စာရေးသူ

အားလုံးမြင်နိုင်ရန်

စာမူ/ အကြောင်းအရာ များ Kenneth Petersen

ပြာအရာ၌ပေါင်းသရဖူ

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်သမိုင်းတွင် ပျက်စီးမှုအများဆုံးဖြစ်စေခဲ့သည့် မာရှယ် မီးလောင်မှု (Marshall Fire) ဖြစ်ပွားပြီးနောက် ပြာမှုန်များကြား မိသားစုတို့၏တန်ဖိုးကြီးပစ္စည်းများကို ကူညီရှာဖွေရန် အမှုတော်လုပ်ငန်းတစ်ခုမှ ကမ်းလှမ်းခဲ့သည်။ ပကတိအတိုင်း ရှိနေဦးမည်ဟု သူတို့ထင်ကြသည့် အဖိုးတန်ပစ္စည်းများကို မိသားစုဝင်များက စာရင်းပေးခဲ့သည်။ ပစ္စည်းမဆိုစလောက်ကိုသာ အကောင်းအတိုင်း ပြန်ရသည်။ အမျိုးသားတစ်ဦးက အပေါ်ထပ်အိပ်ခန်းရှိ မှန်တင်ခုံတွင် သူ၏လက်ထပ်လက်စွပ်ကို ထားခဲ့ကြောင်း လွမ်းလွမ်းဆွတ်ဆွတ် ပြောပြသည်။ အိမ်နှင့်တကွ အိမ်ထဲရှိအရာအားလုံး ကျွမ်းလောင်ကာ မြေကြီးပေါ်တွင် ပြာပုံအဖြစ်သာ ကျန်ခဲ့တော့သည်။ ရှာဖွေပေးကြသူများသည် အိပ်ခန်းရှိခဲ့သည့် နေရာထောင့်တွင် လက်စွပ်ကို ရှာဖွေပေးကြသော်လည်း အချည်းနှီးပင်။

ပရောဖက် ဟေရှာယသည်လည်း ချေမွခံရတော့မည့် ယေရုရှလင်မြို့၏ ပျက်စီးကိန်းကို စိတ်ကြေကွဲစွာ ရေးသားခဲ့သည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့ဘဝတွင် မိမိတို့ကိုယ်တိုင် တည်ဆောက်ထားသည့်အရာများ ပြာဖြစ်သွားပြီဟု ခံစားခဲ့ရသည့် အချိန်များ ရှိခဲ့ဖူးသည်။ စိတ်ဝိညာဉ်နှင့်ခန္ဓာပိုင်း၌ ထိခိုက်ကြေကွဲကာ ကျွန်ုပ်တို့၌ ဘာမျှမကျန်တော့ဟု…

အတွင်း၌ တည်ရှိသည့် ဂန္တဝင်လက်ရာ

‘The Atlantic’ (အတ္တလန်တိတ်) စာအုပ်၌ စာရေးဆရာ Arthur C. Brooks (အာသာစီဘရွတ်စ်)က ကမ္ဘာတွင် တရုတ်အနုပညာလက်ရာ အများဆုံးစုဆောင်း ထားသည့် နေရာတစ်ခုဖြစ်သော တိုင်ဝမ်နိုင်ငံရှိ National Palace Museum (အမျိုးသား နန်းတော်ပြတိုက်)သို့ သွားလည်ခဲ့သည့်အကြောင်းကို ရေးသားခဲ့သည်။ ပြတိုက်လမ်းညွှန်က “စတင်ဖြစ်လာမဲ့ အနုပညာလက်ရာတစ်ခုကို တွေးကြည့်ပါလို့ ကျွန်တော်ပြောတဲ့အခါ ခင်ဗျားဘာကို တွေးမိသလဲ” ဟု မေးခဲ့သည်။ ဘရွတ်စ်က “ပတ္တူစ အလွတ်ကြီးကို တွေးမိတယ်ထင်တယ်” ဟုပြောရာ၊ ဧည့်လမ်းညွှန်က “အဲ့ဒါကို အခြားတစ်နည်းနဲ့ ‘အနုပညာဆိုတာ ရှိပြီးသားပါ၊ အနုပညာရှင်ရဲ့အလုပ်က အဲ့ဒီအနုပညာကို ဖော်ထုတ်ဖို့ဖြစ်တယ်’လို့ မြင်လို့ရသေးတယ်” ဟု ဖြေခဲ့သည်။

ဧဖက်သြဝါဒစာ ၂:၁၀ တွင် “ဖန်ဆင်းတော်မူရာ” (handiwork) ဟူသည့် စကားလုံးကို “ကျွမ်းကျင်မှုအဆင့်”၊ “ပြောင်မြောက်သောမူရင်းလက်ရာ” စသည်ဖြင့် တစ်ခါတစ်ရံ ဘာသာပြန်ဆိုကြသည်။ ၎င်း၏မူရင်း…

အလားအလာ အနည်းဆုံးရှိသူ

အက်စတင်မာတင် (Aston-Martins) ကားများနှင့် အခြားဇိမ်ခံပြိုင်ကားများ မောင်းနှင်သူများကို အထူးဆွဲဆောင်မှုရှိသော သူလျှိုများအဖြစ် ဟောလီးဝုဒ် ရုပ်ရှင်များ၌ တွေ့ရသည်။ သို့သော် CIA (ထောက်လှမ်းရေးဌာန) အရာရှိဟောင်း Jonna Mendez (ဂျိုနာမန်းဒစ်) က အဖြစ်မှန်၏ ဆန့်ကျင်ဘက်ပုံရိပ်ကို ထောက်ပြ သည်။ သူလျှိုတစ်ဦးသည် “သူလိုကိုယ်လို ထူးမခြားနားဖြစ်တဲ့သူ၊ မပေါ်လွင်တဲ့သူ၊ ဆွဲဆောင်မှုမရှိတဲ့သူ၊ လူတို့ အမှုမဲ့အမှတ်မဲ့ မေ့သွားတဲ့သူ ဖြစ်ရမယ်” ဟု သူမက ဆိုသည်။ အကောင်းဆုံးသောသူလျှိုများမှာ သူလျှိုနှင့် မတူဆုံးသောသူ ဖြစ်ပါသည်။

ဣသရေလသူလျှိုနှစ်ဦးတို့ ယေရိခေါမြို့သို့ ခိုးဝင်လာစဥ် ဘုရင့်စစ်သားများ၏ရန်မှ သူတို့ကို ဝှက်ပေးခဲ့သူမှာ ရာခပ်ဖြစ်သည် (ယောရှု ၂:၄)။ သူမသည် ဘုရားရှင်အတွက် ထောက်လှမ်းရေးသူလျှိုလုပ်ရန် အလားအလာ အနည်းဆုံး ရှိသောသူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမကို ပယ်သင့်သည့်အချက် သုံးချက် ရှိပါသည်။ သူမသည် ခါနန်လူမျိုး၊…

ထောင်ချီသောအလင်းစက်များ

အမေရိကန်နိုင်ငံ၊ Alabama (အလာဘားမား) ပြည်နယ်၊ အနောက်မြောက်ပိုင်းရှိ ‘Dismal Canyon’ (ဒစ်မဲလ်လျှိုကြီး)သည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား အများအပြားကို ဆွဲဆောင်လျက်ရှိပြီး၊ မှက်ပိုးလောင်းများ ပေါက်ပွားကာ ပိုးစုန်းကြူးများ ဖြစ်လာချိန် မေလနှင့်ဇွန်လတွင် ခရီးသွားများ အလာများသည်။ ညအချိန်တွင် ပိုးစုန်းကြူးများမှ လှပသောအပြာရောင်အလင်း ဖြာထွက်ပြီး၊ ထောင်ပေါင်းများစွာ‌သော ပိုးကောင်များက ရင်သပ်ရှုမောဖွယ် အလင်းကို ဖန်တီးဖြစ်စေသည်။

တမန်တော်ရှင်ပေါလုသည် ခရစ်တော်၌ယုံကြည်သူများကို ပိုးစုန်းကြူးများအဖြစ် ရေးသားခဲ့သည်။ သူက “အထက်ကာလ၌ သင်တို့သည် မှောင်မိုက်အတိဖြစ်ကြ၏။ ယခုမူကား သခင်ဘုရား၏အလင်း ဖြစ်၏” ဟု ရှင်းပြခဲ့သည် (ဧ ၅:၈)။ သို့ရာတွင် “မိမိ၏သေးငယ်သောအလင်း”က မည်သို့ ထူးခြားမှုမျိုး ပေးနိုင်ပါမည်နည်းဟု တစ်ခါတစ်ရံ ကျွန်ုပ်တို့တွေးမိမည်။ တစ်ကိုယ်တော် ထွန်းလင်းရန် မဟုတ်ဟု ရှင်ပေါလုအကြံပြုပါသည်။ သူက ကျွန်ုပ်တို့အား “အလင်း၏သား” (:၈)ဟု ခေါ်ဆိုပြီး၊ “အလင်း၌နေသော…

မပြောင်းလဲသောဘုရားသခင်

အထင်ကရဓာတ်ပုံတစ်ခု၌ မီးခိုးရောင်နောက်ခံထားလျက် ရိုက်ထားသော ဖိနပ်ခြေရာတစ်ခုကို တွေ့ရသည်။ ၎င်းသည် အာကာသယာဉ်မှူး Buzz Aldrin (ဘာ့စ်အော်လ်ဒရင်)၏ ၁၉၆၉ ခုနှစ်၊ လကမ္ဘာပေါ်တွင် ထင်ကျန်ခဲ့သော ခြေရာဖြစ်သည်။ ထိုခြေရာများသည် နှစ်ပေါင်းများစွာတိုင် မပြောင်းမလဲ ယနေ့တိုင် လကမ္ဘာပေါ် ကျန်ရစ်နေပုံရကြောင်း သိပ္ပံပညာရှင်များက ဆိုသည်။ လေနှင့်ရေ မရှိသောကြောင့် လပေါ်ရှိ မည်သည့်အရာမဆို တိုက်စားဖယ်ရှားခြင်း မခံရပေ။ လမျက်နှာပြင်ပေါ်တွင် ဖြစ်ပြီးခဲ့သမျှသည် ယနေ့တိုင် ဆက်လက်ကျန်ရှိနေသည်။

ဘရားသခင်၏အစဉ်တည်ရှိခြင်းကို ဆင်ခြင်တွေးတောပါက ပို၍အံ့သြဖွယ်ပင်ဖြစ်သည်။ ကောင်းမွန်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် ‌ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့်ကင်းလွတ်သော အထက်အရပ်မှ အလင်းတို့၏အဘထံတော်က သက်ရောက်သည်ဟု ရှင်ယာကုပ် ရေးသားခဲ့သည် (ယာ ၁:၁၇)။ ကျွန်ုပ်တို့၏ရုန်းကန်မှုများအတွက် “အထူးထူး အပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့်တွေ့ကြုံ‌သောအခါ ဝမ်းမြောက်စရာအကြောင်းသက်သက် ဖြစ်သည်ဟု မှတ်ကြ”ရန် (:၂-၃) တမန်တော်ကြီးက ထိုသို့ ရေးသားခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည်…

ပျော်မွေ့ရာနေရာများ

ခရီးသွားအကြုံပြုချက်တစ်ချို့ရှိပါသည်။ သင်နောက်တစ်ကြိမ် အမေရိကန်နိုင်ငံ၊ Wisconsin (ဝစ္စကွန်ဆင်)ပြည်နယ်၊ Middleton (မစ်ဒယ်လ်တန်)မြို့ကို သွားသည့်အခါ ‘National Mustard Museum’ (အမျိုးသား မုန်ညှင်းပြတိုက်)သို့ သွားလည်သင့်သည်။ မုန်ညှင်းတစ်မျိုးနှင့်လုံလောက်ပြီဟု ထင်ကြသူများအတွက် တစ်ကမ္ဘာလုံးမှ မုန်ညှင်းအမျိုးပေါင်း ၆,၀၉၀ ရှိသော ဤနေရာသည် အံ့ဩဖွယ် ကောင်းလှသည်။ Texas (တက္ကဆက်)ပြည်နယ်၊ မက်ခလန် (McLean)မြို့၌ ‘Barbed Wire Museum’ (သံဆူးကြိုးပြတိုက်) သို့ရောက်သော် သံဆူးကြိုးခတ်သည့် ဝါသနာမျိုး ရှိနေသည်ကိုပင် သင်အံ့ဩပါလိမ့်မည်။

၎င်းသည် မိမိအတွက် မည်သည့်အရာက အရေးပါသည်ဟု သဘောထားကြသည်ကို ပြနေပါသည်။ ငှက်ပျောသီးပြတိုက်တွင် နေ့လည်ခင်း အချိန်သွားဖြုန်းခြင်းထက် ပိုဆိုးသည့်အရာကိုပင် သင်လုပ်နိုင်သည်ဟု စာရေးဆရာတစ်ယောက်က ဆိုသည် (ကျွန်တော်တို့သဘောတူချင်မှ တူပါမည်)။

ကျွန်တော်တို့က အပျော်အပျက်ရယ်ကြသော်လည်း မိမိလုပ်သည့်အရာအချို့ကို ခင်းကျင်းပြသသည့် မိမိ၏စိတ်နှလုံးပျော်မွေ့ရာပြတိုက်များကို ကျွန်တော်တို့ထိန်းသိမ်းတတ်ကြောင်း ဝန်ခံရန်မှာ အလေးထားဆင်ခြင်စရာကိစ္စ ဖြစ်သည်။…

အဘွားများကို သုတေသနပြုခြင်း

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်ရှိ Emory တက္ကသိုလ်မှ သုတေသီများသည် MRI စက်ကို အသုံးပြုပြီး ဘွားဘွားများ၏ ဦးနှောက်ကိုလေ့လာခဲ့သည်။ သုတေသီများက ဘွားဘွားတို့၏မြေးပုံ၊ သူတို့၏အရွယ်ရောက်ပြီဖြစ်သော သားသမီးပုံနှင့် အမည်မသိ ကလေးတစ်ဦး၏ဓာတ်ပုံတို့ကို အသုံးပြုပြီး စာနာစိတ်ဖြင့် တုံ့ပြန်မှုကို တိုင်းတာခဲ့ကြသည်။ ထိုလေ့လာမှုအရ အဘွားများသည် သူတို့၏အရွယ်ရောက်သားသမီးများထက် မြေးများအပေါ် စာနာမှု ပိုမိုမြင့်မားကြောင်း ဖော်ပြနေသည်။ ၎င်းကို “ချစ်စရာကောင်းသောအကြောင်းရင်း” ဟုသတ်မှတ်ခေါ်ဆိုပြီး သားသမီးများထက် မြေးက ပိုချစ်စရာကောင်းသည့် အဓိပ္ပာယ်ဖြစ်သည်။

“ကောင်းပြီ” ဟုမပြောမီ ထိုလေ့လာမှုကို လုပ်ဆောင်ခဲ့သူ James Rilling (ဂျိမ်းစ်ရီးလင်း)၏စကားများကို ဆင်ခြင်ကြည့်ကြပါစို့။ “သူတို့မြေးက ပြုံးနေတယ်ဆိုရင် အဘွားက ကလေးရဲ့ပျော်ရွှင်မှုကို ခံစားရတယ်။ မြေးက ငိုနေတဲ့အခါ အဘွားက ကလေးရဲ့ နာကျင်မှုနှင့်ပူပန်သောကတွေကိုပါ လိုက်ခံစားနေရတယ်” ဟုဆိုသည်။
သူ၏လူမျိုးတော်ကိုကြည့်ပြီး “MRI ပုံ” ၌ ပြန်ပေါ်နေသော ဘုရားသခင်၏…

ကျွန်ုပ်တို့အား စကားပြောနေသော ဘုရားသခင်

ကျွန်တော်မသိသော နံပါတ်တစ်ခုဖြင့် ဖုန်းဝင်လာသည်။ ခါတိုင်းဆိုလျှင် အသံ မက်ဆေ့ချ်ချန်ခဲ့ရန် စောင့်သော်လည်း ဤတစ်ကြိမ်တွင် ကျွန်တော်ကိုင်လိုက်သည်။ ဖုန်းခေါ်သူက ကျမ်းပိုဒ်တိုလေးကို သူဝေငှရန် အချိန်အနည်းငယ်ပေးနိုင်ပါမည် အကြောင်း ယဉ်ကျေးစွာမေးသည်။ သူသည် ဗျာဒိတ်ကျမ်း ၂၁:၃-၅ မှ “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူ”မည့်အကြောင်းကို ကိုးကားပြီး သခင်ယေရှုသည် ကျွန်တော်တို့၏ အာမခံချက်နှင့်မျှော်လင့်ချက်ဖြစ်ကြောင်း ပြောသည်။ ကျွန်တော်သည် သခင်ယေရှုကိုမိမိ၏ကယ်တင်ရှင်အဖြစ် သိရှိပြီးဖြစ်ကြောင်း ပြန်ပြောလိုက်သည်။ သို့သော် သူက ကျွန်တော့်အား “သက်သေခံ”ရန် ရည်ရွယ်နေခြင်း မဟုတ်ဘဲ၊ သူနှင့်အတူ ဆုတောင်းရန် တောင်းဆိုသည်။ သို့နှင့် ကျွန်တော့်ကို ဘုရားသခင် အားပေးမစပြီး ခွန်အားပေးရန် သူဆုတောင်းပေးခဲ့သည်။

ထိုဖုန်းခေါ်မှုအားဖြင့် ကျမ်းစာထဲမှ အခြား “ခေါ်ဆိုမှု” တစ်ခုကို ကျွန်တော်သတိရမိသည်။ ညသန်းခေါင်တွင် ဘုရားသခင်သည် သူငယ်ရှမွေလအား ခေါ်ပါသည် (၁ ရာ ၃:၄-၁၀)။…

သမ္မာကျမ်းစာ လေ့လာသင်ကြားခြင်း

၁၈၀၀ ပြည့်နှစ်များနှောင်းပိုင်းတွင် မတူညီသောဒေသများမှလူတို့သည် ဆင်တူသော ဝိညာဥ်ရေးအထောက်အကူပြု စာစဥ်များကို တစ်ပြိုင်တည်း စတင်ထုတ်ဝေခဲ့ကြသည်။ ပထမဆုံး ၁၈၇၇ ခုနှစ်၌ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့မှ စတင်ပေါ်ထွက်ခဲ့ပြီး၊ ၁၈၉၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကြီး၌ ၎င်းကဲ့သို့ စာစဥ်နောက်တစ်ခုပေါ်လာသည်။ ၁၉၂၂ ခုနှစ်ရောက်သောအခါ မြောက်အမေရိကတိုက် ၌ ဤသို့‌သောစာစဥ် ၅,၀၀၀ ခန့်သည် နွေရာသီတိုင်း၌ ထွက်ပေါ်ခဲ့ပြီဖြစ်သည်။

ဤသို့ဖြင့် အားလပ်ရက်ကျမ်းစာသင်တန်းများ၏ ကနဉီးသမိုင်း စတင်ခဲ့သည်။ လူငယ်လူရွယ်များ သမ္မာကျမ်းစာကို သိကျွမ်းစေလိုသောဆန္ဒက ကျမ်းစာလေ့လာခြင်းစာစဥ်ကို စတင်ဖန်တီးခဲ့သူများ၏ပြင်းပြစိတ်ကို မီးထိုး‌ပေးခဲ့သည်။

သူ၏တပည့်ရင်းတိမောသေအတွက် အလားတူ ဆန္ဒပြင်းပြမှုမျိုး ရှင်ပေါလု၌ရှိခဲ့ပြီး “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူ”၍ “ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှာ ပြင်ဆင်”ပေးသည်ဟု ရေးသားခဲ့သည် (၂ တိ ၃:၁၆-၁၇)။ သို့သော် ၎င်းသည် “ကျမ်းစာကို ဖတ်သင့်တယ်” ဟု ညင်သာစွာဆိုရုံမျှ မဟုတ်ပါ။…

ရှင်ယေရှုကိုမြင်ခြင်း

(၄) လအရွယ် လီယိုလေးသည် သူ၏မိဘများကို မမြင်ဖူးပေ။ မွေးကတည်းက သူ၏အမြင်ကို ဝေဝါးစေသည့် ရှားပါးအခြေအနေတစ်ရပ်ကို ခံစားခဲ့ရသည်။ သူ့အနေဖြင့် ထူပိန်းနေသည့်မြူထဲ၌ နေရသကဲ့သို့ပင်။ သို့သော်လည်း မျက်စိဆရာဝန်များက သူ့အတွက် အထူးစပါယ်ရှယ် မျက်မှန်တစ်လက် ပြုလုပ်ပေးခဲ့သည်။

လီယို၏မိခင်က မျက်မှန်အသစ်လေးကို ပထမဆုံးအကြိမ် သား၏မျက်လုံးများပေါ် တပ်ဆင်ပေးသည့်ဗီဒီယိုကို ဖခင်က အွန်လိုင်းပေါ်တင်ခဲ့သည်။ လီယို ၏မျက်လုံးများ ဖြည်းဖြည်းချင်း အာရုံစိုက်လာသည်ကို ကျွန်ုပ်တို့ကြည့်ခဲ့ရသည်။ သူ၏အမေကို ပထမဆုံးအကြိမ်မြင်ရသောအခါ သူ့မျက်နှာထက် အပြုံးပန်းဝေခဲ့သည်။ အဖိုးမဖြတ်နိုင်သည့် အခိုက်အတန့်ပင်။ လီယိုလေး ရှင်းလင်းစွာ မြင်ခဲ့ရပါပြီ။

ရှင်ယေရှုနှင့်တပည့်တော်များ၏ စကားပြောခန်းတစ်ခုကို ရှင်ယောဟန်မှတ်တမ်းတင်ခဲ့သည်။ ဖိလိပ္ပုက “ခမည်းတော်ကိုအကျွန်ုပ်တို့အား ပြတော်မူပါ”ဟု သခင့်အား မေးခဲ့သည် (ယော ၁၄:၈)။ တစ်ချိန်လုံးအတူရှိခဲ့သည့်တိုင် သခင်ယေရှု၏ တပည့်တော်များသည် သူတို့ရှေ့၌ ရှိနေသူကို မသိခဲ့ကြပေ။ သခင်က “ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊…