အရာရာတိုင်း ဘုရားသခင်ထံမှလာသည်
ကျွန်ုပ်အသက် ၁၈ နှစ်တွင် ပထမဆုံးအချိန်ပြည့်အလုပ်ကို ရရှိခဲ့ပြီး ငွေကြေး စုဆောင်းခြင်းနှင့် ပတ်သက်သော အရေးကြီးသင်ခန်းစာတစ်ခုကို ရရှိခဲ့သည်။ အလုပ်လုပ်ပြီး တစ်နှစ်စာကျောင်းစာရိတ်အတွက် လုံလောက်သောငွေကို စုဆောင်းမိခဲ့ ချိန်တွင် ကျွန်ုပ်၏မိခင်မှာ အရေးပေါ် ခွဲစိတ်ရသဖြင့် ကုန်ကျစရိတ်အတွက် ပေးချေရန် ဘဏ်၌ ကျွန်ုပ်စုဆောင်း ထားသောငွေသာရှိသည်။
ကျွန်ုပ်၏အနာဂတ် အစီအစဉ်များထက် မိခင်ကို ချစ်သောစိတ်က ဦးစားပေးနံပါတ်တစ်ဖြစ်သွားသည်။ Passion
and Purity အမည်ရှိ စာအုပ်၌ စာရေးဆရာမ အဲလီစဘတ် အဲလက် က ‘‘မိမိအား ပေးအပ်ထားသောအရာများကို ကျွန်ုပ်တို့ တင်းကျပ်စွာဆုပ်ကိုင်ထားပါက၊ ပြန်လည် ပေးအပ်ရမည့်အချိန်တွင် ပြန်မပေးချင်ပါက၊ ပေးအပ်သူ ဘုရားသခင် အသုံးပြုစေလိုသည့်အတိုင်း အသုံးမပြုပါက၊ ကျွန်ုပ်တို့၏၀ိညာဉ်ရေးရာ ကြီးထွားခြင်းအတွက် အတားအဆီး ဖြစ်စေတော့သည်။ ဤနေရာတွင် ကျွန်ုပ်တို့ မှားတတ် သည်မှာ ‘‘ဘုရားသခင် ကျွန်ုပ်ကိုပေးထားပါက ကိုယ့်ဥစ္စာဖြစ်၍ ကိုယ်သုံးချင်သော…
ဆုတောင်းလျက် စောင့်ပါ။
အခန်းပြတင်းပေါက်မှနေ၍ ပေ ၁၇၀၀ မြင့်သော `Cerro del Borrego´တောင် (သို့) “သိုးတောင်ကုန်း” ကို လှမ်းမြင်ရသည်။ ၁၈၆၂ တွင် ပြင်သစ်တပ်မကြီးက မက္ကဆီကိုသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး Orizaba မြို့လယ်ပန်းခြံ၌ စခန်းချနေစဉ် မက္ကဆီကို တပ်မကြီးက ထိုတောင်ထိပ်ပေါ်တွင် အခြေချနေကြသည်။ သို့သော် မက္ကဆီကို စစ်ဗိုလ်ချုပ်ကြီးသည် တောင်ထိပ်သို့ ရန်သူများ မကျူးကျော်အောင် အစောင့်မချခဲ့သဖြင့် မက္ကဆီကို တပ်သားများ အိပ်ပျော်နေစဉ် ပြင်သစ်တပ်သားများ ၀င်ရောက်တိုက်ခိုက်ပြီး လူ ၂၀၀၀ ကို သတ်ဖြတ်ခဲ့သည်။
ထိုအဖြစ်အပျက်အားဖြင့် သံလွင်တောင်နှင့် တပည့်တော်တို့ အိပ်ပျော်သွားသည့် တောင်ခြေရှိဥယျာဉ် အကြောင်း သတိရမိသည်။ သခင်ယေရှုက ‘‘စုံစမ်း နှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်း လျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း ကိုယ်မူကား အားနည်းသည်”ဟု မိန့်ကြားခဲ့သည် (မာ ၁၄း၃၈)။…
အဖေ့ကို သားချစ်လို့
ကျွန်မခင်ပွန်း အလုပ်ကိစ္စနှင့် ခရီးထွက်ရာမှ အိမ်ပြန်မရောက်မီ တစ်ရက်တွင် သားက “အမေ၊ သားအဖေ့ကို အိမ်ပြန်လာစေချင်ပြီ” ဟုပြောသည်။ အကြောင်းရင်းကို ကျွန်မမေးလိုက်ပြီး၊ ဖခင်ခရီးထွက်ရာမှပြန်လာတိုင်း သူ့အတွက် လက်ဆောင်ယူလာ နေကျဖြစ်၍ လက်ဆောင်အကြောင်းပြောမည်၊ သို့မဟုတ် သူ့ဖခင်နှင့်အတူ ဘောလုံး ကစားချင်၍၊ သတိရနေခြင်းဖြစ်မည်ဟု ကျွန်မ မျှော်လင့် ခဲ့သည်။ သို့သော် သူက “သားအဖေ့ကို ပြန်လာစေချင်တာက အဖေ့ကို သားချစ်လို့လေ!” ဟု လေးနက်စွာ ပြန်ဖြေခဲ့သည်။
သား၏အဖြေက ကျွန်မတို့၏ထာဝရဘုရားသခင်နှင့် သူ၏ပြန်လာမည့် ကတိတော်အကြောင်းကို တွေးမိစေသည်။ (ဗျာ၊ ၂၂း၂၀)၌ “ငါသည် အလျင်အမြန်လာမည်” ဟု ယေရှု မိန့်ကြားခဲ့သည်။ ကိုယ်တော် ပြန်လည်ကြွလာမည့်အချိန်ကို ကျွန်မ တောင့်တမိပါသည်။ သို့သော် အဘယ်ကြောင့် ကိုယ်တော်ကို ကျွန်မ ပြန်လာစေချင်ပါသနည်း။ ကိုယ်တော့်မျက်မှောက်တော်၌ ရောဂါဘယနှင့်သေခြင်းကင်းသောဘ၀ကို ကျွန်မအလိုရှိခြင်းကြောင့်လား။ ခက်ခဲသော လောကကြီးတွင်…
စိုးကြောက်ခြင်းမှ လွတ်မြောက်ခြင်း
စိုးကြောက်စိတ်က အခွင့်မရှိဘဲ ကျွန်မစိတ်ထဲတိုးဝင်လျက် ကူညီရာမဲ့ခြင်း၊ မျှော်လင့်ချက် မဲ့ခြင်းသရုပ်ကို အရောင်ဆိုးသည်။ ငြိမ်သက်ခြင်းနှင့် အာရုံစူးစိုက်မှုကို ခိုးယူသည်။ ကျွန်မဘာကို ကြောက်နေသနည်း။ ကျွန်မ၏မိသားစုဘ၀လုံခြုံမှုနှင့် ကျန်းမာရေးအတွက် စိတ်ပူသည်။ အလုပ်ပြုတ်သွားမှာ၊ ပေါင်းသင်းဆက်ဆံရေးပျက်သွားမှာ ကြောက်သည်။ စိုးကြောက်စိတ်ကြောင့် မိမိကိုယ်ကိုသာ အာရုံစိုက်မိစေပြီး တစ်ခါတစ်ရံ ကိုးစားယုံကြည်ရန် ခက်ခဲနေသည့်စိတ်ကို ဖော်ပြနေသည်။
ဤသို့ ကြောက်ရွံ့စိုးရိမ်စိတ်များ ရိုက်ခတ်လာလျှင် ဆာလံ ၃၄ မှ ဒါဝိဒ်မင်း၏ ဆုတောင်းချက်ကို ဖတ်ရှုသင့် သည်။ ‘‘ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင် တော်မူ၏။ ကြောက်မက်ဖွယ်သောအကြောင်း အလုံးစုံတို့ အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏’’ (း၎)။ ကိုယ်တော် မည်သို့ကယ်တင်သနည်း။ ကိုယ်တော်ကို မျှော်ကြည့်လျက်
မျက်မှောက်ပြုသော် စိုးကြောက်စိတ်များ လွှင့်ပါးကုန်သည်။ ကိုယ်တော် ထိန်းချုပ်တော်မူကြောင်း ကျွန်မတို့ ယုံကြည် သည်။ တစ်ဖန် ဒါဝိဒ်မင်းက…
ချစ်ခြင်းမေတ္တာ ဘာသာစကား
မက္ကဆီကိုနိုင်ငံသို့ သာသနာပြုအဖြစ် ကျွန်မ၏အဘွား သွားရောက်ခဲ့စဉ်က စပိန်ဘာသာ စကားသင်ယူရာတွင် အခက်တွေ့ခဲ့သည်။ တစ်ရက်တွင် သူဈေးသွားရာ၊ သူ့ကို ကူညီသည့် မိန်းကလေးအား ၀ယ်ရမည့် စာရင်းကို ပြပြီး ‘‘လျှာနှစ်မျိုးဖြင့် ရေးထားတာ’’ ဟု ပြောလိုက်သည်။ ‘‘ဘာသာစကားနှစ်မျိုးနှင့် ရေးထားကြောင်း’’ ကို သူမဆိုလိုခြင်း ဖြစ်သည်။ အသားရောင်းသူက နားစွန်းနားဖျား ကြားပြီး ‘‘အမဲလျှာ ၂ ချောင်း ၀ယ်ချင်တာနေမှာ’’ ဟု ယူဆပြီး ထည့်ပေးလိုက်သည်။ အိမ်ပြန်မရောက်မချင်း ထိုအဖြစ်ကို အဘွား မသိခဲ့ပေ။ အမဲလျှာကိုလည်း အဘွား တစ်ခါမျှ မချက်စား ခဲ့ဘူးပါ။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဘာသာစကား အပါအ၀င် အခြားဘာသာစကားတစ်ခုခုကို သင်ယူချိန်တွင် အမှားများကို ရှောင်ဖယ်၍ မရပါ။ အချိန်တိုင်းလိုလို ကျွန်မ
တို့၏စကားများသည် ဆန့်ကျင်ဘက် ဖြစ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်ကို ချီးမွမ်းနေသလို…
ခရစ်တော်ကို အစေခံခြင်း
‘‘ကျွန်မက အတွင်းရေးမှူးတစ်ယောက်ပါလို့ ပြောရင် တစ်ခါတစ်လေ လူတွေက သနားစဖွယ် အကြည့်နဲ့ ကျွန်မကို ကြည့်တတ်တယ်။ ဒါပေမဲ့ ကျွန်မက ဘယ်သူအတွက် အတွင်းရေးမှူး လုပ်ပေးသလဲဆိုတာကို သူတို့သိသွားတဲ့အခါကျမှ လေးစားမှုနဲ့ ကြည့်ကြ တယ်’’ ဟုကျွန်မမိတ်ဆွေတစ်ဦးက ပြောပြသည်။ တစ်နည်းဆိုရလျှင် ချမ်းသာကြွယ်ဝ နာမည်ကျော်ကြားသူတို့နှင့် ပတ်သက်ဆက်နွှယ်သော အလုပ်
မဟုတ်လျှင်၊ လူမှုအသိုင်းအ၀ိုင်းက အချို့သောအလုပ်များကို
အရေးမပါသော အဓိကမကျသောအလုပ်များဟူ၍ သတ်မှတ်
လေ့ရှိသည်။
ဘုရားသခင်၏ သားသမီးများအတွက် လောက အလုပ်ရှင်သူဌေးက မည်သူပင်ဖြစ်စေ၊ မည်သည့်အလုပ် ရာထူးဖြစ်စေ သခင်ယေရှုကို အစေခံနေခြင်းဖြစ်ကြောင်း သိမှတ်လျက် ဂုဏ်ယူစွာဖြင့် လုပ်ဆောင်နိုင်ပေသည်။
ဧဖက် အခန်းကြီး ၆ ၌ ရှင်ပေါလုက အစေခံများနှင့် သခင်များကို မိန့်ကြားခဲ့သည်တွင် ကောင်းကင်ဘုံ၌ ရှိတော် မူသော သခင်တစ်ပါးတည်းကိုသာ ကျွန်မတို့ အစေခံကြောင်း ထိုလူစုနှစ်ခုလုံးကို သူက…
ငိုကြွေးခြင်းနှင့် ရယ်မောခြင်း
ယမန်နှစ်က အားသစ်လောင်းအစီအစဉ်တစ်ခု၌ အချိန်အတော်ကြာမျှ မတွေ့ဖြစ်သည့် မိတ်ဆွေများနှင့် ကျွန်မပြန်ဆုံပြီး အဆက်အသွယ်ပြန်ရခဲ့သည်။ သူတို့နှင့် ပြန်လည် တွေ့ဆုံရ၍ ၀မ်းမြောက်ကြည်နူးစွာ ရယ်မောခဲ့ရသလို သူတို့အား အလွန်သတိရ လွမ်းဆွတ်ခဲ့ရသည်ဖြစ်၍ ငိုလည်း ငိုမိသည်။
တွေ့ဆုံပွဲ၏ နောက်ဆုံးနေ့တွင် ပွဲတော် မင်္ဂလာဝတ်
ခံယူကြသည်။ အပြုံးပန်းများ ဝေဖြာသကဲ့သို့ မျက်ရည် ပင်လယ်လည်း ဝေခဲ့သည်။ ကျွန်မကို ထာဝရအသက် ပေးသနားသော၊ မိတ်ဆွေများနှင့်အတူ လှပသောနေ့ရက်များ ဖြတ်သန်းခွင့်ပေးသော ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ၀မ်းမြောက်ရသည်။ ကျွန်မ အပြစ်မှလွတ်မြောက်ရန် သခင် ယေရှု ပေးဆပ်ခံစားခဲ့ရသောအရာအတွက် ရင်မှာဆို့ကာ ငိုကြွေးမိပြန်သည်။
ဧဇရနှင့် ယေရုရှလင်မြို့၌ နှစ်သက် ပျော်ရွှင်ဖွယ်နေ့ တစ်နေ့အကြောင်းကိုလည်း ကျွန်မ တွေးမိခဲ့သည်။ တိုင်းတစ်ပါးသို့ ဖမ်းဆီးခေါ်ဆောင်ခံရသူများသည် မိမိတိုင်း ပြည်သို့
ပြန်လာကာ ဘုရားသခင်၏ဗိမာန်တော်အုတ်မြစ်ကို တည်ဆောက်ပြီးလေပြီ။ လူများက ၀မ်းမြောက်စွာဖြင့် သီချင်းသီဆိုကြသည်။ သို့သော်…
အဘယ့်ကြောင့် ကျွန်မကို သိမှတ်သနည်း
ရုသ သည် တိုင်းတစ်ပါးသူ၊ ဆင်းရဲသောမုဆိုးမဖြစ်သည်။ သူ့အား အနာဂတ် မျှော်လင့်ချက်မရှိသူ၊ ဘာမှအရေးမပါသူ အဖြစ်သာ သတ်မှတ်ခံရမည်။
သို့သော် ရုသသည် သွားလေသူခင်ပွန်း၏ဆွေမျိုး သူဌေးကြီးတစ်ဦးထံ၌ မျက်နှာ
သာပေးခြင်းခံရသည်။ ထိုသူဌေး၏လယ်၌ စပါးကျန်များ ကောက်ရန် သူအခွင့်တောင်းရာ သူဌေးက ခွင့်ပြုသည်။ သူ၏ကြင်နာမှုအတွက် ရုသက `ကျွန်မသည် တစ်ပါးအမျိုးသား ဖြစ်၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း အဘယ်သို့ စိတ်တော်နှင့် တွေ့ရပါသနည်း´ (ရု ၂း၁၀) ဟု လျှောက်လေ၏။
ရုသ အပေါ်ကရုဏာပြခဲ့သည့် သူတော်ကောင်းကြီး ဘောဇကလည်း အမှန်အတိုင်းပင် ပြန်ဖြေသည်။ ‘‘သင်၏လင်
သေသောနောက် သင်သည် ယောက္ခမအား ပြုစုသမျှကို လည်းကောင်း၊ သင်သည် မိဘနှင့် မွေးဖွားရာဌာနပြည်ကိုစွန့်၍ အထက်က မသိဘူးသောပြည်သို့ လာကြောင်းကိုလည်းကောင်း၊ ငါ့အား သေချာစွာ ပြောကြပြီ’’ (း၁၁)။ ‘‘သင်သည်…
အလင်းထိုးဖောက် လင်းစေပါ
ကလေးမလေးတစ်ဦးသည် "သူတော်စင်ဆိုတာ ဘယ်လိုလူမျိုးပါလိမ့်"ဟု တွေးခဲ့သည်။ တစ်ရက်မှာ သူမ၏မိခင်က သူမအား ကသီဒြယ်ဘုရားကျောင်းကြီးသို့ ခေါ်ဆောင်သွားပြီး ကျမ်းစာထဲမှ ဇာတ်ဝင်ခန်းများ ရေးဆွဲထားသည့် အံ့ဖွယ်မှန်ပြူတင်းကို ပြသသည်။ ဤသို့ အလွန်လှပသော အလှတရားကိုမြင်ပြီးနောက် သူမသည် ကျယ်လောင်စွာဖြင့် "သူတော်စင်ဆိုတာ ဘာလဲဆိုတာ သမီးအခု သိပြီ၊ သူတို့ဟာ
အလင်းကို သူတို့ကနေတစ်ဆင့် ဖြတ်သန်းစေသူတွေပဲ" ဟု အော်ပြောလိုက်သည်။
လူအချို့က သူတော်စင်ဆိုသည်မှာ ရှေးက ပြီးပြည့်စုံပြီး အပြစ်ကင်းစင်သည့်ဘ၀ကို ရှင်သန်ခဲ့သူများ၊ သခင်ယေရှုကဲ့သို့ နိမိတ်လက္ခဏာ ပြုသူများဟု ထင်တတ် ကြသည်။ သို့သော် သမ္မာကျမ်းစာ၌ သန့်ရှင်းသူဟု ဖော်ပြ ထားလျှင် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏အမွေခံ၊ ဘုရား
ပိုင်ဆိုင်သူများကို ရည်ညွှန်းသည်။ တနည်းအားဖြင့် သန့်ရှင်းသူဆိုသည်မှာ ကျွန်ုပ်တို့
ကဲ့သို့ပင် မိမိရှိသည့်နေရာ၊ မိမိလုပ်ဆောင်လေသမျှတွင် ခရစ်တော်နှင့်စပ်ဆိုင် ကြောင်းကို ထင်ရှားပြလျက်…
အလှများခြယ်မှုန်းသောဘုရား
Nezahualcoyotl (1402-1472) ဟူသည့်အမည်က အသံထွက်ရန်ခက်လှပါဘိ။ သို့သော် ၎င်းအမည်က ထူးခြားသည်။ ၎င်း၏အဓိပ္ပာယ်မှာ “ဆာလောင်နေသော ၀ံပုလွေ” ဖြစ်ပြီး ထိုပုဂ္ဂိုလ်ရေးသားခဲ့သောစာများက ၀ိညာဉ်ရေးရာဆာငတ်မှုကို ဖော်ပြနေသည်။ သူသည် မက္ကဆီကိုနိုင်ငံသို့ ဥရောပတိုက်သားများမရောက်ရှိမီက ကဗျာဆရာနှင့် အုပ်ချုပ်သူ မင်းတစ်ပါးဖြစ်သည်။ “ကျွန်ုပ်ကိုးကွယ်သည့် ဘုရားများမှာ စကားမပြော မခံစားတတ်သည့် ကျောက်ရုပ်တု များပေ၊ ... တန်ခိုးကြီးသော၊ ၀ှက်ထားလျက်ရှိသော၊ မသိ သေးသောဘုရားမူကား ဤစကြ၀ဠာ ကမ္ဘာတစ်ခွင်လုံး၏ ဖန်ဆင်းရှင်တည်း။ ထိုဘုရားသခင်တစ်ပါးတည်းသာလျှင် ဆင်းရဲခံရစဉ် အကျွန်ုပ်ကို နှစ်သိမ့်ပေးနိုင်၏။ ခံစားရသည့် သောကဗျာပါဒများတွင် မစမူ၏။ ကျွန်ုပ်ကိုမစမည့်သူ၊ ကွယ်ကာမည့်သူအဖြစ် ကိုယ်တော်အား လိုပါ၏”ဟု ရေးသား
ခဲ့သည်။
အသက်ကို ပေးပိုင်ရှင် ထာဝရဘုရားနှင့် Nezahualcoyotl တွေ့သွားလား၊ မတွေ့လား၊ ကျွန်မတို့ မသိပါ။ သို့သော် သူအုပ်ချုပ်စိုးစံသည့် ကာလအတွင်း “အလှတရားများ ခြယ်မှုန်းပေးသည့်ဘုရား”…