စာရေးသူ

အားလုံးမြင်နိုင်ရန်
Karen Wolfe

Karen Wolfe

Karen Wolfe သည် ဂျမေးကားတိုင်းရင်းသူဖြစ်ပြီး ယခုတွင် အမေရိကန်ပြည်ထောင်စု၌ နေထိုင်လျက်ရှိသည်။ သူ့အသက် ၂၆ နှစ်တွင် ခရစ်တော်နောက်တော်လိုက်တစ်ဦးဖြစ်လာပြီး၊ Our Daily Bread စာအုပ်သည် သူပထမဆုံး ဖတ်ရှုသည့် ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ စာအုပ်များအနက် တစ်ခုဖြစ်သည်။ Karen သည် သင်ကြားပို့ချခြင်းနှင့် စာရေးသားခြင်း၌ ပျော်မွေ့ပြီး၊ ထိုသို့ပြုခြင်းဖြင့် ကျမ်းစာမှ သူသင်ယူသိရှိခဲ့သည့် သမ္မာတရားများကို ဝေမျှနိုင်ခဲ့သည်။ လူယောက်ျား၊ မိန်းမတို့သည် ခရစ်တော်ပေးသည့် လွတ်ခြင်းအခွင့်၌ ကျင်လည်လျှောက်လှမ်းပြီး၊ ဘုရား၏နှုတ်ကပတ်တော်အားဖြင့် အသက်တာများ ပြောင်းလဲခြင်းကို မြင်လိုခြင်းက သူ၏ဆန္ဒဖြစ်သည်။ သူမသည် နယူးအော်လင်း နှစ်ခြင်းဓမ္မတက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ စာရေးသားခြင်းအပြင် Karen သည် အချက်အပြုတ်ကိုလည်း ၀ါသနာပါသည်။ သူချက်သောဟင်း၌ ဒေသထွက် အမွေးအကြိုင် အမယ်စုံကို ထည့်တတ်သည်။ Karen သည် Joey နှင့် အိမ်ထောင်ကျပြီး ဂျော်ဂျီယာပြည်နယ်၌ နေထိုင်လျက်ရှိသည်။ လတ်တလော၌ သူသည် thekarenwolfe.com တွင် စာရေးသားလျက်ရှိသည်။

စာမူ/ အကြောင်းအရာ များ Karen Wolfe

ပူပန်မှုကို ကုစားခြင်း

ကျွန်မ၏ခင်ပွန်းသည် အခြားဒေသသို့ အလုပ်တာဝန်ကျသဖြင့် ပြောင်းရွေ့ရန် ကျွန်မတို့ စိတ်လှုပ်ရှားနေကြသည်။ မရောက်ဖူးသောနေရာလည်းဖြစ်၊ တွေ့ကြုံရမည့် အခက်အခဲ များကို ကြိုတွေးရင်း ပူပန်သောကရောက်ရသည်။ ယူသွားရမည့်ပစ္စည်းများကို ရွေးပြီးထုပ်ပိုးရန်ကိစ္စ၊ အိမ်ရှာရမည့်ကိစ္စ၊ ကျွန်မလည်း အလုပ်သစ်ရှာရဦးမည်။ နေရာသစ်တွင် သွားရေးလာရေးနှင့် အတည်တကျဖြစ်ရေးအတွက် ပြင်ဆင် စရာများ၊ ... အများကြီးပါ။ ဘာမှလည်း အဆင်သင့်မဖြစ်သေး။ ကျွန်မလုပ်ရမည့်အရာကို တွေးနေစဉ် “မစိုးရိမ်နှင့်။ ...   ပတ္ထနာပြုပါ” (ဖိ ၄း၆-၇) ဟူသည့် ရှင်ပေါလုရေးသားသော စာများက ကျွန်မ၏နှလုံးသားတွင် မြည်ဟီးလာသည်။ 

ကြိုတင်မသိနိုင်သည့်ကိစ္စများနှင့် စိန်ခေါ်မှုများကို ကြုံတွေ့ရသူသည် မည်သူနည်းဟုမေးလျှင် ထိုသူသည် ရှင်ပေါလုပင်ဖြစ်သည်။ သင်္ဘောပျက်သည်နှင့် ကြုံရသည်။ ရိုက်နှက်ခြင်း ခံရသည်။ ထောင်ချခံရသည်။ ဖိလိပ္ပိ အသင်းတော်သို့ ပေးပို့သောစာတွင် ဘာဖြစ်မည်မှန်း ကြိုတင်မသိနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်ကြုံနေရသည့် သူ့မိတ်ဆွေများကို “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို…

ဘယ်လောက်ကြာမှ...

ကျွန်မ အိမ်ထောင်ပြုသည့်အခါ ကလေး ချက်ခြင်းယူမည်ဟု စဉ်းစားခဲ့သည်။ သို့သော် ထိုသို့ ဖြစ်မလာခဲ့ပါ။ ကလေးမရနိုင်ဟူသည့် နာကျင်မှုက ကျွန်မကို ဒူးထောက်စေ ခဲ့သည်။ တစ်ခါတစ်ရံ ဘုရားသခင်ကို ‘‘ဘယ်လောက်ကြာမှ ရမှာလဲ’’ဟု အော်ဟစ် ခဲ့သည်။ ကျွန်မ၏အခြေအနေကို ဘုရားသခင် ပြောင်းလဲပေးနိုင်သည်ကို ကျွန်မ သိသည်။ သို့သော် အဘယ်ကြောင့် မလုပ်ပေးသေးသနည်း။
ဘုရားသခင်ကို သင်စောင့်စားနေသလား။ ‘လောကကြီးမှာ ဘယ်တော့မှ တရားမျှတမှု စိုးမိုးမှာလဲ’ ... ‘ဘယ်တော့မှ ကင်ဆာရောဂါပျောက်မှာလဲ ’... ‘ဘယ်တော့မှ အကြွေးကျေမှာလဲ’... စသည်ဖြင့် သင်မေးနေသလား။
ထိုခံစားမှုကို ပရောဖက်ဟဗက္ကုတ် ကောင်းကောင်း သိသည်။ ဘီစီ ၇ ရာစုတွင် ‘‘အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ၊ အကျွန်ုပ် သည် အဓမ္မအမှုကိုခံ၍၊ ရှေ့တော်၌…

အတားအဆီးများကို ဖယ်ရှားလိုက်ခြင်း

အကျဉ်းသားများကို လူမှုအသိုင်းအ၀ိုင်းသို့ ပြန်ဝင်ဆံ့အောင် အကူအညီပေးသည့် ‘‘အိမ် The House’’ ဂေဟာသို့ အင်္ဂါနေ့တိုင်း ကျွန်မ သွားပြီး မေရီနှင့်တွေ့သည်။ သူက ထောင်မှထွက်ကာစ၊ ဆေးစွဲခြင်းကို တွန်းလှန်နေရပြီး သားနှင့် ကွဲကွာနေသည့်ဘ၀၊ ကျွန်မဘ၀နှင့် သူ့ဘ၀က တစ်ခြားစီဖြစ်သည်။ သူသည် လူ့အသိုင်းအ၀န်းပြင်ပ၌ ရှိနေသူ- အပခံရသူဟု လူတို့ပြောကောင်း ပြောမည်။
လူ့အသိုင်းအ၀န်းပြင်ပတွင် ရှင်သန်ရသောဘ၀ကို မေရီနည်းတူ သြနေသိမ်သည်လည်း သိနားလည်သည်။ ကျွန်တစ်ယောက်အနေနှင့် သူ့သခင် ဖိလေမုန်ကို ပြစ်မှားပြီး ထောင်ထဲရောက်ခဲ့သည်။ ထောင်တွင် ရှင်ပေါလုနှင့်တွေ့ပြီး ခရစ်တော်ကို ယုံကြည်ခဲ့သည်။ သြနေသိမ်၏အသက်တာ ပြောင်းလဲသွားသော်လည်း ကျွန် ဖြစ်နေဆဲပါ။ သြနေသိမ်ကို ကျွန်အဖြစ်မမှတ်ဘဲ၊ ညီအစ်ကိုကဲ့သို့ လက်ခံရန် တိုက်တွန်း သည့်စာကို သြနေသိမ်မှ တစ်ဆင့် ဖိလေမုန်ထံသို့ ရှင်ပေါလု ပို့လိုက်သည် (ဖိ ၁း၁၆)။
ဖိလေမုန်က သြနေသိမ်ကို…

ကြောက်ရွံ့ခြင်းမှ ယုံကြည်ခြင်းသို့

ဆရာဝန်၏စကားများက သူမ၏နှလုံးသားကို ဒုန်းကနဲ လာဆောင့်သည်။ ကင်ဆာ ဆိုပါလား။ သူမ၏ခင်ပွန်းနှင့် ကလေးများကို တွေးမိလိုက်ရာ သူ၏ကမ္ဘာကြီး ရပ်တန့် သွားသည်။   ဇွဲနှင့် တစိုက်မတ်မတ် ဆုတောင်းကြပြီး အခြားရလဒ် တစ်မျိုး ထွက်လာရန် မျှော်လင့်ထားကြသည်။ သူတို့ဘာလုပ်ကြမည်နည်း။ သူမ၏မျက်နှာ၌ မျက်ရည်များ စီးကျလျက် ‘‘အဘဘုရားသခင်၊ ဤအရာသည် ကျွန်မတို့ မထိန်းချုပ်နိုင်သောအရာဖြစ်ပါ၏။ ကျွန်မတို့၏ခွန်အား ဖြစ်ပေးတော်မူပါ’’ ဟု ညင်သာစွာ သူမ ဆိုခဲ့သည်။
ရောဂါစစ်ဆေးမှုရလဒ်က အလွန်ဆိုးဝါးသောအခါ၊ မိမိ မထိန်းချုပ်နိုင်သည့် အခြေအနေနှင့် ကြုံရသောအခါ ကျွန်ုပ်တို့ ဘာလုပ်ကြသနည်း။ ကြည့်ရသည်မှာ မျှော်လင့်ချက်မဲ့နေပြီဆိုပါက ကျွန်ုပ်တို့ အဘယ်အရပ်သို့ သွားမည်နည်း။
ပရောဖက် ဟဗက္ကုတ်၏ အခြေအနေမှာ သူ၏ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန် နေပြီး သူ၏ကြောက်ရွံခြင်းက သူ့ကို ခြောက်လှန့်နေသည်။ ကျရောက်လာတော့မည့် စီရင်ခြင်းမှာလည်း ကြီးလေးလှသည် (ဟဗ ၃း၁၆-၁၇)။…

အတုမရှိ ကောင်းမြတ်ခြင်း

ဂျမေးကားနိုင်ငံ၌ ကျွန်မတို့ ကြီးပြင်းခဲ့သည်တွင် ကျွန်မတို့ ညီအစ်မနှစ်ဦးကို “လူကောင်းသူကောင်း” ဖြစ်အောင် မိဘတို့ ပြုစုပျိုးထောင်ခဲ့သည်။ လူကောင်း ဆိုသည်မှာ မိဘစကားနာခံခြင်း၊ အမှန်ကို ပြောခြင်း၊ ကျောင်းနှင့်အလုပ်တွင် ထူးချွန် ထက်မြက်ခြင်း၊ အနည်းဆုံး ရှင်ပြန်ထမြောက်ခြင်း တနင်္ဂနွေနှင့် ခရစ်စမတ်နေ့များတွင် ဘုရားကျောင်းသွားခြင်းဖြစ်သည်။ မည်သည့်ယဉ်ကျေးမှု၌ မဆို လူကောင်းဖြစ်ခြင်းဆိုသည့် အနက်အဓိပ္ပာယ်က လူများစွာနှင့် ရင်းနှီးအကျွမ်းဝင်ပြီးသား ဖြစ်သည်။ ထို့ပြင် ဖိလိပ္ပိ အခန်းကြီး ၃ တွင် ရှင်ပေါလုက လူကောင်း ဖြစ်ခြင်းနှင့် ပတ်သက်၍ သူ့ခေတ်ယဉ်ကျေးမှုမှ အနက်ဖွင့်ဆိုပုံကို သုံးပြီး သာ၍ အရေးပါသည့်အချက်ကို ထောက်ပြသည်။
ဘာသာရေးကို အလွန်ကိုင်းရှိုင်းသူဖြစ်သည့် ရှင်ပေါလုသည် သူ့ယဉ်ကျေးမှုအရ အကျင့်စာရိတ္တနှင့် ဆိုင်သည့် ပညတ်တော်များကို လိုက်လျှောက်နာခံသူ ဖြစ်သည်။ သူ့မျိုးရိုးကောင်းသည်၊ သူ့ပညာရေးကောင်းသည်၊ မှန်ကန်ကောင်းမွန်သည့်ဘာသာရေးကို သူလိုက်လျှောက် ခဲ့သည်။ ဂျူးဓလေ့ထုံးစံအရ သူသည်…