စာရေးသူ

အားလုံးမြင်နိုင်ရန်
Katara Patton

Katara Patton

ကာတာရာပက်တွန် (Katara Patton)သည် Hachette/Faith Words ပုံနှိပ်တိုက်မှ ထုတ်ဝေဖြန့်ချိသည့် Successful Mothers of the Bible (သမ္မာကျမ်းစာမှ အောင်မြင်သောမိခင်များ)၊ Successful Women of the Bible (သမ္မာကျမ်းစာမှ အောင်မြင်သောအမျိုးသမီးများ)၊ Successful Leaders of the Bible (သမ္မာကျမ်းစာမှ အောင်မြင်သောခေါင်းဆောင်များ)၊ The Parables of Jesus Devotional Coloring Book (သခင်ယေရှုပြောသော ပုံပြင်များ၏ ဝတ်ပြုကိုးကွယ်ခြင်း ပုံဆွဲစာအုပ်) နှင့် Inspiration for Christian Teen Girls: A Weekly Devotional & Journal (ခရစ်ယာန်ဆယ်ကျော်သက် မိန်းကလေးများအတွက် လှုံ့ဆော်အားပေးမှု - အပတ်စဥ် ဝတ်ပြုကိုးကွယ်ခြင်း ဂျာနယ်) စသည့် စာအုပ် (၅)အုပ်ကို ရေးသားသည့် စာရေးဆရာမဖြစ်ပါသည်။ သူနှင့် ခင်ပွန်းသည် ဒဲရစ် (Derrick) တို့သည် အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့တောင်ဘက်‌ဒေသ၌ သူတို့၏သမီးနှင့်အတူ နေထိုင်လျက်ရှိသည်။

စာမူ/ အကြောင်းအရာ များ Katara Patton

နှိမ့်ချခြင်းကို ယူတင်ဝတ်ဆင်ခြင်း

‘Undercover Boss’ (ရုပ်ဖျက်ထားသော ဘော့စ်) တီဗီစီးရီးတွင် ရေခဲမုန့်စားသောက်ကုန်လုပ်ငန်း၏ အမှုဆောင်အရာရှိသည် ငွေရှင်းကောင်တာ ဝန်ထမ်းဝတ်စုံဖြင့် ရုပ်ဖျက်ကာ သရုပ်ဆောင်ထားသည်။ ဆံပင်အတုနှင့် မိတ်ကပ်များဖြင့် သူမ၏သရုပ်မှန်ကို ဖုံးကွယ်ကာ ဆိုင်ခွဲတစ်ခွဲတွင် ဝန်ထမ်းသစ်အဖြစ် အလုပ်ဝင်လုပ်သည်။ သူမ၏ရည်ရွယ်ချက်မှာ အတွင်းကျကျနှင့်လက်တွေ့၌ ဖြစ်ပျက်သော အခြေအနေမှန်များကို သိရှိရန်ဖြစ်သည်။ သူမ၏လေ့လာတွေ့ရှိချက်များကြောင့် ဆိုင်တွင် ကြုံတွေ့ရသော ပြဿနာအချို့ကို ဖြေရှင်းနိုင်ခဲ့သည်။

သခင်ယေရှုသည် ကျွန်ုပ်တို့၏ပြဿနာများကို ဖြေရှင်းရန် “အစေခံကျွန်၏ သဏ္ဌာန်”ကို ယူတင်ဝတ်ဆောင်ခဲ့သည် (ဖိ ၂:၇)။ ကိုယ်တော်သည် လူသားတစ်ယောက်အဖြစ် ကမ္ဘာမြေတွင် ကျင်လည်လျက် ဘုရားသခင်အကြောင်း သွန်သင်ပေးပြီး နောက်ဆုံး ကျွန်ုပ်တို့၏အပြစ်အတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့သည်(:၈)။ နာခံမှုဖြင့် သူ့အသက်ကို ကျွန်ုပ်တို့၏အပြစ်ဖြေရာယဇ်အဖြစ် တင်လှူခြင်းက ခရစ်တော်၏နှိမ့်ချခြင်းကို ဖော်ကျူးနေသည်။ သူသည် လူသားအဖြစ် လောကတွင် ကျင်လည်ခဲ့ပြီး၊ ကျွန်ုပ်တို့အမှန်တကယ် ရင်ဆိုင်တွေ့ကြုံရသည့် အရာများကိုလည်း တွေ့ကြုံခဲ့ရသည်။…

စစ်မှန်သောဘာသာတရား

ကျွန်မ ကောလိပ်ဒုတိယနှစ်အပြီး နွေရာသီ၌ အတန်းဖော်သူငယ်ချင်းတစ်ဦး မမျှော်လင့်ပဲ ကွယ်လွန်သွားသည်။ သူ မကွယ်လွန်မီရက်အနည်းငယ်က သူ့ကို ကျွန်မတွေ့ခဲ့စဉ် သူ့အခြေအနေကောင်းပုံရပါသည်။ ကျွန်မနှင့် အတန်းဖော်များသည် ငယ်ရွယ်သူများဖြစ်ပြီး၊ ဘဝ၏အကောင်းဆုံးအချိန်ဟု ကျွန်မတို့ယူဆခဲ့သည့်အချိန်၌ ရှိနေချိန်၊ ကောလိပ်ကျောင်းသားအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့အသီးသီးတွင် ကတိ ကဝတ်သစ္စာဆိုခဲ့ကြပြီး မောင်နှမများပမာ ဖြစ်လာချိန်တွင်ဖြစ်သည်။

ကျွန်မ၏အတန်းဖော် ကွယ်လွန်သွားချိန်၌ အမှတ်ရဆုံးမှာ “စင်ကြယ်သန့်ရှင်းသောသီလ” (ယာ ၁:၂၇) ဟု ရှင်ယာကုပ် ခေါ်ဆိုသည့်အရာကို ကျွန်မ၏ သဟာယစိတ်ဓါတ်ရှိသောသူငယ်ချင်းများ၏ လက်တွေ့ပုံသက်သေမှ တွေ့မြင်ခဲ့ရခြင်းဖြစ် သည်။ ယောကျ်ားလေးများသည် ကွယ်လွန်သွားသည့်သူငယ်ချင်း၏ ညီမအတွက် အစ်ကိုများကဲ့သို့ ဖြစ်လာခဲ့သည်။ သူမ၏အစ်ကို ကွယ်လွန်ပြီးနောက်ပိုင်းနှစ်များတွင် သူတို့သည် သူမ၏မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြကာ ကလေးမွေးဖွားခြင်းအကြိုပွဲသို့လည်း သွားရောက်ခဲ့ကြသည်။ သူမလိုအပ်သည့်အချိန်၌ သူ့အားဆက်သွယ်နိုင်ရန် သူတို့အထဲက တစ်ဦးက သူမအား မိုဘိုင်းလ် ဖုန်းလက်ဆောင်ကိုပင် ပေးခဲ့သည်။
ရှင်ယာကုပ်၏အဆိုအရ စင်ကြယ်သောသီလ (စစ်မှန်သော…

နာမည်များကို ဘုရားသခင် မှတ်မိသည်

အသင်းတော်တစ်ခုတွင် လူငယ်ခေါင်းဆောင်အဖြစ် စတင်ထမ်းဆောင်ပြီး လူငယ်များစွာနှင့် ဆုံတွေ့ခဲ့ရသည့် နောက်တနင်္ဂနွေနေ့၌ သူ့မိခင်ဘေးတွင် ထိုင်နေသော ဆယ်ကျော်သက်မိန်းကလေးတစ်ဉီးနှင့် ကျွန်မစကားပြောခဲ့သည်။ ရှက်ကိုးရှက်ကန်းနှင့်ကလေးမကို အပြုံးနှင့်နှုတ်ဆက်ရင်း သူ့နာမည်ကိုခေါ်ပြီး စကားဆိုခဲ့သည်။ သူမခေါင်းမော့လိုက်ပြီး လှပသောအညိုရောင်မျက်လုံးများက တောက်ပလာသည်။ သူမလည်း ပြန်ပြုံးပြကာ အသံတိုးတိုးဖြင့် “သမီးနာမည်ကိုမှတ်မိတယ်ပေါ့” ဟုပြောသည်။ လူကြီးများနှင့်ပြည့်နေသော အသင်းတော်တွင် အရေးမပါဟု ခံစားနေရသော ထိုကလေးမလေးကို နာမည်နှင့်တကွ ရိုးရိုးလေးခေါ်လိုက်ခြင်းကား ကျွန်မသည် အချင်းချင်းယုံကြည်မှုနှင့်ဆိုင်သည့် ဆက်ဆံရေးကို အစပြုလိုက်ခြင်းပင်။ သူ့ကို လူတို့မြင်သည်၊ တန်ဖိုးထားသည်ဟု သူမခံစားလိုက်ရသည်။

ဟေရှာယအနာဂတ္တိကျမ်း ၄၃ တွင် ဘုရားသခင်သည် ဣသရေလလူမျိုးတို့အား “သူတို့ကို မြင်တယ်၊ တန်ဖိုးထားတယ်” ဟူသည့် အလားတူ သတင်းစကားကိုဟောပြောရန် ပရောဖက် ဟေရှာယကို အသုံးပြုခဲ့သည်။ သုံ့ပန်းအဖြစ်ဖမ်းဆီးခံရချိန်နှင့် တော၌ လှည့်လည်သွားနေရချိန်တွင်ပင် ဘုရားသခင် သူတို့ကို မြင်ပြီး၊ ရွေးနုတ်ပြီး နာမည်နှင့်တကွ သိ‌သည်…

ဖိစီးခြင်းမှ ငြိမ်သက်ခြင်းသို့

ဘဝ၌ ပြောင်း‌ရွှေ့ရခြင်းကို အကြီးမားဆုံးသောဖိအားတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ အိမ်ဟောင်း၌ နှစ်ပေါင်း (၂၀) မျှ နေထိုင်လာခဲ့ပြီးနောက် ယခုနေထိုင်သည့်အိမ်သို့ ကျွန်မတို့ပြောင်းရွှေ့လာခဲ့သည်။ ကျွန်မအိမ်ထောင်မကျမီက ထိုအိမ်တွင် ကျွန်မတစ်ဦးတည်း (၈) နှစ်မျှနေထိုင်ခဲ့သည်။ ထို့နောက် ကျွန်မခင်ပွန်းက သူ့ပစ္စည်းများနှင့် ပြောင်းလာခဲ့သည်။ ထို့နောက် ကျွန်မတို့ ကလေးတစ်ယောက်ရသည်။ ပြောချင်သည်မှာ ပစ္စည်း၊ လူ ပိုပိုတိုးလာမှုကို ဆိုလိုပါသည်။

ကျွန်မတို့ အိမ်သစ်သို့ပြောင်းရွှေ့သည့်နေ့ကလည်း အမှတ်မထင်ကိစ္စများဖြစ်ခဲ့သည်။ အိမ်ပြောင်းရွှေ့ပေးမည့်သူများရောက်မလာမီ ငါးမိနစ်ခန့်အလိုထိ စာအုပ်တစ်အုပ်ကို လက်ရေးဖြင့် ကျွန်မအပြီးသတ်ရေးနေချိန် ဖြစ်သည်။ ထို့ပြင် အိမ်သစ်၌ လှေကားအတက်အဆင်းများသဖြင့် စီစဥ်ထားသည်ထက် အလုပ်သမားဦးရေ နှစ်ဆသုံးရပြီး အချိန်လည်း နှစ်ဆကြာခဲ့သည်။

သို့သော် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှအတွက် ကျွန်မစိတ်ဖိစီးမှု မရှိခဲ့ပါ။ သမ္မာကျမ်းစာနှင့် ကျမ်းအယူအဆများ၌ အပြည့်အဝအာရုံနှစ်ကာ စာအုပ်ကိုအပြီးသတ်ရန် ကျွန်မအချိန်ယူခဲ့သည်။ ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ကျွန်မသည် ကျမ်းစာ၌သာ စိတ်နှစ်လျက်၊ ဆုတောင်းကာ…

တံခါးဘောင်များပေါ်မှ နှစ်သိမ့်မှု

၂၀၁၆ ခုနှစ်၊ အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်တောင်ပိုင်း ရေလွှမ်းမိုးမှု‌ နောက်ပိုင်းမှ ကျွန်မ၏ ဆိုရှယ်မီဒီယာသတင်းများကို ပြန်ဖတ်ကြည့်စဥ် သူငယ်ချင်းတစ်ဦး၏ပို့စ်ကို တွေ့လိုက်ရသည်။ သူမအိမ်ကို အကုန်ဖယ်ရှားပစ်ပြီး ပြန်ဆောက်ရမည်ဆိုသည်ကို သိလိုက်ရပြီးနောက်၊ ကျွန်မသူငယ်ချင်း၏မိခင်က နှလုံးကြေကွဲဖွယ် ရှင်းလင်းရေးလုပ်ရသည့်အချိန်၌ပင် ဘုရားသခင်ကို ရှာရန် သူမကို အားပေးခဲ့သည်။ နောက်ပိုင်းတွင် ကျွန်မသူငယ်ချင်းသည် စွန့်ပစ်ရတော့မည့် ထိုအိမ် ဆောက်ပြီးခါစက ရေးထားပုံရသည့် ကျမ်းချက်များနှင့်အိမ်တံခါးဘောင် ဓာတ်ပုံများကို ပို့စ်တင်ခဲ့သည်။ သစ်သားပျဉ်များပေါ်ရှိ ကျမ်းချက်များကိုဖတ်ရခြင်းက သူမအား နှစ်သိမ့်မှုဖြစ်စေသည်။

တံခါးဘောင်ပေါ်တွင် ကျမ်းချက်များရေးသည့်ဓလေ့သည် ဣသရေလ လူမျိုးသို့ ဘုရားသခင်မိန့်မှာချက်မှ အစပြုပေမည်။ ဘုရားသခင်သည် သူမည်သူဖြစ်သည်ကို အမှတ်ရစေသည့်နည်းလမ်းအဖြစ် တံခါးဘောင်များပေါ်တွင် သူ၏ အမိန့်တော်များကို ရေးထားရန် ဣသရေလလူမျိုးတို့ကို ညွှန်ကြားခဲ့သည်။ ပညတ်တော်များကို စိတ်နှလုံးထဲ၌ ရေးမှတ်ခြင်း (တရား ၆:၆)၊ သားသမီးတို့အား ထိုအရာများကို သွန်သင်ခြင်း (:၇)၊ ဘုရားသခင်မိန့်မှာထားသည်များကို…

အမှန်တကယ် လိုအပ်နေသောအရာ

ငယ်ရွယ်သောမိခင်တစ်ဦးသည် အိုး၌ပြုတ်ကြော်လုပ်ထားသည့် အသားဟင်းကို တစ်ဝက် လှီးဖြတ်ပြီးမှ အိုးကြီးထဲ ပြောင်းထည့်သည်။ သူ့ခင်ပွန်းက “ဘာလို့အဲလိုလုပ်တာလဲ” ဟုမေးရာ၊ သူက “ကျွန်မအမေက အဲလိုပဲလုပ်လို့လေ” ဟုဖြေခဲ့သည်။

ခင်ပွန်း၏မေးခွန်းက သူမ၏သိချင်စိတ်ကို နှိုးဆွခဲ့ပြီး၊ သူ့မိခင်အား ထိုသို့လုပ်ရသည့် အလေ့အထကို မေးမြန်းခဲ့သည်။ သူ့မိခင်က သူချက်ပြုတ်သည့် အိုးသေးနှင့်ဆန့်အောင် အတုံးသေးလှီးဖြတ်ရခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူအံ့ဩသွားသည်။ သူမ၌ အိုးကြီးများစွာရှိခြင်းကြောင့် အသားကို အတုံးသေးတုံးရန် မလိုအပ်ပါ။

အစဉ်အလာ ထုံးတမ်းများစွာကို မလိုအပ်တော့သော်လည်း “အဲလိုပဲလုပ်ခဲ့တာလေ” ဟူ၍ မမေးမြန်းမစူးစမ်းဘဲ လုပ်ဖြစ်နေသည်။ ဖာရိရှဲတို့ ခေတ်အချိန်က လူသားတို့၏ရိုးရာအစဥ်အလာများကို ထိန်းသိမ်းတည်စေခြင်းက သဘာဝဖြစ်သည်။ ထို့ကြောင့် ဘာသာရေးစည်းကမ်းတစ်ချက်ကို ချိုးဖောက်သည့်ပုံပေါ်သည့် အမှုအရာကြောင့် သူတို့ အာရုံနှောက်နေသည် (မာ ၇:၁-၅)။

“သင်တို့သည် ဘုရားသခင်၏ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူသော လူတို့မှဆက်ခံသောနည်းဥပဒေသကို ခံယူလျက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို…

အမြင်သစ်

ပါဝါမျက်မှန်အသစ်ကိုတပ်ဆင်လျက် ဘုရားကျောင်းအတွင်းဝင်ပြီး ထိုင်လိုက်စဥ် မျက်နှာချင်းဆိုင်ခုံတန်းတွင် ထိုင်နေသော သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်သည်။ သူ့အား လက်ပြနှုတ်ဆက်စဉ် သူသည် ကျွန်မနှင့် အလွန်နီးကပ်စွာရှိပြီး သူ့အားရှင်းလင်းပြတ်သားစွာ မြင်ရသည်။ သူထိုင်သည့်နေရာသည် ကိုက်အနည်းငယ်ကွာဝေးသော်လည်း လက်လှမ်းမီလောက်သည့်နေရာတွင် ရှိနေသည်ဟု ကျွန်မခံစားမိသည်။ ဝတ်ပြုခြင်းအစီအစဉ်ပြီးဆုံးပြီးနောက် သူထိုင်နေကျထိုင်ခုံတွင်သာ ထိုင်ခဲ့ သည်ကို ကျွန်မသတိထားမိလိုက်သည်။ သူ့ကိုကောင်းမွန်ပြတ်သားစွာ မြင်ရခြင်းမှာ သည် ကျွန်မ၏မျက်မှန်သစ်တွင် ပါဝါကို တိုးမြှင့်ထားခြင်းကြောင့် ဖြစ်ပါသည်။

ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံနေရသော ဣသရေလလူမျိုးတို့သည် အမြင်သစ်ဖြင့်မြင်ရန် အမြင်သစ်လိုအပ်ကြောင်း ဘုရားသခင်သိရှိနေပြီး ပရောဖက်ဟေရှာယမှတစ်ဆင့် “အမှုသစ်ကိုငါပြုမည်။ ... တော၌လမ်းကို ... ငါဖန်ဆင်းမည်” (ဟေရှာ ၄၃:၁၉)ဟု ကိုယ်တော် သူတို့အား မိန့်ကြားခဲ့သည်။ ထိုမျှော်လင့်ခြင်းသတင်းစကားတွင် ဘုရားရှင် ကိုယ်တော်တိုင် သူတို့အား “ဖန်ဆင်းပြီး”၊ “ရွေးနှုတ်ကယ်တင်ကာ” သူတို့နှင့်အတူရှိကြောင်း သတိပေးအမှတ်ရစေခဲ့သည်။ “သင့်ကို ငါ(ပိုင်)ဆိုင်၏” (:၁)ဟု…

ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ခြင်း

လယ်ကွင်းပြင်တစ်ခုအနီး၌ ကားကိုရပ်ထားပြီး ထိုကွင်းပြင်ကိုဖြတ်လျှောက်ကာ ကျွန်မတို့အိမ်သို့ သွားသည့်အခါတိုင်း အထူးသဖြင့် ဆောင်းတွင်း၌ ကပ်စေးနှဲစေ့များ ကျွန်မတို့၏အဝတ်များ၌ ကပ်ပါလာလေ့ရှိသည်။ အဆိုပါသေးငယ်သော “လမ်းကြုံလိုက်သူများ”သည် အဝတ်အစား၊ ရှုးဖိနပ်နှင့် ၎င်းတို့အနားဖြတ်သန်းသွားသည့်အရာပေါ် ကပ်လျက် ၎င်းတို့၏ နောက်ထပ်မျိုးပွားခရီးစဥ်အတွက် လိုက်ပါလာကြသည်။ ၎င်းသည် လယ်ကွင်းနှင့် ကမ္ဘာတစ်ဝန်းတွင် ကပ်စေးနှဲစေ့များကို ပျံ့နှံ့စေသည့် သဘာဝတရား၏လုပ်ဆောင်ချက် နည်းလမ်းပင်ဖြစ်သည်။

တွယ်ကပ်နေသည့် ကပ်စေးနှဲစေ့များကို ဂရုတစိုက်ဖယ်ရှားရင်း သခင်ယေရှုကို ယုံကြည်သူတို့အား “ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ရန်”တိုက်တွန်းသည့် (ရော ၁၂:၉) ကျမ်းချက်ကို ကျွန်မ မကြာခဏဆင်ခြင်မိသည်။ တစ်ပါးသူတို့အား ချစ်နိုင်ရန်ကြိုးစားသည့်အခါ ခက်ခဲနိုင်ပါသည်။ သို့သော် ရှိသမျှအစွမ်းဖြင့် ကောင်းသောအမှု၌ မှီဝဲဆည်းကပ်နိုင်အောင် သန့်ရှင်းသောဝိညာဥ်တော်က မစခြင်းကြောင့် ကျွန်မတို့သည် ဝိဉာဥ်တော်၏လမ်းပြမှုဖြင့် ဆိုးညစ်မှုတို့ကို ဖယ်ရှားနိုင်ပြီး ‘စစ်မှန်သည့်’ မေတ္တာသဘောကို ပြနိုင်မည်ဖြစ်သည် (:၉)။

ကပ်စေးနှဲစေ့များသည် လက်နှင့်ခါချရုံဖြစ် မကွာကျသွားဘဲ ဆက်လက်တွယ်ကပ်နေတတ်သည်။ ဘုရားသခင်၏သနားခြင်းကရုဏာတော်နှင့်…

ပူပူနွေးနွေး စားစရာတစ်နပ်

အေးစိမ့်သည့် အောက်တိုဘာလတစ်ရက်တွင် (၅၄) နှစ်မြောက် မွေးနေ့အမှတ်တရ အဖြစ် အမျိုးသမီးတစ်ဦးကျွေးမွေးသည့် ကြက်ကင်၊ ပဲစိမ်း၊ စပါကတီခေါက်ဆွဲနှင့် ပေါင်မုန့်လုံးစသည့် ပူပူနွေးနွေးအစားအစာတို့ကို အနည်းဆုံး အိမ်ခြေမဲ့ လူ(၅၄) ဦး တို့ လက်ခံရရှိခဲ့သည်။ ထိုအမျိုးသမီးနှင့်သူ၏မိတ်ဆွေများက စားသောက်ဆိုင်၌ ခါတိုင်းကဲ့သို့ မွေးနေ့ပွဲဆင်နွဲရန် မလုပ်ဘဲ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့လမ်းမထက်မှလူများအတွက် ချက်ပြုတ်ကျွေးမွေးရန် ဆုံးဖြတ်ခဲ့ကြသည်။ အွန်လိုင်းလူမှုမီဒီယာတွင်လည်း အစီအစဥ်မရှိလည်း မွေးနေ့လက်ဆောင်အဖြစ် ထိုသို့ကြင်နာသောလုပ်ရပ်လေးများ လုပ်ဆောင်ကြရန် သူမ အားပေးထားသေးသည်။

ဤအဖြစ်အပျက်လေးက ရှင်မဿဲခရစ်ဝင် ၂၅ မှ “ငါအမှန်ဆိုသည်ကား သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီ” (:၄၀) ဆိုသည့် သခင်ယေရှု၏စကားကို သတိရစေသည်။ သူ၏သိုးများသည် ၎င်းတို့၏အမွေကို ခံယူရန် ထာဝရကောင်းကင်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရမည် (:၃၃-၃၄)ဟု မိန့်ကြားပြီးနောက်တွင် သခင်က အထက်ပါအတိုင်း မိန့်တော်မူခြင်းဖြစ်သည်။ ထိုသူတို့သည်…

မှန်ကြည့်စမ်းသပ်ခြင်း

ကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြုခြင်း စမ်းသပ်မှု လုပ်ဆောင်နေသော စိတ်ပညာရှင်များက ကလေးများကို “မှန်ထဲကလူ ဘယ်သူလဲ” ဟု မေးမြန်းခဲ့ပါသည်။ (၁၈) လ (သို့) ထိုထက်ငယ်သောအရွယ်တွင် ကလေးများသည် မှန်ထဲမှ မိမိတို့ပုံရိပ်ကိုဆက်စပ်ပြီး မကြည့်တတ်ကြပါ။ သို့သော် ကလေးများ ကြီးပြင်းလာသည်နှင့်အမျှ သူတို့ကိုယ်သူတို့ ကြည့်နေသည်ဟု နားလည်လာကြသည်။ မိမိကိုယ်ကို အသိအမှတ်ပြုခြင်းသည် ကျန်းမာစွာ ကြီးထွားရင့်ကျက်မှုကိုပြသည့် အရေးကြီးသော အမှတ်လက္ခဏာဖြစ်သည်။

သခင်ယေရူ၌ ယုံကြည်သူများ၏ ရင့်ကျက်ကြီးထွားမှုသည် အရေးကြီးသည်။ ရှင်ယာကုပ်က ကြည့်မှန်ဖြင့် အသိအမှတ်ပြု စမ်းသပ်မှုတစ်ခုကို သရုပ်ပြခဲ့သည်။ ထိုမှန်သည် ဘုရားသခင်ထံမှလာသော “သမ္မာတရားစကား” ဖြစ်သည် (ယာ ၁:၁၈)။ ကျွန်ုပ်တို့ သမ္မာကျမ်းစာ ဖတ်သောအခါ မည်သည့်အရာကို မြင်သနည်း။ ချစ်ခြင်းမေတ္တာနှင့် နှိမ့်ချမှုကိုဖော်ပြသောအခါ ကျွန်ုပ်တို့ မိမိကိုယ်ကို ထိုအတိုင်း အသိအမှတ်ပြုပါသလား။ ကျွန်ုပ်တို့ကိုပြုစေလိုသော ဘုရားသခင်၏ အမိန့်တော်ကို ကျမ်းစာ၌ ဖတ်ရှုရသောအခါ…