ဘုရားသခင်၌ ကောင်းသောမြေဖြစ်ခြင်း
နှစ်စဉ် နွေဦးနှောင်းပိုင်းတွင် ခြံထဲ၌ သခွားစေ့များကို ကျွန်မပျိုးခဲ့သည်။ အစေ့များမအရွက်များ အလျင်အမြန် ထွက်လာတတ်သော်လည်း အသီးသီးရန်မှာမူ အချိန်ယူရသည်။ စင်စစ်၊ နွေရာသီတွင် အစေ့များကို ရေလောင်းပြီး စောင့်ဆိုင်းနေရင်း “သခွားသီး သီးပါ့မလား”ဟု သံသယဖြစ်ခဲ့မိပြီး၊ “အစေ့တွေကို စိပ်စိပ်လေး စိုက်မိလို့လား၊ ဒါမှမဟုတ် စိုက်တဲ့အချိန်တုန်းက မြေကြီးက မနွေးသေးလို့လား”ဟု တွေးနေခဲ့မိသည်။ သို့သော် တစ်နေ့တွင် အစိမ်းရောင် အဖူးအငြှောင့်လေးတစ်ခုကို စတင်တွေ့လိုက်ရသည်။ နောက်အပတ်တွင် အငြှောင့်လေးများ တစ်ခုပြီးတစ်ခု ထွက်လာသည်။ ဤနောက်တွင် အပင်ကြီးထွားလာပြီး၊ နွယ်ချည်းသာ ရှိနေရာမှ တစ်ပတ်စာ သုပ်စားရန် လောက်ငသော အသီးများခူးဆွတ်ခဲ့ရသည်။
ဝိညာဉ်ရေးရာ ကြီးထွားမှုသည်လည်း တစ်ခါတစ်ရံ ထိုသို့ပင် ဖြစ်သည်။ စိတ်ရှည်ခြင်း၊ ကိုယ်ကိုကိုယ် ချုပ်တည်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် ချစ်ခြင်းမေတ္တာ (ဂလာ ၅:၂၂-၂၃ ကိုကြည့်ပါ) စသည့် ကျွန်မတို့ ဆုတောင်းသောအရာများကို အမြဲတမ်း…
သခင်ခရစ်တော်ကဲ့သို့ အစေခံပါ
ဆေးရုံ၌ လူနာတစ်ဦးထံ ကျွန်မသွားရောက်စဉ် အတွေ့အကြုံနုနယ်သေးသော အထွေထွေရောဂါကုဆရာဝန်အဖွဲ့မှ လူငယ်ဆရာဝန်တစ်ဦး၏အပြုအမူကြောင့် ကျွန်မအံ့အားသင့်ခဲ့ရသည်။ ပို၍အတွေ့အကြုံများသော ဆရာဝန်ကြီးက လူနာ၏ ကျန်းမာရေးအခြေအနေကို ရှင်းလင်းပြနေပြီး၊ အခြားဆရာဝန်များက နားထောင်နေကြစဥ်၊ ရုတ်တရက် လူနာသည် မသက်မသာနှင့် အိမ်သာသွားလိုကြောင်း ပြောသည်။ သို့သော်လည်း သူကိုယ်၌က မထိုင်နိုင်။ သူ့အား အိမ်သာသို့ တွဲခေါ်သွားမည့်သူနာပြုအကူ လာသည်အထိလည်း သူမစောင့်နိုင်ပါ။
ထိုသို့ ကသုတ်ကရက်ဖြစ်နေစဉ် လူငယ်ဆရာဝန်လေးက အိပ်ရာသုံးအိမ်သာခွက်ကိုယူပြီး လူနာအား ကူညီပေးလိုက်သည်။ သူနာပြုအကူရောက်လာသည့်အခါ လူနာကို ကူညီပေးပြီးဖြစ်သည်ကို တွေ့လိုက်ရ၍ အံ့သြတုန်လှုပ်မိသွားသည်။ ခေါင်းဆောင်ဆရာဝန်က လူငယ်ဆရာဝန်လေး၏လုပ်ရပ်ကို အသိအမှတ်ပြုကာ ဂုဏ်ယူမိသွားသည်။
သခင်ခရစ်တော်သည် သူ၏ဘုရားဇာတိကို ဆုပ်ကိုင်ထားပြီး၊ လူသားတို့အား မငြင်းပယ်ဘဲ၊ မကူညီဘဲ မနေခဲ့ပါ။ ထိုသခင်သည် “ဘုရားသခင်၏သဏ္ဌာန်တော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်ပါ”(ဖိ ၂:၆)။ လူသားအနေနှင့် ခရစ်တော်သည် ကျွန်ုပ်တို့ လွန်ကျူးသော အပြစ်များအတွက်…
ဘုရားသခင်အားဖြင့် စစ်မှန်သောကျေနပ်မှု
လွန်ခဲ့သောအနှစ် ၃၀ က အလုပ်လက်မဲ့သူများအတွက် ဆွေးနွေးပွဲတစ်ခုတွင် ကျွန်မပါဝင်ခဲ့ခြင်းကို ယနေ့ထိ အမှတ်ရနေဆဲပါ။ ဝန်ထမ်းလျော့သည့်စာရင်း၌ ပါသော လုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်မတို့အား အငြိမ်းစားယူချိန်၌ ပြောရမည့် စကားများကို ရေးခိုင်းသဖြင့် နားမလည်နိုင်ဖြစ်ခဲ့ရသည်။ ကျွန်မတို့က အလုပ်ရှာနေပြီး အငြိမ်းစားယူရမည့်အရွယ်က ဝေးပါသေးသည်။ သို့သော် သင်တန်းနည်းပြက “သင်တို့ပြောမည့်စကားက သင်၏အလုပ်အကိုင်နှင့် သိပ်မသက်ဆိုင် ပါ။ အလုပ်သည် ကျွန်မတို့ဘဝ၏အဓိကကျသောအစိတ်အပိုင်းမဟုတ်ကြောင်း၊ အလုပ်ပြုတ်သွား၍ ဝမ်းနည်းပူဆွေးနေချိန်တွင်၊ ကျွန်မတို့၏ဘဝများက အလုပ်ခန့်အပ်ခံရခြင်းထက် ပို၍အဓိပ္ပာယ်ရှိကြောင်း” ရှင်းပြပြီး၊ ထိုသို့ရေးခိုင်းသည့် ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။
အာဗြဟံ၏ဘဝအဆုံးသတ်အကြောင်း အသေးစိတ်ဖော်ပြချက်များက ကျွန်မအား ဤသင်ခန်းစာကို အမှတ်ရစေသည်။ သူသည် “သက်တမ်းစေ့” အသက်ရှင်ခဲ့ပြီး “အိုမင်း”သည့်အချိန်၌ သေဆုံးခဲ့သည်(က ၂၅:၈-ခေတ်သုံး)။ သမ္မာကျမ်းစာတစ်အုပ်လုံးတွင် ဘုရားသခင်၏အမိန့်တော်များကို လိုက်နာသည့် အာဗြဟံ၏သစ္စာရှိမှုအကြောင်း ကျွန်ုပ်တို့ဖတ်ခဲ့ရသော်လည်း၊ သူ၏ အလုပ်အကြောင်းကိုမူ မဖတ်ရပေ။ ဘိုးဘေးတို့ပြခဲ့သော ယုံကြည်ခြင်းက(၁၅:၆) ဒေသနာကျမ်းတွင်…
မိတ်ဆွေများ၏ယုံကြည်ခြင်း
သင်တန်းတက်ရောက်နေသော အမျိုးသမီးတစ်ဦးသည် နေ့ပိုင်းအစီအစဥ် တင်ပြမည့် သူ့မိတ်ဆွေမှာ နေမကောင်းသည့်ပုံပေါ်နေကြောင်းကို သူမသတိထား မိသည်။ သူမသည် သူမကိုမေးမြန်းရာ “ဒီတင်ပြချက်ကို ကောင်းကောင်းလုပ်နိုင်မှာပါ။ ငါနေမကောင်းရင် မနက်ကျရင် ဆရာဝန်ဆီသွားမှာပါ”ဟု ပြန်ပြော သည်။ ထိုမိတ်ဆွေ၏ကတိစကားကို သူမ မမေ့ပါ။ သူသည် သင်တန်းမှစောစောထွက်ခွာရမည်ဖြစ်၍ အစီအစဥ်တင်ပြမည့်သူကို စောင့်ကြည့်ပေးရန် အခြားမိတ်ဆွေတစ်ဦးအား မှာကြားခဲ့သည်။
မနက်ရောက်သောအခါ ထိုမနက်တွင် အစီအစဥ်တင်ပြသူမှာ ဟော်တယ်အခန်းတံခါးနှင့်ဆောင့်မိသောကြောင့် (ပထမအမျိုးသမီးမှာကြားခဲ့သည့်) ဒုတိယမိတ်ဆွေရောက်ချလာပြီး သူမအား ဆေးရုံသို့ကားမောင်းပို့ပေးခဲ့သည်။ အစီအစဥ် တင်ဆက်သူမှာ ပထမကတိကို မတည်နိုင်ခဲ့သော်လည်း သူ၏အသက်ကို လုရန် အချိန်မီ အရေးပေါ်ဆေးကုသမှုကို ခံယူနိုင်ခဲ့သည်။ မိတ်ဆွေများ၏မဆုတ်မနစ် ကူညီမှုကြောင့် သူမ၏အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။
ရှင်မာကုအခန်းကြီး ၂ မှ မိတ်ဆွေလေးဦးကဲ့သို့ မဆုတ်မနစ် ကူညီပေးသော မိတ်ဆွေတို့သည် ကောင်းချီးဆုလာဘ်များဖြစ်သည်။ သူတို့၏မြို့သို့ အနာရောဂါ များကို ငြိမ်းစေနိုင်သည့်တန်ခိုးရှိသူ သခင်ယေရှုကြွလာမည့်သတင်းကို…
ဘုရားသခင်၌သာ အာရုံပြုပါ
ကျွန်မ၏လုပ်ဖော်ကိုင်ဖက်သည် ပြဿနာတစ်ခုကို ဆွေးနွေးရန် ကျွန်မကို ဖုန်းခေါ်ခဲ့သည်။ ထို့နောက် ကျွန်မ၏အခြေအနေကို သူမေးရာ၊ ကျွန်မ၌ ဆိုးဝါးသည့်ထိပ်ကပ်နာရှိနေပြီး ဆေးလည်း မတိုးတော့ကြောင်း သူ့ကို ပြောပြခဲ့သည်။ သူက “ရှင့်အတွက် ဆုတောင်းပေးလို့ရမလား”ဟု ရိုးရိုးလေးမေးခဲ့ပြီး၊ ကျွန်မလက်ခံ သဖြင့် ကျွန်မ၏ကျန်းမာရေးအတွက် စက္ကန့်သုံးဆယ်ကြာမျှသာ သူဆုတောင်းပေးခဲ့သည်။ “တစ်ခါတစ်လေ ကျွန်မဆုတောင်းဖို့ မေ့တယ်။ ဘုရားဆီ ဦးမလှည့်ဘဲ နာကျင်မှုအပေါ်မှာပဲ အရမ်းအာရုံစိုက်နေခဲ့မိတယ်”ဟု ကျွန်မဝန်ခံမိသည်။
ကျွန်မ၏ဝန်ခံချက်က မိမိအာရုံကို မည်သည့်နေရာတွင် ထားမိသည် - မိမိ၏ ရုန်းကန်ရမှုများနှင့် ပြဿနာအပေါ်မှာလား (သို့) ဘုရားသခင်အပေါ်လားဆိုသည်ကို ပြန်လည်သုံးသပ်မိစေသည်။ ထိုနေ့က နာကျင်ပြင်းထန်သဖြင့် ကျွန်မ၏အတွေးများက ဝေဒနာအပေါ်၌သာ ဗဟိုပြုမိခဲ့သည်။ သို့သော် ကျွန်မတို့၏ဝေဒနာများကို ကုသကာ သက်သာပျောက်ကင်းစေသည့် ဘုရားသခင်အပေါ်၌သာ စိတ်အာရုံများကို စုစည်းထားပါက “စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်းသက်သက်ရှိမည့်အကြောင်း စောင့်ရှောက်တော်မူလိမ့်မည်”ဟု (ဟေရှာ…
ဘုရားသခင်ထံမှ ဝမ်းမြောက်ခြင်းနှင့် ခွန်အား
ပလတ်စတစ်ဗူးဟောင်းများကို ငှက်မွေးပုံ၊ မီးစလောင်းပုံစံများနှင့်ဆင်ဆင် ဖြတ်ညှပ်ကာ ခင်းကျင်းပြသထားသည့် အရောင်အသွေးစုံလင်လှသည့်အနုပညာ လက်ရာများကြားတွင်၊ နယူးအော်လင်းပြတိုက်မှ ဧည့်လမ်းညွှန်တစ်ဦးက ထိုပစ္စည်းများကို အသုံးပြုရသည့်အကြောင်းရင်းနှင့်စပ်လျဥ်း၍ “အခက်အခဲများစွာ ကြုံခဲ့ရတဲ့ မြို့တစ်မြို့အနေနှင့်၊ ကိုယ့်မှာရှိတဲ့အရာလေးတွေကို သုံးပြီး၊ ပျော်ရွှင်မှုနဲ့ အလှတရားကို ကျွန်တော်တို့ ဖန်တီးတတ်လာတယ်။ ခက်ခဲတဲ့အချိန်တွေကိုပဲ အာရုံစိုက်မနေဘဲ၊ ခံနိုင်ရည်ခွန်အားရှိခြင်းအတွက် ကျွန်ုပ်တို့ အောင်ပွဲခံကြတယ်”ဟု ရှင်းပြသည်။
နေဟမိနှင့် ဣသရေလလူမျိုးတို့လည်း အခက်အခဲများနှင့် ကြုံခဲ့ရသော်လည်း၊ ဘုရားသခင်ပေးသော ဝမ်းမြောက်ခြင်းဖြင့် ကြံ့ကြံ့ခံကာ ဆက်လက်ရှင်သန်ခဲ့ကြသည်။ သူတို့သည် ၎င်းတို့၏ပြည်မှ အခြားပြည်သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး၊ နောက်ဆုံးတွင် ယေရုရှလင်သို့ ပြန်လာနိုင်ခဲ့သည် (နေ ၄:၇-၁၂)။ သို့သော် ပြန်ရောက်ပြီးနောက်၊ ယေရုရှလင်မြို့၏အကာအကွယ်မြို့ရိုးကို ပြန်တည်ဆောက်ရာတွင် ဟန့်တားဆန့်ကျင်မှုများနှင့် ကြုံခဲ့ရသည် (နေ ၆)။ မြို့ရိုးပြီးစီးပြီး၊ဘုရားသခင်၏တရားတော်စကားကို ကြားနာရန် စုဝေးကြ သောအခါ၊ သူတို့၏စိတ်နှလုံးများ ညှိုးငယ်လေးလံလျက် “လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ…
နှိမ့်ချလျက် ကျေးဇူးတော်ချီးမွမ်းခြင်း
တစ်ခုသောကျေးဇူးတော်ချီးမွမ်းရာနေ့၌ မိဘများအား နှုတ်ဆက်ရန် ကျွန်မဖုန်းခေါ်ခဲ့သည်။ ကျွန်မတို့ စကားပြောနေစဥ် အမေ့အား သူမအတွက် မည်သည့်အရာသည် ကျေးဇူးတင်စရာအကောင်းဆုံးဖြစ်သနည်းဟုမေးရာ၊ “အမေ့ ကလေးသုံးယောက်စလုံးက ဘုရားသခင်ရဲ့နာမတော်ကိုမြွက်ဆိုဖို့ သိကြလို့ ကျေးဇူးအတင်ဆုံး”ဟု စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။ ပညာရေးက အရေးကြီးကြောင်း အမြဲအလေးထားသည့် အမေ့အတွက် သူမ၏ကလေးများ ကျောင်း၌ ကောင်းစွာသင်ယူခြင်း၊ သူတို့ကိုယ်ကိုယ် ဂရုစိုက်ခြင်းများထက် သာ၍တန်ဖိုးထားရမည့်အရာ ရှိပေသည်။
သူမ၏စိတ်သဘောထားက သုတ္တံကျမ်း ၂၂:၆ မှ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ၊ လိုက်သွားလိမ့်မည်”ဟူသည့် အချက်ကို သတိရစေသည်။ ထိုကျမ်းချက်သည် ကတိတော်တစ်ခုမဟုတ်သော်လည်း ပို၍ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသောနိယာမတစ်ခုဖြစ်သည်။ ကလေးများသည် ဘဝ၌ အကြောင်းတစ်စုံတစ်ရာကြောင့် ဘုရားသခင်ထံမှ လမ်းလွှဲတတ်ပေရာ၊ ကျွန်မ၏မိဘတို့သည် အဓိက ပုံသက်သေကောင်းအားဖြင့် ဘုရားသခင်အား နှိမ့်ချစွာ၊ ရိုသေစွာ ချစ်မြတ်နိုးရန် ကျွန်မတို့ကို ပြုစုပျိုးထောင်ခဲ့သည်။…
ခရစ်တော်၌ အတူတကွ အမှုဆောင်ခြင်း
ဘယ်မှာနေနေ၊ ဘာကိုပဲ ဖြတ်သန်းနေရပါစေ၊ ကိုယ့်မှာရှိတာကိုအသုံးပြုပြီး အကောင်းဆုံးအသုံးချပါ”ဟု တီဗွီအင်တာဗျူးတစ်ခုတွင် အမျိုးသမီးငယ်တစ်ဦး က ပြောကြားခဲ့သည်။ သူမစကားက ထိုအစီအစဥ်ကို အစအဆုံးနားထောင်ကြည့်ရန် ကျွန်မအား နှိုးဆော်ခဲ့သည်။ သူမသည် သူနာပြုဘွဲ့ရယူနိုင်အောင် ကြိုးစား နေသော ညီအစ်မ ၆ ယောက်အနက်မှ တစ်ဦးဖြစ်ကြောင်း သိခဲ့ရသည်။ သူတို့သည် တစ်ချိန်က အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဘဝကို ရုန်းကန်ခဲ့ရသော်လည်း၊ ၎င်းတို့၏ ဘုံရည်မှန်းချက်ပန်းတိုင်သို့ရောက်ရန် အတူတကွ ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ ယခု အင်တာဗျူးထုတ်လွှင့်ချိန်တွင် ညီအစ်မခြောက်ယောက်စလုံးသည် ၎င်းတို့၏ ဒေသရှိတက္ကသိုလ်မှ သူနာပြုပညာရပ်ကို ပြီးမြောက်ခဲ့ပြီဖြစ်သည်။
တောလည်ရာကျမ်း အခန်းကြီး ၂၇ တွင် အတူတကွ ပူးပေါင်းလုပ်ဆောင်ပြီး အချင်းချင်း ပံ့ပိုးကူညီသည့် အခြားညီအစ်မတစ်စုအကြောင်း ပြောထားသည်။ ဇလောဖဒ်၏ သမီးငါးယောက်သည် အမွေဆက်ခံခြင်းစီရင်ထုံးဖွဲ့ချက်နှင့်ပတ်သက်၍ အယူခံဝင်ခဲ့သည်။ “အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌သားယောက်ျား မရှိပါ။ အကျွန်ုပ်တို့အဘ၏…
စိုးရိမ်မှုများကို အပ်နှံခြင်း
လေယာဥ်ပေါ်တက်ရန် ဆဲလ်ဖုန်းတွင် သိမ်းဆည်းထားသော အတည်ပြုကုဒ်နံပါတ်ကို အသုံးပြု၍ စာရင်းသွင်းရန် လေကြောင်းလိုင်းကောင်တာသို့ ကျွန်မ လျှောက်သွားသည်။ သို့သော် ကျွန်မ၏ဖုန်းပျောက်နေသည်။ ကျွန်မကို လာပို့သော ကားပေါ်တွင် ကျန်ရစ်ခဲ့ခြင်းဖြစ်မည်။ သို့ဆိုလျှင် ကျွန်မအား လာပို့သော ယာဉ်မောင်းကို မည်သို့ ဆက်သွယ်နိုင်မည်နည်း။
လေဆိပ်၏ဝိုင်ဖိုင်နှင့် လက်ပ်တော့ကို ချိတ်ဆက်ရန် ကြိုးစားနေသော်လည်း နောက်ကျသွားမှာ ကျွန်မစိုးရိမ်မိခဲ့သည်။ ကျွန်မ၏ခင်ပွန်းက အက်ပ်(အပလီကေးရှင်း) တစ်ခုကို အသုံးပြု၍ ကျွန်မ၏ဖုန်းသည် လေဆိပ်တွင် ကျွန်မနှင့်အတူ မရှိကြောင်း သတိပြုမိပြီး ကျွန်မအား အီးမေးလ်တစ်စောင် ပေးပို့ထားပြီးဖြစ်ကာ၊ ကျွန်မ ဝိုင်ဖိုင်နှင့် ချိတ်ဆက်မိမည့်အချိန်ကို သူစောင့်နေခဲ့သည်။ သူ၏အီးမေးလ်တွင် “ကားဝန်ဆောင်မှုရဲ့ဖုန်းနံပါတ်ကို ပို့ပေးပါ၊ ကိုယ်ဖြေရှင်းလိုက်မယ်ဟု ရေးထားသည်။ ကိစ္စများကို ဖြေရှင်းပေးရန် ကျွန်မ၏ခင်ပွန်း ကြားဝင်လာခဲ့၍ ချက်ခြင်း ဆိုသလို ငြိမ်သက်ခြင်းကို ကျွန်မ ခံစားခဲ့ရသည်။
၎င်းသည် ဘုရားသခင်နှင့် ကျွန်မတို့၏ဆက်ဆံရေးတွင်…
ဘုရားသခင်၏အိမ်ပြန်လမ်း
ကားရပ်နားရန်နေရာသို့ မတ်စောက်သောဆင်ခြေလျှောအတိုင်း မောင်းချလာစဥ် ကျွန်မတစ်ကိုယ်လုံး စိုးရိမ်စိတ်များလွှမ်းသွားသည်။ ဤနေရာသို့ ကျွန်မအရင်က ရောက်ခဲ့ဖူးပြီး ထိုအချိန်က လမ်းပျောက်ခဲ့သည်။ သို့သော် ဓာတ်လှေခါးအနီးရှိ တံခါးသို့ လျှောက်သွားရင်း ကျွန်မနှလုံးသား၌ ငြိမ်သက်သောခံစားချက် ဖုံးလွှမ်းသွားသည်။ လမ်းသိပါပြီ။ တံခါးပေါက်မှဝင်ပြီး ဖြတ်လျှောက်ကာ ကျွန်မရှာနေသော ဓာတ်လှေခါးကို တွေ့လိုက်ရပြီးနောက် မကြာခင်မှာပင် ကျွန်မသွားရမည့်နေရာသို့ ရောက်ရှိခဲ့သည်။
ထိုကားပါကင်၏ဝင်္ကပါလမ်းဖွဲ့စည်းပုံကို ဖြတ်လျှောက်ပြီး၊ လမ်းရှာရသော အတွေ့အကြုံက လမ်းပျောက်ခြင်းသည် တစ်ခါတစ်ရံ လမ်းရှာတွေ့အောင် အကူအညီပေးနိုင်သည်ကို သတိပေးသည်။ ပထမအကြိမ် ရောက်ခဲ့စဉ် လမ်းပျောက်ခဲ့ခြင်းကြောင့် အမှားကိုပြန်တွေးကာ မိမိသွားမည့်နေရာသို့ရောက်အောင် ထွက်ရမည့် တံခါးပေါက်ကို သတိရခဲ့တော့သည်။
ပျောက်သောလမ်းကို တွေ့ရှိခြင်းသည် အလွန်ဝမ်းမြောက်ဖွယ်ရာဖြစ် ကြောင်း၊ ၎င်းသည် မှန်ကန်ကြောင်း ယနေ့ဖတ်ရန်ကျမ်းချက်မှ “ပျောက်သောသား” ပုံဥပမာ
အားဖြင့် သိရသည် (လု ၁၅:၂၄)။ နောက်ဆုံးတွင် လောကလမ်းမ၌ လမ်းပျောက်နေသော သားငယ်သည်…