထိုးနှက်ခဲ့သည်။
ထိုညသူအိပ်ရာမဝင်မီ ဟွေ့လရန်း သည် သူ့အကြိုက်ဆုံး ဆာလံ ၂၃ ကို ဖတ်ခဲ့သည်။ သူ့အတွက် အရေးအကြီးဆုံးမှာ “ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်” (:၄) ဟူသည့်အချက်ဖြစ်သည်။ သိုးများအပေါ် သိုးထိန်း၏ လက်တွေ့ကျသော…
သင့်ကို နားညောင်းနေသည်
‘Physics’ (ရူပဗေဒ) ဟူသည့် စာအုပ်ထဲတွင် Charles Riborg Mann (ချားလ်စ်ရိုင်ဘောဂ်မန်း)နှင့် George Ransom Twiss (ဂျော့ရှ်ရန်စမ်တွစ်) တို့က “အထီးကျန်တောအုပ်ထဲတွင် သစ်ပင်တစ်ပင်ပြိုလဲသွားတာကို ကြားဖို့ အနီးအနား ၌ မည်သည့် တိရစ္ဆာန်မျှမရှိပါက အသံထွက်ပါမည်လား” ဟု မေးထားသည်။ နှစ်အတော်ကြာအောင် ထိုမေးခွန်းသည် အသံ၊ သဘောထားအမြင်နှင့် ဖြစ်တည်မှုဆိုင်ရာဒဿနနှင့် သိပ္ပံနည်းကျဆွေးနွေးမှုများကို လှုံ့ဆော်ပေးခဲ့သည်။ သို့သော်လည်း တိကျသေချာသောအဖြေတစ်ခု ထွက်ပေါ်ခြင်းမရှိသေးပါ။
တစ်ညတွင် အခြားမည်သူ့ကိုမှ မပြောပြဖြစ်သေးသည့် ပြဿနာတစ်ခုကြောင့် အထီးကျန်ပြီး ဝမ်းနည်းစွာခံစားရချိန်မှာ ၎င်းမေးခွန်းကို ကျွန်မပြန်သတိရမိကာ “ကျွန်မအကူအညီတောင်းသံကို ဘယ်သူမှမကြားတဲ့အချိန် ဘုရားသခင်ရော ကြားသလား” ဟုတွေးမိလိုက်သည်။
သေခြင်းတရား၏ခြိမ်းခြောက်မှုကို ရင်ဆိုင်ရကာ ဆင်းရဲဒုက္ခများက သူ့ကို လွှမ်းမိုးသောအခါ ဆာလံကျမ်း ၁၁၆ ကို ရေးသားသူက စွန့်ပစ်ခံရသည်ဟု ခံစားရကောင်းခံစားရနိုင်သည်။ ထို့ကြောင့် သူသည် ဘုရားသခင်က…
အစဥ်အမြဲယုံကြည်ကိုးစားထိုက်သော
ကျွန်မသည် စိုးရိမ်ပူပန်တတ်သူတစ်ဦး ဖြစ်သည်။ မနက်စောစောအချိန်ဆိုလျှင် မိမိအတွေးများနှင့် တစ်ဦးတည်းဗျာများနေခြင်းကြောင့် အဆိုးဆုံးဖြစ်သည်။ ထို့ကြောင့် “အသက်ရှင်သော ဘုရားတစ်ပါးရှိတယ်။ သမ္မာကျမ်းစာထဲမှာ သူစကားပြောခဲ့တယ်။ သူ့စကားတော်များကို သူပြောတဲ့အတိုင်း အလေးနက်ဆိုလိုပြီး၊ သူကတိပေးထားတဲ့အရာအားလုံးကိုလည်း လုပ်ဆောင်မှာဖြစ်တယ်” ဟူသည့် သာသနာပြုဆရာကြီး Hudson Taylor (ဟဒ်ဆန်တေလာ)၏ စကားကို ကျွန်မ စိုးရိမ်ကြောက်ရွံ့မှုခံစားရချိန်၌ မြင်နိုင်မည့်နေရာဖြစ်သည့် ရေချိုးခန်းကြည့်မှန်၌ ကပ်ထားလိုက်သည်။
ဆရာကြီးတေလာ၏စကားများသည် နှစ်ပေါင်းများစွာ ဘုရားရှင်နှင့်လျှောက်လှမ်းခဲ့သည့် အသက်တာမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ဘုရားသခင် မည်သူမည်ဝါဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ဖျားနာခြင်း၊ ဆင်းရဲမွဲတေခြင်း၊ အထီးကျန်ခြင်းနှင့် ဝမ်းနည်းရခြင်း စသည့်အချိန်များ၌ ကိုယ်တော်မစပေးနိုင်သည့် အရာများအကြောင်း သတိပေး လျက်ရှိသည်။ ဘုရားရှင်သည် ယုံကြည်ကိုးစားထိုက်ကြောင်းကို သူ‘သိ’ရုံမျှမက၊ ယုံကြည်ကိုးစားထိုက်မှုကို သူ‘တွေ့ကြုံခံစား’ခဲ့ရသည်။ ဘုရားကတိတော်များအား သူယုံကြည်လျက် နာခံလိုက်လျှောက်ခြင်းကြောင့် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးတို့သည် သခင်ယေရှုထံ သူတို့၏အသက်တာကို ယုံကြည်အပ်နှံခဲ့ကြသည်။
ဘုရားသခင်နှင့် ကိုယ်တော်၏နည်းလမ်းများကို တွေ့ကြုံခံစားခဲ့ရခြင်းက…